နေပြည်တော်၊ ဒီဇင်ဘာလ(၆)ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ကြီးကြပ်မှု၊  Golden Myanmar Butterfly Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပြင်သစ်နိုင်ငံသားဧည့်သည် (၃) ဦးသည်  ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၉) ရက် နေ့မှ နိုဝင်ဘာလ  (၄) ရက်နေ့အထိ မြန်မာရွှေလိပ်ပြာအပျော်စီး ရေယာဉ်ဖြင့် မန္တလေး-မိုးတား-တကောင်း-ကျောက်မြောင်း-စစ်ကိုင်း-ရန္တပို-ပုဂံခရီးစဉ်များသို့ သွားရောက် လည်ပတ်ခဲ့ပြီးနောက် အဆိုပါဧည့်သည်များသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ပြည်ပသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြပါသည်။

 

 

 

ထို့အတူ အဆိုပါကုမ္ပဏီ၏ အစီအစဉ်ဖြင့်ပင် ပြင်သစ်နိုင်ငံသား ဧည့်သည် (၂) ဦးသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့မှ နိုဝင်ဘာလ (၂၃) ရက်နေ့အထိ မြန်မာရွှေလိပ်ပြာအပျော်စီးရေယာဉ်ဖြင့် မန္တလေး-ရှိန်းမကား-သပိတ်ကျင်း-တကောင်း-ကသာ-ဆင်စခန်း-ဗန်းမော်-မန္တလေး-သီပေါ-မန္တလေး-ရန်ကုန် ခရီးစဉ်များသို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။

 

 

 

 

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများနှင့် ဒုတိယ မြစ်ကျဉ်းသဘာဝအလှအပရှုခင်းများ၊ ရေလုပ်သားတို့၏ လူနေမှု ဓလေ့စရိုက်နေထိုင်မှုပုံစံများ၊ ဆင်စခန်း၊ ရိုးရာအိုးလုပ်ငန်းနှင့် ညနေနေ၀င်ဆည်းဆာအလှအပများအား ခံစားသိရှိလို၍ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း စသည့်ခရီးစဉ်များကို ပိုမိုတိုးတက်လည်ပတ်လျှက် ရှိကြောင်း သတင်းရရှိပါသည်။