Directory : Search Results

No result found:

Opening ceremony of (3) courses in Hotel Services at Kalaw


Nay Pyi Taw, 20th June

 

The opening ceremony of (3) courses in hotel services (from 18th June,2018 to 13th July,2018) that are organized by the cooperation of the Ministry of Hotels and Tourism, the Directorate of Hotels and Tourism (Taunggyi Branch) and the Hoteliers Association (Southern Shan State Zone) was held on 18th June,2018 (09:00) A.M at Green Haven Hotel, Kalaw.

The Ministry of Hotels and Tourism tends to offer the best services for the visitors and to develop the Human Resources for the increasing numbers of Hotels and Foreign Visitors in southern Shan State. These courses were opened with the cooperation of the Directorate of Hotels and Tourism (Taunggyi Branch) and the Hoteliers Association (Southern Shan State Zone). At the opening ceremony, U Htin Aung Naing, Director from the Directorate of Hotels and Tourism (Taunggyi Branch) and the Chairman from the Hoteliers Association (Kalaw) gave the opening remarks.

Total (145) persons including U Htin Aung Naing, Director from the Directorate of Hotels and Tourism (Taunggyi Branch) and the responsible persons, the Chairman from the Hoteliers Association (Kalaw) and other hoteliers, Executive Officer from Kalaw region Development Committee, Members of Kalaw region Tourism Police group, the trainers, the invited guests and (115) trainees attended to the opening ceremony and can be successfully held.

Myanmar Participated and Exhibited with a Representative Booth in the 33rd Korea World Travel Fair-2018


Nay Pyi Taw, 19th June

The 33rd Korea World Travel Fair-2018 was held in COEX Convention & Exhibition Center in Seoul, Korea from 14th to 17th June 2018 with the conduction of Ministry of Culture, Sports and Tourism, South Korea; the arrangement of Korea Tourism Organization(KTO) and KOTFA Co., Ltd; and the coperation with UNWTO, PATA and JATA.

Tourism organizations from 70 countries and more than (500) companies participated in the 33rd Korea World Travel Fair-2018 to promote travel destinations and cultures of each respective countries. This travel fair was held to promote inbound tourism, outbound tourism and intrabound tourism of Korea tourism industry and to connect and find regional and international tourism markets.

Leaded by the Ministry of Hotels and Tourism, Myanmar, Myanmar Tourism Marketing; Lotte Hotel, Wyndham Grand Yangon and Royal Lake Hotel participated in the travel fair. Myanmar exhibited a representative booth in the travel fair and obtained the Best Booth Operation Award.

Travel destinations, sceneries, cultures, beaches, and traditional foods and fruits of Myanmar were exhibited as backdrops in the representative booth of Myanmar.

Myanmar Heritage Trail Tourism Rally ဖွင့်ပွဲ ထားဝယ်မြို့၌ ကျင်းပ


နေပြည်တော် (ဇွန်လ ၁၉ ရက်)

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု၊ မြန်မာခရီးသွားဈေးကွက်မြှင့်တင်ရေးအသင်း (MTM) နှင့် Thailand Authority of Thailand (TAT) တို့ပူးပေါင်းစီစဉ်သော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် မြန်မာနိုင်ငံ၏ အမှတ်တံဆိပ်အား ပိုမိုပေါ်လွင် ထင်ရှားစေမည့် Myanmar Heritage Trail Tourism Rally ၏ တာထွက် ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ဟိုတယ်တွင် နံနက် (၄:၀၀) အချိန်၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ အောက်မြန်မာပြည်ရုံးခွဲများတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှုးချူပ် ဦးမြင့်ထွေး၊ တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးညိုအေး၊ ဌာနဆိုင်ရာများ (MTM) မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်များနှင့် MHTTR ခရီးစဉ်သွားရောက်မည့်ယာဉ် (၂၆) စီးမှ အဖွဲ့ဝင်(၇၄) ဦးတို့ တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အောက်မြန်မာပြည် ရုံးခွဲများတာဝန်ခံ ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးမြင့်ထွေးက ၎င်းခရီးစဉ်နှင့် ပက်သက်၍ လည်ကောင်း၊ မြန်မာခရီးသွားဈေးကွက်မြှင့်တင်ရေး အသင်း ဥက္ကဌ ဒေါ်မေမြတ်မွန်ဝင်းက MHTTR Myanmar Heritage Trail Tourism Rally ဖြစ်ပေါ်လာပုံနှင့်ပက်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက် ၍ တနင်္သာရီ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးညိုအေးက တနင်္သာရီတိုင်း ဒေသကြီးခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အခြေအနေအား ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် အခမ်းအနား ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

