Directory : Search Results

No result found:

တူဆုံနွှဲပျော် နာဂရိုးရာနှစ်သစ်ကူးပွဲတော်(၂၀၁၉)


ဖိုးညို(မင်းကင်း)

မြူခိုးအုံ့ဆိုင်း မှိုင်းမှုံပျပျ လှပနေသော နာဂဒေသရှိ လေရှီးမြို့လေးသည် (၂၀၁၉)ခုနှစ် နာဂရိုးရာ ကျင်းပမည့် မြို့ငယ်လေး တစ်မြို့ဖြစ်သည်။ နွေရာသီဟူသော ဥတုမရှိလောက်အောင်ပင် အေးချမ်းသာယာ ပြီး နေချင့်စဖွယ်ရှိသော နာဂလူမျိုးအများစုနေထိုင်ရာဒေသဖြစ်သည်။ လေရှီးမြို့ရှိ နာဂလူမျိုးများမှာ ရိုးရာ နှစ်သစ် ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အားအင်စိုက်ထုတ် ကြိုးပမ်းလုပ်ဆောင်လျှက်ရှိ ကြပါသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပနိုင်ရေးဆောင်ရွက်မှုများ

(၂၀၁၉)ခုနှစ်နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၉.၉.၂၀၁၈) ရက်နေ့တွင် လေရှီးမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်မ၌ စစ်ကိုင်းတိုင်း ဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးသန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဆောင်ကာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ရေး ဦးစီးအဖွဲ့၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိ သူများတက်ရောက်ပြီး နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဆောင်ရွက်မည့် အစီအမံများ၊ လာရောက် လေ့လာ လည်ပတ်မည့် ခရီးသွားများအတွက်တည်းခိုနေထိုင်ရေး၊ လေ့လာလည်ပတ်နိုင်သည့် နေရာများ၊ ပွဲတော် အတွင်းတင်ဆက်ပြသမည့်အစီအစဉ်များကို ညှိနှိုင်းခဲ့ကြကြောင်း သိရှိရပါသည်။

လေရှီးမြို့နယ်အတွင်းနေထိုင်ကြသော နာဂလူမျိုးများ

လေရှီးမြို့နယ်အတွင်း နာဂလူမျိုး(၆)မျိုးနေထိုင်ကြပြီး နာဂလူမျိုး မျိုးနွယ်စုစုပေါင်း(၃၀)ကျော်ရှိ ကြောင်းကိုလည်းလေ့လာသိရှိရပါသည်။ (၂၀၁၉)ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လေရှီးမြို့နယ်ရှိ ပါရာ၊ ကိုးကာ၊ တန်ကွန်၊ မကူရီ၊ လောင်ဖူရီ၊ ခဲမြူငမ် ဟူသော နာဂလူမျိုးစု(၆)မျိုးတို့၏ ရိုးရာဓလေ့ ကပွဲများဖြင့် ဖျော်ဖြေခြင်း၊ ပြခန်း အိမ်(၆)လုံးတွင် ရိုးရာအသုံးအဆောင်များကြည့်ရှုနိုင်ခြင်းအပြင် နတ်တို့ ဖန်ဆင်းထားလေသလောဟူ၍ ထင်မှတ်ရလောက်သော လေရှီးမြို့ ၏အလှအပများကို ခံစားတွေ့မြင် ရမည်ဖြစ်ပါသည်။

လေရှီးမြို့သို့သွားရောက်နိုင်သောလမ်းကြောင်းများ

လေရှီးမြို့သည် တောင်ပေါ်ဒေသဖြစ်သော်လည်း သွားလာရန်များစွာခက်ခဲသည့်ဒေသတစ်ခု မဟုတ်ပေ။ ဟုမ္မလင်းမြို့နှင့်ခန္တီးမြို့တို့သည် လေဆိပ်ရှိကြ သဖြင့် လေကြောင်းဖြင့်အဆိုပါမြို့များသို့ လေယာဉ်ဖြင့်သွားရောက်နိုင်သည်။ မန္တလေးမြို့မှ ဟုမ္မလင်းနှင့်ခန္တီးမြို့များသို့ Myanmar National Airline ဖြင့် သွားရောက်နိုင်ပြီး မန္တလေး-ခန္တီးလေကြောင်းမှာ နေ့စဉ်သွားလာနိုင်ကြောင်း၊ မန္တလေး-ဟုမ္မလင်း လေကြောင်းသည် ကြာသပတေးနေ့တွင်သွားလာနိုင်ကြောင်း သိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မုံရွာမြို့မှ သွားမည်ဆိုလျှင် လေကြောင်း၊ ရေကြောင်း၊ မော်တော်ကားလမ်းကြောင်း (၃)မျိုးမှ သွားလာနိုင်မည်ဖြစ်ပါသည်။ မုံရွာ-ဟုမ္မလင်း(MNA) လေကြောင်းလိုင်းသည် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် ပြေးဆွဲလျှက်ရှိပါသည်။ ရေကြောင်းမှ စက်လှေ(အမြန်ယာဉ်)ဖြင့် ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့ များသို့ နေ့စဉ်ထွက်ခွာ သွားလာနိုင်ပြီး ချင်းတွင်းမြစ်၏အလှတရားများကိုပါတစ်ပါတည်းခံစားနိုင်ပါမည်။ မော်တော်ကားလမ်း ဖြင့်သွားလာမည်ဆိုပါက မုံရွာ- ရေဦး- နောင်ပိုအောင်ကားလမ်းမှ သွားလာနိုင်ပြီး (၃၃၄) မိုင်ခန့် ကွာဝေး ကာတောတောင် သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။

ထမံသီစံပြကျေးရွာ တစ်ဖက်ကမ်းရှိ ပင်းမသို့ဟုမ္မလင်းမှမိုင်(၅၀)၊ ခန္တီးမြို့မှ မိုင် (၈၀)ကွာဝေးပြီး မော်တော်ကား (သို့) ရေကြောင်းမှသွားနိုင်ပါမည်။ ပင်းမမှ ထမံသီစံပြကျေးရွာသို့ ကိုယ်ပိုင်မော်တော်ကား များဖြင့် လာရောက်သောခရီးသွားများအတွက် ကူးတို့တွဲ သင်္ဘောဖြင့်ကူးသန်းသွားလာနိုင်ရန်စီစဉ်ထားရှိ မည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

ထမံသီမှလေရှီး

ထမံသီစံပြကျေးရွာသည် ချင်းတွင်းမြစ်၏အနောက်ဘက်ကမ်းတွင် တည်ရှိပြီး သင်္ဘော၊ စက်လှေ များ လွယ်လင့်တကူ ဆိုက်ကပ်ရန်ဆိပ်ခံဗောများ တည်ဆောက်ထားရှိပါသည်။ တည်းခိုခန်းနှင့် စားသောက် ဆိုင်များရှိ၍ ခေတ္တနားခိုအပန်းဖြေနိုင်သော စံပြကျေးရွာလေးတစ်ရွာဖြစ်နေပါသည်။ ထမံသီမှ လေရှီးမြို့ သို့ (၃၁)မိုင် ကွာဝေးပြီး မော်တော်ကားဖြင့်သွားရောက်ရချိန်မှာ(၂:၃၀)ခန့်သာ ကြာမြင့်မည်ဖြစ်ပါသည် တောင်တန်းများကိုဖြတ်ကျော်ကာ ကွေ့ပတ်သွယ်တန်းထားသော ကားလမ်းသည် (4W) ဖိုးဝှီးကားများ ဖြင့်သာ သွားလာနိုင်ပါသည်။ ထမံသီ-လေရှီး မော်တော်ကားအငှားယာဉ်များလည်းရှိပါသည်။ စင်းလုံးငှား မည်ဆိုပါ ကအသွား/အပြန်(၁၅၀၀၀ဝိ/-)ကျပ်ဈေးနှုန်းရှိပြီး ခရီးသည်တစ်ဦးချင်းအတွက် ယာဉ်လိုင်းခမှာ အသွား (၁၀၀၀ဝိ/-)ကျပ်၊ အပြန် (၁၀၀၀ဝိ/-) ကျပ်ခန့်သာ ကျသင့်မည်ဖြစ်ပါသည်။

ထမံသီစံပြကျေးရွာမှ လေရှီးမြို့သို့ သွားလာရာလမ်းကြောင်းတွင် အောင်မြင်သာကျေးရွာ၊ ရန်နွေး၊ အေးချမ်းဖြိုး၊ အောင်ဇေယျ၊ ထိန်နယ်လျှံ ကျေးရွာများ ကိုဖြတ်သန်း၍ (၂၅)မိုင်(လိမ္မော်ခြံ)တွင် စာရာမေရိ တောင်သို့သွားရောက်နိုင်သော လမ်းခွဲရှိပြီး အမှတ်တရအဖြစ်မှတ်တမ်းတင်နိုင်သော နေရာလေးရှိပါသည်။ ထိုမှတဆင့် လှန်လှိုင်လှကျေးရွာ၊ ဆုံကင်းကျေးရွာများကို ဖြတ်သန်းပြီးကားလမ်းနံဘေးရှိ တောင်ကျ ချောင်းငယ်များ၊ တောင်ယာလယ်ကွင်းများ၊ တောတောင် ရှုခင်းများ၊ အလှအပများကိုခံစားကာ လေရှီးမြို့ ကိုရောက်ရှိမည်ဖြစ်ပါသည်။

တွေ့မြင်ရမည့်အောင်မြင်မှုများ

လေရှီးမြို့တွင် ကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို (၂၀၁၉)ခုနှစ်၊ ဇန်နဝါရီလ(၁၃,၁၄,၁၅) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ် ပါသည်။ နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ Rally  ကားမောင်းအဖွဲ့သားများလည်း တက်ရောက်ကြမည်ဖြစ်ကြောင်းနှင့် အဖွဲ့သားများနှင့်အတူ ရိုက်ကူးရေး အဖွဲ့များ ၊ သရုပ်ဆောင်၊ မော်ဒယ်လ်များလည်းတက်ရောက်ကြမည်ဖြစ်ကြောင်းသိရှိရပါသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပမည့်အချိန်သည် ပွင့်လင်းသောရာသီဥတုလည်းဖြစ်သည်နှင့် အညီခေါင်းဆောင်ကြီးများ၊ နာမည်ကြီးသရုပ်ဆောင်များလည်း တက်ရောက်ကြသည့် ပွဲတော်ဖြစ်သောကြောင့် ပွဲတော်ချိန်အတွင်း ပွဲတော်ကျင်းပသည့်ကွင်းအတွင်း ပြည့်လျှံနေမည်မှာ မြင်ယောင်မိပါသည်။ ခရီးသွား ကုမ္ပဏီများအနေဖြင့်လည်း လေရှီးမြို့တွင် ကျင်းပမည့် (၂၀၁၉) ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လာရောက် လေ့လာလည်ပတ်လိုသော ခရီးသွားဧည့် သည်တော်များကို ကြိုတင်အသိပေး ရောင်းချနိုင် ကြပြီး ပွဲတော်သို့ သွားရောက်မည့် ခရီးသွားကုမ္ပဏီများသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မုံရွာ)ရုံးသို့ ဆက်သွယ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သတင်း ကောင်းပါးရင်း (၂၀၁၉)ခုနှစ် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကြီး ကြက်ပျံမက စည်ကားပါစေကြောင်း ဆုမွန် ကောင်းတောင်းလိုက်ရပါသည်။

မှီခိုအားထားပြည့်စီးပွား ခရီးသွားကဏ္ဍမြှင့်စို့လား


ဆောင်းပါးရှင်
မောင်မြန်မာ-ခရီးသွား

ကြီးပွားချမ်းသာ နည်းလမ်းအဖြာဖြာ
ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း(၂၀၀)ကျော်ရှိကြသည့်အနက် နိုင်ငံအသီးသီးတို့သည် မိမိနိုင်ငံ၏ဖြစ်တည်ရာသဘာဝအခြေအနေ၊ တည်နေရာ၊ ရာသီဥတု၊ လူမျိုးများ ပေါင်းစည်းနေထိုင်မှု၊ စက်မှုအတတ်ပညာများမြင့်မားစွာတတ်မြောက်မှု၊ ကျွမ်းကျင်မှု စသည်တို့အပေါ်အားသာချက်ကို အခြေခံ အရင်းတည်လျက် အားထားသင့်သည့် စီးပွားရေးလုပ်ငန်းကြီးများကိုရွေးချယ်ကာ နိုင်ငံ့စီးပွား ရေးအဓိကမဏ္ဍိုင်အဖြစ် ထူထောင်လုပ်ကိုင်ကြပြီးနိုင်ငံခြားငွေကို အလိုကြီးစွာ အားသွန်ခွန်စိုက် ကြိုးပမ်းရှာဖွေကြလေသည်။ ဥပမာ- စက်မှုထိပ်သီးနိုင်ငံကြီးများသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် စက်မှုအတတ်ပညာများ ထွန်းကား ခဲ့ပြီးဖြစ်၍ လေယာဉ်ထုတ်လုပ်ခြင်း၊ သင်္ဘောထုတ်လုပ်ခြင်း၊ မော်တော် ကားထုတ်လုပ်ခြင်းနှင့် အခြားသော စက်မှုထည်ပစ္စည်းများ (အချို့နိုင်ငံကြီးများ စစ်လက် နက်ပစ္စည်း ထုတ်လုပ်မှုအပါအဝင်) အမြောက်အမြားထုတ်လုပ်လျက် ကမ္ဘာအနှံ့တင်ပို့ရောင်းချကာ စီးပွားရှာကြလေ သည်။ ထိုနည်းဖြင့် ကြွယ်ဝချမ်းသာသော နိုင်ငံများအဖြစ်သို့ ရောက်ရှိလာခဲ့ကြလေသည်။

ထိုနည်းတူစွာပင်၊ သဘာဝသယံဇာတပေါများစွာ အလျှံပယ်ထွက်ရှိသည့် ရေနံထွက်နိုင်ငံများ၊ သဘာဝဓာတ်ငွေ့ထွက်နိုင်ငံများ၊ ရွှေထွက်ရှိသည့်နိုင်ငံများ၊ စိန်ထွက် ရှိသည့် နိုင်ငံများမှသည် မီးစုန်း (ဖော့စ်စဖရပ်)ထွက်ရှိသည့်နိုင်ငံများတို့သည်လည်း ယင်းလုပ်ငန်းများကို ပင်မစီးပွားရေးအဖြစ်အားထား ရပ်တည်ကာ ကြွယ်ဝချမ်း သာကြလေသည်။ အလားတူ စိုက်ပျိုးမြေကျယ်ပြန့်ပြီး သဘာဝရာသီဥတု ကောင်းမွန်သည့် နိုင်ငံများကလည်း အဆင့်မြင့်စိုက်မွေးနည်းပညာများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အကြီးအကျယ်လုပ်ကိုင်ကာ စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများ၊ မွေးမြူရေးထွက်ကုန် ပစ္စည်းများအမြောက်အမြားကို နိုင်ငံတကာသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေအမြောက် အမြားရရှိပြီး ကြီးပွားချမ်းသာကြလေသည်။ တစ်ချို့နိုင်ငံများမှာလည်း သဘာဝပင်လယ်ကြီးများ နှင့်သမုဒ္ဒရာကြီးများမှ ရေအောက်သယံဇာတများကို ထုတ်ဖော်ရယူရောင်းချခြင်းဖြင့် ဝင်ငွေကောင်း ကြလေသည်။
ယနေ့ခေတ်အခါတွင်မူ အိုင်တီခေတ်သို့ ရောက်ရှိလာလေသည်ဖြစ်ရာ အဆင့်မြင့်အိုင်တီ နည်းပညာများဖြင့် အဆင့်မြင့်အိုင်တီပစ္စည်းများ၊ တစ်ဆင့်ခံဆက်စပ် ပစ္စည်းများ စသည်တို့ကို တွင်ကျယ်စွာထုတ်လုပ်လျက် ကမ္ဘာတစ်လွှားသို့ ဖြန့်ချိရောင်းချကာ ဝင်ငွေကောင်းကြလေသည်။ သတင်းနှင့် နည်းပညာအချက် အလက်မြင့်မားလာမှုကြောင့် ယနေ့ကမ္ဘာ၌ လူကြိုက်များလှသော အင်တာနက်အခြေခံ လူမှုကွန်ယက်များထူထောင်ခြင်း၊ ယင်းကွန်ယက်များကို အသုံးချ၍ အမျိုးမျိုး စီးပွားရှာကြခြင်းဖြင့်လည်း ကြီးပွားချမ်းသာကြလေသည်။

အရင်းမစိုက် လှေထိုးလိုက်
အထက်ဖော်ပြပါ နည်းလမ်းများဖြင့် နိုင်ငံခြားငွေအမြောက်အမြားရရှိပြီး ကြီးပွားချမ်း သာရန်မဖြစ်နိုင်သော၊ အခက်အခဲရှိသောနိုင်ငံများ၊ ခေတ်နောက်ကျ ကျန် ရစ်နေသော နိုင်ငံများ လည်းရှိကြလေရာ ယင်းနိုင်ငံများတို့သည် “အရင်းမစိုက် လှေထိုးလိုက်” ဆိုသကဲ့သို့ အရင်းအနှီး ကြီးကြီးမားမားမစိုက်ရဘဲ၊ အတတ် ပညာကြီးကြီးမားမားမစိုက်ရဘဲ ငွေရလွယ်ကူနိုင်သည့် ဆူလွယ် နပ်လွယ်စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် ခရီးသွားလုပ်ငန်းကို အဓိကထားလျက် နိုင်ငံခြားငွေ ရှာဖွေ ခြင်းကိုလုပ်ဆောင်လာကြပေတော့သည်။ထိုသို့လုပ်ကိုင်လာကြရင်းဖြင့်ပင်“မုဆိုးစိုင်သင်” ဆိုသကဲ့ သို့ ခရီးသွားဆိုင်ရာ အတွေ့ အကြုံကောင်းများ ပိုမိုရရှိတတ်မြောက်လာကြကာ လုပ်ငန်းများတိုးချဲ့ ကြလျက် နိုင်ငံခြားဝင်ငွေကောင်းလှသော စီးပွားရေးလုပ်ငန်းကြီးများအဖြစ်သို့ တဖြည်းဖြည်း တိုး တက်ရောက် ရှိလာကြလေတော့သည်။ ယင်းသို့လုပ်ဆောင်ကြသည့် နိုင်ငံများထဲတွင် စတင်အားပြု အရှိန်ယူနေဆဲနိုင်ငံစာရင်း၌ မြန်မာနိုင်ငံသည်လည်း တစ်ခုအပါ အဝင်ဖြစ် ပါသည်။ ခရီးသွားလောက ၏ တင်စားခေါ်ဆိုသည့် “မီးခိုးမထွက်သော စက်ရုံလုပ်ငန်း(Smokeless Industry)”ဆိုသည့် စကားအတိုင်း ထိတွေ့ကိုင်တွယ်နိုင်သော (Tangible)ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရန်မလိုဘဲ၊ ထိတွေ့ကိုင်တွယ်မှု မလိုသည့်ထုတ်ကုန်(Intangible)၊ တစ်နည်းအားဖြင့် ဝန်ဆောင်မှုပေး၍ ဧည့်ဝတ်ကျေ ပွန်မှု(Hospitality)ပေး၍ ငွေရှာနိုင်သောလုပ်ငန်းတစ်ခုဖြစ်လေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများသည် ခရီးသွားလုပ်ငန်းဘက်သို့ အာရုံပြောင်းကာ အထူးအလေးထား ဆောင်ရွက်လာကြလေသည်။

စာရေးသူတို့မြန်မာနိုင်ငံသည်လည်း အခြားသောပြည်ပ(Export)တင်ပို့နိုင်သည့် ထုတ်ကုန် (Tangible) ပစ္စည်းလောက်လောက်လားလား ထုတ်လုပ်တင်ပို့နိုင်ခြင်း မရှိသေးသော အခြေအနေ ဖြစ်၍ခရီးသွားလုပ်ငန်း(Smokeless Industry) ကို ရှေးဦးစွာ အားပြုလုပ်ကိုင်သင့်လှပေသည်။ မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း တဖြည်းဖြည်းချင်းတိုးတက်နေသော်လည်း အာဆီယံနိုင်ငံ များနှင့်နှိုင်းယှဉ်ပါက ခရီးသွားလုပ်ငန်းတွင် များစွာနောက်ကျ ကျန်ရစ်နေသည်ကို အောက်ပါဇယား တွင် လေ့လာနိုင်ပါသည်။

ဘာတွေလိုသလဲ
တဖက်မှာလည်း ခရီးသွားလုပ်ငန်းတို့၏ သဘောသဘာဝသည် အခြားသောစီးပွားရေး လုပ်ငန်းများနှင့်မတူဘဲ ထိလွယ်ခိုက်လွယ်၊ အကဲဆတ်လွယ်ပြီး သိမ်မွေ့ နက်နဲသည့် သဘောရှိပေ သည်။ သဘာဝဘေး(ဥပမာ-မြစ်ရေကြီးခြင်း၊ ဆည်တာတမံကျိုးပေါက်ခြင်း၊ ငလျှင်လှုပ်ခြင်း၊ မီး တောင်ပေါက်ကွဲခြင်း၊ ဆူနာ မီဖြစ်ပေါ်ခြင်း) တို့ကြောင့်လည်းကောင်း၊ ထို့အပြင် လူ့ပယောဂ ဖြစ် သည့် နိုင်ငံတွင်းအကြမ်းဖက်မှုများရှိနေပြီး မတည်မငြိမ်ဖြစ်နေလျှင်သော်လည်းကောင်း၊ နိုင်ငံရေး ပဋိပက္ခများရှိနေလျှင်သော်လည်းကောင်း၊ ရောဂါဘယထူပြောပြီး ကူးစက်ရောဂါဆိုးများ သတင်း ပေါ်လာလျှင်လည်းကောင်း၊ စစ်ပွဲများရှိနေ လျှင်သော်လည်းကောင်း၊ လုံခြုံရေးစိုးရိမ်ရသည့် အခြေ အနေမျိုးရှိလျှင်သော်လည်းကောင်း စသည့်စသည့်အကြောင်းများကြောင့် ခရီးသွားဧည့်သည်လာ ရောက်ခြင်း ရုတ်တရက်ကျဆင်းမှုများရှိတတ်ပေသည်။ ယင်းအချက်များ ပြည့်စုံကောင်းမွန်နေလျှင် သော်မှ ထပ်မံ၍လိုအပ်သေးသည်မှာ တခြားနိုင်ငံများမှာထက် မိမိတို့နိုင်ငံအတွင်း ကြည့်ရှုလည် ပတ်ချင်စရာခရီးစဉ် (Destination)များပြားခြင်း၊ အလွယ်တကူသွားရောက်နိုင်ခြင်း၊ ဧည့်ဝတ်ကျေ ပွန်ခြင်း၊ နေထိုင်သွားလာ တည်းခိုစရိတ်များသက်သာခြင်း၊ ကြော်ငြာအားကောင်းခြင်း စသည်တို့ကလည်း အရေးကြီးလှပေသည်။ မြန်မာနိုင်ငံအနေဖြင့်မူကား စွဲမက်နှစ်သက်စရာ ခရီးစဉ်ဒေသအများအပြား အမျိုးအစားစုံလင်စွာရှိပြီးဖြစ်သည်ကို အထူးပြောရန်မလိုတော့ပေ။ ပင်လယ်ကြီးများ၊ ကျွန်းများမှ သည် အပူပိုင်းဒေသများနှင့် မိုးထိမြင့်မားလှသည့် ရေခဲဖုံးတောင်တန်းကြီးများအထိ သဘာဝ တရားကြီးကပေးအပ်ထားပြီးဖြစ်လေသည်။ ထို့အပြင် ရှေ့နှစ်ပေါင်းထောင်ချီ ရှည်ကြာလာခဲ့သည့် ဘာသာတရားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးစု တစ်ရာကျော်တို့ ၏ ရိုးရာဓလေ့၊ နေထိုင်မှုစရိုက် ထုံးတမ်းအစဉ်အလာများ၊ ဂမ္ဘီရဆန်သည့် ဖြစ်စဉ်ဖြစ်ရပ်များ၊ သဘာဝမြစ်ချောင်းအင်းအိုင် ပင်လယ်ကမ်းခြေအလှအပများ၊ လွန်ခဲ့သည့် နှစ်ပေါင်းသန်း ၄၀ ကျော် ခန့်က လူတူပရိုင်း မိတ်ရုပ်ကြွင်းများစသည်တို့နှင့်လည်း ပြည့်စုံလှပေသည်။

