Directory : Search Results

No result found:

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း (၃) မျိုး ဖယ်ခုံမြို့တွင် ဖွင့်လှစ်


နေပြည်တော်၊ အောက်တိုဘာလ (၈) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ရှမ်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှု ဦးစီးဌာနနှင့် လွယ်ပန်းစုံ ဒေသလူထုအခြေပြု ခရီးသွားလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း (၃) မျိုးအား (၄-၁၀-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ဖယ်ခုံမြို့ မြတ်စေတနာ ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တောင်ကြီးရုံးခွဲမှ  ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖယ်ခုံမြို့နယ်မှ ဟိုတယ်လုပ်ငန်းရှင်များ၊ လွယ်ပန်းစုံဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူများ၊ သင်တန်းဆရာ/ ဆရာမများနှင့် သင် တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တောင်ကြီးရုံးခွဲမှ  ညွှန်ကြားရေးမှူးနှင့် ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့မှ အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း (၃) မျိုးကို (၄.၁၀.၂၀၁၈) ရက်နေ့မှ (၃၁.၁၀.၂၀၁၈)    ရက်နေ့ထိ (၄) ပတ်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၇၈) ဦး တက်ရောက်လျက်ရှိ ပါကြောင်း သတင်းရရှိပါသည်။

 

ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ


နေပြည်တော်၊ အောက်တိုဘာလ (၈) ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်း လိုင်စင်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျှက် ရှိကြသော ဟိုတယ်၊ တည်းခိုရိပ်သာများရှိ ဝန်ထမ်းများအားလုံး ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း တက်ရောက်ရေးနှင့် သင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို (၅-၁၀-၂၀၁၈) ရက်နေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ Golden Princess Hotel ခန်းမ၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဒုတိယညွှန် ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ နေလဒီပါကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ၊ ဟိုတယ်/တည်းခိုရိပ်သာ များမှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

ဆွေးနွေးပွဲတွင် ဟိုတယ်/ တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှုအရည်အသွေးမြင့်မားရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းဖွင့်လှစ်ဆောင်ရွက်ရန် လျာထားသည့် အစီအစဉ်များကို အပြန်အလှန် ဆွေးနွေးပြော ကြားခဲ့ကြပြီး ဆွေးနွေးပွဲကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။

ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃) မျိုးကို ပုသိမ်မြို့တွင် စောလျင်စွာ ဖွင့်လှစ်နိုင်ရေး အတွက် သက်ဆိုင်တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

ကမ္ဘာလှည့်ခရီးသည်များ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်


နေပြည်တော်၊ အောက်တိုဘာလ (၈) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက် လည်ပတ်နိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များ အတွက်လည်း ၀င်/ထွက် သွားလာမှုလွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များသည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင် ကယ်များဖြင့်လည်း နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ပြီး နိုင်ငံအတွင်းရှိ သဘာဝ အလှအပ ရှုခင်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများကို လာရောက် ကြည့်ရှုလေ့လာ လည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကူညီဆောင်ရွက်ပေးမှုနှင့် Miraculous Myanmar Travel & Tours Co., Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် ထိုင်းနိုင်ငံသား (၃၁) ဦးတို့သည် ကိုယ်ပိုင်မော်တော်ယာဉ် (၁၁) စီးတို့ဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၂)ရက်နေ့အထိ ထီးခီးနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး ထီးခီး- မောင်းမကန်ကမ်းခြေ- ထားဝယ်- ထီးခီးမြို့များသို့ သွားရောက်၍ အဆိုပါဒေသများရှိ ထင်ရှားသော နေရာများကို လည်ပတ်ခဲ့ကြပြီး အောက်တိုဘာလ (၂) ရက်နေ့တွင် ထီးခီးနယ်စပ်ဂိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပါ သည်။

ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာသည်နှင့်အမျှ နိုင်ငံခြားသားဧည့်သည်များ သည် မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်းများဖြင့် လည်းကောင်း၊ နယ်စပ်ဝင်/ ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်/ ဆိုင်ကယ်များဖြင့် လည်းကောင်း၊ ၎င်းတို့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ဝင်ရောက်လာပြီး မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ သွားရောက် လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

World Tourism Day 2018 အထိမ်းအမှတ်အခမ်းအနားတွင် ကဏ္ဍအသီးသီးမှ ပါဝင်ဆောင်ရွက်ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အစီအစဉ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်


