Directory : Search Results

No result found:

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် လာရောက်လည်ပတ်


နေပြည်တော်၊ နိုဝင်ဘာလ (၃၀) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက်လည်ပတ်နိုင်ရေးကို ဆောင်ရွက်ပေး လျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက်လည်း ၀င်/ထွက် သွားလာမှုလွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Traventure T & T  Co.,Ltd စီစဉ်ဆောင် ရွက်မှုတို့ဖြင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် (၁) ဦးသည် ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၁) စီးဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့မှ နိုဝင်ဘာလ (၂၆) ရက်နေ့အထိ တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး တမူး-ကလေး-မုံရွာ-မန္တလေး-ပုဂံ-ကလော-ကျိုင်းတုံ-တာချီလိတ်မြို့များသို့ သွားရောက် လည်ပတ်၍ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာ သွားကြပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီကာလဖြစ်ခြင်းနှင့် ခရီးသွားဧည့်သည် တိုးမြှင့်ဝင်ရောက်လာနိုင်ရေး ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်/ထွက်ပေါက်များမှတဆင့် ၀င်ရောက်လာ၍ မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများ သို့ လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ၀င်/ ထွက် လည်ပတ်လျက်ရှိ


နေပြည်တော်၊ နိုဝင်ဘာလ (၃၀) ရက်

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘ၀ပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း သို့ အဆက် မပြတ် ၀င်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၃) ရက်နေ့မှ နိုဝင်ဘာလ(၂၉) ရက်နေ့အထိ တာချီလိတ် နယ်စပ် ၀င်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၂၃၆၃၆) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသားခရီးသွားဧည့်သည်(၁၉၂)ဦး၊ လန့်တောင်း နေ့ချင်းပြန် ခရီးစဉ်သို့ ထိုင်းနိုင်ငံသား (၆) ဦး၊ ကျိုင်းလပ် နေ့ချင်းပြန်ခရီးစဉ်သို့  ထိုင်းနိုင်ငံသား (၁၀) ဦး ၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် (၄၂၂) ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာ ကင်းလွတ်ခွင့်ရ) နိုင်ငံသား အပါအ၀င် လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၉၇၀) ဦး ရှိကြောင်း သိရှိရပါသည်။

နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ၀မ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပါသည်။

လန့်တောင်းနေ့ချင်းပြန် ခရီးစဉ်တွင် သွားရောက်ရာခရီးစဉ်လမ်းကြောင်းတစ်လျှောက်တွင်ရှိ သော မိုင်းလင်းဆရာတော်ကျောင်း၊ ရှေးဟောင်းတန်ခိုးကြီးစေတီပုထိုးများ၊ ရှမ်း၊ အာခါ၊ လားဟူ စသည့် တိုင်းရင်းသားကျေးရွာများသို့ လေ့လာလည်ပတ်ကြပါသည်။

ကျိုင်းလပ်နေ့ချင်းပြန်ခရီးစဉ်တွင် ရှမ်းရိုးရာဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း များ၊ ရှမ်း၊ အာခါ၊ လားဟူတိုင်းရင်းသားတို့၏ လူနေမှုပုံစံ ရိုးရာဓလေ့ထုံးတမ်း အစဉ် အလာနှင့် လက်မှု အနုပညာများ လေ့လာခြင်း၊ မဲခေါင်မြစ်ပတ်ဝန်းကျင် အလှအပများ ရှုမြင်ခံစားခြင်းတို့ဖြင့် လေ့လာ လည်ပတ်ကြပါသည်။

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အ၀င် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ၀ပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာ အနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး ပြည်တွင်းပိုင်းခရီးစဉ်အား တာချီလိတ်မြို့မှ လေကြောင်း ဖြင့် တိုက်ရိုက်ပျံသန်းသော မြို့များဖြစ်သည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့် ပြည်တွင်းပိုင်းသို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတဆင့် ၀င်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေ အတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့မှ နိုဝင်ဘာလ (၂၉) ရက်နေ့အထိ ထိုင်းနိုင်ငံ သားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်/ ညအိပ်ခရီးသည် စုစုပေါင်းမှာ (၆၅၂၇၆၈) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည်စုစုပေါင်း (၇၀၁၇) ဦးနှင့် ဗီဇာဖြင့် ပြည်တွင်းသို့ ၀င်ရောက်လည်ပတ်သည့် ခရီးသည် စုစုပေါင်း (၁၀၈၁၃) ဦးတို့ ၀င်ရောက်လည်ပတ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