တက်ညီလက်ညီရှေ့သို့ချီ
အထက်တွင်ဖော်ပြခဲ့သကဲ့သို့ အရင်းအနှီးနည်းနည်းဖြင့် နိုင်ငံခြားငွေအမြောက်အမြား ရှာဖွေ ပေးနိုင်သည့်လုပ်ငန်းဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အကြီးအကဲများအနေ ဖြင့်ခရီးသွားလုပ်ငန်းကဏ္ဍမှ နိုင်ငံခြားငွေအများအပြားရရှိရေး၊ အားကိုးရမည့်ကဏ္ဍဖြစ်လာရေး တို့အတွက် အထူးအာရုံ စိုက်တွန်းအားပေးဆောင်ရွက်လာသည်ကို တွေ့ရပေသည်။ များမကြာသေးမီက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၈) ကို ၂၀၁၈ခုနှစ် သြဂုတ်လ(၃)ရက်နေ့က နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်တက်ရောက် ခဲ့ပြီးခရီးသွားကဏ္ဍဆိုင်ရာ လိုအပ်သည့်လမ်းညွှန်မှာကြားချက်များပေးခဲ့ပါသည်။ များစွာမှတ်သား ဖွယ်ရာကောင်းလှပါသည်။ အစည်းအဝေးသို့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ ဥက္ကဌ နိုင်ငံတော်သမ္မတ(၂)၊ ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်းချုပ် (UMFCCI)နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လက်တွေ့နယ်ပယ်တွင် လုပ်ငန်းဆောင်ရွက်နေကြသော ဟိုတယ်နှင့်ခရီးသွား ကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင်များစသည်ဖြင့် စုံညီစွာတက်ရောက်ကြလျက် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်ရေးကို ကျယ် ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြပါသည်။ အစည်း အဝေးဆွေးနွေးပွဲမှရလဒ်ကောင်းများလည်း ထွက်ပေါ်လာခဲ့သည်ကိုတွေ့ရပါသည်။ အစည်းအဝေး တက်ရောက် လာသူ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးတစ်ပါးကဆိုလျှင် အနာဂတ်နိုင်ငံတော် စီးပွားရေးတွင် ခရီးသွားလုပ်ငန်းကို နံပါတ်(၁)ဝင်ငွေအကောင်းဆုံး၊ အားအထားရဆုံးဖြစ်လာလိမ့် မည်ဟု ယုံကြည်ကြောင်းအထိပင်ပြောဆိုမှတ်ချက်ပြုခဲ့ပါသည်။


ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်မှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အခရာ (Focal)ဖြစ်သော်လည်း တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက် ၍ရသည်မဟုတ်ပဲ အဖွဲ့ စည်းများအလိုက်၊ ဝန်ကြီးဌာနများအလိုက်၊ နိုင်ငံများအလိုက်ညီညာမှု(Team Work)ဖြင့် လုပ် ဆောင်သွားကြရမည့် သဘောရှိပါသည်။ ပြည်တွင်းသို့ ဝင်ရောက်မှုလွယ်ကူစေရေးအတွက် ဗီဇာ (Visa)ထုတ်ပေးရသည့်ဌာနသည်လည်းကောင်း၊ လူဝင်လူထွက်စစ်ဆေးရသည့် Immigration ကိစ္စသည် လည်းကောင်း၊ လေယာဉ်များ၊ ရေယာဉ်များ၊ မော်တော်ကားများ၊ နယ်စပ်ဖြတ် ယာဉ်တန်းများ အလွယ်တကူဝင်ရောက်နိုင်ရေးအတွက် ပို့ဆောင်ရေးလုပ်ငန်းစဉ် သည်လည်း ကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လုံခြုံရေးများကောင်းမွန်စေရေးအတွက် စီမံထားရှိမှု များသည်လည်းကောင်း စသည်တို့မှာ သက်ဆိုင်ရာ ဌာနများကမဖြစ်မနေပူးပေါင်းဆောင်ရွက်ကြရ မည့်အလုပ်တာဝန်ကိစ္စများဖြစ်ပေသည်။ ယနေ့အခါ မြန်မာနိုင်ငံ၌ ယခင်ထက်ပူးပေါင်းဆောင် ရွက်မှုပိုမိုရှိလာကာ အဆိုပါကိစ္စများ အထိုက်အလျောက်တိုးတက်ကောင်းမွန်လာပြီဖြစ်ပေသည်။
ဧည့်သည်အမျိုးအစားပေါ်မူတည်၍ ခရီးသွားပုံသဏ္ဍာန်အမျိုးမျိုးရှိကြလေရာ ယခုအခါ မြန်မာနိုင်ငံ ၌ ပုံမှန်လည်ပတ်သွားလာသည့် Culture and Nature Tourism များအပြင် Sport Tourism၊ Caravan Tourism၊ Marine Tourism၊ Adventure Tourism၊ CBT ခေါ် Community Based Tourism (ရပ်ရွာအခြေပြု လူထုခရီးသွားလုပ်ငန်း)ဟူ၍ စသည်ဖြင့်အမျိုးအစား စုံလင်စွာ ရှိလာခဲ့ပေသည်။
ကနဦးခြေလှမ်းများလည်း အရွေ့ရှိလာကာ စတင်အောင်မြင်နေပြီဖြစ်ပါသည်။ ယခုနှစ်အတွက် အထူးခြားဆုံးမှာကား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အတတ်နိုင်ဆုံးပြည့်စုံအောင် အချိန်ယူရေးဆွဲပြုစုခဲ့သော “မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ” သည် လွှတ်တော်အသီးသီးက အတည်ပြုနိုင်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ က လက်မှတ်ရေးထိုးခဲ့ပြီး ယခုနှစ် ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၀) ရက်နေ့တွင် ထုတ်ပြန်ပြဌာန်းခဲ့ပေသည်။
ပြည်ပဧည့်သည်များ လွယ်ကူစွာဝင်ရောက်လာနိုင်ရေးအတွက် ဖြေလျှော့မှုအဖြစ် အာဆီယံ နိုင်ငံများကို ကာလအတန်ကြာကပင် Free Visa ပေးထားခဲ့ပြီးဖြစ်ပြီး ယခုအခါ ထပ်မံ၍နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွန်ချက်များနှင့်အညီ အဖွဲ့အစည်းများ၊ ဌာနများ ပူးပေါင်းဆောင်ရွက်မှု
ရလာဒ်အဖြစ် ဂျပန်နိုင်ငံနှင့် တောင်ကိုးရီးယား Ordinary Passport ကိုင်သူနိုင်ငံသားများအတွက် Free Visa ကိုလည်းကောင်း၊ တရုတ်နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာ (Visa on Arrival ) ဖြင့်လည်းကောင်း ၂၀၁၈၊ အောက်တိုဘာ(၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံသို့ဝင်ခွင့်ပြုပေးသွား တော့မည်ဖြစ်ပါသည်။

Tourism and the Digital Transformation
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO)သည် ကမ္ဘာ့ဒေသအသီးသီးရှိ ခရီးသွားလုပ် ငန်းအဖွဲ့အစည်းများ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများနှင့် မပြတ်ထိတွေ့ဆက်သွယ်ကာ ခရီးသွားကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် နှစ်စဉ်နှစ် တိုင်း နိုင်ငံအသီးသီး၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day စက်တင်ဘာ ၂၇ရက်) ကို အခမ်းအနားများဖြင့် ကျင်းပစေပြီး UNWTO အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ များပေးပို့ ဖတ်ကြားစေလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း World Tourism Day ကို ၂၀၁၂ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုလာမည့် ၂၀၁၈ စက်တင်ဘာလ (၂၇)ရက်တွင်လည်း ကျင်းပရန် အချိန်ထပ်မံကျရောက်လာတော့မည်ဖြစ်ပေသည်။ ယမန်နှစ်က ၂၀၁၇၊အောက်တိုဘာလ တွင် World Tourism Day နေ့ အခမ်းအနားကို နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန -၂ (MICC II) ၌ကျင်းပခဲ့ရာ ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော်ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်ချီးမြှင့် အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဗဟိုကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ပသံရုံးများမှသံတမန်များ၊ UN နှင့် လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ NGO INGO များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ ယခု ၂၀၁၈၊ စက်တင်ဘာလ (၂၇)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ဆောင်ပုဒ်(Motto)မှာ “Tourism and the Digital Transformation” ဖြစ်ပြီး မြန်မာဘာသာဖြင့် “ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ဒီဂျစ်တယ်နည်း ပညာဖြင့် ပြောင်းလဲစို့” ဟုဆီလျော်အောင် ပြန်ဆိုထားပါသည်။
ယခု ၂၀၁၈ စက်တင်ဘာလ(၂၇)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ထိုနေ့တွင် နေပြည်တော်၊ သင်္ဂဟ ဟိုတယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရန် စီစဉ်ထားလျက်ရှိရာ နိုင်ငံတော်အဆင့်အကြီးအကဲတစ်ဦး တက်ရောက် ချီးမြှင့်မည်ဖြစ်ပြီး Digital Marketing ဆိုင်ရာပြခန်းများကိုလည်း စုံလင်စွာပြသသွားမည်ဖြစ်ပေသည်။ ခရီးသွားကဏ္ဍနှင့်သက်ဆိုင်သူများ၊ အဖွဲ့အစည်းများကို စုံလင်စွာတက်ရောက်ကြနိုင်ရေး လည်းဖိတ်ကြားထားရှိပြီးဖြစ်ပါသည်။
ယနေ့ခေတ်သည် အိုင်တီခေတ်ဖြစ်လေရာ အထက်ပါဆောင်ပုဒ်နှင့်အညီ လုပ်ငန်းနယ်ပယ် အသီးသီးအရပ်ရပ်တို့တွင် ဒီဂျစ်တယ်နည်းပညာကို တွင်ကျယ်စွာ အသုံးချလာကြပေသည်။ ယင်း လုပ်ငန်းနယ်ပယ်များအနက်မှ ခရီးသွားလုပ်ငန်းကဏ္ဍတွင်လည်း ဒီဂျစ်တယ်နည်းပညာကို ထိရောက်စွာ
အသုံးပြုလျက် ခရီးသွားကဏ္ဍကို မြှင့်တင်ဆွဲဆောင် ကြော်ငြာမှုပြုကြလေသည်။ ဒီဂျစ်တယ် နည်းပညာကိုအသုံးပြုခြင်းဖြင့် ခရီးသွားကဏ္ဍအတွက် အောက်ပါအကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ပေသည်-
(၁) Digital တီထွင်ဆန်းသစ်မှုကြောင့် အချိန်ကိုကျုံ့သွားစေပြီး သမားရိုးကျ လုပ်ဆောင် ချက်မှ ခွဲထွက်ခြင်း
(၂) ဒီဂျစ်တယ်နည်းပညာနှင့် လူတို့၏ဉာဏ်ရည်ကို ပေါင်းစပ်ပြီး ကွန်ပျုတာမှတဆင့် အကြီးစားအချက်အလက်များ၊ အဆင့်မြင့်နည်းပညာများရရှိပြီး ခရီးသွားလုပ်ငန်း လျှင်မြန်စွာတိုးတက်စေမည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခြင်း
(၃) ကမ္ဘာနှင့်အဝန်း စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် အပြုသဘောဆောင် သော အရွေ့တစ်ခုဖြစ်လာစေခြင်း
(၄) ခရီးသွားဧည့်သည်များအနေဖြင့် အတွေ့အကြုံသစ်များကို ပိုမိုလိုလားရယူလာကြရာ ခရီးစဉ်ရွေးချယ်ရာတွင် ဒီဂျစ်တယ်နည်းပညာအသုံးပြုခြင်းဖြင့် ဈေးကွက်ပိုမိုတိုးမြှင့် ရရှိလာနိုင်ခြင်း

Activities များ
ယနေ့အခါ မြန်မာနိုင်ငံတွင်လည်း ဧည့်သည်များပိုမိုလာရောက်ရေးအတွက် Digital နည်း ပညာကို စတင်အသုံးပြုနေပြီဖြစ်ပါသည်။ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနသည် အာဆီယံ နိုင်ငံများ၊ အာရှနိုင်ငံများ၊ ကမ္ဘာ့အနောက်ခြမ်းနိုင်ငံများရှိ ခရီးသွားလုပ်ငန်းဌာနများ၊ အဖွဲ့အစည်း များနှင့် မပြတ်ဆက် သွယ်ထိတွေ့လျက် နိုင်ငံတကာခရီးသွားပြပွဲများတွင် သွားရောက်ပြသခြင်း၊ ဆွဲဆောင်ခြင်း၊ ခရီးသွားဆိုင်ရာ အစည်းအဝေးများတက်ရောက်ခြင်း၊ Seminar များ၊ Workshop များတွင်ပါဝင်ခြင်း၊ အပြန်အလှန်လာရောက်လေ့လာလည်ပတ်စေသည့် ခရီးစဉ်များဖန်တီးပေး ခြင်း၊ ပြည်ပသင်တန်းများစေလွှတ်ခြင်း၊ အလားတူပင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ခရီးသွားပြပွဲ လက်ခံကျင်းပပြီး နိုင်ငံတကာမှ လာရောက်ပြသစေခြင်း၊ ခရီးသွားဖိုရမ်ပြုလုပ်ပေးခြင်း၊ အစည်း အဝေးများ လက်ခံကျင်းပခြင်း၊ HR ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊ နိုင်ငံဖြတ်ကျော် ယာဉ်တန်းခရီးစဉ်များစီစဉ်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်နေပေ သည်။ ပြည်တွင်းပွဲစဉ် တစ်ခုဖြစ်သည့် မြန်မာ့ရိုးရာအစားအစာပြပွဲကြီးကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့၊ လောကနန္ဒာ ဘုရား၌ (၁၆-၈-၂၀၁၈)မှ(၁၇-၈-၂၀၁၈) အထိကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့မှ ဒေသရိုးရာအစားအစာများကို ပြသပြီးနိုင်ငံခြားသားဧည့်သည်များကို ထိတွေ့မြည်း စမ်းစေခဲ့သဖြင့် အကြိုက်တွေ့ခဲ့ကြပါသည်။ ယင်းပွဲတော်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် မိမိတို့နိုင်ငံ၏ ခရီးသွားဆိုင်ရာအမှတ်တံဆိပ်နှင့် ကြွေးကြော် သံ(Slogan)များကို အလျဉ်းသင့်သလို သတ်မှတ်ရွေး ချယ်ဖော်ဆောင်ကြလေသည်။ ထိုသို့ဖော်ပြရာ တွင် ရုပ်ပုံလေးများနှင့်အတူ ကြွေးကြော်သံတစ်ခုခု စာသားကိုပါ ရေးသားလေ့ရှိကြပါသည်။ မြန်မာ နိုင်ငံသည်လည်း အလားတူခရီးသွားဆိုင်ရာအမှတ်တံဆိပ်နှင့် ကြွေးကြော်သံ(Slogan) ကိုဖော်ပြရာ တွင် ၂၀၁၃ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ “Myanmar Let the Journey Begin” ကို အသုံးပြုခဲ့ပါသည်။
ယခု ၂၀၁၈ မှစ၍ “ Myanmar Be Enchanted ”ကို နိုင်ငံတော်အတည်ပြုချက်ဖြင့် စတင် အသုံးပြုသွားမည်ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ မြန်မာနိုင်ငံသည် နှစ်သက်ကြည်နူးဖွယ်ကောင်းသော၊ ညှို့ယူဖမ်းစားနိုင်သော တိုင်းပြည်ဖြစ်သည်ဟုဆိုနိုင်ပါသည်။
အထက်တွင် ဖော်ပြခဲ့သကဲ့သို့ ခရီးသွားလုပ်ငန်း၏ ထိလွယ်ရှလွယ်သောသဘောအရ ယမန် နှစ်၂၀၁၇၊ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနောက်ဖျား၊ ရခိုင်ပြည်နယ်မြောက်ဖျားနယ်စပ်ဒေသ တွင်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် ထိုသတင်းများကို ကမ္ဘာ့မီဒီယာများကလည်း ပုံကြီးချဲ့ဖော်ပြကြသဖြင့် အနောက်နိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်(အထူးသဖြင့် ရခိုင်ပြည်နယ်သို့) မည့်ဧည့်သည်များ လျော့နည်းကျဆင်းသွားခဲ့ရပါသည်။ သို့ရာတွင် တစ်ဖက် တွင်လည်း ယင်းအခြေအနေကို အမြန်ကုစားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့အရှေ့ပိုင်းချမ်းသာ သောနိုင်ငံများ(ဂျပန်-တောင်ကိုရီးယား-တရုတ်-မကာအို -ဟောင်ကောင်-ထိုင်း)သို့ ခြေဦးလှည့်ကာ ဧည့်သည်များကို ဖြေလျှော့ပေးသည့်အစီအစဉ်များ နိုင်ငံတော်ကခွင့်ပြုပေးခဲ့သဖြင့် ယခုအခါ ယင်းနိုင်ငံသားခရီးသည်များ ပိုမိုတိုးတက်ဝင်ရောက်လာခဲ့ကြပါသည်။

ကမ္ဘာတလွှားခရီးသွားကြသူများ
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO)မှ ထုတ်ပြန်သောစာရင်းဇယားများအရ ၂၀၁၇ တစ်နှစ်တာအတွင်း ကမ္ဘာတလွှားရှိနိုင်ငံအသီးသီးသို့ ခရီးသွားလာကြ သူပေါင်း သန်းပေါင်း ၁၃၂၃ သန်းကျော်ရှိလေသည်။ ပြင်သစ်နိုင်ငံသည် ပြည်ပဧည့်သည်ပေါင်း ၈၆.၉ သန်းကျော်(ဝင်ငွေ ယူရိုငွေ သန်းပေါင်း ၂၀၄.၃ ဘီလီယံဖြင့်) လာရောက်သဖြင့် ပထမ၊ စပိန်နိုင်ငံသည် ဧည့်သည် ၈၁.၈ သန်း ကျော်(ဝင်ငွေ ယူရိုငွေ သန်းပေါင်း ၁၇၂.၉ ဘီလီယံဖြင့်) လာရောက်သဖြင့် ဒုတိယ၊ အမေရိကန် နိုင်ငံသည်ဧည့်သည်ပေါင်း ၇၅.၉ သန်းကျော် (ဝင်ငွေဒေါ်လာသန်းပေါင်း ၁၅၀၁.၉ ဘီလီယံဖြင့်) လာရောက်သဖြင့် တတိယ နေရာအသီးသီးတွင် ရပ်တည်လျက် ရှိနေကြပါသည်။ အာဆီယံနိုင်ငံများ တွင်မူကား အိမ်နီးချင်းထိုင်းနိုင်ငံသည် ၂၀၁၇ခုနစ်အတွင်း ပြည်ပဧည့်သည် ၃၅ သန်းကျော် (ဝင်ငွေဒေါ်လာ ဘီလီယံ ၅၃ ကျော် သန်းပေါင်း ငါးသောင်းသုံးထောင်ကျော်)ရရှိခဲ့ကာ ထိပ်ဆုံးမှ အပြတ်အသတ် နှစ်စဉ်နှစ်တိုင်း ဗိုလ်စွဲလျက်ရပ်တည်နေသဖြင့် ထိုင်းတို့ကို ငေးမောအားကျနေ ကြရပေ သည်။ ထိုဝင်ငွေမျိုးသာ စာရေးသူတို့နိုင်ငံရရှိမည်ဆိုပါက (လောလောဆယ်ဆယ် မဖြစ်နိုင် သေးသော်လည်း) ဆင်းရဲသောနိုင်ငံစာရင်းမှ တစ်ခါတည်းလွတ်မြောက် သွားနိုင်မည်ဟု ယုံကြည်မိ ပါသည်။

မုချမသွေ လုပ်ကြစို့လေ အဆွေတို့ရေ

အထက်တွင်ရေးသားတင်ပြခဲ့သကဲ့သို့ နိုင်ငံတော်အား သဘာဝတရားကြီးက ပေးအပ်ထား သည့်အရင်းအမြစ်များ၊ အမွေအနှစ်များပြည့်စုံနေသည့်အပြင် လူသား အရင်းအမြစ်များလည်းပြည့်စုံ လာပြီဖြစ်၍ မည်သို့ပင်အခက်အခဲများရှိစေကာမူ မုန်တိုင်းစဲလျှင် လေပြည်လေညှင်းရောက်လာ သည်ဆိုသကဲ့သို့ ဇွဲမလျှော့ပဲ၊ စိတ်မ ပျက်ပဲ လဲနေလျှင်ပြန်ထမည်ဟူသော စည်းလုံးညီညွတ်မှု စိတ်ဓာတ်ဖြင့် မိမိတို့ပြည်သူအားလုံး ကာယစွမ်းအား၊ ဉာဏစွမ်းအား၊ ဝီရိယစွမ်းအားများ စိုက် ထုတ်လျက် ခရီးသွားကဏ္ဍကြီး တိုးတက်ရေး မာန်ဟုန်ပြင်းပြင်းဖြင့် ကြိုးပမ်းအားထုတ်လိုက်ကြ မည်ဆိုလျှင် အောင်မြင်မှုပန်းတိုင် အဘယ်မှာဝေးပါတော့မည်နည်း။ အထက်ပါ အနေအထားများ ကြောင့် နိုင်ငံတော်ကမှီခိုအားထားနိုင်မည့် တိုင်းပြည်နံပါတ်တစ် ဝင်ငွေဖြစ်လာနိုင်ခြေရှိသည့် အချိန်တိုအတွင်း အရင်းအနှီးသိပ်မစိုက်ရဘဲ ဝင်ငွေကောင်းလှသည့် (နိုင်ငံခြားငွေအမြောက်အမြား ရရှိရေး၊ ပြည်သူလူထုများ၏ လူမှုစီးပွားဘဝမြင့်မားလာရေးအတွက်) ခရီးသွားလုပ်ငန်းမြှင့်တင် ရေးကို “မုချမသွေ လုပ်ကြစို့လေ အဆွေတို့ရေ” ဟု တိုက်တွန်းရင်း မကြာမီ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကြိုဆိုဂုဏ်ပြုရေးသား လိုက်ရပါသည်။

ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ဒီဂျစ်တယ်နည်းပညာဖြင့် ပြောင်းလဲစို့


သီတာအောင် (ဟိုတယ်/ခရီး)

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ၁၉၈၀ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့မှ စတင်၍ ကမ္ဘာ့နိုင်ငံ အသီးသီး၌ ကျင်းပလာခဲ့သည်မှာယခု ၂၀၁၈ ခုနှစ်တွင် (၃၉) ကြိမ်မြောက်သို့ပင် ရောက်ရှိလာခဲ့ပြီဖြစ် ပါသည်။

အဘယ့်ကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို တခမ်းတနား အခမ်းအနားများဖြင့် ကမ္ဘာတစ်ဝှမ်း လုံးတွင် ကျင်းပနေသနည်းဆိုသော် ၎င်းလုပ်ငန်းသည် ကမ္ဘာတွင်ဓာတုပစ္စည်းနှင့်လောင်စာပြီးလျှင် တတိယဝင်ငွေအများဆုံး ရှာဖွေပေးနေသည့် ပို့ကုန်လုပ်ငန်းဖြစ်ပြီး နိုင်ငံအများစု၏ ဝင်ငွေကို သဘာဝသယံဇာ တပစ္စည်းများ ထုတ်ရောင်းစရာမလိုပဲ ခရီးသွားဧည့်သည်များ၏ လိုအင်ဆန္ဒများကို အရည်အသွေးရှိသော ဆောင်ရွက်မှုများနှင့် ဖြည့်ဆည်းပေးခြင်းဖြင့် များစွာရှာဖွေပေးနေသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် ၎င်းလုပ်ငန်းသည်ဒေသခံပြည်သူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသကဲ့သို့ လူအချင်းချင်းကူးလူးဆက်သွယ်သည့် လုပ်ငန်းဖြစ်၍ တစ်နိုင်ငံ၏ ယဉ်ကျေးမှုကို လည်းတစ်နိုင်ငံကလေ့လာခွင့်ရသည့်ထူးခြားသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

