“25 Years of Goenkaji’s Dhama Centers Blossoming in Myanmar”
နေပြည်တော်၊ အောက်တိုဘာလ (၅) ရက်
မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက်၊ လေဆိပ်များမှ ခရီးသွားများ FIT, Caravan စသည့် ခရီးစဉ် အမျိုးမျိုးဖြင့် ဝင်ရောက်လျှက်ရှိပါသည်။ ဘာသာရေးနှင့် ဆက်နွယ်သော နိုင်ငံခြားသားခရီးသွားများလည်း ဝင်ရောက်လျှက်ရှိသည်ကို တွေ့ရှိရပါသည်။
အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိ ၀ိပဿနာအဖွဲ့၏ စီစဉ်မှုဖြင့် အဆိုပါ အဖွဲ့ တည်ထောင်ခြင်း (၂၅) နှစ် ပြည့် ငွေရတုအခမ်းအနားအတွက် အဖွဲ့ဝင်နိုင်ငံ (၁၇) နိုင်ငံမှ အသင်းသား (၈၅)ဦး အထောက်အကူပြု အဖွဲ့ (၁၅)ဦး စုစုပေါင်း (၁၀၀) ဦး ပါဝင်သည့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့သို့ ရောက်ရှိလာပြီး ဓမ္မဉာဏ ဓဇရိပ်သာ (ရွှေတောင်ဦး) တွင် စုပေါင်းတရားထိုင်ခြင်းနှင့် ရွှေတောင်ဦး စေတီ တွင် လှည့်လည်ဘုရားဖူးခဲ့ကြပြီး နေ့လည်ပိုင်းတွင် လယ်တီဆရာတော် တရား ကျင့်ရာ လိုဏ်ဂူစေတီ၊ လယ်တီစင်္ကြန်ကျောင်း၊ လယ်တီ ကျောက်စာတိုက်များသို့ သွားရောက် ဖူးမျှော်ခဲ့ကြပါသည်။
ဆက်လက်၍ မိုးညှင်းသမ္ဗုဒ္ဓေဘုရားနှင့် ဗောဓိတစ်ထောင်ဘုရားများသို့ သွားရောက်ဖူးမျှော် ကြည် ညိုခဲ့ကြပြီး မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။