ရန်ကုန်၊ အောက်တိုဘာလ (၆) ရက်

        ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် World Tourism Day 2018 အထိမ်းအမှတ်အခမ်းအနားတွင် ကဏ္ဍအသီးသီးမှ ပါ ၀င်ဆောင်ရွက်ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေး အပ်ခြင်းအစီအစဉ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင် ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို (၆-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီတွင် ရန်ကုန်မြို့ရှိ Inya Lake Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဌနှင့် အတွင်းရေးမှူး များ၊ World Tourism Day 2018 တွင် ဒီဂျစ်တယ်နည်းပညာပြခန်းများ ပါဝင်ပြသခဲ့သည့် အဖွဲ့အစည်း/ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ Digital Markting Committee အဖွဲ့ဝင်များ၊   ခရီးသွားမြှင့်တင်ရေးနှင့် ခရီးစဉ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့ (၆) ခုမှ ကိုယ်စားလှယ်များ စုစုပေါင်း (၇၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့-၂၀၁၈ အထိမ်း အမှတ်အခမ်းအနားတွင် ကုမ္ပဏီ(၈)ခုမှ နည်း ပညာပြခန်း(၁၄)ခန်း ပါဝင်ပြသ ခဲ့သည့်အတွက် ယခုနှစ်ကျင်းပ သည့် ဆောင်ပုဒ်ဖြစ်သည့် “Tourism and Digital Transformation” နှင့်အညီ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုနေသည့် နည်းပညာများဖြင့် တီထွင်ဖန်တီးမှုများကို ပြသနိုင်ခဲ့သည့်အတွက် ခရီးသွား လုပ်ငန်းကဏ္ဍ၏ အသိအမှတ်ပြုရမည့် အောင်မြင်မှု တစ်ရပ်ဖြစ်ပါကြောင်း၊ ပြခန်းများပါဝင်ပြသနိုင်ရေး ပံ့ပိုး ကူညီပေးခဲ့ကြသည့် အဖွဲ့အစည်းများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ် ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် မြှင့်တင်ရန်အတွက် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဒီဂျစ်တယ် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများကို အသုံးပြုဖို့ လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ဒီဂျစ်တယ်နည်းပညာဖြင့် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် Digital Marketing Task Force ကို Digital Marketing Advisory Team, Digital Marketing Committee နဲ့ Digital Marketing Implementation Team အဖွဲ့(၃) ဖွဲ့နှင့် ဖွဲ့စည်းခဲ့ပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ Digital Marketing Implementation Team ကို ၀န်ကြီးဌာနနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းများဖြစ်တဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်များနှင့် ပူးပေါင်း၍ Target Market အလိုက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးများကို ပိုမို ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံသားများအတွက် ဗီဇာ ဖြေလျော့မှုများကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည့်အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ခရီးသွားမြှင့်တင်ရေးဆောင်ရွက်သွားမှာ ဖြစ်ပါ ကြောင်း ၊ Digital Marketing ဆိုင်ရာကိစ္စရပ်များကို ထိရောက် စွာဆောင်ရွက်နိုင်ရန် အကူအညီပေးနေ သည့် နယ်သာလန်အခြေစိုက် CBI အဖွဲ့အစည်းကိုလည်းကျေးဇူးတင်ပါကြောင်း၊ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့-၂၀၁၈ အထိမ်းအမှတ် အခမ်းအနားမှာ ကဏ္ဍအသီးသီးမှ ပါဝင်ဆောင်ရွက်ကြသူများအားလုံးကို ကျေးဇူးတင် ရှိပါကြောင်းနှင့် Digital Marketing လုပ်ငန်းများ ထိရောက်စွာအကောင် အထည်ဖော်ဆောင် ရွက်နိုင်ရေး အတွက် Private ကုမ္ပဏီများမှ ပိုမိုပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက် လက်၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့-၂၀၁၈အထိမ်းအမှတ်အခမ်း အနားတွင် ဆောင်ပုဒ်ဘာသာပြန်ဆိုသူများ အား လည်းကောင်း၊ ပြခန်းပါဝင်ပြသပေးခဲ့သော CB Bank အားလည်းကောင်း၊ အကောင်းဆုံးပံ့ပိုးပေးခဲ့သည့် သင်္ဂဟဟိုတယ်အားလည်းကောင်း၊ နည်းပညာပြခန်းများပါဝင်ပြသခဲ့သည့် ကုမ္ပဏီ(၈)ခုအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ပါသည်။