ယခုအခါလူအများသည် ခရီးသွားလာခြင်းကို ဖက်ရှင်တစ်ခုအနေဖြင့် ရှုမြင်လာကြသည်မှာ ခရီးသွားလာခြင်းဖြင့် စိတ်ပင်ပန်းမှုကိုပြေပျောက်စေပြီးမိမိတို့နှင့် မတူညီသည့် ဒေသရှိလူများ၏ ယဉ်ကျေး မှု၊ အစားအစာ၊လူနေမှုပုံစံများနှင့် ပါတ်ဝန်းကျင်အသစ်အဆန်းများကိုလေ့လာလို၍ဖြစ်ပါသည်။ ထို့အပြင် လေယာဉ်လက် မှတ်များကိုအလွယ်တကူဝယ်ယူရရှိနိုင်ခြင်း၊ ဟိုတယ်ဌားရမ်းရန်လွယ်ကူခြင်း၊ ခရီးစဉ် အသစ်များပေါ်ပေါက်လာခြင်းတို့က လူအများစုကိုခရီးသွားလာရန်ဆွဲဆောင် လျှက်ရှိပါသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အစီရင်ခံစာအရ၂၀၁၇ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ဧည့်သည် (၁၃၂၃) မီလီယံရှိခဲ့ပြီးစီးပွားရေးအရနိုင်ငံတကာ ခရီးသွားလုပ်ငန်းမှ ဝင်ငွေစုစုပေါင်းအမေရိကန် ဒေါ်လာ (၁.၃၄) ထရီလီယံရရှိခဲ့ကြောင်း သိရှိရပါသည်။ကုလသမဂ္ဂသည် ကမ္ဘာ့နိုင်ငံများတွင် ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှု ရည်မှန်းချက် (Sustainable Development Goal) (၁၇) ရပ်ကို ၂၀၁၅ ခုနှစ်မှ ၂၀၃၀ ခုနှစ်အတွင်း အကောင်အထည်ဖော်ရန် ချမှတ်ခဲ့ရာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ ကျား/မ တန်းတူ အခွင့်အရေးရရှိမှု ၊ သန့်ရှင်းသောရေရရှိမှုနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး ၊ မညီမျှမှုများလျှော့ချရေး ၊ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုများကို တုန့်ပြန်ရန် ဆောင်ရွက်ချက်များ၊ ရေရှည်တည်တံ့သော မြို့တော်များနှင့် လူ့ဘောင်အသိုင်းအဝိုင်းဖြစ်ပေါ်စေရေး၊ ရည်မှန်းချက်များအတွက် ပူးပေါင်းလုပ် ကိုင်ခြင်းနှင့် ငြိမ်းချမ်းရေး၊ မျှတရေးနှင့်ခိုင်မာသော လူ့ဘောင်အဖွဲ့အစည်း တည်ဆောက်ရေး စသည့် ရည်မှန်းချက်များသည် ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်လျှက်ရှိပါသည်။

ထို့ကြောင့် (၃-၈-၂၀၁၈) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသော အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ (၁/၂၀၁၈) ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ပြီး အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်အောင် အဓိက လိုအပ်ချက်မှာအတွေးသစ်၊ အမြင်သစ်များနှင့် လုပ်ကိုင်ရန်ဖြစ်ပြီး ၎င်းတို့ကိုလက်တွေ့ အကောင် အထည် ဖော်နိုင်ရမှာဖြစ်ကြောင်း မြွက်ကြားခဲ့ပါသည်။

ယခုအခါ ခရီးသွားလုပ်ငန်းသည် မိမိနိုင်ငံအတွက သာမက တစ်ကမ္ဘာလုံးအတွက် အရေးကြီး သည့် လုပ်ငန်းတစ်ရပ်ဖြစ်လာရာ ခရီးသွားများကို ဆွဲဆောင်သည့် အတွေးသစ်၊ အမြင်သစ်များဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်မြွက်ကြားသကဲ့သို့ လက်တွေ့အကောင်အထည်ဖော်ရမှာဖြစ်ပါသည်။ထိုသို့ အကောင်အထည်ဖော်ရာတွင် မိမိတို့အနေဖြင့် အရည်အသွေးရှိ၍ ယှဉ်ပြိုင်နိုင်စွမ်းရှိသောခရီးသွား လုပ်ငန်းဖြစ်ဖို့လိုပါသည်။

လူသားတို့၏ လိုအင်ဆန္ဒများသည် ခေတ်တစ်ခေတ်နှင့် တစ်ခေတ်မတူညီကြပေ။ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လူသားများ၏ လိုအင်ဆန္ဒများသည်လည်း ပြောင်းလဲခြင်းများနှင့်အတူ များပြားလာရာ ခရီးသွားလုပ်ငန်းသည်လည်း အချိန်နှင့်တပြေးညီလိုက်ပါ ပြောင်းလဲရန်လိုအပ်ပါသည်။ ဤကဲ့သို့ ပြောင်းလဲရာတွင် ဒီဂျစ်တယ်နည်းပညာဖြင့် ဆန်းသစ်တီထွင်ခြင်းနှင့် အနာဂတ်လုပ်ငန်းစဉ် များကို ကြိုတင်ပြင်ဆင်နိုင်သဖြင့် ယခုနှစ် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ ဆောင်ပုဒ်ကို” ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ ဒီဂျစ်တယ်နည်းပညာဖြင့် ပြောင်းလဲစို့”ဟူ၍ သတ်မှတ်ခဲ့ပြီးဒီဂျစ်တယ်နည်းပညာ၏ အရေးပါမှု ကိုမီးမောင်းထိုးပြသထားပါသည်။

“ဒီဂျစ်တယ်နည်းပညာ ပြောင်းလဲမှုဆိုသည်မှာ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ပရိုဂရမ်များနှင့် ဆက်စပ်၍ ပြောင်းလဲမှုများဖြစ်ပြီး လူသားဘဝနှင့် လူ့ဘောင် အဖွဲ့အစည်း၏ ရူထောင့်အားလုံးတွင် ပေါင်းစပ်လုပ်ကိုင်ခြင်းပင်ဖြစ်သည်။”

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Mr. ZurabPololikashviliက လည်း ဆန်းသစ်တီထွင်မှုနှင့် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ တိုးတက်မှုများကို ထိန်းချုပ်အသုံးချခြင်းက ပိုမိုရေရှည် ဖွံ့ဖြိုးတိုးတက်သည့် အစီအစဉ်အတွင်း အခြားသော ရည်ရွယ်ချက်များအကြား အားလုံးပါဝင်၍ ဒေသခံပြည်သူများအား လုပ်ပိုင်ခွင့်အာဏာပေးထားသော၊ ကျွမ်းကျင်သော အရင်းအမြစ်စီမံခန့်ခွဲမှုတို့ကို တိုးတက်စေရန်၊ အခွင့်အလမ်းများနှင့်အတူ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုကြောင်း ပြောကြားခဲ့ ပါသည်။

ယခုအခါတွင် ကမ္ဘာ့နိုင်ငံအများအပြား၌ ခရီးသွားဧည့်သည်များကို ဒီဂျစ်တယ်နည်းပညာများ အသုံးပြုပြီးတီထွင် ဖန်တီးမှုအသစ်များဖြင့် ဆွဲဆောင်နေကြရာ ဒီဂျစ်တယ်နည်းပညာများကို သုံး၍ ဈေးကွက်ကို ထိုးဖောက်ခြင်း၊ Website မှတဆင့် ခရီးစဉ်ဒေသများကိုမြှင့်တင်ခြင်း၊ နောက်ဆုံးရသတင်း အချက်အလက် များကိုဖြန့်ဝေခြင်း၊ ခရီးစဉ်ဒေသများကိုထိန်းသိမ်းခြင်း၊ ဧည့်လမ်းညွှန်များက ခရီးစဉ်ဒေသ များအကြောင်း ရှင်းလင်းပြသခြင်း အစား Applicationများဖြင့် ခရီးစဉ်ဒေသများအကြောင်းကို လမ်းညွှန် ပေးခြင်း၊လက်ကိုင်ဖုန်းများတွင် Application များထည့်၍ ငွေပေးချေခြင်း၊ လက်ကောက် (Bracelet) တွင် Application များထည့်၍ Credit Card များအစား ငွေပေးချေမှုအမျိုးမျိုးတွင်သုံးစွဲခြင်း၊ ခရီးစဉ်ဒေသများ တွင် ယာဉ်ရပ်နားရာ၌ စနစ်တကျဖြစ်စေရန် ဒီဂျစ်တယ်ဖြင့် ထိန်းချုပ်ခြင်း၊ခရီးစဉ်ဒေသများတွင် ခရီးသွား ဧည့်သည်များ၏ အရေအတွက်ကို မှတ်တမ်းတင်၍ ခရီးစဉ်ဒေသနှင့်သင့်တော်သည့် ခရီးသည် အရေအတွက် (Carrying Capacity) ကိုထိန်းချုပ်ခြင်း၊ ၎င်းခရီးသွားဧည့်သည် မှတ်တမ်းများကိုအခြေခံ၍ ခရီးစဉ်ဒေသကို မြှင့်တင်မှုပြုလုပ်ခြင်း၊ ခရီးစဉ်ဒေသများ၏ လုံခြုံရေးနှင့်သန့်ရှင်းရေးတို့တွင် ဒီဂျစ်တယ် နည်းပညာကို အသုံးချခြင်း၊ ဒီဂျစ်တယ်နည်းပညာကို သုံးစွဲ၍ ခရီးသွားဧည့်သည်များ၏ သဘောထား မှတ်ချက်များကိုကောက်ခံခြင်း၊ ခရီးသွားဧည့်သည်များလာရောက်လည်ပတ်ရာတွင် လွယ်ကူချောမွေ့ စေရန် E-Visa စနစ်ကိုအသုံးပြုခြင်း၊ စားသောက်ဆိုင်များတွင် အစားအသောက်မှာယူခြင်းနှင့် ဝန်ဆောင်မှု ပေးသည့်ပုံစံများကို လူသားစွမ်းရည်အသုံးပြုခြင်းအစား ဒီဂျစ်တယ်နည်းပညာများဖြင့် ပြောင်းလဲသုံးစွဲ လာကြခြင်း၊ ဒီဂျစ်တယ်နည်းပညာဖြင့် တော၊ တောင်၊ ရေ၊ မြေ၊ ချိုင့်ဝှမ်း၊ ပင်လယ်အတုပြုလုပ်ကာ ကမ္ဘာတစ်ပတ်လည်ပတ်သည့် ပုံစံဖြင့် ခရီးသွားများကိုအံ့သြဖွယ် ရာကောင်းသည့် အတွေ့အကြုံများပေး၍ ဆွဲဆောင်ခြင်း၊ မော်တော်ယာဉ်များတွင် အန္တရာယ်ကျရောက်မည့် အခြေအနေကိုကြိုတင်သတိပေးသည့် Application များတပ်ဆင်ခြင်း၊ စသည့်ဖြင့် အမျိုးမျိုးသောဆန်းသစ်တီထွင်မှုများကို ပြုလုပ်လာကြပြီး ကိစ္စတိုင်းတွင် ဒီဂျစ်တယ်နည်းပညာဖြင့် လျှင်မြန်လွယ်ကူချောမွေ့အောင် လုပ်ကိုင်လာကြပါသည်။

ထို့အတူမြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင်လည်း E-Tourism စနစ်ဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် Chief Information Officer Team (CIO Team)ကိုဖွဲ့စည်းကာOlineဖြင့် ဈေးကွက်ရှာဖွေခြင်း (Digital-Marketing)၊ သတင်းအချက်အလက်များမျှဝေခြင်း၊ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် လိုင်စင်များလျှောက်ထားနိုင်ခြင်းတို့ကိုဆောင်ရွက်နေသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးတွင် လည်းအစိုးရအဖွဲ့မှဧည့်သည်ဝင်ရောက်မှုအခြေအနေနှင့် ဧည့်သည်များ၏သတင်းအချက်အလက်များကိုမှတ်တမ်းတင်သည့် Guest List Management System ကိုအသုံးပြုနေကြပြီဖြစ်ရာ ၎င်းတို့သည် ဈေးကွက်မြှင့်တင်ရေးတွင် များစွာအထောက်အကူပြုပါသည်။

ထို့ကြောင့်ဒီဂျစ်တယ်နည်းပညာဆိုင်ရာတိုးတက်မှုနှင့်ဆန်းသစ်တီထွင်ဖန်တီးမှုတို့ကိုပိုမိုတာဝန်သိ၍ရေရှည်တည်တံ့သောခရီးသွားကဏ္ဍကြီးထွားမှုနှင့်အတူပေါ်ပေါက်လာသည့်စိန်ခေါ်မှုများကိုဖြေရှင်းမှု၏အစိတ်အပိုင်းတစ်ရပ်အနေဖြင့်ရှုမြင်ကာ ယခုနှစ်ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အား ကြီးမားသောသတင်း အချက်အလက် များ၊မှတ်ဉာဏ်အတုများ၊ဒီဂျစ်တယ်နည်းပညာဆိုင်ရာပေါင်းကူးမှုများပါဝင်သောနည်းပညာဆိုင်ရာတိုးတက်မှုများအားဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့် အခွင့်အလမ်းများအဖြစ် အသိပညာပေးသည့်အနေဖြင့် ကျင်းပသွားမည်ဖြစ် ပါသည်။

အချုပ်အားဖြင့်ဆိုသော် ခရီးသွားလုပ်ငန်းသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အဓိကကျပြီး နိုင်ငံသို့မဟုတ်ဒေသတစ်ခု၏ စီးပွားရေးတန်ဖိုးကိုသာမက လူမှုရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုတို့၏ တန်ဖိုးကိုပါမည်ကဲ့သို့ အကျိုးသက်ရောက်စေကြောင်းပြသရန်ရည်ရွယ်၍ World Tourism Day အခမ်း အနားများကို ကမ္ဘာတစ်ဝှမ်းလုံးတွင် နှစ်စဉ်ကျင်းပကြခြင်းဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းသည် အလွန်ကျယ် ပြန့်ပြီးကဏ္ဍပေါင်းစုံအပေါ်တွင် သက်ရောက်မှုရှိသည့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားတစ်ရပ်ဖြစ်ရာ မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် အားသာချက်များကို ခိုင်မာအောင်ပြုလုပ်ပြီး အားနည်းချက်များကို ပြုပြင်ရမည်ဖြစ်ပေသည်။ ထိုသို့ပြုပြင်ရာတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုဖွံ့ဖြိုးတိုးတက်စေရန် ခေတ်နှင့်အညီဒီဂျစ်တယ်နည်း ပညာဖြင့် အားနည်းချက်များကို အားသာချက်များအဖြစ် ပြောင်းလဲ၍လုပ်ကိုင်ကြပါစို့ ဟူ၍ တိုက်တွန်းရေးသားလိုက်ရပါသည်။

ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည့် ခရီးသွားလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး


ခင်မောင်(ဟိုတယ်/ခရီး)

ဤလူ့လောကဝယ် လူသားအချင်းချင်းအပေါ် သုံးသပ်မှတ်ချက်ပြုရာတွင် လူသားတို့ အကျိုး၊ ပတ်ဝန်းကျင်၏အကျိုး၊ အဖွဲ့အစည်း တစ်ရပ်ရပ်၏အကျိုးကို သယ်ပိုးဆောင်ရွက်ပြုသူ၊ ဦးဆောင်ဦးရွက် ပြုသူ၊ ကူညီစောင့်ရှောက်တတ်သူကို သူကောင်းပြုသူ၊ တန်းဖိုးထိုက်သူ၊ တန်ဖိုးထားရာ ရတနာတစ်ပါး ကဲ့သို့ အသိ အမှတ်ပြု လေးစားချစ်ကြည်မှုပြုကာ ခင်မင်ရင်းစွဲ တန်ဖိုးထား၊အလေးထား ဆက်ဆံမှုပြုကြပြီး ထိုနှင့်ဆန့်ကျင်ဘက်ပြုမှု နေထိုင်ပြောဆို ဆက်ဆံတတ်သူကား အသုံးမတည့် လူရာမသွင်း ချစ်ခင်ကင်းမဲ့ ကာ အဖျက်အမှောင့်၊ တန်ဖိုးမရှိသူ၊ အမှိုက်ရယ်ဟု စာရင်းသွင်း ခွဲခြားဆက်ဆံမှုများ ရှိနေလျှက်ရှိပါသည်။ အမှိုက်ဟူ သည်ကား အသုံး မတည့်၊ သုံးမရ၊ ကောင်းကျိုးမပြု၊ အနှောင့်အယှက်တစ်ခု ၊ မလိုအပ်သည့် အပိုပစ္စည်းတစ်ခုကဲ့သို့ပင် သတ်မှတ်ကာ စွန့်ပစ်ထားလေ့ရှိလေသည်။ အမှိုက်ဟုဆိုရာဝယ် သက်မဲ့ဝတ္ထု များရှိသကဲ့သို့ သက်ရှိအရာသတ္တဝါသည်ပင်လျှင် ထိုထိုဂုဏ်ဒြပ်နှင့် ကိုက်ညီပါက အမှိုက်ဖြစ်ရချေတော့ သည်။ လူသားတို့ကြား အသုံးထားသည့် အမှိုက်ကစ ပြဿဒ်မီးလောင်၊ အမှိုက်ကင်းစင် လူ့ပတ်ဝန်းကျင်၊ အစရှိသဖြင့် ထည့်သွင်းသုံးနှုန်း ပြောဆိုမှုများလည်းရှိပေသည်။

ချစ်ခင်တွယ်တာ၊ စုံမက်ခါဖြင့် ယုယပိုက်ထွေး အလေးပေးသည့် သက်မဲ့သက်ရှိ ထိုဤအနှစ် သည် စွန့်ပစ်ရန်ခက်ထွေးပွေ့လျှက်ဖြင့် တန်ဖိုးထားကာ ထိန်းသိမ်းကြသည် ဤကားတန်ဖိုးလူသားအကျိုး တည်း။ အမှတ်မဲ့မှားတွယ်တာမထားဘဲ ဝန်လေးကာသာ စွန့်ပစ်ခွာသည် ဤကားအမှိုက်များသာတည်း။

လူမှုဝန်းကျင်ဒေသတစ်ခုအား ပျက်စီးယိုယွင်းစေသည့်အကြောင်းအရာများထဲတွင် ဒေသနှင့် မမျှတသည့် လူနေထူထပ်ခြင်း၊ ရွှေ့ပြောင်းနေထိုင် သူများပြားခြင်း၊ ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်း များ တိုးတက်ဖွံ့ဖြိုးလာခြင်း၊ သွားလာလည်ပတ်သူများပြားခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုအားနည်းခြင်း စသည့် အကြောင်းအချက်အချို့ကြောင့်လည်း အဆိုပါဒေသနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး မှုများ ဖြစ်စေနိုင်ပါသည်။

ခရီးသွားခြင်းဆိုရာဝယ်

လူသားတို့အနေဖြင့် သူတို့နေထိုင်ရာ ပတ်ဝန်းကျင်အပြင်ဘက်ကို ဆက်တိုက်ကာလ(၁)နှစ် ထက်မကျော်လွန်ဘဲလုပ်ငန်းလုပ်ကိုင်ရန်၊ အပန်းဖြေရန်၊ သို့မဟုတ် အခြားရည်ရွယ်ချက်များစွာဖြင့် ခရီး သွားလာခြင်းဟု အဓိပ္ပါယ်ဆောင်ကြောင်းနှင့် ခရီးသွားလာရေးလုပ်ငန်းဆိုသည်မှာလည်း လူသားတို့ဒေသ တစ်ခုမှ တစ်ခုသို့ လွယ်ကူစွာ ခရီးသွားလာနိုင်ရေးအတွက် ဝန်ဆောင်မှု၊ စီစဉ်ဆောင်ရွက်ပေးရသော လုပ်ငန်းကိုဆိုလိုပြီး ရည်ရွယ်ချက်အမျိုးမျိုးဖြင့် မိမိတို့နေထိုင်ရာဒေသ မှ ပြင်ပရှိ ခရီးစဉ်ဒေသတစ်ခုခုသို့ သွားလာသူကို ခရီးသည်ဟု သတ်မှတ်ခေါ်ဝေါ်ထားကြောင်း မှတ်သားရပါသည်။

ခရီးသွားသည်ဆိုမှဖြင့် ထိုက်သင့်သည့် ငွေကြေးကုန်ကျခံသုံးစွဲသွားလာရမှုများရှိသည်ဖြစ်ရာ ထိုငွေကြေးများသည် လုပ်ငန်းကဏ္ဍအသီးသီးရှိ လူတန်းစား အလွှာမျိုးစုံကို အကျိုးသက်ရောက်မှုရှိစေနိုင် သည့် (Multiplier Effect) ကိုဖြစ်စေသဖြင့် ခရီးသွားလုပ်ငန်းသည် နိုင်ငံတကာတွင် အောင်မြင်မှုရရှိစေရန် ကြိုး ပမ်းဆောင်ရွက်နေရသော စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါသည်။ ထိုခရီးသွားလုပ်ငန်းမှရရှိသည့် အကျိုးသက်ရောက်မှုသည် နယ်ပယ်ကဏ္ဍစုံပါဝင်သည့် စီးပွားရေးလုပ်ငန်းဖြစ်သည်နှင့်အညီ အခြေခံလုပ် ငန်းလုပ်ကိုင်သူများမှ ကျယ်ပြန့်သော စီးပွားရေးလုပ်ငန်းရှင်များအထိ ဝင်ငွေအကျိုးခံစားခွင့်ကို ရရှိစေ ပါသည်။

ဝင်ငွေတိုးတက်လာခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာခြင်းကြောင့် ဆင်းရဲမွဲ တေမှုလျော့ချနိုင်ရေးကို တိုက်ရိုက်အကျိုးသက်ရောက်နိုင်ပြီး ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက် သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိသည့် ကဏ္ဍများတွင်လည်း သွယ်ဝိုက်ကာ အကျိုး ကျေးဇူးများ ခံစားရရှိစေနိုင်ပါသည်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲခြင်းမပြုဘဲ ခရီးသွားလုပ်ငန်းမှတဆင့် တိုက်ရိုက်နှင့် သွယ်ဝိုက် ရရှိသည့်ဝင်ငွေများသည် လည်း နိုင်ငံတော်၏ စီးပွားရေးအားများစွာအကျိုးသက်ရောက်စေပါသည်။ သို့အတွက်လည်း ခရီးသွား လုပ်ငန်းအား မီးခိုးမထွက်သောစက်ရုံ ( Smokeless Industry ) ဟု တင်စားသုံးနှုန်းခေါ်ဝေါ်ကြပါသည်။

ကျွန်တော်တို့နိုင်ငံသည်လည်း အခြားနိုင်ငံများနည်းတူ ခရီးသွားလုပ်ငန်းမှ ရရှိလာမည့် အကျိုးကျေးဇူးများအား ဒေသနေပြည်သူလူထု ခံစားခွင့်ရရှိစေရန် အလို့ငှါ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်တွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသော ပုဂ္ဂလိကလုပ်ငန်းရှင် များဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ၄င်း၏ခရီးသွား လုပ်ငန်းဆိုင်ရာ ညီနောင် အသင်း(၁၁)သင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့် ဟိုတယ်ဇုံများအပြင် ပြည်ပရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်း အဖွဲ့များဖြစ်သော (UNWTO, PATA, JATA, ASEAN) စသည်တို့တွင် ပါဝင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် စွမ်းအားထုတ်ကြိုးပမ်းကာ ဆောင်ရွက်လျှက် ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတွင်းရှိနေသည့် အရင်းအမြစ်များ၊ သဘာဝပတ်ဝန်းကျင်အလှ အပများ၊ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များ၊ ညီနောင်သားချင်းတို့၏ မတူကွဲပြားကာ စိတ်ဝင်စားဘွယ်ကောင်းသော ရိုးရာဓလေ့များ၊ ဒေသတွင်း ရှားပါးစွာတည်ရှိနေသည့် ခါကာဘိုရာဇီ တောင်၊ ဧရာဝတီလင်း ပိုင် ကဲ့သို့သောသဘာဝ အမွေအနှစ်များအပါအဝင် ရေမြေတောတောင် အလှအပ နှင့် ရှားပါးကုန်းနေရေနေ သတ္တဝါများ ၊ အသက်သွေးကြောသဖွယ် တောင်မှ မြောက်သို့ သွယ်တန်းနေ သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းကဲ့သို့သော မြစ်ချောင်းအင်းအိုင် အသွယ်သွယ်၏ လှပသောသဘာဝရသပေးစွမ်းနေမှုများ အစရှိသဖြင့် ပြောမကုန် တန်ဖိုးမဖြတ်နိုင်သည့် သက်ရှိသက်မဲ့ သဘာဝအလှတရားများ ပိုင်ဆိုင်ထားသည့် အမိတိုင်းပြည်၏ ရတနာများကို ပြည်တွင်းပြည်ပ ခရီးသွားများ သိရှိစိတ်ဝင်စားကာ လာရောက်ထိတွေ့ ခံစားနိုင်စေရန် မြှင့်တင်ကြော်ငြာမှုများဆောင်ရွက်ရသည်မှာ လွယ်လွယ်ကူကူနှင့်လုပ်ဆောင်၍ ရနိုင်ကောင်း သည်ဟု ယူဆ၍ရနိုင်သော်လည်း အမှန်တာဝန်ယူ ဆောင်ရွက်ရသူ တာဝန်ရှိသူများအဖို့မှာကား မမျှော်လင့်သော၊ ကြိုတင်တွက်ဆမထားမိသော၊ အတား အဆီး အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်ကျော်နေရသည်ကိုကား စေတနာဖြင့်ပေးဆပ်ကာ ထိုးဖောက် မြှင့်တင်မှု ဆောင်ရွက်နေသူတို့ အသိုင်းအဝိုင်းလေးကသာ သိရှိနိုင် ပါလိမ့်မည်။

