နေပြည်တော်၊ ဖေဖော်ဝါရီလ (၈) ရက်

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရန် ၊ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုသိရှိလည်ပတ်စေရန်၊ မြန်မာ့ရိုးရာအစားအစာများကို ပိုမိုသိရှိစေရန်နှင့် အစားအသောက်များကို အခြေခံ၍ မြန်မာ့ရိုးရာယဉ်ကျေးမှုများကို သိရှိခံစားနိုင်စေရန် ရည်ရွယ်ပြုလုပ်မည့် မြန်မာနိုင်ငံခရီးသွားပြခန်းများနှင့် အစားအသောက် ပြပွဲ(Food Show )ကို မန္တလေးမြို့တွင် ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပ မည့် မဟာမြတ်မုနိဘုရားကြီး အကြိမ်(၆၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကာလအတွင်း ကျင်းပရန်အတွက် ကြိုတင်ညှိနှိုင်း အစည်းဝေးကို (၇-၂-၂၀၁၉)ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ Gold Leaf Hotel ၌ ပြုလုပ် ခဲ့ပါသည်။

 

          အစည်းအဝေးကို  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မန္တလေးရုံးခွဲ)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စားသောက်ဆိုင်များအသင်းမှ တာဝန်ရှိသူများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သူများ နှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး ပြပွဲတွင်မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ၍ ခရီးသွားဧည့်သည်များ ကိုယ်တိုင်ပါဝင်ခံစားနိုင်ရေးနှင့် အစားအသောက်များကို ကိုယ်တိုင်ပါဝင် ပြင်ဆင်ပြုလုပ်နိုင်ရေးဆိုင်ရာများ၊ သက်ဆိုင်ရာ ခရီးသွားပြခန်းများ ပါဝင်ပြသနိုင်ရေး ဆိုင်ရာများ ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။