Directory : Search Results

No result found:

'' Journey to the Naga-Land '' Rally Sagaing/MHTTR 7-2019 ကားမောင်းပွဲပိတ်ပွဲ အခမ်းအနား ကျင်းပ


နေပြည်တော်၊ ဇန်န၀ါရီလ (၁၈) ရက်

စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု ၊ စစ်ကိုင်းတိုင်းဒေ သကြီးအစိုးရအဖွဲ့ ပံ့ပိုးမှု  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မုံရွာရုံးခွဲ၏ ကြီးကြပ်မှုဖြင့် ” Journey to the Naga-Land ” Rally Sagaing/ MHTTR 7-2019 ကားမောင်းပွဲပိတ်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၁၇) ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့ ၊ ဗိုလ်ချုပ်ပန်းခြံရှေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကိုစစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးသန်း ၊လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ စစ်ကိုင်းခရိုင် အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကားမောင်းပွဲတွင် ပါဝင်သော ခရီးသွားများအား ပန်းကုံးစွပ် ဂုဏ်ပြုကြိုဆိုခြင်း ၊ ကြိုဆိုသူများမှ အလံ များဝှေ့ရမ်းကြိုဆိုခြင်း ၊ ကားမောင်းပိတ်ပွဲမဏ္ဍပ်ရှိ ရှန်ပိန်ဖောက်ခြင်း ၊ အမှတ်တရဓါတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

” Journey to the Naga-Land ” Rally Sagaing/MHTTR 7-2019 ကားမောင်းပွဲခရီးစဉ်မှာ မုံရွာမှ စတင်ခဲ့ပြီး မင်းကင်း – မော်လိုက်- တမူး – ဟုမ္မလင်း- ထမံသီ- လေရှီးမြို့ နာဂပွဲတော်သို့ ရောက်ရှိခဲ့ပြီး အပြန်လမ်းတွင် လေရှီး- နောင်ပိုအောင်- သာနန်းတော- ရေဦး- ရွှေဘို- စစ်ကိုင်းမြို့သို့ ဝင်ရောက်ခဲ့ပါသည်။ ကားမောင်းပွဲအား (၁၁.၁.၂၀၁၉) ရက်နေ့မှ (၁၇.၁.၂၀၁၉) ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး မော်တော်ယာဉ် (၁၉) စီးနှင့် တိုင်းအစိုးရအဖွဲ့ အထောက်အကူပြုယာဉ် (၁) စီး စုစုပေါင်း (၂၀) စီး ၊ ခရီးသွား (၇၀) ဦး ပါဝင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ၀င်/ ထွက် လည်ပတ်လျက်ရှိ


နေပြည်တော်၊ ဇန်န၀ါရီ (၁၈) ရက်

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘ၀ပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ အဆက် မပြတ် ၀င်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့မှ ဇန်န၀ါရီလ (၁၇) ရက်နေ့အထိ တာချီလိတ်နယ်စပ် ၀င်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၄၅၂၃၆) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသားခရီးသွားဧည့်သည်(၄၆၆) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည်(၈၀၀) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၃၂၂၉) ဦး ရှိကြောင်း သိရှိရပါသည်။

နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ၀မ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပါသည်။

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အ၀င် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ၀ပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေ တံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့်တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့်  မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ်များ အား ၀င်ရောက်လည်ပတ်ခဲ့ကြပါသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတဆင့် ၀င်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေ အတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့မှ ၂၀၁၉ ခုနှစ် ၊ ဇန်န၀ါလ (၁၇) ရက်နေ့ အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်/ ညအိပ်ခရီးသည် စုစုပေါင်းမှာ (၈၁၇၃၈၉) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည်စုစုပေါင်း (၁၀၁၂၃) ဦးနှင့် ဗီဇာဖြင့် ပြည်တွင်းသို့ ၀င်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း (၂၀၀၉၉) ဦးတို့ ၀င်ရောက်လည်ပတ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

ငွေဆောင်ကမ်းခြေဒေသတွင် ကျန်းမာရေးနှင့်ညီညွှတ်သော အစားအသောက်ချက်ပြုတ် ထုတ်လုပ်မှု ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်


နေပြည်တော်၊ ဇန်နဝါရီလ (၁၇) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိရာ ခရီးသွားလုပ်ငန်းတွင် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်သည့် အစားအသောက်ချက်ပြုတ်ထုတ်လုပ်မှုများတွင် နည်းစနစ်မှန်ကန်မှုရှိစေရေး၊ ကျန်းမာရေးနှင့်ညီညွှတ်မှုရှိပြီး ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်းကာ  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထင်ကရခရီးစဉ်ဒေသများတွင် ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်ချက်ပြုတ် ထုတ်လုပ်မှု ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၁၆.၁.၂၀၁၉) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ငွေဆောင်ကမ်းခြေ Pearl Ngwe Saung Hotel ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုသိမ်ရုံးခွဲ) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများ၊  အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲမှုဦးစီးဌာန တိုင်းတာဝန်ခံ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ငွေဆောင်ဟိုတယ်ဇုန်မှ တာဝန်ရှိသူများ၊ ဟိုတယ်/ တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ ပြင်ပစားသောက်ဆိုင်များမှ လုပ်ငန်းရှင်များ၊ စားဖိုမှူးများ၊ အစား အသောက်နှင့် သက်ဆိုင်သော ဝန်ထမ်းများ စုစုပေါင်း (၉၁) ဦး တက်ရောက်ခဲ့ကြပါသည်။

ဟောပြောပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးမှ အဖွင့်အမှာ စကားပြောကြား၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းတာဝန်ခံ မှ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်ချက်ပြုတ်ထုတ်လုပ်မှုဆိုင်ရာ လိုက်နာရမည့် ကျင့်ထုံးများကို ဆွေးနွေး ဟောပြောခဲ့ကာ တက်ရောက်လာသူများ၏ မေးမြန်းမှုများကိုပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး ညနေပိုင်း တွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မိုးကုတ်မြို့သို့ ၀င်ရောက်လာသော နိုင်ငံခြားသားစာရင်း


၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် (၁၃၅) ဦး ၀င်ရောက်လည်ပတ်လျက်ရှိပါသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်ယာဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ


နေပြည်တော်၊ ဇန်န၀ါရီလ(၁၆)ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပ မှ ခရီးသွားဧည့်သည်များ သည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ် များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Kaung Hein Shwe Sin International  Co.,Ltd စီစဉ် ဆောင်ရွက်မှုတို့ဖြင့် နော်ဝေးနိုင်ငံသားဧည့်သည် (၁)ဦးနှင့် ဆွစ်ဇာလန်နိုင်ငံသား ဧည့်သည် (၁) ဦး ၊ စုစုပေါင်းဧည့်သည် (၂) ဦးတို့သည် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၁) စီး ၊ ကိုယ်ပိုင် မော်တော်ဆိုင်ကယ် (၁) စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက်နေ့မှ  ဇန်န၀ါရီလ (၁၁) ရက်နေ့အထိ တမူး-ဂန့်ဂေါ-ပုဂံ-နေပြည်တော်-ကျိုက်ထီးရိုး-မြ၀တီမြို့ ခရီးစဉ်အတိုင်း သွားလည်ပတ်၍ ဇန်န၀ါရီလ (၁၁) ရက်နေ့တွင် မြ၀တီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

 

နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း သတင်းရရှိပါသည်။