ဝန်ဆောင်မှုဆိုသော မမြင်ရသည့် ဒြပ်ဝတ္ထုတစ်ခုအား တန်ဖိုးကြီးပေးကာ မြိန်ယှက်စွာ ဝယ်ယူ သုံးဆောင်နိုင်စေရန် ရောင်းချပေးနေရသည့် အရောင်း ဝန်ထမ်းများအဖို့မှာကား ထူးချွန်ဆု ရယူနိုင်ရန် ခက်ခဲသော်လည်း ငြိုငြင်မှုဖြင့် တုန့်ပြန်ခံရဘို့က လွယ်ကူလျှက်ရှိနေဆဲပင်ဖြစ်ပါသည်။ စေတနာတစ်လှေ ကြီးဖြင့် မည်သို့ပင် ဂရုစိုက်ဆောင်ရွက် နေစေကာမူ ပြန်ရနေသည့် တုံ့ပြန်မှုမှာကား ယနေ့ထိ ကျေနပ် လောက်သည့်အနေအထား မရောက်နိုင်သေးဖြစ်နေရသည်။ အကောင်းဆုံးဆိုသည်များကိုသာ ပေးလိုပါ သော်လည်း မိမိတစ်ဦးတစ်ယောက်ထဲက မျှဝေပေးလို့မရသည့် အခြေအနေများကလည်း တစ်ပုံတစ်ပင် ဖြစ်ပါသည်။

သို့ရာတွင် တာဝန်ဆိုသော အသိ၊ အကောင်းဆုံးဖြစ်ရမည်ဆိုသော သတိတရားတို့ဖြင့် မိမိ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဆက်နွယ်နေသည့် မည်သူတစ် ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ယဉ်ကျေး ပျူငှာလေးစားစွာ ပေါင်းစပ်ကြိုးစားဆောင်ရွက်နေသည်ကား အမှန်တရားတစ်ခုပင်ဖြစ်ပါသည်။ အားလုံး လက်တွဲ ညီညီ ပူးပေါင်းပါဝင်ဖို့ဆိုရာဝယ် ဦးဆောင်ဦးရွက်ပြုသူ၏ မေတ္တာတရားဖြင့် နူးညံ့သိမ်မွေ့မှုသည် လည်း အရေးပါပေသည်။ မေတ္တာကို ခံစားသိမြင်ပါမှ ကြည်ဖြူ လက်တွဲ ကူညီမှုကိုလည်း ရနိုင်ပေလိမ့်မည်။ ထို့ကြောင့်လည်း ယနေ့ချိန်ခါတွင် ကျွန်တော်တို့ပတ်ဝန်းကျင် တွင် သုံးနှုန်းနေသည့် စကားလုံးတစ်ရပ် သည်လည်း တွင်ကျယ်လာနေပြီဖြစ်ပါသည်။ ထိုသည်ကား (Tourism For Peace) ခရီးသွားနှင့် ငြိမ်းချမ်းရေးဟူ၍ပင်ဖြစ်သည်။ တစ်နည်းဆိုရသော် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုဖြင့် နိုင်ငံ့ငြိမ်းချမ်း ရေးကိုတစ်ဖက်တစ်လမ်းမှပံ့ပိုးကူညီနိုင်ရန်ဖြစ်ပါသည်။

ခရီးသွားလုပ်ငန်းမြှင့်တင်မှု

ထိုကဲ့သို့ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းအား နိုင်ငံအနှံ့ဖွံ့ဖြိုးတိုးတက်လာစေရန်အ တွက်တာဝန်ရှိသော ၀န်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး ၊ ပြည်နယ်များအလိုက် သက်ဆိုင်ရာ ခရီးသွား လုပ်ငန်းဆိုင်ရာရုံးခွဲများ ဖွင့်လှစ်ကာ ခရီးသွားလုပ်ငန်းဆိုင်ရာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် လာစေ ရန်နှင့် ခရီးစဉ်ဒေသများစနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်နှင့် အညီ အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အားပေး ကူညီဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ ခရီးသွားလုပ်ငန်းဆိုင်ရာလုပ်ငန်းလိုင်စင်များ ခွင့်ပြုထုတ်ပေး နိုင်မှုများ မှာ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်၊ ဟိုတယ်(၁၆၆၁)လုံး၊ အိပ်ခန်း(၆၆၈၀၆)ခန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ ပြည်တွင်း/ပြည်ဝင် ခရီးစဉ် (၂၇၇၀)ခု၊ ပြည်ပခရီးစဉ်(၄၂၉)ခု၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်(၂၅၈၀)ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်(၇၉၇၆)ခုတို့အား ခွင့်ပြုထုတ်ပေး နိုင်ခဲ့သည်နှင့် အညီ လုပ်ငန်းများစနစ်တကျဆောင်ရွက်နိုင်ရန် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး ရေးဆိုင်ရာ မွမ်းမံသင်တန်းများဖွင့်လှစ်ပေးခြင်း၊ ခရီးသွား လုပ်ငန်း ဆိုင်ရာ အသိပညာဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများအား ကျင်းပပေးခြင်းတို့ဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ ဒေသ အလိုက်ရှိပြီးသော ခရီးစဉ် များ စနစ်တကျတည်တံ့တိုးတက်လာစေရန်နှင့် ခရီးသွားအလို့ငှာ သင့်တော် သော ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်နိုင်ရေး သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရအကူအညီဖြင့် ဆောင်ရွက်ခြင်းတို့ကို အားကြိုးမာန်တက် လုပ်ဆောင်လျက်ရှိပါသည်။ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်စေရန် မှာ သွားလာမှုလွယ်ကူခြင်း၊ လုံခြုံစိတ်ချရခြင်း၊ တည်းခိုနေထိုင်ရန်အဆင်ပြေစေခြင်း၊ ဈေးနှုန်းတည်ငြိမ်မှု ရှိစေခြင်း၊ အရင်းအမြစ်များ ရေရှည်တည်တံ့အောင် ထိန်း သိမ်းစောင့်ရှောက်ခြင်း စသည်ဖြင့် အခြေခံ အကြောင်းအရာများစွာ ပြည့်စုံနေရန်လိုအပ်သကဲ့သို့ ခရီးစဉ်ဒေသနေ ပြည်သူလူထုမှလည်း ခရီးသွား လုပ်ငန်းမှ ရရှိလာမည့်အကျိုးကို သိရှိနားလည်ကာ ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်လှပေသည်။ ထို့အပြင် ခရီးစဉ်ဒေသသို့ လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပခရီးသွားများမှလည်း ခရီးစဉ်ဒေသ ရေရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်းပေးရန်လည်းလိုအပ်ပါသည်။

ခရီးသွားနှင့် အမှိုက်ပြဿနာ

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလျှက်ရှိသည့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံ၏စက်မှု လုပ်ငန်းများဦးစီးဌာနသည် နိုင်ငံတွင်း စက်ရုံများမှ ပလပ်စတစ် လုပ်ငန်းများ၊ စွန့်ပစ်ပစ္စည်းများမှ ပြန်လည် ထုတ်လုပ်သော ကုန်စည်များနှင့် လျှပ်စစ်ပစ္စည်းများသုံးစွဲရာမှ ထွက်ပေါ်လာသော အမှိုက်များ စွန့်ပစ် ခြင်းများကို တားဆီးမိန့်များထုတ်ပြန်တော့မည်ဖြစ်ပြီး ပလပ်စတစ်စက်ရုံနှင့် အိမ်သုံး လျှပ်စစ်လုပ်ငန်းများ အား လုပ်ငန်းပါမစ်ထုတ်ပေးခြင်းများကို ရပ်ဆိုင်းကြောင်း၊ ယင်းသို့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းများပါလာ နိုင်ဖွယ်ရှိသော ကွန်တိန်နာများကိုလည်း ပြည်တွင်းသို့ တင်သွင်းခွင့်မပေးတော့ကြောင်းနှင့် ထိုသို့ဖြင့် ပလတ်စတစ်နှင့် လျှပ်စစ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာနိုင်သော အမှိုက်များအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြထားသည်ကိုလည်း သိရှိမှတ်သား လိုက်ရပါသည်။ ပလပ်စတစ် ရဲ့စွမ်းရည်ဟာ နှစ်ပေါင်း ၅၀၀၊ နှစ်ပေါင်း ၁၀၀၀ အထိ မကျေပျက်နိုင်ကြောင်းနှင့် ပလပ်စတစ်များကို ဖျက်ဆီးရာတွင်လည်း မီးရှို့ဖျက် ဆီးလျှက်ရှိရာ ၄င်းမှထွက်လာသည့် ဓါတ်ငွေ့သည်လည်း လူတွေအတွက် အဆိပ်အတောက်ဖြစ်စေနိုင်ကြောင်းသိရှိရပါတယ်။ ဒါ့အပြင် ယခုလိုမိုးရာသီ ကာလ တွင် မြို့ကြီးအများစု၌ ဖြစ်ပေါ်နေသော မြို့တွင်းရေလျှံမှုများသည်လည်း အမှိုက်သံသရာလည်ခြင်း ကြွပ်ကြွပ်အိတ်နှင့် ပလတ်စတစ်ကဲ့သို့သောအမှိုက်များ မြို့များ တွင် ဖြတ်သန်းစီးဆင်းနေသည့် မြစ်ချောင်းများ၏ ရေထွက် ပေါက်များတွင် ပိတ်ဆို့နေခြင်းများကြောင့် ရပ်ကွက်များမြို့များမှာ မိုးရွာသည်နှင့် ရေနစ်မြုပ်နေရခြင်း အကြောင်းအရာတစ်ခုလည်းဖြစ်နေပါသည်။ ထို့ကြောင့်ပလတ်စတစ်သုံးစွဲမှုလျော့ချခြင်း၊ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့်အိတ်များအစား သဘာဝထွက်ကုန် ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ခြင်းများ၊ စက္ကူခွက် များ အစားထိုးအသုံးပြုသင့်ကြောင်း အသိပညာပေးမှုများလည်းရှိနေပါသည်။

၂၀၁၀ ခုနှစ်က ထိုင်းလူမျိုးများနဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ပစ်ချခဲ့တဲ့အမှိုက်ဟာ မက်ထရစ် တန် ၂၅၆၉၃၅ ရှိပြီး ၂၀၂၅ မှာ တန်ချိန် ၅၄၄၈၇၇ အထိ ရှိလာမယ်လို့ ခန့်မှန်းကြောင်းနဲ့ ၂၀၁၀ ခန့်မှန်းချက်အတိုင်းသာဆိုရင် ထိုင်းလူမျိုးများနဲ့ကမ္ဘာလှည့် ခရီးသွားတွေရဲ့ ပင်လယ်ထဲကို ပစ်ချခဲ့တဲ့ ပလတ်စတစ်အမျိုး အစားဟာ ၂ဒသမ၆၆သန်းမျှ ရှိမယ်လို့ ခန့်မှန်းရပြီး အမှိုက်တွေကို မတော်တဆ ပစ်ချခဲ့မှု့ကြောင့် ပင်လယ်ပြင်ရဲ့ ညစ်ညမ်းမှု၊ ပျက်စီးမှုကိုဖြစ်စေကြောင်း ၊ ၂၀၁၅ ခုနှစ်ထိ ယခုလို ဆက်လက်အမှိုက်များပစ်ချနေပါက အဆိုပါပလတ်စတစ်အမှိုက်တွေရဲ့ တိုက်စားမှု၊ ထုတ်လွှတ်တဲ့ ဓါတ် သဘာဝတွေကြောင့် သန္တာကောင်တွေသေကျေခြင်း၊ သန္တာကျောက်တန်းတွေ ပျက်စီးခြင်းတွေဖြစ်စေမှာ ဖြစ်ကြောင်း ဒီမိုကရေစီတူဒေးမှာ ဆရာသီဟရေးသားတဲ့ဆောင်းပါးလေး ပါတဲ့ အတွက် ဖတ်ရှုလိုက်ရ ပါတယ်။

ပြီးခဲ့တဲ့ရက်များက ရန်ကုန်မြို့တော်၏ နေ့စဉ်ထွက်ရှိသည့် အမှိုက်များ စွန့်ပစ်စုပုံထားသည့် အမှိုက်ပုံမီးစွဲလောင်ခဲ့ကာ မီးငြိမ်းသတ်ရန် အခက်အခဲများ စွာကြုံတွေ့ခဲ့ရပြီး ရန်ကုန်မြို့၏ ကောင်းကင်ယံ ၌ မီးခိုးငွေ့များပိန်းပိတ်ကာဖြင့် မြို့နေလူထုကြား အခက်အခဲပွားခဲ့ရသည်ကိုလည်း တွေ့မြင်ခံစားခဲ့ရ သဖြင့် စွန့်ပစ်ပြီးသည်အထိ ဒုက္ခပေးခဲ့သည့် အမှိုက်အန္တရာယ်ကို သိရှိခဲ့ရပေသည်။

ညစ်ထေးရောနှော ဤအမှိုက်သဘောကို ခွဲခြားဝေဖန်ခြင်းဖြင့် ပြီးနိုင်မည်မထင်ပါ။ တစ်ခါ တစ်ရံမျက်မြင်တွေ့နေရသည့် အသုံးမတည့်သော အမှိုက်များ ထက် လုပ်ငန်းတစ်ခု အောင်မြင်ဖို့ရာ အကူအထောက်အပံ့မဖြစ်ဘဲ အနှောင့်အယှက်ပြုသူ လူ့အမှိုက်များသည်လည်း တစ်ပုံတစ်ပင်တွေ့ရ ပါလေသည်။ ခရီး သွားလုပ်ငန်းစထက်ထမ်းပိုး ဖွံ့ဖြိုးဖို့အတွက်ရာ ဘက်စုံမှ ကြိုးစားရုန်းကန်နေသည့် ကျွန်တော်တို့ ခရီးသွားနယ်ပယ်အတွင်းမှ ညီနောင်များ စုစည်းအားဖြင့် ဆောင်ရွက်မှုများစွာရှိနေပါ သော်လည်း ကူညီမရကန့်လန့်တိုက်ကာဖြင့် လုပ်ငန်းများတိုးတက်မှု နှောင့်နှေးအောင်၊ ကြိုးစားလုပ် ဆောင်နေသူများ စိတ်ပျက် အားလျော့ မှုများဖြစ်ရလေအောင် အဖျက်သဘောဆောင်ကာ ဆောင်ရွက် တတ်သည်များလည်းရှိတတ်ပေရာ သဘောတရားကို သေချာအောင်နားလည်စေရန် ရှင်းပြစည်းရုံးခြင်း များဖြင့် ဆောင်ရွက်ရသည်များလည်း ရှိနေပေသည်။

အမှိုက်ဟုဆိုရာတွင်လည်း ပြန်လည်ဆယ်တင်အသုံးပြုခြင်း Reuse ၊ မလိုအပ်သည်များကို လျော့ချသုံးစွဲခြင်း Reduce ၊ အခြားနည်းလမ်းဖြင့် ပြန်လည် အသုံးပြုခြင်း Recycle ၊ စသည့် နည်းစနစ် များဖြင့် ဆောင်ရွက်လျှက်ရှိကြပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် စွန့်ပစ်အမှိုက်များ စတင်စွန့်ပစ် စဉ်ကတည်းက ခွဲခြားစွန့်ပစ်နိုင်ရန် စီမံပေးသည့် အစီအမံကောင်းများဖြင့် ဆောင်ရွက် နေသည်များလည်းရှိကြပါသည်။ လူမှုပတ်ဝန်းကျင်ကို အထောက်အပံ့ကောင်းဖြစ်စေမည့် အစီအမံများဖြင့် စနစ်တကျ လုပ်ငန်းဆောင်ရွက်နိုင်စေခြင်းကလည်း  စွန့်ပစ်အမှိုက်လျော့ချရေးကို အထောက်အကူပြုစေပါသည်။

အသိစိတ်ဖြင့် ဝိုင်းဝန်းထိမ်းသိမ်းရန်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း ဆိုရာတွင်လည်း အလျဉ်းသင့်၍ တင်ပြရပါလျှင် တာဝန် ထမ်းဆောင်ခဲ့ဘူးသော ချောင်းသာကမ်းခြေကဲ့သို့သော မြန်မာပြည်၏ အဓိကကမ်းခြေတစ်ခု၏ မိုးရာသီ အချိန်တွင် ကမ်းခြေသောင်ပြင်ပေါ်၌ အမဲရောင်အမှုန်များ ဖုံးလွှမ်းကာ ကမ်းခြေလာ ရေကစားသူများ၏ ခန္ဓာ ကိုယ်ယားယံမှုများ ဖြစ်သည်ကိုသိရှိရ၍ အခြေခံအရင်းအမြစ်ကို လုပ်ငန်းရှင်များ စိစစ်ဖေါ်ထုတ်ခဲ့ရာ၌ သိရှိရသည်မှာ သစ်ခွဲလွှဆွဲခြင်း၊ မီးသွေးဖုတ်ခြင်းတို့မှ ထွက်ရှိလာသည့် သစ်ဆွေးအမှုံအမွှားများ မိုးရေနှင့်အတူ ဒီရေကျချောင်းအတွင်း မျောပါရာမှ ပင်လယ်လှိုင်း ပုတ်သဖြင့် ကမ်းခြေသို့ ပြန်လည်စုပုံကာ ပင် လယ်ရေနှင့် ကမ်းခြေအလှများကို ညစ်ညမ်းမှုဖြစ်စေခဲ့ကြောင်းသိရှိခဲ့ရပါသည်။ ထိုမလိုလားအပ်သော ဖြစ်စဉ်များကြောင့် ရေရှည်တွင် သဘာဝပတ်ဝန်းကျင်၊ ကမ်းခြေများပျက်စီးမှု ဖြစ်နိုင်သည်ကိုလည်း သိရှိခဲ့ ရပါသည်။ ဒေသနေပြည်သူနှင့် သက်ဆိုင်ရာ ဌာနများအားလုံးတွင် ထိန်းသိမ်းကြပ်မတ်ရန်၊ စည်းကမ်း လိုက်နာရန်တာဝန်ရှိပါသည်။ ထိုအချိန်အခါက ကမ်းခြေရေရှည်တည်တံ့စေရန်ရည်ရွယ်ကာဖြင့် လုပ်ငန်း ရှင်များ စုပေါင်းအားဖြင့် စည်ပင်အမှိုက်သိမ်းယာဉ် လှူဒါန်းပေးခြင်း၊ အမှိုက်သိမ်းဝန်ထမ်းခန့်ထားပေးခြင်း၊ အမှိုက်စွန့်ပစ်ရန် မြေနေရာ ဝယ်ယူလှူဒါန်းပေးခြင်းတို့လည်း ရှိခဲ့သည့်အပြင် Air KBZ ကဲ့သို့သော လေကြောင်းလိုင်း လုပ်ငန်းကြီးများမှလည်း ပူးပေါင်းပါဝင်မှုဖြင့် လက်တွန်းဖိုက်ဘာ အမှိုက်ပုံးကြီးများ လှူဒါန်းပေးခြင်း၊ ဝန်ထမ်းများဖြင့် ကမ်းခြေအမှိုက်ကောက် ရှင်းလင်းပေးခြင်းတို့ကို ပူးပေါင်းပါဝင်ဆောင် ရွက်ပေးခဲ့သည်ကိုလည်း ဝမ်းမြောက်ဂုဏ်ယူဘွယ်တွေ့ကြုံခဲ့ရပါသည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ထပ်မံထုတ်ဖော်ရန်ကျန်ရှိနေသည့် မြန်မာပြည်မြောက်ဖျားရှိ ခါကာဘိုရာဇီဒေသ၊ မြန်မာပြည် တောင်ပိုင်းရှိ မြိတ်ကျွန်းစုများစသည့် ခရီးစဉ်ဒေသအသစ်များ ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင်လည်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ ရေရှည်တည်တံ့စေရန်၊ အစီအမံကောင်းများ စနစ်တကျချမှတ်လုပ်ဆောင်ရန် လိုအပ်ပြီး ထိုခရီးစဉ်ဒေသများ ရေရှည် တည်တံ့စေရန် ဒေသနေပြည်သူများ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာကြွယ်ဝမှု သည်လည်း အရေးပါလျက်ရှိပါသည်။

ခရီးမြှင့်မှ အကျိုးများမည်

ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးခြင်းဖြင့် ဒေသနေ ပြည်သူတို့၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ရရှိစေရန် ရည်ရွယ်ကြိုးစားလုပ်ဆောင်လျက်ရှိနေသည်ကို တွေ့ရှိနေရပြီဖြစ်ပြီး ခရီးစဉ်ဒေသများတွင် လိုအပ်လျှက် ရှိသော အခြေခံအဆောက်အအုံများဖြည့်ဆည်းပေးခြင်း၊ ခရီးစဉ် ချောမွေ့စေရေး ပံ့ပိုးကူညီ ခြင်း၊ ခရီးစဉ်အသစ်များတိုးတက်လာစေရေး ပူးပေါင်းဆောင် ရွက်ပေးခြင်း၊ နယ်စပ်ဖြတ်ကျော်ကားမောင်းပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲအစရှိသည်ဖြင့် ဒေသအလိုက် တိုးတက်ဆောင်ရွက်လာသည်ကို တွေ့ရသည့် အပြင်၊ ခရီးသွားများ အဆင်ပြေစေရန် ရည်ရွယ်ကာဖြင့် Public Toilet အများသုံးသန့်စင်ခန်းများ ခရီးစဉ်ဒေသများတွင် တိုးချဲ့တည်ဆောက်ပေးနေမှုများ ဒေသအလိုက် ဆောင်ရွက်နေသည်ကိုလည်း ကြားသိနေရပြီဖြစ်ပါသည်။ ထို့အပြင် ခရီးစဉ်ဒေသအသစ်များပေါ် ထွက်လာစေရေး၊ ခရီးလမ်းကြောင်းများ လုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက်ကိုလည်း ဒေသအလိုက် တိုးမြှင့်ဆောင်ရွက်နေကြသည်နှင့်အညီ ခရီးစဉ်ဒေသရေရှည်တည်တံ့ရေး၊ သဘာဝပါတ်ဝန်းကျင် အားထိခိုက်မှု မရှိစေရေးတို့အတွက် အသိပညာ ပေးခြင်း၊ လက်တွေ့ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့်လည်း ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်ဖြင့် တိုးတက် လာစေရန် ဝိုင်းဝန်းပံ့ ပိုးဆောင်ရွက်နေကြသည်ကိုလည်း မျက်မြင်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းကို အဓိက ဆောင်ရွက်လျှက်ရှိကာ ပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသည့်  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းမှလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့၏ ကြီးကြပ်မှုဖြင့် ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် Myanmar Tourism Conference ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် နေပြည်တော် MICC II ၌ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ရာ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတ၊ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွားနယ်ပယ်မှ ကျွမ်းကျင်သူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့သည့်အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ(ငြိမ်း)ဦးထင်ကျော်နှင့်ဇနီးတို့မှ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်ကိုလည်း ဝမ်းမြောက်ဖွယ်တွေ့ရှိရကာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အားအင်တစ်ခုဖြစ်စေခဲ့သည့်အပြင် အဆိုပါကွန်ဖရင့်မှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံ များပါဝင်သည့် ဆုံးဖြတ်ချက်(မူကြမ်း)ကို ထုတ်ပြန်နိုင်ခဲ့ကြောင်းနှင့် စနစ်တကျ ဖြည့်စွက်အတည်ပြုထားသည့် ဆုံးဖြတ်ချက်ကိုလည်း ဆက်လက် ထုတ်ပြန်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

