Directory : Search Results

No result found:

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၃) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပ မှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ် များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Kaung Hein Shwe Sin Co.,Ltd ၏ စီစဉ် ဆောင်ရွက်မှုတို့ဖြင့် မလေးရှားနိုင်ငံသားဧည့်သည် (၈) ဦးတို့သည်  ၄င်းတို့၏ ကိုယ်ပိုင်မော်တော် ဆိုင်ကယ် (၈) စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့မှ  ဖေဖော်ဝါရီလ (၉) ရက်နေ့အထိ မြ၀တီ- ကျိုက်ထီးရိုး- နေပြည်တော်- ပုဂံ- အင်းလေး- နမ့်စန်- ကျိုင်းတုံ- တာချီလိတ် ခရီးစဉ်အတိုင်း သွားရောက် လည်ပတ်၍ တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမို တိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး မဟာမုနိဘုရားကြီးတွင် Information Counter ဖွင့်လှစ်ရန် စီစဉ်လျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၁) ရက်

မြန်မာနိုင်ငံသည် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာလှည့်ခရီးသွားများ တိုး တက်ဝင်ရောက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးတွင် တိုးမြှင့်ဝင်ရောက်လာသော ခရီးသွားဧည့်သည် များကို လိုအပ်သော ခရီးသွားသတင်းအချက်အလက်များ ပေးနိုင်ရေးနှင့် ခရီးသွားဧည့်သည်များမှ မြန်မာ့ ယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို သိရှိနိုင်စေရန် ရည် ရွယ်ကာ မဟာမုနိဘုရားကြီးတွင် Information Counter ဖွင့်လှစ်နိုင်ရန်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) ၏ ပံ့ပိုးကူညီမှု၊ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့၏ စီစဉ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) မှ တာဝန်ရှိသူ များနှင့် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သူများသည် Information Counter တွင် ထားရှိရန်လိုအပ်သည့် အချက်အလက်များကို ဘုရားကြီးဂေါပကအဖွဲ့ထံ ပေးအပ်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး၏ အဓိက ခရီးစဉ် ဒေသတစ်ခုဖြစ်သော မဟာမုနိ ဘုရားကြီးသို့ ၀င်ရောက်ဖူးမြော်သည့် ခရီးစဉ်အားရေရှည် တည်တံ့ သော ခရီးသွားလုပ်ငန်း တစ်ရပ်ဖြစ်စေရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအား အသေးစိတ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ စက်ဘီး၊ မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၁) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပ မှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ် များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Shwe Ta Naw Group of Co.,Ltd ၏စီစဉ် ဆောင်ရွက်မှုတို့ဖြင့် ဒက်ခ်ျနိုင်ငံသားဧည့်သည် (၁၅) ဦးတို့သည်  စက်ဘီး (၁၆) စီး၊ မော်တော်ယာဉ် (၂) စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်နေ့မှ  ဖေဖော်ဝါရီလ (၉) ရက်နေ့အထိ ရန်ကုန်- ဘားအံ- မော်လမြိုင်- ဘီလူးကျွန်း- မော်လမြိုင်- သံဖြူဇရပ်- ရေး (ကဗျာဝ ကမ်းခြေ)- ထားဝယ်- မောင်းမကန်- လောင်းလုံ- ထားဝယ်- ပါရာဒိုက်ကမ်းခြေ- ထားဝယ်- ရန်ကုန် ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပနိုင်ငံ သို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမို တိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၁) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပ မှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ် များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Kaung Hein Shwe Sin Co.,Ltd ၏ စီစဉ် ဆောင်ရွက်မှုတို့ဖြင့် မလေးရှားနိုင်ငံသားဧည့်သည် (၆) ဦးတို့သည်  ၄င်းတို့၏ ကိုယ်ပိုင်မော်တော် ဆိုင်ကယ် (၆) စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့မှ  ဖေဖော်ဝါရီလ (၈) ရက်နေ့အထိ မြ၀တီ- ပဲခူး- ပုဂံ- ဂန့်ဂေါ- တမူး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမို တိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုဝန်ကြီး ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းကျောင်းသို့ ကြည့်ရှုစစ်ဆေး ခြင်းနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခြင်း


၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပက်လမ်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဌာနနှင့်လူဇင်ဘတ် နိုင်ငံ Luxemburg Development အဖွဲ့အစည်းတို့ပူးပေါင်းဆောင်ရွက်၍ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်ပို့ချနေသည့် ခရီးသွား လုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းကျောင်းသို့ သွားရောက်ပြီး သင်တန်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ခန်းများ ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊အင်းလျားလိတ်ဟိုတယ် တွင် ပြုလုပ်သည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းတိုးတက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံ အတွင်းသို့ လွယ်ကူအဆင်ပြေစွာ ဝင်ရောက်လည်ပတ်နိုင်ရေးအတွက် ဗီဇာဖြေလျော့မှုများကို ပြီးခဲ့သည့် နှစ်အတွင်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ၊ ယခုထပ်မံ၍လည်း အနောက်နိုင်ငံများမှ ခရီးသွားများ အတွက် လည်းသင့်လျော်သည့် နိုင်ငံများကိုရွေးချယ်၍ ဗီဇာဖြေလျော့ပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းတိုးမြှင့် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် မြန်မာနိုင်ငံကိုအကျိုးပြုမည့် ခရီးသွားများ ပိုမိုလာရောက်ရေးအတွက်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်၍ ခွင့်ပြုချက် ရရှိနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၊မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက်လည်း နိုင်ငံအလိုက် ၊ နယ်မြေအလိုက် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပေးထားပြီး၊ ခရီးသွား လုပ်ငန်းမြှင့်တင်ရေး ရံပုံငွေများလည်းနိုင်ငံတော်မှ ခွင့်ပြုပေးထားပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းအဖွဲ့များ အနေဖြင့် ခရီးသွားမြှင့်တင်ရေးလုပ်ငန်း အစီအစဉ်များ ကို စနစ်တကျအောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ငွေကြေးသုံးစွဲမှုများတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများ အတိုင်း သုံးစွဲဆောင်ရွက်သွား ရန်ဖြစ်ပါကြောင်း ၊သို့ဖြစ်ပါ၍ သက်ဆိုင်သည့်ကဏ္ဏများ အလိုက် ဆောင် ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပေးရန်ဖြစ်ပါ ကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် မြန်မာ-ဂျပန် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်း အဖွဲ့ ၊ မြန်မာ-ကိုရီးယားခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ၊မြန်မာ-အာဆီယံခရီးသွား လုပ်ငန်းမြှင့်တင် ရေး လုပ်ငန်းအဖွဲ့ ၊မြန်မာ-ဥရောပခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ မြန်မာ-တရုတ်ခရီးသွား လုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ၊ပြည်တွင်းခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ခရီးသွားလုပ်ငန်းအဖွဲ့၊ Digital Marketing အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့တို့မှ တာဝန်ရှိသူများမှ ဆောင်ရွက်ထားရှိမှု အခြေအနေများ ၊ ဆက်လက်ဆောင် ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပါသည်။

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းအဖွဲ့များမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပြီးအစည်းအဝေးကို နေ့လည်ပိုင်းတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။