၎င်းခရီးစဉ်သည် ရန်ကုန်- ထားဝယ်-ကန်ချနပူရီ- ဆူပန်ဘူရီ- ပီဆန်နူလော့ခ်- ဆူကိုထိုင်း- တက်-မဲဆောက်-မြဝတီ- ဘားအံ- ရန်ကုန်ခရီးစဉ်များသို့ (၁၈-၆-၂၀၁၈) ရက်နေ့မှ (၂၃-၆-၂၀၁၈) ရက်နေ့အထိ (၇)ရက် ကြာမြင့် မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတွင်ကျယ်စေရေး သွားရောက်ကြခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်းထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်
၁၃၈၀ ခုနှစ်၊ ဝါဆိုလဆန်း ၆ရက်
(၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

၁။ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတစ်ရပ်ဖြစ်သည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မိမိဝန်ကြီးဌာန၏ လုပ်ငန်း တာဝန်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး တစ်ဖက်ကလည်း ကမ္ဘာ့အဝှမ်းနှင့် ဒေသတွင်းနိုင်ငံများ၌ အချိန်နှင့်အမျှဖွံ့ဖြိုး တိုးတက်နေသော ခရီးသွားလုပ်ငန်းကို ရင်ဘောင်တန်းဆောင်ရွက်နိုင်ရန်နှင့် နောင်ကာလများ၌ ယင်း လုပ်ငန်းဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို နည်းလမ်းများရှာကြံရယူ ခြင်း၊ စွန့်ဦးတီထွင်ခြင်းများဖြင့် အခြားဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ အထောက်အပံ့ပေး နိုင်သော မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ရင်း လုပ်ထုံးလုပ်နည်းများနှင့်လည်း ကိုက်ညီ အောင် အလေးထား စီမံဆောင်ရွက်လျက်ရှိပါသည်။
၂။ ခရီးသွားလုပ်ငန်းသည် Smokeless Industry ဖြစ်သည့်အားလျော်စွာ အရင်းအမြစ်များ ထုတ်ယူသုံးစွဲရမှု နည်းပါးစွာဖြင့် စီးပွားရေးလုပ်ငန်းကြီးများမှအစ ခေါင်းရွက်ဗျက်ထိုး ဈေးသည်အထိ Multiplier Effect ရှိသောလုပ်ငန်းဖြစ်ရာ ဤလုပ်ငန်းအရှိန်အဟုန်ဖြင့် နိုင်ငံအဝှမ်းတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ပါကနိုင်ငံသားအားလုံးအတွက်နှင့် နိုင်ငံတော်အစိုးရအတွက်ပါ လူမှုစီးပွားဖွံ့ဖြိုး တိုးတက် မှုများ များစွာရရှိလာနိုင်မည် ဖြစ်ပါသည်။
၃။ သို့ရာတွင် ယင်းကဲ့သို့ အရေးပါလှသည့် နိုင်ငံ၏စီးပွားရေးမောင်းနှင်အား ကဏ္ဍတစ်ရပ်ကို ဦးဆောင်စီမံခန့်ခွဲနေသော ဝန်ကြီးဌာနကိုလည်းကောင်း၊ ဝန်ကြီးဌာနတွင်တာဝန်ယူ ဆောင်ရွက်နေသော အကြီးအကဲများကိုလည်းကောင်း၊ ဂုဏ်သိက္ခာညိုးနွမ်းစေပြီးထင်ယောင်ထင်မှားဖြင့် ပြည်သူအကြည်ညို ပျက်စေသော မမှန်မကန် သတင်းထုတ်လွှင့်မှုများကို ဆောင်ရွက်နေကြောင်းတွေ့ရှိရပါသည်။ အထူးသဖြင့် ယနေ့ခေတ်ကာလတွင် လွယ်လွယ်နှင့် အပုပ်ချသတင်းဖြန့်ချိနိုင်သည့် စနစ်ဖြစ်သော လူမှုကွန်ယက် Facebook တွင် မမှန်မကန်များ ရေးသားထုတ်လွှင့်ဖြန့်ချိနေခြင်းကို အဓိကထားဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။
၎။ ယင်းသို့ဆောင်ရွက်ရာတွင် တင်ဒါစနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ယခင်အစိုးရ လက်ထက်ကပင် ငှားရမ်းခများကို စာချုပ်စည်းကမ်းများနှင့်အညီ ပေးသွင်းရန်ပျက်ကွက်ခဲ့ပြီး ယခု အစိုးရသစ် ကာလတွင် အထက်အဆင့်ဆင့်သို့ တင်ပြလမ်းညွှန်မှုခံယူကာ စာချုပ်ဖျက်သိမ်း တရားစွဲဆို ဆောင်ရွက်နေရသော ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်ကို ငှားရမ်းလုပ်ကိုင်သူ The National Trading Co., Ltd မှ ဦးဌေးအောင်က Company၏ အားနည်းချက်ကြောင့် ပေါ်ပေါက်ခဲ့ရသော ဝန်ကြီးဌာနနှင့်အမှုအခင်း ရင်ဆိုင်နေရမှုကို အကြောင်းခံပြီး ၎င်း၏ Htay Aung အမည်ခံ လူမှုကွန်ယက် Facebook နှင့်ယခုအခါ၌ ဆွေးနွေးပွဲများတွင်ပါ မမှန်မကန်သတင်းများကိုဖြန့်ဝေပြီး ဝန်ကြီးဌာနနှင့် ဌာနအကြီး အကဲများ၏ ဂုဏ်သိက္ခာညိုးနွမ်းအောင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ အဓိက မမှန်မကန် ဖြန့်ဝေမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