တာဝန်ရှိသည့် ၀န်ကြီးဌာနအနေဖြင့်လည်း တစ်နိုင်ငံလုံးလွမ်းခြုံကာ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးမှသည် ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ အသိအမြင် ကြွယ်ဝသည့် ဝန်ဆောင်မှုဆိုင်ရာ အရည်အသွေးပြည့်မှီသည့် ဝန်ထမ်းများပေါ်ထွက်လာစေရေး၊ ဒေသ နေပြည် သူများ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိအမြင်ကြွယ်ဝပြီး မိမိတို့ပိုင်ခရီးစဉ်ဒေသအား မြတ်နိုးတန်ဖိုး ထားတတ်လာစေရန် အသိပညာဖလှယ်ပွဲများ၊ ဆွေးနွေးပွဲ၊ ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲများ၊ ဒေသထွက် ကုန်ဆိုင်ရာ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြပွဲများကျင်းပပေးခြင်းတို့အတွက် ကြိုးစားဆောင်ရွက်လျှက်ရှိပါ သည်။ ထိုသို့ ဆိုရာတွင် Community Base Tourism –CBT ကျေးရွာများ စနစ်တကျပေါ်ထွက်လာစေပြီး ဒေသနေပြည်သူ လူထုအား ခရီးသွားလုပ်ငန်း၏အကျိုးအမြတ်ကို တိုက်ရိုက်ပါဝင်ခံစားခွင့်ရရှိနိုင်စေရန် ရည်ရွယ်ချက်ထားကာ ဒေသအလိုက် သင့်တော်သည့်ကျေးရွာများတွင် ဖော်ဆောင်လျှက်ရှိသည်နှင့်အညီ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအား ဒေသတွင်းနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများကပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး နိုင်ငံတကာခရီးသွားပြပွဲများတွင် ပါဝင်ပူးပေါင်းဆောင် ရွက်နိုင်ရန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ အားကိုယူ၍ မြှင့်တင်ခြင်းလုပ်ငန်းများအား အစွမ်းရှိသ၍ ဆောင်ရွက်နေသည့်အပြင် ကမ္ဘာ့အလည်တွင် မြန်မာနိုင်ငံ အား ပိုမိုယုံကြည်မှု မြင့်မားလာစေရန် ခရီးသည်ဝင်ရောက်မှု ပိုမိုလျှင်မြန် လွယ်ကူချောမွေ့စေရေး၊ ခရီးသည်ပိုမိုတိုးတက်မှုရရှိစေရေးအတွက် ပြည်ဝင်ခွင့်ဗီဇာများ၊ ဆိုက်ရောက် ဗီဇာများဆိုင်ရာ ဖြေလျော့ပေးနိုင်ရေးအတွက် အစိုးရ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခြင်းကို စိတ်ရင်းစေတနာအမှန်ဖြင့် ဦးဆောင် ကြိုးပမ်းလျှက်ရှိသည်ကိုလည်း မျက်မြင်တွေ့ရှိနေရပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း၊ လေကြောင်းလမ်းမှ ဝင်/ထွက်ပေါက်များ၊ နယ်စပ်ဝင်ပေါက် များ၊ ပင်လယ် ရေကြောင်း ဝင်ပေါက်များပါမကျန် ပြည်ပခရီးသွားများ ခရီးသွားအလို့ငှါ လွယ်ကူချောမွေ့စွာ ဝင်/ထွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျှက်ရှိနေပါ သည်။ တစ်ယောက်အားနှင့်ယူသော်မရ အများအားဖြင့် ယူသော်ရသည်ဆိုသည့်အတိုင်း စိတ်စေတနာမှန်စွာ ဦးဆောင်ကြိုးပမ်းနေသူအဖို့မှာကား လိုအပ်သည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများဖြင့် တစ်ဦးတစ်ယောက်အတွက်မဟုတ် အများဝမ်းစာပြည့်စေရန် ဆောင်ရွက်နေသည်ကား အမှန်ပင်ဖြစ်ပါသည်။

အမှိုက်မဟုတ်ပါ

ထိုသို့ အများအတွက် ဝန်ကို ထမ်းရသည်မှာ တော်ရုံစိတ်ရင်းဖြင့် ဆောင်ရွက်၍မရနိုင်ပါ။ ဖွံ့ဖြိုးတိုးတက်စေလို၍ ဆောင်ရွက်ခြင်းဖြစ်သည်နှင့်အညီ လုပ်ငန်းဆောင်ရွက်မှုအတွက် ပြည်သူ့ဘဏ္ဍာ ကိုလည်း အလွယ်တကူ သုံးစွဲခြင်းမပြု၊  မလိုအပ်ဘဲ အကျိုးမရှိ ငွေကုန်ကြေးကျများခြင်းကိုလည်း ရှောင်ရှားကာဖြင့် Public Private Partnership(PPP) အစိုးရ၊ ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုအားကိုရယူ ကာ အသုံးပြုဆောင်ရွက်နေပြီး မလျော့သော ဇွဲလုံ့လစိုက်ထုတ်ကာ ဦးဆောင်မှုဖြင့် ဆိုခဲ့ပြီးသော Smokeless Industry ဖွံ့ဖြိုးတိုးတက်စေရေး၊  ခရီးသွားလုပ်ငန်းမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ ငြိမ်းချမ်းရေးကို တစ်ဘက်တစ် လမ်းမှ အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေပါ ကြောင်းနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုသည် ခရီးစဉ်ဒေသအား အမှိုက်ရှုပ်စေမည့်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းစောင့်ရှောက်မှုမဲ့သည့် လုပ်ငန်းတစ်ခုမဟုတ်ဘဲ ဒေသနေပြည်သူလူထု၏ လူမှု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ် လမ်းမှ ပံ့ပိုးပေးနေသည့် ရေရှည်အကျိုးများသည့်လုပ်ငန်း ဖြစ်ပါကြောင်း အကျဉ်းမျှတင်ပြအပ်ပါသည်။

 

 

သူတို့နှစ်ဦး နှင့် ကျွန်တော်


မြင့်ထွေး (ဟိုတယ်/ခရီး)

“DDG …….ကျွန်တော်မိသားစုနဲ့ ပြန်လာဦးမယ်ဗျာ”

မှိုင်းညို့ညို့ရှမ်းတောင်တန်းကြီးနှင့် ကြည်လင်သော အင်းလေးရေပြင်အကြား ငုံ့ဆင်းနေ သော တိမ်စိုင်များကို ငေးကြည့်နေရင်း Mr.Ehlers မှ ကျွန်တော့်အား မကြည့်ဘဲ၊ ဆိုင်းမဆင့်ဗုံမဆင့် ပြောလိုက်သော စကားကြောင့် ကြောင်တောင်တောင်ဖြစ်သွားသည်။

“အမ်…… ဘာများဖြစ်လို့လဲ” ဟုအမေးအပေါ် သူက…

“DDG ခင်များကြည့်ဗျာ၊ အခုကျွန်တော်တို့မိုင်ပေါင်း(၅၅၀)ကျော်ရှည်လျားတဲ့ တနသာင်္ရီကမ်းရိုး တန်းရဲ့ လှပတဲ့ကမ်းခြေအချို့ကို ရောက်ခဲ့တယ်။ ဒေသကပြည်သူလူထုတွေနဲ့ ထိတွေ့ခွင့်ရခဲ့တယ်။ ရန်ကုန်မြို့တော်ကိုလည်းရောက်တယ်၊ နာမည်ကြီးလှတဲ့ ဗိုလ်ချုပ်ဈေးကိုလည်ပတ်ခဲ့တယ်၊ ဗိုလ်တစ်ထောင် ကောလိပ်က BA Tourism ကျောင်းသားတွေနဲ့ စကားပြောခွင့်ရခဲ့တယ်။ နောက်ပြီး AD (၁၁)ရာစုက တည်ဆောက်ခဲ့တဲ့ ပုဂံဘုရားတွေကိုလည်း လေ့လာခဲ့ရတယ်။ ဘယ်နိုင်ငံမှမရှိတဲ့ ရှေးဟောင်းအမွေအနှစ် တွေကို တစ်နေရာတည်းမှာ စုံလင်စွာကြည့်ရှုရတဲ့အပြင် ခေတ်အဆက်ဆက်ပြောင်းလဲလာမှုတွေကို လေ့လာခဲ့ရတယ်။ မန္တလာကောလိပ်က B.A Tourism ကျောင်းသား၊ ကျောင်းသူတွေနဲ့လည်း အမှတ်တရဓာတ်ပုံရိုက်ခဲ့ရတယ်”

ကျွန်တော့်အမည်ကို ခေါ်ရခက်သဖြင့် အလွယ်တကူ ရာထူးကိုတပ်၍ ခေါ်ဆိုခြင်းဖြစ်ပါသည်။ စကားအနည်းငယ်ရှည်သွား၍ သူခေတ္တနားလိုက်ပြီးနောက် ဆက်၍

“ပိုပြီးထူးခြားတာက တွေ့လိုက်တဲ့လူတိုင်းက ပြုံးပြီးဖော်ရွေနေတာဗျ၊ သူတို့အပြုံး၊ သူတို့ရဲ့ အမူအရာ တွေက ငယ်ပေါင်းမိတ်ဆွေတွေ ပြန်တွေ့ရလို့ ၀မ်းသာတဲ့ပုံ၊ ကူညီဖို့ စောင့်ကြိုနေတဲ့ပုံတွေလို့ အဓိပ္ပာယ် ဖော်လို့ရတယ်”

မိမိ၌ သူ့အားပြောရန်စကားများ အစီအရီရှိသော်လည်း သူ့ရဲ့စိတ်အားထက်သန်စွာ ပြောဆိုမှု အပေါ် အနှောင့်အယှက်မပြုလို၍ သူ့ပြောစကားများကို ဆက်လက်နားထောင်နေမိသည်။

“မန္တလေးရောက်တုန်းကလည်း မင်းတုန်းမင်းတည်ထားခဲ့ပြီး သီပေါမင်း နောက်ဆုံးနန်းထိုင် ခဲ့တဲ့ မြနန်းစံကျော်၊ မန္တလေးတောင်၊ ကမ္ဘာကျော် ဦးပိန်တံတား၊ မဟာမြတ်မုနိဘုရားတို့ကို လေ့လာ တဲ့အခါ မြန်မာ့အငွေ့အသက်ကို ခံစားမိတယ်ဗျ”

“အခု အင်းလေးကန်ကြီးကတော့ အထူးခြားဆုံး၊ အလှပဆုံး၊ အအေးချမ်းဆုံးနေရာပဲဗျာ၊ လောကနိဗ္ဗာန်ပါပဲ” ဟု မနားတမ်းပြောသည်။

Mr.Ehlers အနေဖြင့် အမှန်တကယ်ပင် သူ့ရင်ထဲ၊ နှလုံးသားထဲက ခံစားရမှုကို ဖွင့်ဟ၀န်ခံနေ မှန်းသိသာလွန်းလှသည်။ အာရှနိုင်ငံများသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ဖူးသော သူ့အဖို့၊ တွေ့သမျှ၊ မြင်သမျှအထူးအဆန်းကြီးပဲဖြစ်သမို့၊ သူ့မိသားစုကိုလည်း ဒီလိုဒေသမျိုးရောက်ဖူးစေချင်သည်ထင်ပါသည်။ နောက်တစ်ကြိမ်မက ထပ်မံပြန်လာဖို့လည်း အခွင့်အလမ်းရှိနေပါသည်။ ပြန်လာနိုင်ရန်အတွက်လည်း မြန်မာနိုင်ငံအတွက် ဆောင်ကျဉ်းပေးရမည့် တာဝန်များသူ့ဆီမှာ ရှိနေသည်။

သူ့စကားဆုံးပြီးချိန်မှာတော့ ကျွန်တော်ပြောချင်သောစကား၊ သူ့နှလုံးသား၊ သူ့ရင်ထဲအထိ ရောက်အောင် တိုက်ရိုက်ပစ်ခတ်လိုသော စကားများကို စတင်မိသည်။

“Ehlers ရေ တို့မြန်မာနိုင်ငံဟာ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယစတဲ့ နိုင်ငံတွေနဲ့ ဘူမိပထ၀ီအခြေအနေများအရရော၊ ပထ၀ီနိုင်ငံရေးအခြေအနေများအရရော ဆက်စပ်နေပြီး မဟာဗျူဟာ ကျတဲ့ဒေသတစ်ခုဖြစ်နေတယ်။ ဒါ့အပြင် လူဦးရေပေါက်ကွဲနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း နယ်နိမိတ် ထိစပ်နေလို့ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတစ်ခုလိုဖြစ်နေတယ်”

“တို့မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှနိုင်ငံတွေမှာတောင်မရှိတဲ့ မြောက်ဖျားက နှင်းခဲဖုံးလွှမ်း တောင်တန်းတွေကနေ Virgin Land လို့အခေါ်ခံရတဲ့ တောင်ဖျားက မြိတ်ကျွန်းစုတွေအကြားမှာ ဓလေ့ ထုံးတမ်းအစဉ်အလာ၊ ၀တ်စားဆင်ယင်မှု၊ ဘာသာစကားမတူညီတဲ့ တိုင်းရင်းသား(၁၃၅)မျိုးစုပေါင်း နေထိုင်ကြတယ်”

“ထူးခြားဆန်းကြယ်ပြီး၊ အံ့သြဖွယ်ကောင်းလှစွာ သာယာလှပတဲ့ မြင်ကွင်းတွေဟာ မြန်မာနိုင်ငံ မှာ မရေမတွက်နိုင်လောက်အောင်များပြားလှသလို၊ ရာသီအလိုက်ပွင့်တဲ့ရှားပါးတဲ့ ပန်းတွေလည်း အရောင်အသွေးစုံအောင် ပေါက်ရောက်နေကြတယ်”

ကျွန်တော့်ပြောဆိုမှုအပေါ် Mr.Ehlers စူးစိုက်စွာနားထောင်နေကြောင်း သတိထားမိသည်။ မြန်မာနိုင်ငံ၏ အနောက်ပိုင်းအခြေအနေများအပေါ် မီဒီယာများမှ ရည်ရွယ်ချက်ရှိရှိ မှားယွင်းစွာ ပုံဖော် ဆောင်ရွက်ခဲ့ကြခြင်းကြောင့် မြန်မာနိုင်ငံအပေါ် လူမျိုးရေးခွဲခြားမှု၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ တစ်နိုင်ငံလုံး တိုက်ပွဲများဖြစ်ပွားနေသယောင်၊ လုပ်ကြံလိမ်လည်ဆောင်ရွက်ခဲ့မှုများကြောင့် မြန်မာနိုင်ငံသို့ လာရောက် လိုသော၊ လာရောက်လျှက်ရှိသော အနောက်ဥရောပနိုင်ငံသားများ၏ ခရီးစဉ်များပျက်သွားခြင်း၊ ရွှေ့ဆိုင်း ခြင်း၊ အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရောက်ရှိသွားခြင်းများကို ကြုံတွေ့နေရသဖြင့် ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုမှာ အတန်ငယ်ကျဆင်းသွားခဲ့ရသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ၀န်ကြီးဌာနနှင့် မိတ်ဖက်အသင်းအဖွဲ့များမှ ပြည်တွင်း၊ ပြည်ပမျှတစွာ မြှင့်တင်ကြိုးစားဖော်ဆောင်လျက်ရှိသဖြင့်၊ ခရီးသွားဧည့်သည်များပိုမိုတိုးတက်ဝင်ရောက် မည်ဟု ယုံကြည်ခဲ့သော်လည်း၊ ရခိုင်ပြည်နယ်အရေးကြောင့် အရှိုက်ထိုးခံရသလိုရှိလှသည်။ ပြည်တွင်း မီဒီယာများမှ မှန်မှန်ကန်ကန်ကျယ်ကျယ်ပြန့်ပြန့်လွှင့်ထုတ်ဆောင်ရွက်လျှက်ရှိသော်လည်း ပြည်ပမီဒီယာ များ၏ နည်းညာ၊ ငွေကြေးနှင့် အထောက်အပံ့များအပေါ် လွှမ်းမိုးနိုင်မှုမရှိခဲ့ချေ။

သို့အတွက်မီဒီယာအပိုင်းသာ အားကိုး၍မရတော့ဘဲ၊ အာရှနိုင်ငံများအပေါ်ပိုမိုဆွဲဆောင်ခြင်း၊ အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် အကောင်းရှုမြင်သော ခရီးသွားမိတ်ဖက်နိုင်ငံများအား ရှာဖွေဖော် ထုတ်၍ ပကတိအခြေအနေမှန်များကို ဖိတ်ခေါ်ပြသအသိပေးခြင်း၊ ဗီဇာစနစ်များ ဖြေလျှော့ကာ ဆွဲဆောင် ခြင်းများကို အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူ ပိုမိုပူပေါင်းဆောင်ရွက်ကာ (၂၀၁၈)ခုနှစ် ခရီးသွားရာသီအတွက် နည်းလမ်းမျိုးစုံဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

အကြောင်းအားလျော်စွာ ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံတွင် ဟိုတယ်နှင့်ခရီးသွားဘာသာရပ်ဒီပလိုမာသင်တန်းကျောင်း တည်ထောင်နိုင်ရန် ထောက်ပံ့ကူညီပေးမည် ဖြစ်၍ သင်တန်းကျောင်းဖြစ်မြောက်ရေးအတွက် မြေပြင်ကွင်းဆင်းကာ ဖြစ်နိုင်ချေရှိ/မရှိ ကနဦးလေ့လာ ရန် ဂျာမနီနိုင်ငံမှအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Senior Experten Services (SES) အဖွဲ့မှ ကျွမ်းကျင်ပညာရှင်ဂျာမနီနိုင်ငံသား Mr.Helmut Lindthaler နှင့် Mr.Hajo Eike Ehlers တို့နှစ်ဦးအား မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါသည်။ အဆိုပါဂျာမန်လူမျိုး(၂)ဦးအား သင်တန်းကျောင်း တည်ဆောက်မည့် တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ သို့လိုက်လံပို့ဆောင်ရန်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် တွေ့ဆုံရန်နှင့် မြန်မာနိုင်ငံတွင် သင်တန်းကျောင်းများ ဖွင့်လှစ်ပို့ချနေမှုများပြသရန် တာဝန် ပေးအပ်ခံရပါသည်။ သို့အတွက် အခွင့်အခါတိုက်ဆိုင်စွာ မြန်မာနိုင်ငံ၏ သာယာလှပသော ရှုခင်းများနှင့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ပြသနိုင်ခွင့်ရရှိခဲ့ပါသည်။

ဤသို့ မြန်မာနိုင်ငံတွင် ဂျာမနီနိုင်ငံ၏ နည်းပညာ၊ ငွေကြေးအထောက်အပံ့ဖြင့် ဟိုတယ်နှင့် ခရီးသွားသင်တန်းကျောင်းတစ်ခုဖြစ်ပေါ်စေရန် အစပြုခဲ့ခြင်းမှာ ၂၀၁၆ ခုနှစ်၊ ဘာလင်မြို့တွင် ကျင်းပပြု လုပ်သော Internationale Tourismus-Börse Berlin(ITB-Berlin-2016)သို့ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတက်ရောက်ခဲ့စဉ် ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးနှင့်အတူ ဟမ်းဘတ်မြို့ Constituency  မှ ရွေးချယ်ခံရသော  ၀ါရင့်လွှတ်တော်အမတ် Mr.Jurgen Klimke အား တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံသို့ အကူအညီပေးနိုင်မည့် အခြေအခြေများကို ဆွေးနွေးခဲ့ကြရာမှ ထွက်ပေါ်လာခဲ့သည့် အကျိုးရလာဒ်ဖြစ်ပါသည်။

သို့အတွက် မိမိနိုင်ငံ၊ မိမိဒေသနှင့် ၀န်ကြီးဌာနအတွက် အကျိုးကို ယူဆောင်ပေးလာမည့်  ဂျာမနီနိုင်ငံသားပညာရှင်နှစ်ဦးအား အထူးပုဂ္ဂိုလ်များအဖြစ် အနီးကပ်လိုက်ပါပို့ဆောင်၍ လိုအပ်သည့် ကိစ္စများ ဆောင်ရွက်ပေးရန် တာဝန်များအပြင် ရခိုင်ပြည်နယ်အရေးနှင့် ဆက်နွယ်၍ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအပေါ်အမြင်လွဲမှားနေမှုများကိုလည်း ၄င်းတို့နှင့်အတူ လိုက်ပါဆောင်ရွက်ရင်း အဖြစ်မှန်များကို ရှင်းပြခွင့်ရရှိခဲ့ခြင်းဖြစ်ပါသည်။ သူက ကျွန်တော်ဆက်လက်ပြောဆိုမည့် စကားကို စောင့်မျှော်နေသည်ထင် သည် ကျွန်တော့်ကို စောင်းငဲ့ကြည့်နေသဖြင့်…..

“Ehlers, အခုခင်များရောက်ခဲ့တဲ့ ရန်ကုန်၊ တနင်္သာရီ၊ ပုဂံ၊ မန္တလေး၊ ညောင်ရွှေ၊ အင်းလေး ဒေသတွေကို အချိန်ကန့်သတ်ချက်အရ ဒီလောက်ပဲပြနိုင်သေးတာ”

စကားမဆက်သေးဘဲ သူ့ကိုကြည့်လိုက်ရာ အလေးအနက်အာရုံစိုက်နားထောင်မှုကိုတွေ့ရ သည်။ ဆက်၍……

“တို့နိုင်ငံမှာတိုင်းဒေသကြီး(၇)ခု၊ ပြည်နယ်(၇)ခု၊ နေပြည်တော်ကောင်စီနယ်မြေ(၁)ခု စုစုပေါင်း (၁၅) ခုရှိတယ်။ ဒီ(၁၅)ခုစလုံးကို အေးချမ်းစွာလည်ပတ်နိုင်တယ်။ လုံခြုံရေးအခြေအနေအရ အချို့နေရာ လေးတွေမှာတော့ ကန့်သတ်မှုလေးတွေရှိတယ်။ ဒါကလည်း ဘယ်နိုင်ငံမှာမဆို ရှိတာပဲ”

“ရခိုင်ပြည်နယ်မြောက်ဖက်မှာဖြစ်ပွားခဲ့တဲ့နေရာဟာ ကမ္ဘာလှည့်ခရီးသွားတွေသွားလာလည်ပတ် တဲ့ နေရာမဟုတ်ဘူးဗျ။ မတည်မငြိမ်ဖြစ်ပွားခဲ့တဲ့ နေရာအ၀န်းအ၀ိုင်းလေးကလွဲလို့ ကျန်တဲ့ရခိုင်ပြည်နယ်၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ ငပလီနေရာအစုံသွားလာလည်ပတ်လို့ရတယ်၊ ကမ္ဘာလှည့်ခရီးသည် တွေ သွားလာလည်ပတ်လျှက်လည်းရှိတယ်”

ကျွန်တော်စကားဆက်ရန် ပြင်ဆင်နေစဉ်မှာပင် Mr.Ehlers မှ

“ဟုတ်တယ် DDG အခုကျွန်တော်တို့ သွားရောက်ခဲ့တဲ့ ဒေသတိုင်းမှာ လူတွေအားလုံးဟာ သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို အေးအေးချမ်းချမ်း၊ လုပ်ကိုင်နေကြသလို ပျော်ပျော်ရွှင်ရွင်ဖြစ်နေကြ တာ သတိထားမိတယ်ဗျ”

သူကဆက်၍……

“မြန်မာနိုင်ငံမှာ ဒီပလိုမာသင်တန်းကျောင်းတည်ထောင်ဖို့အတွက် Feasibility Study သွားဖို့ SES က တာဝန်ပေးတော့ ကျွန်တော်တို့ ဒီမလာခင် မြန်မာနိုင်ငံအကြောင်း မိတ်ဆွေတွေကို မေးမြန်းတဲ့အခါ မြန်မာနိုင်ငံကို တစ်ယောက်မှ မသိကြဘူး၊ စာတွေလိုက် ရှာဖတ်ကြည့်တော့လည်း ရခိုင် ပြည်နယ် အခြေအနေတွေကို ဆိုးဆိုးဝါးဝါးရေးထားတာကိုဖတ်ရတော့ လာရောက်ရမယ့် ရည်မှန်းချက် တာဝန်ဟာ လုံးဝမဖြစ်နိုင်ဘူး (၀)ဇီးရိုးလို့ မှတ်ယူထားခဲ့တယ် DDG။ အခုရောက်တဲ့ အခါကျမှ အထင်နဲ့ အမြင် တစ်ခြားစီဆိုတာတွေ့မြင်ရတယ်”