ထို့နောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက် မည့်အစီအစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားခဲ့ပြီး ဈေးကွက်အလိုက်ဖွဲ့စည်းထားသည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လုပ်ငန်း အဖွဲ့ များမှ မိမိတို့လုပ်ငန်းအဖွဲ့အလိုက် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ Digital Marketing Committee ဥက္ကဌမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ခရီးသွားမြှင့်တင်ရေး အသုံးစရိတ်များ သုံးစွဲနိုင်ရန်အတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများအား ဘဏ္ဍာရေးဌာနမှလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးကြရာ တက်ရောက်လာကြသူများမှ ဖြည့်စွက် အကြံပြုဆွေးနွေးခဲ့ကြ ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လည် ( ၁၃း၃၀  )နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ၀င်/ ထွက် လည်ပတ်လျက်ရှိ


နေပြည်တော်၊ အောက်တိုဘာလ (၅) ရက်

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်း သားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ် ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘ၀ပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည် ပြည်ဆိုင်ရာ ၀င်ပေါက် များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ၀င်ထွက်သွားလာ လည်ပတ်လျက်ရှိပါသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့မှ အောက်တိုဘာလ (၄) ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန် ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်း နိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသား ခရီးသွားဧည့်သည် (၂၁၃၆၈) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၄၈) ဦး၊ ဗီဇာဖြင့်လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၂၉၇) ဦးရှိကြောင်း သိရှိရပါသည်။

နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည် အများစုသည်  တာချီ လိတ်မြို့ရှိ အထင်ကရနေရာများဖြစ်သောတာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ၀မ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ် ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွား ရောက် လည်ပတ်ကြပါသည်။

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အ၀င် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ၀ပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ် ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည် ပတ်ကြပါသည်။

တာချီလိတ် နယ်စပ်ဝင်ပေါက်မှ တဆင့် ၀င်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေ အတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ အောက်တိုဘာလ (၄) ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်ခရီးသည် စုစုပေါင်းမှာ (၄၇၈၉၆၅) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် အနေဖြင့် ခရီးသည်စုစုပေါင်း (၃၉၁၀) ဦးနှင့် ဗီဇာဖြင့် တာချီလိတ်မှတဆင့် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ၀င်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း (၃၇၆၆) ဦးတို့ ၀င် ရောက်လည်ပတ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

"ဓမ္မပန်းများဝေဆာ ပြည်မြန်မာ(၂၅)နှစ်တာ"


“25 Years of Goenkaji’s Dhama  Centers Blossoming in Myanmar”

နေပြည်တော်၊ အောက်တိုဘာလ (၅) ရက်

မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက်၊ လေဆိပ်များမှ ခရီးသွားများ FIT, Caravan  စသည့် ခရီးစဉ် အမျိုးမျိုးဖြင့် ဝင်ရောက်လျှက်ရှိပါသည်။ ဘာသာရေးနှင့် ဆက်နွယ်သော နိုင်ငံခြားသားခရီးသွားများလည်း ဝင်ရောက်လျှက်ရှိသည်ကို တွေ့ရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိ ၀ိပဿနာအဖွဲ့၏ စီစဉ်မှုဖြင့် အဆိုပါ အဖွဲ့ တည်ထောင်ခြင်း (၂၅) နှစ် ပြည့် ငွေရတုအခမ်းအနားအတွက် အဖွဲ့ဝင်နိုင်ငံ (၁၇) နိုင်ငံမှ အသင်းသား (၈၅)ဦး အထောက်အကူပြု အဖွဲ့ (၁၅)ဦး စုစုပေါင်း (၁၀၀) ဦး ပါဝင်သည့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့သို့ ရောက်ရှိလာပြီး ဓမ္မဉာဏ ဓဇရိပ်သာ (ရွှေတောင်ဦး) တွင်  စုပေါင်းတရားထိုင်ခြင်းနှင့် ရွှေတောင်ဦး စေတီ တွင် လှည့်လည်ဘုရားဖူးခဲ့ကြပြီး နေ့လည်ပိုင်းတွင် လယ်တီဆရာတော် တရား ကျင့်ရာ လိုဏ်ဂူစေတီ၊ လယ်တီစင်္ကြန်ကျောင်း၊ လယ်တီ ကျောက်စာတိုက်များသို့ သွားရောက် ဖူးမျှော်ခဲ့ကြပါသည်။

ဆက်လက်၍ မိုးညှင်းသမ္ဗုဒ္ဓေဘုရားနှင့် ဗောဓိတစ်ထောင်ဘုရားများသို့ သွားရောက်ဖူးမျှော် ကြည် ညိုခဲ့ကြပြီး မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။