(က) ဝန်ကြီးဌာနပိုင် နန်းမြိုင်ဟိုတယ်ကို (၁) နှစ်လျှင် ကျပ်သန်း(၆၀၀)ဖြင့် ငှားရမ်းရန် The National Trading Co., Ltd မှ တင်ဒါတင်သွင်းခဲ့သဖြင့် ၆-၈-၂၀၁၃ ရက်နေ့မှ စ၍ (၁၅)နှစ်တိတိစာချုပ်ချုပ်ဆိုငှားရမ်းခဲ့ပါသည်။ စာချုပ်တွင် ငှားရမ်းခကို (၁)လပေးသွင်း ရန် ပျက်ကွက်ပါကငှားရမ်းစာချုပ်ကို ရပ်စဲပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားပါသည်။ နန်းမြိုင် ဟိုတယ် ငှားရမ်းသူသည် ငှားရမ်းခပေးသွင်းရန် (၂၀၁၅ ခုနှစ်၊ ဧပြီလ) မှစ၍ ပျက်ကွက် ခဲ့ပြီး အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ငှားရမ်းခများပေးသွင်းခြင်းမရှိပဲ (၂၀၁၇ ခုနှစ်၊ ဇွန်လအထိ) ကြွေးကျန်ကျပ်သန်း(၁၃၀၀)ဖြစ်ပေါ်ခဲ့ပါသည်။ ဝန်ကြီးဌာနက အကြွေးများ ကိုပေးဆပ်ရေးနှင့်လက်ရှိဟိုတယ်၏ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေနှင့် မူလတင်ဒါ ခေါ်ယူရာ၌ အခြားလုပ်ငန်းရှင်များအား ကျော်လွှားပြီးရယူငှားရမ်းနိုင်ခဲ့ခြင်း အခွင့်အရေး ရရှိခဲ့မှုတို့ကို နှစ်ဖက်နှစ်လမ်း စဉ်းစားပြီးငှားရမ်းခ၏ သုံးပုံတစ်ပုံခန့် လျော့ချပေးရေး အတွက် ဆက်လက်တင်ပြ ဆောင်ရွက်ပေးမည့် အစီအစဉ်ကိုခါးသီးစွာငြင်းဆိုပြီး အကြွေး များ ဆက်လက်တင်ရှိခဲ့သည့်အတွက် နိုင်ငံတော်ကနစ်နာနေသဖြင့် လိုအပ်သည့်အရေးယူ မှုများ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ စီးပွားရေးရာ ကော်မတီသို့ တင်ပြလမ်းညွှန်မှုခံယူခဲ့ပြီး ဟိုတယ်ငှားရမ်းခြင်း ကို ၃၀-၆-၂၀၁၇ ရက်နေ့တွင် ရပ်စဲခဲ့ပြီး စာချုပ်ပါ သတ်မှတ်ရက်အတွင်း ဟိုတယ်ကို နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ခြင်း၊ ငှားရမ်းခကြွေးကျန်များ ပေးသွင်းခြင်းမရှိ သဖြင့် တရားစွဲဆို နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှ သဘောတူညီခဲ့ သဖြင့် ၁၄-၂-၂၀၁၈ ရက်နေ့တွင် တရားမကြီးအမှုဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိသည်ကို ၎င်းအား မတော်မတရား ဆောင်ရွက်ခဲ့သည်ဟု ရေးသားခြင်း၊