ခရီးစဉ်တစ်လျောက်လုံး၏ အနှစ်သာရနှင့် ရည်ရွယ်ရာ မြားချက်က ပကတိအခြေအနေမှန် များကို သူ့ကို သိစေချင်သော၊ သူ့ရင်ထဲအထိ ၀င်ရောက်စေချင်သော ဆန္ဒဖြစ်၍ ကျွန်တော့်ဘက်သို့ ပါလာပြီ ဟုယုံကြည်လိုက်သည်။ ယခုခရီးစဉ်မှသာ ဂျာမန်လူမျိုှးနှစ်ဦးနှင့် ပထမဦးဆုံးအကြိမ်ရက်ရှည်ခရီး သွားရောက်ရခြင်းဖြစ်၍ သူတို့၏ စိတ်ဓာတ်နှင့် လူမှုကျင့်ဝတ်အပေါ် တန်ဖိုးထားမှုများကို သိရှိခဲ့ရသည်။

ခရီးစဉ်တွင် ပါလာသော ဂျာမန်ပညာရှင်တစ်ဦးဖြစ်သူ Mr.Helmut မှာ အသက်(၇၅)နှစ် အရွယ်ရှိသော်လည်း၊ မည်သူတစ်ဦးတစ်ယောက်၏ ဖေးမဆွဲထူ၊ တွဲကူခြင်းကိုလက်မခံ၊ ယဉ်ကျေးစွာ ငြင်းဆန်သည်။ သူ့အိတ်ကို သူ့ဘာသာသယ်ယူသည်။ သူ့ထီးသူဖွင့်ဆောင်းသည်။ ကျွန်တော်တို့၏ ဧည့်ခံမှုများ၊ ဂရုစိုက်မှုများက အပန်းမကြီးလှသော်လည်း ဂျာမန်(၂)ဦးမှ ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါ ပြောကြားနေမှုမှာ ကျွန်တော်ပင်ပြန်အားနာလှသည်။

မထင်မှတ်စွာ Mr.Helmut ကျန်းမာရေးမကောင်း၍ ဆေးခန်းပြရသည်။ မြန်မာနိုင်ငံမှ ဆရာဝန် ကလေးဖြစ်စေကာမူ အဆိုပါဆရာဝန်၏ ဆေးကုသမှုကို လေးစားစွာလိုက်နာဆောင်ရွက်သည်။ ဆေးခန်း မှ သောက်ဆေးများကို ထည့်ရန် ပလတ်စတစ်အိတ်ပေးရာ လုံးဝမယူ။ ဆေးများကို လက်ထဲတွင် ဆုပ်ကိုင် ပြီး ၄င်း၏ဘေးလွယ်အိတ်ထဲသို့ ထည့်သည်။ ကျွန်တော်တို့ အတုယူ၍ အလေ့အထဖြစ်နိုင်ရန် နှစ်ကာလ အတန်ကြာလေ့ကျင့်ယူရပါဦးမည်။

မြန်မာလူမျိုးတို့၏ စိတ်ရင်းနှင့်အညီ ဧည့်ဝတ်ကျေပွန်ခြင်း၊ ဂရုတစိုက်ရှိခြင်းများကြောင့် ဂျာမန် (၂)ဦးအတွက် သီးခြားစီစဉ်ပေးထားသော ဧည့်လမ်းညွှန်၏ ဧည့်ဝတ်ကျေပွန်မှုအပေါ်တွင်လည်း  “အမေနဲ့ တူလိုက်တာ” ဟု မကြာခဏ ပြောတတ်သည်။

ကျန်းမာရေး အခြေအနေအရ Mr.Helmut မှာ ညောင်ရွှေ၊အင်းလေးသို့ ဆက်လက်မလိုက် ပါတော့ဘဲ၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ထိုမှတဆင့် ဗီယက်နမ်နိုင်ငံမှ ဂျာမနီနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ Mr.Helmut အား မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်လံ ပို့ဆောင်နှုတ်ဆက်ပြီး၊ သူနှင့် သူ့ဇနီးအတွက် အမှတ်တရကျောက်စိမ်းလက်ကောက်(၂)ကွင်း ပေးအပ်ရာ ချက်ချင်းပင် သူ၏ လက်ကောက်ဝတ်တွင် ၀တ်ဆင်ပြီး၊ ကျွန်တော့်အား ကျန်းမာရေးကောင်းမွန်ပါက နောက်တစ်ခေါက်မိသားစုနှင့် ပြန်လာဦးမည်ဖြစ်ကြောင်း၊ လှိုက်လှိုက်လှဲလှဲအထပ်ထပ်အခါခါပြောဆိုရာ ကျွန်တော်မှလည်း မြန်မာနိုင်ငံအပေါ် အမြင်လွဲမှားနေသော အမြင်များအပေါ် ယခုလာရောက်သော ခရီးစဉ်များအရ မျက်မြင်တွေ့ကြုံရပြီဖြစ်၍ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေများနှင့် တပည့်များကို ထပ်ဆင့် ပြောပြပေးဖို့ လေးလေးနက်နက်မေတ္တာရပ်ခံလိုပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားဒီပလိုသင်တန်းကျောင်း ဖြစ်မြောက်ရေးအတွက် ထပ်မံလာရောက်နိုင်မယ်လို့ ယုံကြည်ပါကြောင်း၊ ကြိုဆိုပါကြောင်း၊ ပြန်လည် ဆုံတွေ့ကြမည်ဖြစ်ကြောင်း၊ လမ်းခရီးဖြောင့်ဖြူးပါစေကြောင်း ပြောကြားရင်း နှုတ်ဆက်ခွဲခွာခဲ့ကြသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အေးချမ်းသာယာလှပမှု၊ မြန်မာလူမျိုးတို့၏ စိတ်သဘောထား ဖြူစင်ဖော်ရွေမှု၊ ဧည့်သည်အပေါ်ဧည့်ဝတ်ကျေပွန်မှုများအပေါ်၊ အသိအမှတ်ပြုဝန်ခံလာခြင်းနှင့် ဟိုတယ် နှင့်ခရီးသွားဘာသာရပ် ဒီပလိုမာသင်တန်းကျောင်းတည်ဆောက်နိုင်ရေးအတွက် (၀) ဇီးရိုးအဆင့်မှ (+) အပေါင်းလက္ခဏာဆောင်လာရုံသာမက တည်ထောင်သင့်သည်ဟု Mr.Ehlers မှ မှတ်ချက်ပြုဝန်ခံလာ ပြီဖြစ်၍ တနသာင်္ရီတိုင်းဒေသကြီးတွင် ဖြစ်ထွန်းလာမည့် ဟိုတယ်နှင့်ခရီးသွားဘာသာရပ် ဒီပလိုမာ သင်တန်းကျောင်းအတွက် ကြိုတင်ရင်ခုန်မိသလို၊ Mr.Ehlers နှင့် Mr.Helmut တို့မှတဆင့် ၄င်းတို့၏ မိသားစု၊ မိတ်ဆွေ၊ တပည့်များထံသို့ ထပ်ဆင့်ရောက်ရှိသွားမည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာလှပမှု သတင်း ကောင်းများအတွက်လည်း ကျေနပ်မိသည်။

Mr.Ehlers က ဟိုတယ်နှင့်ခရီးသွားဘာသာရပ်ဆိုင်ရာဒီပလိုမာ သင်တန်းကျောင်း၏ အခွင့် အလမ်းအခြေအနေကို ပြောနေရင်းတစ်ဆက်တည်းပင်…..

“DDG  အခု အင်းလေးကန်ထဲက Inle Heritage ကို လေ့လာတဲ့အခါ လူငယ်တွေရဲ့ ဘ၀ရှေ့ရေးအတွက် အခိုင်အမာပြင်ဆင်ပေးထားတဲ့ ရေရှည်စီမံကိန်းချမှတ်ထားရှိမှုကို တွေ့ရတယ်။ စနစ်တကျ စီမံခန့်ခွဲမှုနဲ့အတူ သင်တန်းသားတွေကို စာတွေ့၊ လက်တွေ့အပြင် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့် ပျိုးထောင်မှု၊ တစ်ဦးချင်းစီရဲ့ ဖန်တီးနိုင်မှု၊ စိတ်ကူးစိတ်သန်းပုံဖော်ခွင့်တွေကို ဆောင်ရွက်နိုင်ခွင့်ပေးထား တာတွေဟာ တကယ့်ကို အတုယူစရာကောင်းတယ်ဗျာ၊ နောက်တစ်ကြိမ် ဒီပလိုမာသင်တန်းကျောင်းကိစ္စ အတွက် ထပ်မံလာရောက်တဲ့အခါ ကျွန်တော့်ကျောင်းသားတွေကိုလည်း ဒီကိုခေါ်လာပြီး လေ့လာစေဦး မယ်ဗျာ”

မြန်မာနိုင်ငံထက်များစွာသာလွန်တိုးတက်ဖွံ့ဖြိုးသော ဂျာမနီနိုင်ငံမှပင် အင်းလေးကန်ထဲမှ သင်တန်းကျောင်းလေးသို့ လာရောက်လေ့လာရန် ဖြစ်ပေါ်လာသော သူ၏စိတ်ဆန္ဒများက ကျွန်တော်တို့ နိုင်ငံအတွက်ဂုဏ်ယူစရာပင်။

Feasibility Study ပြီးဆုံး၍ ကွင်းဆင်းလေ့လာဆောင်ရွက်မှုတွေ့ရှိချက်များအား Mr.Ehlers မှ ပြည်ထောင်စုဝန်ကြီးအား တွေ့ဆုံကာ ထားဝယ်မြို့တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်ရန်အတွက် ကူညီထောက်ပံ့ပေးနိုင်မည့်ကိစ္စများကို အသေးစိတ်တင်ပြသွားပြီး နေပြည်တော်မှ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံမှတဆင့် ဂျာမနီနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

ကျွန်တော်မအားလပ်သဖြင့် Mr.Ehlers အား လေယာဉ်ကွင်းသို့ လိုက်ပါမပို့ဆောင်နိုင်သော်လည်း လေယာဉ်ကွင်းသို့ မထွက်ခွာမီ ကျွန်တော့်ရုံးခန်းတွင် သူနှင့်စကားပြောဖြစ်ကြသည်။

Mr.Ehlers မှ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလှည့်ခရီးသည်များ လာရောက်ရန် အခြေခံကောင်း တွေအများကြီးရှိကြောင်း၊ လူ့စွမ်းအားအတွက် အရင်းအမြစ်များ အလုံအလောက်ရှိကြောင်း၊ နေထိုင် ခဲ့ရသော ကာလအတွင်း မြန်မာလူမျိုးများ၏ စိတ်ရင်းစေတနာများကို အနီးကပ်လေ့လာ ခွင့်ရရှိခဲ့ကြောင်း၊ သို့အတွက် ဂျာမနီနိုင်ငံအနေနှင့် ဟိုတယ်နှင့်ခရီးသွားဘာသာရပ် ဒီပလိုမာသင်တန်း ကျောင်းတည်ထောင် နိုင်ရန် ငွေကြေး၊ နည်းပညာများကို အထောက်အပံ့ပြုနိုင်ရန် အစွမ်းကုန်ကြိုးစားပြီး ၄င်းတို့ကိုယ်တိုင်လည်း အဆိုပါသင်တန်းကျောင်းအတွက် ထပ်မံလာရောက်ဦးမှာဖြစ်ကြောင်း အထပ်ထပ်အခါခါ ပြောကြားပါသည်။

ကျွန်တော်လည်း သူနှင့်သူ့ဇနီးအတွက် အမှတ်တရလက်ဆောင်ကို ပေးအပ်ရင်း ကျွန်တော် သိချင်သော မေးခွန်းတစ်ခုကိုမေးမိသည်။ မေးရသည်ကလည်း အကြောင်းရှိသည်။ ပုဂံရောက်စဉ်မိတ်ဆွေ တစ်ယောက်က ဘူးဘုရားအနားရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားသော သူ၏ Erawati Raft တွင် Sunset ကြည့်ရှုရန် ဖိတ်ကြားသဖြင့် Mr.Helmut ၊ Mr.Ehlers တို့နှင့်အတူ Sunset ကြည့်ရှုရင်း ညစာအတူစားဖြစ်ကြသည်။

“ Ehlers ခင်ဗျားတို့နဲ့ ကျွန်တော်ဧရာဝတီမြစ်ကမ်းစပ် Erawati Raft မှာ Sunset ကြည့်ကြ တယ်။ ခင်များတို့ဥရောပနိုင်ငံသားတွေဟာ ဘာဖြစ်လို့များ Sunset နဲ့ Sun Rise ကို အရမ်းနှစ်သက် ကြတာလဲ ”ဟုဖြစ်သည်။

Mr.Ehlers  က ကျွန်တော်မေးတာကို မဖြေသေးဘဲ ပြုံးပြီး  ကျွန်တော်လက်ဆောင်ပေးတဲ့ ကျောက်စိမ်းလက်ကောက်ကို သူ့လက်မှာအရင်စွပ်သည်။ ပြီးမှ ………

̏“DDG  ဒါဟာ Romantic ပဲလေ” တဲ့

သူ့ရင်ထဲဝင်အောင် ခရီးစဉ်တစ်လျှောက်လုံး ကျွန်တော်ပစ်ခဲ့သော မြားချက်များကမနည်း။ ကျွန်တော်ပစ်ခဲ့သော မြားချက်က ထိရောက်ခဲ့သလို သူပြန်ပစ်ခဲ့သော မြားကလည်း ထိရောက်ပါပေသည်။

နှုတ်ဆက်ကာ ထွက်ခွာသွားသော သူ့အားခေါ်ဆောင်သွားသည့် ကားလေးက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီသို့ တူရှုသွားနေပြီ ဖြစ်သည်။

မိုးသည်းထန်မှုကြောင့် မကြာမီမြင်ကွင်းက ပျောက်ကွယ်တော့မည့် ကားနောက်ပိုင်းမီးအား ၀ိုးတ၀ါးလှမ်းကြည့်ရင်း……..

မြန်မာပြည်အတွက် ကောင်းကျိုးများ ဆောင်ကျဉ်းယူဆောင်ကာ Erawati Raft တွင် Romantic ခံစားဖို့ Mr.Helmut နှင့် Mr.Ehlers တို့ နှစ်ဦးမိသားစုများနှင့်အတူ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိလာမည်ဟု ယုံကြည်လိုက်ပါသည်။

မြင့်ထွေး(ဟိုတယ်/ခရီး)

(၁၆.၈.၂၀၁၈)

အစိုးရသစ်၏ဒုတိယ(၁) နှစ်တာကာလအတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့မှု အစီအစဉ်များ


ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစားအသီးသီးထံသို့ ဝင်ငွေများ တိုက်ရိုက်၊ သွယ်ဝိုက်၊ တစ်ဆင့်ခံနည်း လမ်းများဖြင့် စီးဝင်ရောက်ရှိစေခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိစေနိုင်သော မီးခိုးမထွက် သည့် စက်ရုံလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ထိုသို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွဲဆောင်မှု ရှိသော ခရီးစဉ်ဒေသများရှိခြင်း (Attraction)၊ သွားလာမှုလွယ်ကူခြင်း (Accessibility)၊ တည်းခိုနေရာထိုင်ခင်းရှိခြင်း (Accommodation) နှင့် စီမံခန့်ခွဲမှုရှိခြင်း (Administration) စသည့်တို့ရှိရန် လိုအပ်ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကခရီးသွား လုပ်ငန်း ကဏ္ဍတို့နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည် အရေအတွက်မှာလည်း နှစ်စဉ် မှန်မှန် တိုးတက်လျက်ရှိပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်သည့် စာရင်း ဇယားကောက် ယူမှု အခြေအနေအရ ၂၀၁၆ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား (၂.၉၀) သန်း လာရောက်လည်ပတ်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် (၃.၄၄) သန်းထိ လာရောက်လည် ပတ်ခဲ့ပါသည်။

ဝန်ကြီးဌာန၏မူဝါဒ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ ယခု အစိုးရသစ်တာဝန်ယူသည့် အချိန်မှစ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အောက်ပါ မူဝါဒ (၆) ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-
(က) ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများကို နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာ ဖွေပေးသည့် အရေးကြီးသော စီးပွားရေးကဏ္ဍတစ်ခုဖြစ်စေရေး။
(ခ) ခရီးသွားလုပ်ငန်းရေရှည်တည်တံ့ရေးအတွက်တိုင်းရင်းသားအားလုံး၏ ယဉ်ကျေး မှုအမွေအနှစ်များ၊ ဓလေ့ထုံးစံများ၊ ရေ မြေ တောတောင်သဘာဝပတ်ဝန်းကျင် များကို ထိန်းသိမ်းစောင့်ရှောက်ရေး။
(ဂ) ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတိုးတက်ကျယ်ပြန့်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး။
(ဃ) နိုင်ငံတကာနှင့်ဒေသတွင်းချုပ်ဆိုထားသောသဘောတူစာချုပ်များကို နိုင်ငံ၏ အကျိုးစီးပွားနှင့်ယှဉ်၍ တတ်စွမ်းသမျှ အကောင်အထည်ဖော်ဆောင်ရေး။
(င) ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ခရီးသွားလုပ်ငန်းကဏ္ဍအနေဖြင့် ပါဝင်ဖြည့် ဆည်းအကျိုးပြုရေး။
(စ) ရေရှည်တည်တံ့ခိုင်မြဲပြီး အများပါဝင်မှုရှိသော တာဝန်သိခရီးသွားလုပ်ငန်းဖော် ဆောင်ရေး။

ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ

ဝန်ကြီးဌာနအနေဖြင့် ချမှတ်ထားသောမူဝါဒများ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါ သည်-
(က) မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစီမံကိန်းပါ ဦးစားပေးလုပ်ငန်းများအတွက် လိုအပ် သာ အကူအညီများကို ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိနိုင်ရေးဆောင် ရွက်ရန်။
(ခ) မြန်မာနိုင်ငံကို ထင်ရှားသည့် ခရီးစဉ်ဒေသဖြစ်အောင် ပြည်တွင်း/ ပြည်ပလုပ်ငန်း များ၊ အဖွဲ့အစည်းများ အကူအညီဖြင့်မြှင့်တင်ကြော်ငြာမှုလုပ်ငန်းများကို ကျယ် ပြန့်စွာ ဆောင်ရွက်ရန်။
(ဂ) နှစ်စဉ်နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှု တိုးတက်မြှင့်မားရေး အမျိုးသားဝင်ငွေ တိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးတို့အတွက် နည်းလမ်း များ ရှာဖွေဆောင်ရွက်ရန်။
(ဃ) ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာများ တိုးတက်မြှင့်မားလာစေ ရေးနှင့် အတတ်ပညာများ စနစ်တကျတိုးတက်ပြန့်ပွားစေရေးတို့အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ပြပွဲများ၊ Conference များ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရန်။
(င) ခရီးစဉ်ဒေသအလိုက် ဆွဲဆောင်မှုနေရာများ ပြကွင်း/ပြကွက်များ စုံလင်အောင် ဖော်ထုတ်ရန်။
(စ) မြန်မာနိုင်ငံ ခရီးစဉ်ဒေသများအလိုက် ရှိနှင့်ပြီးသော ဆွဲဆောင်မှုများကို ရေရှည် တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခရီးစဉ်ဒေသအသစ်နှင့် ဆွဲဆောင်မှု အသစ်များ တိုးချဲ့ဆောင်ရွက်ရန်။
(ဆ) နိုင်ငံအဆင့်၊ ဒေသအဆင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် အထောက်အကူပြုလုပ်ငန်းများ ပေါ်ထွန်းလာရေးတို့ အတွက် စီမံဆောင်ရွက်ရန်နှင့် ပြည်ပအဖွဲ့အစည်းများ၏ အကူအညီရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်။
(ဇ) အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဝင်/ထွက်ပေါက်များတွင် ခရီးသွား ဧည့်သည်များ အဆင်ပြလွယ်ကူစွာ ဝင်/ထွက်နိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက် ရန်။
(ဈ) ခရီးသွားလုပ်ငန်းအတွက် အထောက်အကူပြု လုပ်ငန်းအမျိုးအစားများဖြစ်သည့် ခရီးလှည့်လည်ပြသခြင်းလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ စားသောက် ဆိုင်လုပ် ငန်း၊ အမှတ်တရပစ္စည်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း စသည်တို့ကို စနစ်တကျ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး လမ်ညွှန်ထိန်းသိမ်းရန်။
(ည) မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဥပဒေ၊ နည်းဥပဒေများကို ခေတ်နှင့်အညီ ပြန်လည်သုံးသပ် ပြုပြင်ရေးဆွဲရန်။
(ဋ) တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ကိုင် ဆောင်ရွက်နေသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုး တိုးတက်လာအောင် စီမံဆောင်ရွက်ရန်။
(ဌ) လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆိုင်ရာ အသက်မွေး ဝမ်းကျောင်းမှု သင်တန်းမှ အဆင့်မြင့်သင်တန်းများအထိ ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ရန်။
(ဍ) ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု သင်တန်းများ တွင် အာဆီယံစံနှုန်းများနှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်းများဖြင့်လေ့ကျင့် သင်ကြားစေခြင်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းများအတွက် စနစ်တကျ ဖွဲ့စည်းပြီး ကြပ်မတ်ဆောင်ရွက်ရန်။
(ဎ) ခရီးသွားလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု မထိခိုက်စေရေး ယဉ်ကျေးမှု အမွေအနှစ်များ မပျက်စီး မပျောက်ကွယ်စေရေး လူမှုရေးပြဿနာများ မပေါ် ပေါက်စေရေးစီပွားရေးဆိုင်ရာ ပြဿနာများ မဖြစ်ပေါ်စေရေးတို့အတွက် မျက်ခြေ မပျက် ဂရုစိုက်ထိန်းသိမ်း စောင့်ရှောက်ရန်။
(ဏ) လေကြောင်း၊ ရေကြောင်းနှင့် ကုန်ကြောင်းခရီးစဉ်များအတွက် လေယာဉ်၊သင်္ဘော၊ ရထား၊ မော်တော်ယာဉ်များ စံချိန်စံညွှန်းနှင့်အညီ ဝန်ဆောင် မှုပြုနိုင်ရေး ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ပေးရန်။
(တ) ခရီးသည်ရောက်ရှိမှုနှင့် ဒေသအလိုက် ဝန်ဆောင်မှုပေးနိုင်ရေး အခြေအနေမျှတမှု ရှိ/ မရှိ ထိန်းသိမ်းကြပ်မတ်ခြင်း၊ အခြားအစီ အစဉ်ထားရှိခြင်း တို့ပြု နိုင်ရေးတို့ အတွက် သုတေသနနှင့် ဆန်းစစ်ခြင်းလုပ်ငန်းများကို နှစ်စဉ်ပြုလုပ်ရန်။
(ထ) ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုကြောင့် ခရီးစဉ်ဒေသအတွင်း ဆင့်ပွားအကျိုးသက်ရောက် မှု လူမှုအဆင့်အတန်းဖွံ့ဖြိုးမှု ဆင်းရဲလျော့ချနိုင်မှုတို့ကို မှန်ကန်တိ ကျသော ကိန်း ဂဏန်းများဖြင့် ဖော်ထုတ်ပြသရန်။
(ဒ) ပြည်သူများမှ ပြည်ပသို့ ထွက်ခွာသွားလာနိုင်သည့် ပြည်ပထွက်ခွာသည့် ခရီးသွား လုပ်ငန်း (Outbound Tourism) ကို ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ စနစ် တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး စည်းမျဉ်း၊ စည်းကမ်းများဖြင့် လုပ်ကိုင်ခွင့်ပြုရန်။
(ဓ) ပြည်တွင်းခရီးသွားလုပ်ငန်း (Domestic Tourism) ကို စနစ်တကျ ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ရန်။

ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းဆောင်ရွက်မှုများ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ဒေသခံပြည်သူလူထု အချိန်တိုတိုအတွင်း အကျိုးရှိစေမည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ဆောင်ရွက်နိုင်မည့်နေရာများအားရွေးချယ်သတ်မှတ်လျက်ရှိပြီးလက်ရှိတွင်အောက်ပါနေရာ(၁၅)ခုတွင်လုပ်ငန်းများအကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပါသည်-
(၁) ကချင်ပြည်နယ်၊ အင်းတော်ကြီးအိုင်ပတ်ဝန်းကျင်ကျေးရွာများ
(၂) ကယားပြည်နယ်၊ လွိုင်ကော်ရှိပန်ပက်နှင့် တနီးလာလဲကျေးရွာများ (၃) ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသ
(၄) ရှမ်းပြည်နယ်၊ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိလွယ်ခေါ်၊အင်းနီ၊ ထီးနဲ့နှင့်ကက္ကူကျေးရွာများ
(၅) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိကျေးရွာများ
(၆) မကွေးတိုင်းဒေသကြီး၊ စလေမြို့နယ်ရှိမကျီးကန်ကျေးရွာ
(၇) မန္တလေးတိုင်းဒေသကြီး၊ မင်းကွန်းနှင့်ကျောက်မြောင်းရွာ ကြားရှိရွာ (၆)ရွာ၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်စောင့်ရှောက်ရေး
(၈) ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာ
(၉) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဆော်လောင်းကျေးရွာ
(၁၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရှိကျေးရွာများ
(၁၁) မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဆီသည်ကျေးရွာနှင့် မြစ်ကမ်းကြီး