လွယ်ပန်းစုံကျေးရွာတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ဖွင့်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော်၊ နိုဝင်ဘာလ (၂၉) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တောင်ကြီးရုံးခွဲ)၏ စီစဉ်ဆောင်ရွက်မှုဖြင့် လွယ်ပန်း စုံကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊  နိုဝင်ဘာလ(၂၇)ရက်နေ့၊  နံနက် (၁၀:၃၀) နာရီတွင်  ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာအုပ်စု၊   လွယ်ပန်းစုံကျေးရွာ CBT အဆောက်အဦ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊  ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်၊ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေရီချိုနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (တောင်ကြီး ရုံးခွဲ) ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ရွာကိုယ်စားပြု CBT ကော်မတီဝင်များ၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြပါ သည်။

လူထုအခြေပြုခရီးသွားလုပ်ငန်း Commiunity Based Tourism (CBT) ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စီမံကိန်း၊ စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့်ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကအဖွင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ထို့နောက် စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး တို့က အသီးသီး အမှာစကားပြောကြားပြီး  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ) ညွှန်ကြားရေးမှူးက CBT အခြေအနေများကိုလည်းကောင်း၊ လွယ်ပန်းစုံ CBT မန်နေဂျာ ဦးဇေယျာဖြိုးက CBT အကောင်အထည်ဖေါ်ဆောင်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ CBT ကိုယ်စားပြုကျေးရွာ ကော်မတီ အတွင်းရေးမှူး ဦးအေးမောင်က ကျေးဇူးတင်စကားကိုလည်းကောင်း ပြောကြားခဲ့ကြပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်လာသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အိပ်ခန်း ဆောင်များကို လှည့်လည်ကြည့်ရှုခြင်း၊ အမှတ်တရသစ်ပင်စိုက်ပျိုးခြင်း၊ ဖယ်ခုံအင်း အတွင်းသို့ ငါးလွှတ် ခြင်းနှင့် လှေပြိုင်ပွဲသို့ တက်ရောက်အားပေးပြီး ဆုရရှိသူများအား ဆုများချီးမြှင့် ပေးအပ်ခြင်းတို့ကို ဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်


နေပြည်တော်၊ နိုဝင်ဘာလ (၂၈) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက်လည်ပတ်နိုင်ရေးကို ဆောင်ရွက်ပေး လျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက်လည်း ၀င်/ထွက် သွားလာမှုလွယ်ကူစေရေး စီစဉ်ဆောင် ရွက်ပေးလျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Kaung Hein Shwe Sin International  Co.,Ltd စီစဉ်ဆောင်ရွက်မှုတို့ဖြင့် မလေးရှားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် (၆) ဦးတို့သည် ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၆) စီးဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့မှ နိုဝင်ဘာလ (၁၃) ရက်နေ့အထိ မြ၀တီနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး မြ၀တီ-ကျိုက်ထို -နေပြည်တော်-ပုဂံ-ဂန့်ဂေါ-တမူးမြို့ များသို့ သွားရောက်လည်ပတ်၍ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပါသည်။

ထို့အတူ အဆိုပါ ကုမ္ပဏီ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် တူရကီနိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည် (၂) ဦးတို့သည် ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၂) စီးဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့မှ နိုဝင်ဘာလ (၂၁) ရက်နေ့အထိ တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး တမူး-ဂန့်ဂေါ-ပုဂံ-နေပြည်တော်-ကျိုက်ထို-မြ၀တီမြို့များသို့ သွားရောက်လည်ပတ်၍ နိုဝင်ဘာလ (၂၁) ရက်နေ့ တွင် မြ၀တီ နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပါသည်။

၎င်းနောက် အဆိုပါ ကုမ္ပဏီ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် မလေးရှားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည် (၄) ဦးတို့သည် ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၂) စီးဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့မှ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး တမူး-ဂန့်ဂေါ-မိတ္ထီလာ-ကျိုက်ထို-မြ၀တီမြို့များသို့ သွားရောက်လည်ပတ်၍ နိုဝင်ဘာလ (၂၄) ရက်နေ့ တွင် မြ၀တီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီကာလဖြစ်ခြင်းနှင့် ခရီးသွားဧည့်သည် တိုးမြှင့်ဝင်ရောက်လာနိုင်ရေး ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်/ထွက်ပေါက်များမှတဆင့် ၀င်ရောက်လာ၍ မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများ သို့ လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

e-Government Conference & ICT Exhibition 2018


နိုဝင်ဘာလ ၂၇ ရက်နေ့ (အင်္ဂါနေ့) နှင့် ၂၈ ရက် (ဗုဒ္ဓဟူးနေ့) တို့တွင် e-Government Conference & ICT Exhibition 2018 ပွဲကို နေပြည်တော်ရှိ MICC တွင် ကျင်းပပြုလုပ်နေသည်ဖြစ်ပါ၍ နည်းပညာကို စိတ်ပါဝင်စားသူတိုင်း လာရောက်လေ့လာကြပါရန် ဖိတ်ခေါ်အပ်ပါသည်။