(ခ) ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် နိုင်ငံခြားသားခရီးသည်ပိုမိုလာရောက်ရေးအတွက် ဝန်ကြီး ဌာနကဆောင်ရွက်ပေးရန် လုပ်ငန်းများ၌ လိုအပ်မည့်မြှင့်တင်ရေး ထောက်ပံ့ငွေ (Voluntary Contribution) ကို FDI ဟိုတယ်အသင်းက အပ်နှံထားသည့်အတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျထိန်းသိမ်းထားခြင်းကို ၎င်းအားထိခိုက်စေမည့် လုပ်ငန်းစဉ်များကို ယင်းငွေစု၍ ဆောင်ရွက်နေသည်ဟု မမှန်မကန်ရေးသားခြင်း၊ (ယင်း ကိစ္စသည် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားသောကိစ္စ ဖြစ်ကြောင်း ၁၇-၅-၂၀၁၈ ရက်နေ့တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးဌေးအောင်အား အသိပေးအကြောင်းကြားပြီး ၂၅-၅-၂၀၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ၌လည်း ရှင်းလင်းပြောကြားပြီးဖြစ်ပါသည်။)

(ဂ) ၂၅-၅-၂၀၁၈ ရက်နေ့ ပြန်ကြားရေးဝန်ကြီးဌာန၌ကျင်းပပြုလုပ်သော ဝန်ကြီးဌာနများ၏ ဒုတိယတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးဌာန၏ Tourism လုပ်ငန်းများကို ပါဝင်ဆွေးနွေး မေးမြန်းရမည့်အစား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု
များကို မေးမြန်းပြီး အကန့်အသတ်ဖြင့် တန်ဖိုးရှိလှသော သတင်းစာရှင်းလင်းပွဲ အချိန် များကိုအလွဲသုံးစားဝင်ရောက် မေးမြန်းပြုလုပ်ခြင်းဖြင့် ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ ကို အားနည်းသွားအောင်ပြုလုပ်ခြင်း၊

(ဃ) ၁၂-၆-၂၀၁၈ ရက်နေ့ နေပြည်တော်ရှိ MICC-2 တွင် ကျင်းပပြုလုပ်သည့် Myanmar Tourism Conference ၌လည်း ခရီးသွားလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အခန်းကဏ္ဍကိုဆွေးနွေးပြီးနောက် ၎င်း၏စာချုပ်စည်းကမ်းဖောက်ဖျက်မှုကြောင့် ရင်ဆိုင် နေရသော နန်းမြိုင်ဟိုတယ်ကို သာဓကပြ၍ ရင်းနှီးမြှုပ်နှံသူများ သံသယဝင်ပြီး ဝေဝါးမှု ဖြစ်အောင် ဝင်ရောက်ပြောကြားခဲ့ပြီး Myanmar Tourism Conference ၏အပြုသဘော ဆောင်သော ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၏ အနှစ်သာရကို ပျက်ယွင်းလိုသော ဦးတည်ချက်ဖြင့် ဝင်ရောက် ဆွေးနွေးခဲ့ခြင်း၊
(င) ဤဝန်ကြီးဌာနသို့ အမြဲတမ်းအတွင်းဝန် ခန့်အပ်စဉ်က အဆင့်နှင့်အညီ ပေးအပ်ရန်သင့် တော်သည့် အုပ်ချုပ်မှုသုံး မော်တော်ယာဉ်မရှိသဖြင့် ယင်းအချိန်က ရှိထားခဲ့သောပြင်ဆင် ရန်လိုအပ်လျက်ရှိသည့် ယာဉ်ဟောင်းကို ပြင်ဆင်ပြီးပေးအပ်ခဲ့ပါသည်။ အဆိုပါ မော်တော် ယာဉ်သည် ယခင်အစိုးရကာလ (၂၀၁၅-၁၆) ဘဏ္ဍာရေးနှစ်အတွင်း ပြင်ဆင် ပေးခဲ့သော မော်တော်ယာဉ်ဖြစ်ကာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် စနစ်တကျမှတ်ပုံ တင်ထားသော ယာဉ်ဖြစ်သည့်အပြင် နိုင်ငံတော်ပိုင်ယာဉ်များကို ထိန်းသိမ်းတာဝန်ယူ သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ (ECC) ဗဟိုစက်ပစ္စည်းစာရင်းအင်း နှင့်စစ်ဆေးရေးဦးစီးဌာနတွင်လည်း မှတ်တမ်းရေးသွင်းပြီး စနစ်တကျ မှတ်ပုံတင်ထား သော နိုင်ငံတော်ပိုင်ယာဉ်ဖြစ်သည်ကို တရားမဝင်ယာဉ်ဖြစ်သည်ဟု စွပ်စွဲပုတ်ခတ် ရေး သားခြင်း၊