ကျေးရွာ

(၁၂) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တာရွှန်းရွာ
(၁၃) ညောင်ရွှေမြို့နယ်ရှိလွယ်နွဲ့ဘုရားတောင်ရေဆိပ်ကျေးရွာ
(၁၄) ညောင်ရွှေမြို့နယ်၊ စကားကျေးရွာ
(၁၅) ရှမ်းပြည်နယ်၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်ရှိစီကျအင်း ကျေးရွာ၊ ပင်စိမ်းပင်ကျေးရွာ

၎င်းအပြင် အောက်ပါနေရာ(၆)ခုတွင်လည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ကျန်ရှိသော စီမံကိန်းများအား ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်−
(၁) ရွာငံမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရာဇကြီးကျေးရွာနှင့် တောင်မြင့် ကျေးရွာ
(၂) လောင်းလုံမြို့နယ်၊ ထားဝယ်ခရိုင်၊ စမ်းလှမ်းကျေးရွာ
(၃) ဒုံညောင်းမှိုင်းကျေးရွာ၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်
(၄) မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဆင်တောင်ကျေးရွာ၊ Myanmar Hill Lodges ခရီးသွားလုပ်ငန်း
(၅) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ခမိုး- ညောင်သာယာ- ခိုပြင်ကျေးရွာများ
(၆) ကော့သောင်းမြို့နယ်၊ ကော့သောင်းခရိုင်၊ မကြုံဂလက်ကျေးရွာ

၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့မှ (၈) ရက်နေ့ထိ နေပြည်တော်၌ CBT စံ သတ်မှတ် ချက်များပြဌာန်းနိုင်ရေး အစည်းအဝေး ကိုပြည်ထောင်စုဝန်ကြီးဦးဆောင်၍ GIZ ၊ Lux Dev ၊ ITC၊ CBI တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
တာဝန်သိခရီးသွားလုပ်ငန်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၅-၆)ရက်နှင့် (၇)ရက်နေ့များတွင် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး ခရီးသွားလုပ်ငန်းမူဝါဒများကို ချမှတ်အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

အုပ်ချုပ်ရေးဆိုင်ရာဆောင်ရွက်မှုများ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာ ရေးဥပဒေအသစ်ကိုရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ထားပြီးဖြစ်ပါသည်။ ၎င်း ဥပဒေ အသစ်ပြဌာန်းပြီးပါက လက်ရှိဝန်ကြီးဌာနမှ ခွင့်ပြုပေးနေသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လိုင်စင်များကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများမှ ခွင့်ပြုပေးမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ဒေသအတွင်းပင် လုပ်ငန်းလိုင်စင်များ ပိုမိုလွယ်ကူအဆင်ပြေစွာ လျှောက်ထား ရယူနိုင်တော့မည် ဖြစ်ပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အရည်အချင်းပြည့်ဝသော မျိုးဆက်သစ် ဝန်ထမ်းများ ပေါ်ပေါက်ရေးအတွက် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မန္တလာကောလိပ်နှင့် အမျိုးသားစီမံခန့်ခွဲမှုကောလိပ် (ရန်ကုန်) တို့မှ B.A(Tourism)ဖြင့် ဘွဲ့ရရှိခဲ့သည့် ကျောင်းသား/ ကျောင်းသူ(၂၆)ဦးနှင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် (၁၅)ဦး၊ စုစုပေါင်း(၄၁)ဦးအား အကြီးတန်း စာရေးရာထူးဖြင့် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။
ပထမအကြိမ်အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးကို၂၀၁၇ခုနှစ်၊ဧပြီလ(၂၆) ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးကို၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ (၂၁) ရက်နေ့တွင်နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဌဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူတက်ရောက်ခဲ့ပြီး၊ အဆိုပါညှိနှိုင်းအစည်းအဝေးပွဲတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ခရီးသွား လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ခရီးသွားလုပ်ငန်း၏ လိုအပ်ချက်များနှင့် ပြုပြင်ပြောင်းလဲမှုပြုရမည်များကို ဆွေးနွေးညှိနှိုင်း ခဲ့ပါသည်။

ခရီးသွားမြှင့်တင်မှုဆိုင်ရာ ဆောင်ရွက်မှုများ

ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ နေပြည်တော်၊ မွန်-ကရင်၊ မြိတ်ကျွန်းစု၊ ပျူရှေးဟောင်းမြို့များ၊ ကယား၊ မကွေး၊ စစ်ကိုင်း၊ ကျိုက်ထီးရိုး၊ ချင်းတောင်တန်း ခရီးစဉ်ဒေသနှင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ လက်ကမ်းစာစောင်များ၊ အထင်ကရခရီးစဉ်ဒေသ များကို ဖော်ပြထားသည့် Welcome to the Golden Land၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍနှင့်ပတ်သက်သည့် အချက်အလက်များကို နှစ်အလိုက်ထုတ်ဝေ ထားသည့် Myanmar Tourism Statistics လက်ကမ်းစာစောင်များ၊ နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် Dos and Don’ts Booklets များ၊ Let the Journey Begin DVD၊ Visit Myanmar Now DVD -5 နှင့် Enchanting Myanmar DVD , Myanmar Rising DVD များနှင့် ဆွမ်းအုပ်ပုံ Memory Stick များ ကိုထုတ်ဝေခဲ့ပြီး ပြည်တွင်းနှင့်နိုင်ငံတကာခရီးသွားပြပွဲများ၊ ပြည်ပသံရုံးများ၊ ကောင်စစ်ဝန်ရုံးများမှတဆင့်နိုင်ငံတကာသို့ ဖြန့်ချီ၍ ခရီးသွားကဏ္ဍအားမြှင့် တင်ကြော်ငြာနိုင်ခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့်အဓိကခရီးစဉ်ဒေသများတွင် Information Counter များဖွင့်လှစ်၍ ခရီးသွားဧည့်သည်များအတွက် လိုအပ်သော လမ်းညွှန်မှုများနှင့် သတင်းအချက်အလက်များကို ဖြန့်ဝေလျှက်ရှိပြီး လက်ရှိလက်ကမ်းစာစောင်များကို ပိုမိုဆွဲဆောင်မှုရှိသော ဒီဇိုင်းပုံစံ များဖြင့်ပြင်ဆင် ထုတ်ဝေခြင်း၊ အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်၍ လက်ကမ်းစာစောင်များ တိုးချဲ့ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ပြီး ဝန်ကြီးဌာန၏ Website အားနိုင်ငံတကာဘာသာစကားများဖြင့် အဆင့်မြှင့်တင်ရေး ဆောင်ရွက်လျှက်ရှိသည့်အပြင် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံနှင့်ခရီးသွားဧည့်သည်များ အလွယ်တကူသိရှိနိုင်ရေးအတွက် You Tube၊ Facebook၊ Instragram စသည့် Social Media များမှတဆင့် ဆောင် ရွက်လျက်ရှိပါသည်။
နှစ်စဉ် နိုင်ငံတကာခရီးသွားပြပွဲများဖြစ်သော စင်္ကာပူ ASEAN Tourism Travex ၊ ဂျာမနီ ITB Berlin၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပသည့် Thailand Travel Mart plus၊ JATA Tourism Expo၊ စင်္ကာပူနိုင်ငံ ကျင်းပသည့် ITB ASIA၊ Cambodia Travel Mart၊ China International Travel Mart၊ Moscow International Travel Mart၊ International Travel Expo Ho Chi Minh City (ITE-HCMC)၊ ဗြိတိန် World Travel Mart စသည့် နိုင်ငံတကာခရီးသွားပြပွဲများသို့ ပါဝင်တက်ရောက်ပြသလျက်ရှိပါသည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် စင်္ကာပူနိုင်ငံအခြေစိုက် Sphere Exhibits Private Ltdတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ Conference (Myanmar Hospitality & Tourism Conference) ကို ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့ပါသည်။
ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများအကြား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံများ၊ အစည်းအဝေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများအား မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် အဖွဲ့ အစည်းများ၊အခြားဆက်စပ်ဝန်ကြီးဌာနများ၊ ဒေသခံလူမှုအဖွဲ့အစည်းများ၊ အစိုးမဟုတ်သောအဖွဲ့အစည်းများ NGO၊ နိုင်ငံတကာမှ အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများ INGO၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် LuxDev, GIZ, CBT, ITC, PFC တို့နှင့်လည်း ဆက်သွယ်ဆောင် ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံကို ကမ္ဘာတစ်ဝှမ်းမှ သိရှိနိုင်ရေးအတွက် နိုင်ငံတကာရုပ်သံလိုင်းများနှင့်လည်းကောင်း၊ ဥရောပ၊ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွား လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် မီဒီယာများပါဝင်သော Mega Joint FAM Trip နှင့် Education Trip to Myanmar စသည့် FAM Trip များအားလည်းကောင်း ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပါသည်။
ထိုင်းနိုင်ငံအခြေစိုက် Hay ASEAN an English Online Travel Program ရိုက်ကူး ရေးအဖွဲ့မှ ဇွန်လတွင်လည်းကောင်း၊ ဂျပန်နိုင်ငံ NHK International Inc ရိုက်ကူးရေးအဖွဲ့မှ စက်တင်ဘာလတွင်လည်းကောင်း၊ ASEAN China Center (ACC) ၏အစီအစဉ်နှင့် တရုတ်နိုင်ငံ Bejing Television (BTV) ၏ အစီအစဉ် တို့ဖြင့်အာဆီယံနှစ် (၅၀) ပြည့် အထိမ်းအမှတ်နှင့် အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှစ်အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်ရိုက်ကူးခဲ့ပါသည်။
ကယားပြည်နယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Project on all Inclusive Tourism focusing on Kayah State အရ အလုပ်ရုံဆွေးနွေးပွဲနှင့် (FAM Trip) အစီအစဉ်ကို ပုဂ္ဂလိကခရီးသွားလုပ်ငန်းရှင်များ မီဒီယာများမှ စုစုပေါင်း(၄၀) ဦးခန့် ပါဝင်သောအဖွဲ့ဖြင့် (၁၇-၂-၂၀၁၇) ရက်နေ့မှ (၂၀-၂-၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
တရုတ်အမျိုးသားခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့နှင့်ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့ပူးပေါင်းစီစဉ်မှုဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ၂၀၁၇ခုနှစ်၊ မတ်လ (၁) ရက်နေ့နှင့် (၂) ရက်နေ့တို့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုနှင့်ယဉ်ကျေးမှုဖလှယ်နိုင်ရန် ယူနန်ပြည်နယ်မှ ယမ်လိဖိန်အနုပညာအဖွဲ့ကိုဖိတ်ခေါ်ပြီး ဖျော်ဖြေတင် ဆက်ခဲ့ပါသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် တရုတ်-မြန်မာယဉ်ကျေးမှုပဒေသာကပွဲကို (၂၅-၁၁-၂၀၁၇) မှ (၁-၁၂-၂၀၁၇) အထိ နေပြည်တော်၊ ရန်ကုန်၊ ပုဂံ၊ မန္တလေးမြို့များတွင် ကျင်းပခဲ့ပါသည်။
ဝန်ကြီးဌာနနှင့်ခရီးသွားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ (Myanmar International Travel Mart) များကိုရန်ကုန်နှင့်မန္တလေးမြို့များတွင် ကျင်းပခဲ့ပါ သည်။၂၀၁၇ခုနှစ်၊အောက်တိုဘာလတွင် ရန်ကုန်မြို့၌ခရီးသွားလုပ်ငန်းကဏ္ဍနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာကျင်းပခဲ့ပါသည်။ Mandalay Travel Show 2017 ကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလက မန္တလေးမြို့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
မြန်မာနှင့်ဂျပန်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေရန်၊ မျိုးဆက်သစ်လူငယ်များ အကြားငြိမ်းချမ်းရေးကို ဖော်ဆောင်လာနိုင်စေရန် မြန်မာနိုင်ငံနှင့်နေပြည်တော်သို့ ဂျပန်ခရီးသွားများ ပိုမိုလာရောက်စေရန်နှင့် မြန်မာနိုင်ငံအား ကမ္ဘာ့ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ကြေငြာစေရန် ရည်ရွယ်၍ ချယ်ရီပန်းစိုက်ပျိုးပွဲတော် (ပထမအကြိမ်) ကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီးချယ်ရီပန်းပင်(၁၀၀)ကိုစိုက်ပျိုးခဲ့ပါသည်။ ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင်လည်း ဒုတိယအကြိမ် ချယ်ရီပင်များကို စိုက်ပျိုးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စုစုပေါင်း ချယ်ရီပင်ပေါင်း (၁၀၀၀)ကို အပြီး သတ်စိုက်ပျိုးသွားမည်ဖြစ်ပါသည်။

နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ချက်များ

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည့်အနေဖြင့် ထိုင်းနိုင်ငံ၊ ခရီးသွားလုပ်ငန်းနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးအနေဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့မှ (၁၂) ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း မြန်မာ-ထိုင်း ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံ၊ခရီးသွား လုပ်ငန်းနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးတို့ (၁၁-၁-၂၀၁၇) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
“Angkor-Bagan: Two Ancient Cities- One Destination” ပူးပေါင်း ဆောင်ရွက်အကောင်အထည်ဖော်မှုလုပ်ငန်းအစီအစဉ် (၂၀၁၇-၂၀၂၀) Action Plan ကို (၁၇.၁၁.၂၀၁၇) ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိ(ပ်) မြို့၌ နှစ်နိုင်ငံ ခရီးသွားဝန်ကြီး များက လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် ပုဂံ-ညောင် ဦးသို့ နိုင်ငံတကာ လေယာဉ် ဆင်းသက်နိုင်ရေးနှင့် ဗီဇာကိစ္စစီစဉ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက် လျှက်ရှိပါသည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာအစီအစဉ်၂၀၁၆-၂၀၂၅(ASEAN Tourism Strategic Plan 2016-2025)၏ ရည်ရွယ်ချက်ဖြစ်သော အာဆီယံဒေသအား တစ်ခုတည်းသောခရီးစဉ်ဒေသဖြစ်မြောက်ရေးအတွက် အာဆီယံခရီးသွားလုပ်ငန်းအာဏာ ပိုင်များ(NTOs) အစည်းအဝေးများနှင့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့် အစည်းအဝေးများတွင် အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံမှ ပုံမှန်တက်ရောက်လျှက်ရှိပြီး အာဆီယံခရီးသွာလုပ်ငန်းဆိုင်ရာ ရည်မှန်းချက်များ ပြည့်မှီရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ(၁၆) ရက်နေ့မှ (၂၁)ရက်နေ့အထိ စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်၂၀၁၇ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်သည် (၂၀) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပြီး ဆက်စပ်အစည်း အဝေးများဖြစ်သည့် (၁၆) ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး၊ (၄၅)ကြိမ်မြောက်အာဆီယံ ခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့အစည်းအဝေး၊ (၇)ကြိမ်မြောက် အာဆီယံ+ရုရှားခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးများကိုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ပါသည်။ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၁၇တွင် ASEAN Homestay and Community Based Tourism (CBT) Award ဆုချီးမြှင့်ပွဲအခမ်း အနားကို ကျင်းပရာ မြန်မာနိုင်ငံမှ အာဆီယံလူထုအခြေပြုခရီးသွားလုပ်ငန်းဆုများကို မြိုင်ခရီးစဉ်ဒေသ၊ ပအို့(ဝ်)ခရီးစဉ်ဒေသနှင့် လွိုင်ကော်ခရီးစဉ်ဒေသတို့မှ ရရှိခဲ့ပါသည်။
အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး (၂၅) နှစ်မြောက် အထိမ်းအမှတ်အတွက် မြန်မာ နိုင်ငံမှ လှုပ်ရှားမှုအစီအစဉ်အဖြစ် (၁၁-၂-၂၀၁၇) ရက်နေ့မှ (၁၂-၂-၂၀၁၇) ရက်နေ့အထိ မန္တလေးမြို့၌ လည်းကောင်း၊ (၁၂-၂-၂၀၁၇) ရက်နေ့မှ (၁၃-၂-၂၀၁၇) ရက်နေ့အထိ ရန်ကုန်မြို့၌ လည်းကောင်း ကျင်းပပြု လုပ်ခဲ့သော 3rd Myanmar International Travel Mart 2017 (Yangon) တွင် အာဆီယံ-အိန္ဒိယဗုဒ္ဓဘာသာဘုရားဖူးခရီးစဉ်များ မြှင့်တင်ရေး ဓါတ်ပုံပြပွဲနှင့် အာဆီယံရွှေရတုခရီးသွားနှစ်အထိမ်းအမှတ်ပြခန်းများကို ပြသနိုင်ခဲ့ပါသည်။
မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးမှူးရုံး (MTCO) ထူထောင်ရေးသဘောတူညီချက်ကို (၂၉-၃၁.၃.၂၀၁၈)ရက်နေ့များတွင်ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၆) ကြိမ်မြောက် GMS Summit တွင် GMS အဖွဲ့ဝင်နိုင်ငံများမှ ပြည်ထောင်စုဝန်ကြီးများ ပါဝင်လက်မှတ်ရေးထိုးကြပါမည်။
မန္တလေးမြိုတွင် (၃၀-၁-၂၀၁၇) ရက်နေ့၌လည်းကောင်း၊ ပြင်ဦးလွင်မြို့တွင် (၁-၂-၂၀၁၇) ရက်နေ့၌ လည်းကောင်း၊ ပုဂံမြို့တွင် (၃-၂-၂၀၁၇) ရက်နေ့၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံခရီးသွားစံနှုန်းများဆိုင်ရာအသိပညာပေးဆွေးနွေးပွဲများတွင် အာဆီယံအစိမ်းရောင် ဟိုတယ်စံနှုန်း၊ အာဆီယံ လူမှုအဖွဲ့အစည်းအခြေခံ ခရီးသွားလုပ်ငန်းစံနှုန်း၊ အာဆီယံ သန့်ရှင်းသောခရီးသွားမြို့တော်စံနှုန်းနှင့် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာအစီအစဉ် (၂၀၁၆-၂၀၂၅) များကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးဟောပြောခဲ့ပြီး အစိုးရနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍမှ ကိုယ်စားလှယ် စုစုပေါင်း(၃၄၀)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိဝန်ကြီးဌာန၏ ကြီးကြပ်စီစဉ်မှု၊ပြည်ပဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများ၊ ဆက်စပ်အသင်းအဖွဲ့များနှင့် ဒေသခံလူမှု့အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့တွင် ဒေသအလိုက် ပုဂ္ဂလိကကဏ္ဍအတွင်း လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရေး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးတို့အတွက် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာသင်တန်းများနှင့် အခြားဆက်စပ်သင်တန်းများကို စနစ်တကျဖြင့် စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိရာ အစိုးရ၏ ဒုတိယ(၁) နှစ်တာ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။
ပြည်တွင်းသင်တန်းများအနေဖြင့်(၁.၄.၂၀၁၇) ရက်နေ့မှ (၃၁.၃.၂၀၁၈) ရက်နေ့အထိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းများနှင့် ဆက်စပ်သင် တန်းများအား အောက်ဖော်ပြပါအတိုင်း စုစုပေါင်း (၅၁) ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား (၄၂၂၉) ဦး မွေးထုတ်ပေးနိုင်ခဲ့ပါသည်-
(က) ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းကျောင်း(ရန်ကုန်)တွင်ဧည့်လမ်းညွှန်(အခြေခံ) သင်တန်း(၂)ကြိမ်အား သင်တန်းသား(၂၂၀)ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ပါသည်။
(ခ) ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ) သင်တန်းများအား ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနရုံးခွဲများ၏ကြီးကြပ်စီစဉ်မှုဖြင့်တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတို့တွင် စုစုပေါင်း သင်တန်း(၃)ကြိမ်အား သင်တန်းသား (၁၅၇)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။
(ဂ) ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(၄)ပတ်သင်တန်းများဖြစ်ကြသည့် ဧည့်ကြို၊ အိပ်ခန်း ဆောင်ထိန်းသိမ်းရေး၊ အစားအစာနှင့်အဖျော်ယမကာ (၀န်ဆောင်မှု)နှင့် အစား အစာနှင့်အဖျော်ယမကာ (ထုတ်လုပ်မှု) သင်တန်းများအား ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနရုံးခွဲများ၏ ကြီးကြပ်စီစဉ်မှုဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင် စုစုပေါင်းသင်တန်း (၂၉)ကြိမ်အား သင်တန်းသား/သင်တန်းသူ (၃၀၇၅)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။
(ဃ) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် Lux Dev တို့ ပူးပေါင်း၍ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (၄)ပတ်သင်တန်းများအား စုစုပေါင်း သင်တန်း(၈)ကြိမ်၊ သင်တန်းသား(၂၈၁)ဦးဖြင့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာသင် တန်းကျောင်း (ရန်ကုန်)တွင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။
(င) ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးခွဲများ၏ ကြီးကြပ်မှု၊ သက်ဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ဆက် စပ် သင်တန်းဖြစ်သော ဟိုတယ်ဆိုင်ရာ စာရင်းကိုင်ရက်တိုသင်တန်း(၃)ကြိမ်၊ စုစု ပေါင်းသင်တန်းသား(၁၅၁) ဦးဖြင့် ပုဂံနှင့်နေပြည်တော်တို့တွင် ဖွင့်လှစ် ခဲ့ပြီးဖြစ်ပါ သည်။
(စ) တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဒေသများမှ လူငယ်လူရွယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းတိုးပွား လာစေရေးနှင့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူ ပြုစေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများအဖြစ်အင်္ဂလိပ်စာနှင့်ကွန်ပျူတာ (အခြေခံ)သင်တန်းကို (၅)ကြိမ်၊ စုစုပေါင်းသင်တန်းသား(၃၀၀)ဦးဖြင့် မြောက်ဦး၊ ကလော၊ တောင်ကြီး၊ ညောင်ရွှေ၊ ဘားအံဒေသများတွင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။
(ဆ) ကိုလံဘီယာအစိုးရ၏ ပံ့ပိုးကူညီမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် အဆိုပါဝန်ကြီး ဌာန (၂)ခုမှ ၀န်ထမ်းများနှင့် စပိန်ဘာသာ အထူးပြုလိုင်စင်ရ ဧည့်လမ်းညွှန်များပါဝင်တက် ရောက်သည့် စပိန်ဘာသာစကား (၄)လသင်တန်းကို (၁)ကြိမ် သင်တန်းသား(၅၇) ဦးဖြင့်ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းကျောင်း(ရန်ကုန်)တွင် (၁၈.၉.၂၀၁၇) မှ (၅.၁.၂၀၁၈) ထိ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။
(ဇ) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ ကြီးကြပ် စီစဉ်မှုဖြင့်ပြည်ထဲရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်အောက်ရှိ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းလုံခြုံရေးတပ်ဖွဲ့ (Tourist Police)များအား နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာအသိပညာများ ပေးနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံသင်တန်း (Tourism Foundation Course for Tourist Police Force)သင်တန်းကို တပ်ဖွဲ့ဝင် သင်တန်းသား(၄၀)ဦးဖြင့် ရန်ကုန်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာနရုံးဟောင်းတွင် (၄.၉.၂၀၁၇) မှ (၂၉.၉. ၂၀၁၇) ထိဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။
ပြည်ပသင်တန်းများ၊ အစည်းအဝေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများသို့ စေလွှတ်ပေးခြင်းအတွက်(၁.၄.၂၀၁၇)ရက်နေ့မှ(၃၁.၃.၂၀၁၈)ရက်နေ့အထိ ပြည်ပနိုင်ငံ များတွင် ဖွင့်လှစ်သည့် သင်တန်းများသို့ အရာထမ်း/အမှုထမ်း(၁၈)ဦး၊ အစည်းအဝေးနှင့် ဆွေးနွေးပွဲများသို့ (၈၇)ဦး စုစုပေါင်း (၁၀၅)ဦး စေလွှတ်ခဲ့ပါသည်။
ပြည်ပဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သော Lux Dev, Swisscontact, PFC, JICA, တို့၏ ပူးပေါင်းပံ့ပိုးကူညီမှုဖြင့် (၁.၄.၂၀၁၆) ရက်နေ့မှ (၂၈.၂.၂၀၁၈) ရက်နေ့အထိ အောက်ဖော်ပြပါသင်တန်းများကို ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်-

