နေပြည်တော်၊ နိုဝင်ဘာလ (၂၉) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တောင်ကြီးရုံးခွဲ)၏ စီစဉ်ဆောင်ရွက်မှုဖြင့် လွယ်ပန်း စုံကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊  နိုဝင်ဘာလ(၂၇)ရက်နေ့၊  နံနက် (၁၀:၃၀) နာရီတွင်  ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာအုပ်စု၊   လွယ်ပန်းစုံကျေးရွာ CBT အဆောက်အဦ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊  ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်၊ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေရီချိုနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (တောင်ကြီး ရုံးခွဲ) ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ရွာကိုယ်စားပြု CBT ကော်မတီဝင်များ၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြပါ သည်။

လူထုအခြေပြုခရီးသွားလုပ်ငန်း Commiunity Based Tourism (CBT) ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စီမံကိန်း၊ စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့်ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကအဖွင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ထို့နောက် စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး တို့က အသီးသီး အမှာစကားပြောကြားပြီး  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ) ညွှန်ကြားရေးမှူးက CBT အခြေအနေများကိုလည်းကောင်း၊ လွယ်ပန်းစုံ CBT မန်နေဂျာ ဦးဇေယျာဖြိုးက CBT အကောင်အထည်ဖေါ်ဆောင်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ CBT ကိုယ်စားပြုကျေးရွာ ကော်မတီ အတွင်းရေးမှူး ဦးအေးမောင်က ကျေးဇူးတင်စကားကိုလည်းကောင်း ပြောကြားခဲ့ကြပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်လာသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အိပ်ခန်း ဆောင်များကို လှည့်လည်ကြည့်ရှုခြင်း၊ အမှတ်တရသစ်ပင်စိုက်ပျိုးခြင်း၊ ဖယ်ခုံအင်း အတွင်းသို့ ငါးလွှတ် ခြင်းနှင့် လှေပြိုင်ပွဲသို့ တက်ရောက်အားပေးပြီး ဆုရရှိသူများအား ဆုများချီးမြှင့် ပေးအပ်ခြင်းတို့ကို ဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။