၅။ သို့ဖြစ်ရာ ဦးဌေးအောင်အနေဖြင့် ဝန်ကြီးဌာနမှ ငှားရမ်းလုပ်ကိုင်ခဲ့သော နန်းမြိုင်ဟိုတယ်နှင့်စပ် လျဉ်း၍ လက်ရှိပေါ်ပေါက်နေသော အမှုအခင်းကို တရားဥပဒေဘောင်နှင့်အညီ ဆက်လက်ဆောင်ရွက် သွားရန်လိုအပ်ကြောင်းနှင့် ယခုကဲ့သို့ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်ပြီး နိုင်ငံ၏အဓိက ဦးစားပေး စီးပွားရေးကဏ္ဍတစ်ရပ်အဖြစ် နိုင်ငံနှင့်ပြည်သူများအကျိုးငှာအရှိန်အဟုန်မြှင့်တင်၍ နည်းလမ်းပေါင်းစုံ ရှာကြံဆောင်ရွက်နေသော ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ထိခိုက်စေရေးအတွက် ဦးတည်ပြီး တာဝန်ယူ အကောင်အထည်ဖော်နေသော ပြည်ထောင်စုဝန်ကြီး၊ ဌာနအကြီးအကဲများနှင့် ဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှုအဟန့်အတားဖြစ်အောင် ဂုဏ်သိက္ခာညိုးနွမ်းအောင် ဆောင်ရွက်ခြင်းများအတွက် တည်ဆဲ တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
*****

မုံရွာမြို့ ဝင်းယူနတီ ဟိုတယ်တွင် ဧည့်လမ်းညွှန် (အခြေခံ) သင်တန်း အမှတ်စဉ် (၃၆) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ


နေပြည်တော်၊ ဇွန်လ (၁၈) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးကြပ်၍ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ မုံရွာမြို့၊ ဝင်းယူနတီဟိုတယ်တွင် ဧည့်လမ်းညွှန် (အခြေခံ) သင် တန်းအမှတ်စဉ် (၃၆) သင်တန်းဆင်းပွဲကို (၁၅.၆.၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင်ကျင်းပ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦး တက်ရောက် အဖွင့် အမှာစကားပြောကြားခြင်း၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မုံရွာ ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူး ဦးအောင်သူဦးမှ အမှာစကားပြော ကြားခြင်းနှင့်အတူ သင်တန်းတွင်ဆုရရှိခဲ့ကြသော သင်တန်းသား /သူများအား ဆုချီးမြှင့်ခြင်းနှင့်  သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပါသည်။

အဆိုပါ ဧည့်လမ်းညွှန်အခြေခံသင်တန်းအား (၂၁.၅.၂၀၁၈) ရက်နေ့မှ (၁၅.၆.၂၀၁၈) ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ပြီး  သင်တန်းဆင်းပွဲအခမ်းအနားသို့ သင်တန်းတာဝန်ခံနှင့် ဖိတ်ကြား ထားသော ဧည့်သည် တော်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူ စုစုပေါင်း (၁၃၉) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။