(ဈ) လူဇင်ဘတ်နိုင်ငံ၊ Luxembourg Development Cooperation Agency (LuxDev) ၏ ပံ့ပိုးကူညီမှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများအတွက် အင်္ဂလိပ်ဘာသာနှင့် အခြားစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို နေပြည်တော်၊ အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည် ရုံးခွဲများတွင် သင်တန်းပေါင်း (၅၂)ကြိမ်၊ သင်တန်းသား (၇၉)ဦးဖြင့် ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
(ည) ဝန်ကြီးဌာန၏ကြီးကြပ်မှု၊မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏စီစဉ်မှု၊ Luxembourg Development Cooperation Agency ၏ ပံ့ပိုးကူညီမှုဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ညောင်ရွှေ၊ ကလော၊ ဘားအံ၊ မြောက်ဦးနှင့် ငပလီဒေသများတွင် Hotel Operation Management သင်တန်း၊ Supervisory Management (Level 1,2) သင်တန်း၊ In-Company Trainer သင်တန်း များကို (၄၇)ကြိမ်၊ စုစုပေါင်း သင်တန်းသား (၂၈၉၃)ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပါသည်။
(ဋ) ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ Luxembourg Development Cooperation Agency၏ ပံ့ပိုးကူညီမှုဖြင့် “In Company Trainner”(၁)လ သင်တန်းအား (၂၇.၄.၂၀၁၇)မှ (၉.၅.၂၀၁၈) ရက်နေ့အထိ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အစိုးရ နည်းပညာကောလိပ်တွင်လည်းကောင်း၊ ရှမ်ပြည်နယ် (တောင်ပိုင်း)၊ညောင်ရွှေ မြို့နယ်၊ မကျီးစင်ကျေးရွာရှိ ညောင်ရွှေသက်မွေးပညာ သင်တန်းကျောင်းတွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (၁)လ သင်တန်းအား (၄)ကြိမ် စာတွေ့/ လက်တွေ့ ပို့ချဖွင့်လှစ်ပေးခဲ့ပါသည်။
(ဌ) ဆွစ်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဖောင်ဒေးရှင်း (Swisscontact) နှင့် ပူးပေါင်း၍ ဧည့်ဝတ်ပျူငှာမှု၊ လုပ်ငန်းအတွင်း စွမ်းရည်ပြည့်ဝသော လူ့အရင်း အမြစ်များ တိုးပွားလာစေရေးအတွက် ဟိုတယ်ဆိုင်ရာသင်တန်း ကနဦးဆောင် ရွက်မှု (Hotel Training Initiative- HTI) အစီအစဉ်ဖြင့် သင်တန်း (၆) ကြိမ် အားသင်တန်းသား(၁၆၉၉)ဦးဖြင့်ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ပုဂံဒေသ များတွင် ဖွင့်လှစ်ပေးခဲ့ပါသည်။
(ဍ) နော်ဝေနိုင်ငံ Partnership for change PFC ၏ ပံ့ပိုးမှုဖြင့် ညောင်ရွှေမြို့တွင် Inle Speaks Community Skills Development Center ဖွင့်လှစ်၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်းလုပ်ကိုင်ဆောင်ရွက်နေသူများနှင့် ဒေသခံများအတွက် အင်္ဂလိပ်ဘာသာ (အခြေခံ) စကားပြောသင်တန်း (ESL) နှင့်ကွန်ပျူတာသင်တန်း(၈)ကြိမ်၊သင်တန်းသား(၆၂၆)ဦးဖြင့်ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
(ဎ) ဂျပန်နိုင်ငံ Tokyo Metropolitan Assembly Federation for Japan Myanmar Friendship ၏ ပံ့ပိုးမှုဖြင့် ပထမဆုံး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အစီ အစဉ်တစ်ရပ်အဖြစ် Guest Relations သင်တန်းအစီအစဉ်အား နေပြည်တော်၊ ဘားအံနှင့် မော်လမြိုင်မြို့တို့တွင် ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
(ဏ) အီတလီနိုင်ငံ Florence University ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအတွက် လူသား စွမ်းရည်တည်ဆောက်ခြင်း စီမံချက်အရ အီတလီနိုင်ငံ Florence University တွင် နာရီပေါင်း (၂၄၀) ကြာ သင်ခန်းစာများ သင်ယူ၍ ကျန်ကာလများ၌ မြန်မာနိုင်ငံ သို့ ပြန်လာပြီး အင်တာနက်မှတဆင့် ပါမောက္ခများနှင့် ဆက်သွယ်၍ အစီရင်ခံစာ (Report) နှင့် ကျမ်းပြုစာတမ်း (Thesis) ပြုစုတင်ပြရသည့် Urban Analysis and Management မဟာဘွဲ့ (၁) နှစ် သင်တန်းကို (၂၅.၄.၂၀၁၆) ရက်နေ့မှ (၁၉.၆.၂၀၁၆) ရက်နေ့အထိ သင်တန်းသား (၁၀) ဦးဖြင့် ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
(တ) ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်(ရန်ကုန်) နှင့် မန္တလာဒီဂရီကောလိပ်တို့တွင် ဖွင့်လှစ်ပို့ချလျက်ရှိသော ခရီးသွား လုပ်ငန်း ဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ် Bachelor of Tourism and Hospitality Management (BTHM)၏ သင်ရိုးညွှန်းတမ်းများအား နိုင်ငံတကာစံနှုန်းများ နှင့်အညီ ကိုက်ညီမှုရှိစေရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ Luxembourg Development Cooperation Agency ၏ ပံ့ပိုးကူညီမှုဖြင့် ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့ပါသည်။
(ထ) ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Luxembourg Development Cooperation Agency၏ ပံ့ပိုးကူညီမှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ပူးပေါင်းပါဝင် မှုဖြင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနှင့် Action Plan (Human Resource Development Strategy & Action Plan-HRDSAP) နှင့်ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ စီးပွားရေးလုပ်ငန်းများအား စစ်တမ်းကောက် ယူမှုအစီရင်ခံစာ Entrepreneur Survey တို့ကို (၂၁.၁၂.၂၀၁၇) ရက်နေ့တွင် ရေးဆွဲထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။
(ဒ) ထို့အပြင် အရည်အချင်းပြည့်ဝသော ဧည့်လမ်းညွှန်ကောင်းများ မွေးထုတ်ပေးနိုင် ရေးအတွက် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO–STED)၏ ပံ့ပိုးကူညီမှု ဖြင့် မြန်မာနိုင်ငံတွင် ဧည့်လမ်းညွှန်အဆင့်(၃)ဆင့်အတွက် အမျိုးသားကျွမ်းကျင်မှု ‘စံ’(National Competency Standard for Tour Guide) အား အာဆီယံ စံချိန်စံညွှန်းများနှင့်အညီရေးဆွဲခဲ့ပြီး မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု‘စံ’ သတ်မှတ်ပြဌာန်းရေးအဖွဲ့ (National Skills Standard Authority- NSSA)မှ အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်းကျွမ်းကျင်လုပ် သားများမွေးထုတ်ပေးနိုင်ရေးအတွက်လည်း NSSA လက်အောက်ရှိ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးနှင့်အသိအမှတ်ပြုရေးကော်မတီ ACC ၏စီစစ်မှုဖြင့် Waiting Staff (Level 1)အလုပ်အကိုင်အတွက်ကျွမ်းကျင်လုပ်သား (၂၁၀) ဦးနှင့် Room Attendant (Level 1)အလုပ်အကိုင်အတွက် ကျွမ်းကျင်လုပ်သား (၁၈၂)ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
(ဓ) နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း (MHPA)နှင့် Luxembourg Development Cooperation Agency တို့၏ ပံ့ပိုးကူညီမှုဖြင့် ဒေသခံ လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၄) မျိုး (၃) လ သင်တန်းများကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နှင့် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့များတွင် (၁၉.၁၂.၂၀၁၇) ရက်နေ့မှ (၉.၃.၂၀၁၈)ရက်နေ့ အထိ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။

လေ့ကျင့်ရေးနှင့်ပညာပေးရေးဆိုင်ရာသင်တန်းကျောင်းများကိုတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့မှုမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-
(က) ရန်ကုန်မြို့၊ အမှတ်(၄၀/၄၂)ဗိုလ်ဆွန်ပက်လမ်းရှိ ဟိုတယ်ခရီးဝန်ကြီးဌာနပိုင် အဆောက်အဦအား လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (Lux Dev)မှပြုပြင် မွမ်းမံ၍ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းကျောင်း (Hospitality Training School – HTS) အဖြစ်ဖွင့်လှစ်ကာ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။
(ခ) ရန်ကုန်မြို့၊မဟာဗန္ဓုလလမ်းနှင့် (၃၁)လမ်းထောင့်ရှိ ရသာ ကွန်ဒိုမီနီယံဒုတိယ ထပ်တွင် ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းကျောင်း (Tourism TrainingSchool- TTS) ကိုလည်းLux Devမှ ပြုပြင်မွမ်းမံဆောင်ရွက်ပေးခဲ့ပြီးဧည့်လမ်းညွှန်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ပေး လျက်ရှိပါသည်။
(ဂ) အဆိုပါ သင်တန်းကျောင်း(၂)ကျောင်းမှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန လက်အောက်ရှိသင်တန်းကျောင်းများဖြစ်သဖြင့် စီမံအုပ်ချုပ်မှု ထိရောက် လွယ်ကူစေရေးအတွက် (Tourism and Hospitality Training Center- THTC) အဖြစ် အမည်ပြောင်းလဲဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။
(ဃ) ထို့အပြင် နေပြည်တော်ရှိဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရုံးနှင့်တွဲလျက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းကျောင်း အဆောက် အဦသစ်တစ်ခုကို ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက် မှုအေဂျင်စီ၏ပံ့ပိုးမှုဖြင့် တည်ဆောက်ပြီးစီးခဲ့ရာ (၂၉.၁၁.၂၀၁၇) ရက်နေ့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် လူဇင်ဘတ် နိုင်ငံဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တာဝန်ရှိပုဂ္ဂိုလ်များမှ သင်တန်းကျောင်းသစ်အား ဖွင့်လှစ်ပေးခဲ့ပြီး ဘာသာစကား သင်တန်းများ၊ ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း များ၊ ကွန်ပျူတာ(အခြေခံ)သင်တန်းများနှင့် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ ဆက်စပ် သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခရီးသွား လုပ်ငန်းဆိုင်ရာ သင်ကြားရေးတက္ကသိုလ် (Institute for Tourism Studies)တို့အကြားခရီးသွားလုပ်ငန်းဆိုင်ရာပညာပေးခြင်းနှင့် သင်တန်းများပေးခြင်းတို့တွင် ပူးပေါင်းလုပ်ကိုင်ခြင်းမှတဆင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်နှင့် လူသားစွမ်းရည်တိုးမြှင့်ရာတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် ၂၀၁၈ ခုနှစ်၊ မတ်လ(၂၉)ရက်နေ့တွင် (MOU) လက်မှတ်ရေးထိုးခဲ့ပါသည်။

ဟိုတယ်လုပ်ငန်းနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်ခွင့်ပြုပေးထားမှုအခြေအနေများ

မြန်မာနိုင်ငံအတွင်း ပြည်တွင်းနိုင်ငံသားများ၏ ခရီးသွားလာမှုသည်လည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် ဖွံ့ဖြိုးတိုးတက် လာသော ပြည်တွင်းခရီးသွားလုပ်ငန်းများ စနစ်တကျဖြစ်စေရေး၊ ဝန်ဆောင်မှုကောင်းမွန်သော လုပ်ငန်းများဖြစ်ပေါ်လာစေရေး၊ နိုင်ငံတော်၏ အခွန်အခတိုးမြှင့်ရရှိစေရေးတို့အား ရည်ရွယ်ပြီးဝန်ကြီးဌာနအနေဖြင့် ဒုတိယ(၁)နှစ်တာကာလအတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာ(၁၂၇)လုံး၊ (၆၅၁၁) ခန်းအား ကြိုတင်တည်ဆောက်ခွင့်ပြုမိန့်ချထားပေးခဲ့ပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာ (၁၄၉) ခု၊ အခန်း(၇၂၂၁)ခန်းအားလည်းကောင်း၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (၄၈၅) ခု၊ ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်(၂၅၆၄)ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်(၄၄၉)ဦးနှင့်ဒေသ ဆိုင်ရာဧည့်လမ်းညွှန် (၂၆၆)ဦး၊ပြည်တွင်းဘုရားဖူးခရီးသွားဝန်ဆောင်မှုလုပ်ငန်းအသိအမှတ်ပြုလက်မှတ်(၈၇) ခုတို့အား လိုင်စင်ခွင့်ပြုဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ကျစရိတ်များ သက်သာစေရန် ရည်ရွယ်၍ လိုင်စင်ကြေးများကိုလည်း လျော့ချဆောင်ရွက်ပေးခဲ့ရာ (၁.၁၀.၂၀၁၆) ရက်နေ့မှစ၍ လုပ်ငန်းအမျိုးအစားအလိုက် ပေးသွင်းနေရသော လိုင်စင်ကြေးများ၏ ၅၀ % လျော့ချသတ်မှတ် ပေးခဲ့ပါသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခြေအနေများ

ပြည်ပရင်းနှီးမြှပ်နှံမှုအနေနှင့် ၂၀၁၇ခုနှစ်၊ မတ်လအထိ ပြည်ပရင်းနှီးမြှပ်နှံမှု ဟိုတယ်(၅၉)လုံး၊ အခန်းပေါင်း(၁၁၆၂၀)ခန်း၊ ရင်းနှီးမြှပ်နှံမှုတန်ဖိုး အမေရိ ကန်ဒေါ်လာ(၃၈၀၅.၀၂၅)သန်းရှိရာမှ ၂၀၁၈ခုနှစ်၊မတ်လကုန်တွင်ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်အလုံးပေါင်း (၆၄)လုံး၊အခန်းပေါင်း (၁၂၁၉၄)ခန်း၊ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအမေရိကန်ဒေါ်လာ(၄၃၇၀.၉၇)သန်းရှိလာပါသည်။

ခရီးစဉ်များဆောင်ရွက်ပေးနိုင်မှုအခြေအနေများ

ကမ္ဘာလှည့်ခရီးသွားများသည် မြန်မာနိုင်ငံအတွင်းသို့ အပျော်စီးသင်္ဘောခရီးစဉ်များ၊ စင်းလုံးငှားလေယာဉ်ခရီးစဉ်များ၊ နယ်စပ်ဖြတ်ကျော်ယာဉ်တန်းခရီးစဉ်များ ၊ပြည်တွင်းမြစ်ကြောင်းခရီးစဉ်များ၊ မြိတ်ကျွန်းစုစက်တပ်ရွက်လှေခရီးစဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိရာ အဆိုပါခရီးစဉ်များဖြင့် ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လည်ပတ်နိုင်ရန် ခရီးစဉ်ခွင့်ပြုချက်ရရှိရေး အထက်ဌာနအသီးသီးသို့ တင်ပြဆောင်ရွက်လျက်ရှိရာ အစိုးရသစ်သက်တမ်း ဒုတိယ(၁)နှစ်တာကာလအတွင်း စက်တပ်ရွက်လှေခရီးစဉ် (၆၅၇) ကြိမ်၊ ခရီးသည် (၆၉၉၁) ဦး၊ ပြည်တွင်းမြစ်ကြောင်းခရီးစဉ် (၁၁၆) ကြိမ်၊ ခရီးသည်(၂၁၁၂) ဦး၊ အပျော်စီးသင်္ဘောခရီးစဉ် (၃၉) ကြိမ်၊ ခရီးသည် (၃၈၁၇၅) ဦး၊ စင်းလုံးငှားလေယာဉ်ခရီးစဉ် (၄) ကြိမ်၊ ခရီးသည် (၂၆၈) ဦး၊ နယ်စပ်ဖြတ်ကျော်ယာဉ်တန်း ခရီးစဉ် (၁၅၉) ကြိမ်၊ ခရီးသည် (၂၀၈၀) ဦး၊ မီးပုံပျံပျံသန်းခြင်း ခရီးစဉ် (၁) ကြိမ်၊ ခရီးသည် (၂၇) ဦး၊ ပုဂံမာရသွန်ပြိုင်ပွဲ (၁) ကြိမ်၊ ခရီးသည် (၃၀၈) ဦး၊ စုစုပေါင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် (၄၉၉၆၁) ဦး ဝင်ရောက်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲအနေဖြင့်ဝန်ကြီးဌာန၏မြန်မာနိုင်ငံ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ပြည်ပ အကောင်အထည်ဖော် ဆောင်ရွက်ချက်များ၊ လှုပ်ရှားမှုများအား ဌာန၏ တရားဝင် Website ၊ Social Media များနှင့် နိုင်ငံပိုင်သင်းစာများတွင် စဉ်ဆက်မပြတ် ထုတ်ပြန်ပေးလျက်ရှိသည့်အပြင်ပြည်တွင်း/ပြည်ပမှ နိုင်ငံပိုင်သင်းစာများတွင် စဉ်ဆက်မပြတ်ထုတ်ပြန်ပေးလျက်ရှိသည့်အပြင် ပြည်တွင်း/ပြည်ပမှ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော မေးမြန်းစုံစမ်းမှုများအားလည်း အချိန်မဆိုင်းဘဲ အကြောင်းပြန်ကြားပေးလျက်ရှိပါသည်။
ဌာနအနေဖြင့် ဝန်ကြီးဌာနလှုပ်ရှားမှုနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သတင်းဆောင်းပါးများကို ဒုတိယ(၁)နှစ်တာကာလအတွင်း (၃၀၈) ကြိမ် ထုတ်ပြန်ပေးနိုင်ခဲ့ပါသည်။ ပြည်တွင်း/ပြည်ပမှ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့် သိရှိလိုသည်များကို E-mail ၊ Phone တို့ဖြင့် နေ့စဉ်စုံစမ်းမေးမြန်းလာမှုများအား ဝန်ကြီးဌာန၏ သက်ဆိုင်ရာဌာနခွဲများနှင့်ညှိနှိုင်း၍ ဆောလျင်စွာပြန်ကြားပေးခြင်းများ ဆောင်ရွက်ခဲ့ရာ (၁)နှစ်တာကာလ အတွင်းအနေဖြင့် E-mail ဖြင့် အကြိမ်ရေ (၁၈၂၅) ခန့်နှင့် တယ်လီဖုန်းဖြင့် အကြိမ်ရေ (၂၅၇၆) ခန့်ကို လက်ခံပြန်ကြားပေးလျက်ရှိပါသည်။
ဝန်ကြီးဌာန Website ဖြစ်သော www.tourism.gov.mm ကို အစိုးရ၏ တရားဝင် Website တစ်ခုအဖြစ် ပိုမိုသိသာထင်ရှားလာစေရန်၊ တိကျမှန်ကန်သော အချက်အလက်များ ပိုမိုပြည့်စုံစွာ ဖော်ပြပေးနိုင်ရန်နှင့် ဝင်ရောက်ကြည့်ရှုသူများအတွက် အချက်အလက်များ လွယ်ကူစွာ ရှာဖွေနိုင်စေရန်၊ အစိုးရမှ ပြည်သူ လူထုအတွက် သတင်းပြန်ကြားပေးရန်၊ အစိုးရမှ စီးပွားရေး လုပ်ငန်းများအတွက် အချက်အလက်များ ထောက်ပံ့ပေးရန်နှင့် အစိုးရမှ ခရီးသွားဧည့်သည်များ အတွက် ခရီးစဉ်ဒေသဆိုင်ရာ သတင်းအချက်အလက်များ ထောက်ပံ့ပေးရန်စသည့် G2C ၊ G2B ၊ G2V စသည့် ရည်ရွယ်ချက်များဖြင့် ၇-၇-၂၀၁၇ ရက်နေ့မှစတင်၍ အင်္ဂလိပ်၊ မြန်မာ(၂)ဘာသာ အသုံးပြု၍ လွှင့်တင်ခဲ့ပါသည်။

ဆက်လက်၍ အဆိုပါ Website ကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ၏ အဓိက

ဈးကွက်နိုင်ငံများအတွက်ရည်ရွယ်၍ခရီးသွားလုပ်ငန်းဆိုင်ရာအချက်အလက်များအားသက်ဆိုင်ရာ နိုင်ငံသုံးဘာသာစကားများဖြင့်လည်း ဖော်ပြပေးလျက်ရှိရာ ၂၆-၁၂-၂၀၁၇ ရက်နေ့မှစတင်၍ မြန်မာ၊ အင်္ဂလိပ်၊ ကိုရီးယား၊ ဂျပန်၊ ဂျာမန်၊ တရုတ်၊ ထိုင်း၊ ပြင်သစ် စသည့် ဘာသာစကား (၈)မျိုးဖြင့် လွှင့်တင်ထားပါသည်။ ဆက်လက်၍ စပိန်နှင့် အီတလီဘာသာစကားများဖြင့်လည်း Website တွင် ဖော်ပြပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုများအား ပြည်တွင်း/ပြည်ပမှ သတင်းမှန် များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် Website ၊ Facebook ၊ Social Media များ၊ သတင်းစာများမှဖော်ပြဆောင် ရွက်လျက်ရှိပါသည်။
ခရီးသွားလုပ်ငန်းသည် သဘာဝသယံဇာတများကို ထုတ်နှုတ်သုံးစွဲမှု မရှိသလောက်နည်းပါးစွာဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဝင်ငွေနှင့်အလုပ် အကိုင်အခွင့်အလမ်း ရရှိစေသောလုပ်ငန်းဖြစ်သည့်အပြင်လေကြောင်းလိုင်းကြီးများကအစခေါင်းရွက်ဗျက်ထိုး ဈေးသည်များအထိ အကျိုးပြုသည့် Multiplier Effect ရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပါသည်။Tourist များသုံးစွဲသွားသည့် ငွေကြေးများသည် လုပ်ငန်းအနှံ့၊ ဒေသအနှံ့၊ ပြည်သူ၊ ပြည်သား အနှံ့သို့ စီးဝင် ရောက်ရှိသွားနိုင်သော Fragmentation သဘောရှိပါသည်။ Tourism လုပ်ငန်းမှ ဝင်ငွေမည်မျှ ရသည်ကို တိတိကျကျ တိုင်းတာရန်ခက်ခဲပါသည်။ သို့သော် အစိုးရနှင့် နိုင်ငံသားများအတွက် အထူးအကျိုးပြုသော အတ္တ၊ပရအမျှဆုံးလုပ်ငန်းဖြစ်သည်ကို တိုင်းပြည်၏ အဓိက စီးပွားရေးလုပ်ငန်း၊ မီးခိုးမထွက်သော လုပ်ငန်း(Smokeless Industry) အဖြစ် အသိအမှတ်ပြုထားကြပါသည်။
သို့သော်မြန်မာနိုင်ငံသို့ ခရီးသည်များ ပိုမိုဝင်ရောက်လာနိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ၎င်းတို့ ၏ပြည်ဝင်ခွင့်ဗီဇာလျော့ပေါ့ပေးနိုင်ရေးနှင့် နိုင်ငံတကာမှ လာရောက်မည့်လေကြောင်းလိုင်းများတိုက်ရိုက်ဆင်းသက်နိုင်ရေးအတွက်လေယာဉ်ကွင်းများစွာကို အဆင့်မြှင့်တိုးချဲ့သည့်အစီအစဉ်ကောင်းများ လိုအပ် လျက်ရှိသည်ဖြစ်ရာဆက်စပ်ဝန်ကြီးဌာနများ၏ ပူးပေါင်းပံ့ပိုးဆောင်ရွက်မှုများ အထူးလိုအပ်လျက်ရှိပါသည်။
ယခုအခါနိုင်ငံတော်ကချမှတ်သော စုပေါင်းအင်အား (Collective Strength) မူဝါဒသည်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်အလွန်ကိုက်ညီလှသော မူဝါဒ လမ်းညွှန်ချက် ဖြစ်ပါသည်။ အဆိုပါမူဝါဒကို ဆက်စပ်ဝန်ကြီးဌာနများက လိုက်နာပြီး Tourism ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့်ရေရှည်တည်တံ့ခိုင်မြဲသောခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက်အစိုးရဝန်ကြီးဌာနများ၊ပုဂ္ဂလိကအသင်းအဖွဲ့ လုပ်ငန်းရှင်များနှင့် ပိုမိုပူးပေါင်းညှိနှိုင်း၍ လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန