Directory : Search Results

No result found:

၂၀၁၈ - ၂၀၁၉ ခုနှစ်၊ ခရီးသွားရာသီအတွက် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အစည်းအဝေးကျင်းပ


နေပြည်တော်၊ အောက်တိုဘာလ (၁၅) ရက်

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ထားဝယ်ရုံး)၏စီစဉ်မှုဖြင့်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင် များဆိုင်ရာ အစည်းအဝေးကို (၁၁.၁၀.၂၀၁၈) ရက်နေ့၊ ညနေ (၄း၀၀) နာရီအချိန်တွင် Victoria Cliff Hotel ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ထားဝယ်ရုံး) မှ ညွှန်ကြားရေးမှူးနှင့် တာဝန် ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ကျွန်းပေါ်ဟိုတယ်လုပ်ငန်းရှင်များနှင့် ဒေသခံများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ထားဝယ်ရုံး) မှ ညွှန်ကြားရေးမှူး ဦးဆောင်၍ ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ကိစ္စရပ်များ၊ ခရီးသွားရာသီဖွင့်ပွဲ အခမ်းအနား ကျင်းပရေးဆိုင်ရာ ကိစ္စများ၊ ကျွန်းခရီးစဉ်များအတွက် ကယ်ဆယ်ရေး အသင်းအဖွဲ့ ဖွဲ့စည်းရန်ကိစ္စများ၊ ကျွန်းများတွင် ခရီး သွားဧည့်သည်များ တည်းခိုနေထိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ဆောင်ရွက်နေမှု အခြေအနေများ၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများ ပျက်စီးမှုမဖြစ်စေရန် ဆောင်ရွက်မှုများကို အစည်းအဝေး တက်ရောက်လာသူများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်း အဝေးကို ညနေ (၆း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

ပုသိမ်မြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း ဖွင့်ပွဲကျင်းပ


နေပြည်တော်၊ အောက်တိုဘာလ (၁၂)ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ်များတွင် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ ဆက်စပ်သင်တန်းများကို အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ပုသိမ်ရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဟိုတယ်ဝန်ဆောင်မှုအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် ပုသိမ်မြို့၊ Golden Princess Hotel ခန်းမ၌ ကျင်းပခဲ့ပါ သည်။

အခမ်းအနားကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုသိမ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ နေလဒီပါဝန်ဆောင်မှု သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်း သူများ တက်ရောက်ခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုသိမ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားကို လည်းကောင်း၊ နေလဒီပါဝန်ဆောင်မှု သင်တန်းကျောင်းမှ တာဝန်ရှိသူက သင်တန်း ဆိုင်ရာကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းပြော ကြားခဲ့ပါသည်။

အဆိုပါသင်တန်းသို့ ပုသိမ်၊ ဖျာပုံ၊ ဟင်္သာတ၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ ဘိုကလေးမြို့များမှ သင်တန်းသား/သင်တန်းသူ (၂၉) ဦးတက်ရောက်ကြပြီး ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုဘာသာရပ် (၃) မျိုး ကို (၁၂.၁၀.၂၀၁၈) ရက်နေ့မှ (၁၂.၁၁.၂၀၁၈) ရက်နေ့ထိ၊ ရက်ပေါင်း (၃၀) ကြာ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ၀င်/ ထွက် လည်ပတ်လျက်ရှိ


နေပြည်တော်၊ အောက်တိုဘာလ (၁၂) ရက်

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်း သားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ် ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘ၀ပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည် ပြည်ဆိုင်ရာဝင်ပေါက် များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ၀င်ထွက်သွားလာ လည်ပတ်လျက်ရှိပါသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၅) ရက်နေ့မှ အောက်တိုဘာလ(၁၁)ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန် ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်း နိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသား ခရီးသွားဧည့်သည် (၂၂၀၉၅) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၁၂) ဦး၊ ဗီဇာဖြင့်လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၇၇၃) ဦးရှိကြောင်း သိရှိရပါသည်။

နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့တွင်း တာချီလိတ်-တာလေ-လန့်တောင်း၊ တာချီလိတ်- မိုင်းဖုန်းဆရာတော်ကျောင်းသို့ လာရောက်လည်ပတ် ကြသော ခရီးသွားဧည့်သည်အများစုသည် ခရီးစဉ် လမ်းကြောင်းရှိ လွယ်ယန်းခမ်းစေတီသို့ သွားရောက်ဖူးမြော်ခြင်း၊ တာချီလိတ်မြို့ရှိ အထင်ကရနေရာ များဖြစ်သော တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ၀မ်ကောင်းဈေး၊ ကိုးမြို့ရှင် နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများ၊ မိုင်းလင်း ဆရာတော်ကျောင်း၊ လန့် တောင်းနှီးဘုရား၊ မြန်မာ- လာအိုနယ်စပ်ဖြစ်သော ကျိုင်းလပ်မြို့သို့ သွားရောက် လည်ပတ်ကြပါသည်။

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အ၀င် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ၀ပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ် ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်ကြ ပါသည်။

တာချီလိတ် နယ်စပ်ဝင်ပေါက်မှ တဆင့် ၀င်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေ အတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ အောက်တိုဘာ လ (၁၁) ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်ခရီးသည် စုစုပေါင်းမှာ (၅၀၁၀၆၀) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် အနေဖြင့် ခရီးသည်စုစုပေါင်း (၄၀၂၂) ဦးနှင့် ဗီဇာဖြင့် တာချီလိတ်မှတဆင့် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ၀င်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း (၄၅၃၉) ဦးတို့ ၀င် ရောက်လည်ပတ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

Licenses permitted by Directorate of Hotels and Tourism up to (30-9-2018)


(1)Hotel and Guest House License

Hotels in Myanmar                – (1704) Hotels, (68161) Rooms

(a)Nay Pyi Taw                     – (65) Hotels, (5561) Rooms

(b)Yangon                            – (404) Hotels, (21147) Rooms

(c) Mandalay                         – (219) Hotels, (9073) Rooms

(d)Bagan/Nyaung U               – (85) Hotels, (3019) Rooms

(e) Taungyi/ Inlay                  – (145) Hotels, (4606) Rooms

(2) Travel Agency License            – (2712)

(a) Foreign-owned Agency        – (1)

(b) Foreign and Local Owned   – (41)

(c) Local owned                       – (2670)

(3) Transport License                     – (2552)

(4) Tour Guide License                  – (4407)

(5) Regional Tour Guide License     – (3811)

FLY MYA TECH Co;Ltd


License No : Kha-2463

Address :No(1260),Inwa(3)St,6-Ward,South Okklarpa Tsp;Yangon.

Phone :+95 1-8500666,+95 9-797978888,+95 1-8500910~912