Directory : Search Results

No result found:

FLY MYA TECH Co;Ltd


License No : Kha-2463

Address : No(1260),Inwa(3)St,6-Ward,South Okklarpa Tsp;Yangon.

Phone :+95 1-8500666,+95 9-797978888,+95 1-8500910~912

 

ကမ္ဘာလှည့်ခရီးသည်များ ကိုယ်ပိုင်မော်တော်ယာဉ်၊ ကိုယ်ပိုင်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်


နေပြည်တော်၊ အောက်တိုဘာလ (၁၀) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက် လည်ပတ်နိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည် များအတွက်လည်း ၀င်/ထွက် သွားလာမှုလွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Kaung Hein Shwe Sin International Co., Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် ပိုလန်နိုင်ငံသား (၁) ဦးတို့သည် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တို ဘာလ (၃) ရက်နေ့မှ အောက်တိုဘာလ (၆)ရက်နေ့အထိ မြ၀တီနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး မြ၀တီ- ပဲခူး- မန္တလေး- တမူးမြို့များသို့ သွားရောက်လည်ပတ်၍ အောက်တိုဘာလ (၆) ရက်နေ့တွင် တမူးနယ်စပ်ဂိတ်မှ တဆင့် ပြန်လည် ထွက်ခွာသွားကြပါသည်။

ထို့အတူ Bright View Co., Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် မလေးရှားနိုင်ငံသား (၁) ဦးသည် ကိုယ်ပိုင်မော်တော်ဆိုင်ကယ်(၁) စီးဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့မှ အောက်တိုဘာလ (၁၀)ရက်နေ့အထိ တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး တမူး- ကလေး- ပုဂံ- တောင်ငူ- ကျိုက်ထို- မြ၀တီမြို့များသို့ သွားရောက်လည်ပတ်၍ အောက်တိုဘာလ (၁၀) ရက်နေ့တွင် မြ၀တီနယ်စပ်ဂိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားခဲ့ပါသည်။

နိုင်ငံခြားသားခရီးသွား ဧည့်သည်များသည် ပွင့်လင်းရာသီကာဖြစ်ခြင်းနှင့် ခရီးသွားဧည့်သည် တိုးမြှင့်ဝင်ရောက်လာနိုင်ရေး ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့်  မြန်မာနိုင်ငံသို့ လေ ကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်/ ထွက်ပေါက်များမှတဆင့်  ၀င်ရောက်လာ၍ မြန်မာနိုင်ငံ၏ ထင်ရှား သော ဒေသများသို့ လာရောက် လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ အောက်တိုဘာလ (၁၀)ရက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို (၉.၁၀.၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌် ကျင်းပပြုလုပ်ခဲ့ရာ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မြင့်၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဟိုတယ်ဇုန်များမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြရာ ရန်ကုန်-ပုသိမ် အဝေးပြေးကား လမ်းတစ်လျှောက်တွင် အဆင့်အတန်းမီ သန့်ရှင်း သပ်ရပ်ကောင်းမွန်မှုရှိသော အများပြည်သူသုံးသန့် စင်ခန်းများ တိုးတက်ပေါ်ပေါက်လာစေရေး၊ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်နိုင်ရန်အတွက် ရုပ်သံ ရိုက်ကူးထုတ်လွှင့်ပြသနိုင်ရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာ Website အား လွှင့်တင်ဆောင်ရွက်သွား နိုင်ရေး၊ ကမ်းခြေဒေသများတွင် ရိုးရာယဉ်ကျေးမှု အနုပညာအကအလှများဖြင့် ဖျော်ဖြေ၍ ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ အား ဆွဲဆောင်နိုင်ရေး၊ စားသောက်ဆိုင်များမှ ကျန်းမာရေးနှင့် ညီညွှတ် သည့်အစားအစာများကို သန့်ရှင်းသပ်ရပ်စွာ အဆင့်အတန်းမီ တည်ခင်းရောင်းချနိုင်ရေးနှင့် ကျန်းမာရေး အသိများတိုးတက်လာစေရန် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်သွားနိုင်ရေး စသည့် ကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအား (၁၄း၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

Arrival Card နှင့် Depature Card များ အသုံးပြုမှု ကင်းလွတ်ခွင့်ပြုခြင်း


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် ဖြေလျော့မှုအနေဖြင့် မြန်မာနိုင်ငံ သားနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ဝင်ရောက်/ထွက်ခွာသည့်အခါတိုင်း ဖြည့်သွင်းရသည့် Arrival Card နှင့် Depature Card များ အသုံးပြုခြင်းကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ စ၍ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ (၂၄.၉.၂၀၁၈) ရက်စွဲပါစာအမှတ်၊ ၄၆ ၁၁ ၁၁ (၅၁၄၀) ဖြင့် အကြောင်းကြားထားရှိပါသည်။