Directory : Search Results

No result found:

A Certification Ceremony of Hospitality Training conducted by the cooperation of the Directorate of Hotels and Tourism (Thanintharyi Office) and the Hoteliers Association (Thanintharyi Zone) was held


Nay Pyi Taw, 12nd March

A Certification Ceremony of (3) Hospitality Trainings (Front Office, Housekeeping, F& B service) conducted by the cooperation of the Directorate of Hotels and Tourism (Thanintharyi Office) and the Hoteliers Association (Thanintharyi Zone) was held on 9th March 2018 at Hotel Zayar Htet, Dawei.

At the ceremony, the Minister for the Ministry of Natural Resources and Environmental Conservation of Thanintharyi Region, U Myint Maung delivered the opening remarks and the officials awarded the certificates to the trainees.

Also present at the meeting were officials from the Directorate of Hotels and Tourism (Thanintharyi Office), regional departments, Hotelier Association (Thanintharyi Zone), trainers and trainees in total of 150.

This training was conducted for 3 weeks, from 13rd February to 9th March and 90 trainees had successfully achieved.

သြစတြေးလျနိုင်ငံသားနှင့် ထိုင်းနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များ မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် လာရောက်လည်ပတ်


နေပြည်တော်၊ မတ်လ (၁၂) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ၀င်/ထွက်သွာလာမှု အဆင်ပြေရေးကို စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှလည်း လာရောက်လည် ပတ်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံတကာမှ ခရီးသွားများအနေဖြင့် ၄င်းတို့ကို ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စီးနင်း၍ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ကာ မြန်မာ နိုင်ငံအတွင်းသို့ ၀င်ရောက်ပြီး မြန်မာနိုင်ငံ၏ သဘာဝအလှအပရှုခင်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများကို လေ့လာ၍ နိုင်ငံဖြတ်ကျော်ယာဉ်တန်း ခရီးစဉ်များဖြင့် လာ ရောက်လည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကူညီဆောင်ရွက်ပေးမှုနှင့် Dream TourCo.,Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် သြစတြေးလျနိုင်ငံသား (၁၂) ဦးပါဝင်သော အဖွဲ့သည် မော်တော်ယာဉ် (၁) စီး၊ ဆိုင်ကယ် (၉) စီးဖြင့် ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် မြ၀တီမြို့မှ ၀င်ရောက်လာပြီး မြ၀တီ- ကျိုက်ထို- တောင်ငူ- အင်းလေး- ပုဂံ- ပြည်- ပဲခူး မြို့များသို့သွားရောက်ပြီး အဆိုပါဒေသများရှိ ထင်ရှား သောနေရာများကို လေ့လာကြည့်ရှုကာ မတ်လ (၆) ရက်နေ့တွင် မြ၀တီမြို့မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားပါသည်။

ထို့အပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Best Top Myanmar Travel and Tour Co., Ltd ၏ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံသား ဧည့်သည် (၁၅) ဦးသည် (၂၄-၂-၂၀၁၈) ရက်နေ့တွင် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၆) စီးဖြင့် မြ၀တီနယ်စပ်ဂိတ်မှ တဆင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ပြီး မြ၀တီ- ပဲခူး- ပုဂံ- မန္တလေး- တောင်ကြီး- အောင်ပန်း- ပဲခူးမြို့များသို့ သွားရောက်၍ ခရီးစဉ်တစ်လျှောက် ရှိ ခရီးသွားဆွဲဆောင်မှု ရှိသောနေရာများကို လည်ပတ်ခဲ့ကြပြီး (၂-၃-၂၀၁၈) ရက်နေ့တွင် မြ၀တီ နယ်စပ် ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

ယခုအချိန်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ကောင်းမွန်နေသည့် အချိန်ဖြစ်သဖြင့် ခရီးသွား ဧည့်သည်များအနေဖြင့် နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင် မော်တော်ယာဉ်/ ဆိုင်ကယ် များဖြင့်လည်းကောင်း၊ ၄င်းတို့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ၀င်ရောက်လာပြီး မြန်မာနိုင်ငံ၏ ထင်ရှား သော ဒေသများသို့ သွားရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး Insignia မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်


နေပြည်တော်၊ မတ်လ (၉) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Destination Asia Co.,Ltd ၏ စီစဉ်ဆောင် ရွက်မှုဖြင့် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး Insignia သည်  (၈.၃.၂၀၁၈) ရက်နေ့၊ ညနေ (၆း၃၀) အချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိကာ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာအပြည်ပြည်ဆိုင်ရာ သီလ ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပါသည်။ အဆိုပါ အပျော်စီးသင်္ဘောကြီး အစဉ်ပြေချောမွေ့စွာ ဆိုက်ကပ်၍ နိုင်ငံခြားသားခရီးသွားများ မြန်မာနိုင်ငံအတွင်းသို့ လွယ်ကူလျှင်မြန်စွာ ၀င်ရောက်လည်ပတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြပါသည်။

အဆိုပါ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး Insignia သည် အိန္ဒိယနိုင်ငံ၊ ကိုချင်းဆိပ် ကမ်းမှ မြန်မာနိုင်ငံသို့ ၀င်ရောက်လည်ပတ် ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှတဆင့် မလေးရှားနိုင်ငံ၊ ပီနန်းဆိပ် ကမ်းသို့ (၁၀.၃.၂၀၁၈)ရက်နေ့၊ ညနေတွင် ပြန်လည် ထွက်ခွာမည်ဖြစ်ပါသည်။ ၄င်းသင်္ဘောပေါ်တွင် အမေရိကန်နိုင်ငံသား အများစုပါဝင်သော ခရီးသွားဧည့်သည် (၆၁၂) ဦး လိုက်ပါခဲ့ကြပြီး မြန်မာနိုင်ငံ အတွင်း ခရီးစဉ်လည်ပတ်မှုအဖြစ် ရန်ကုန်မြို့တွင်း ခရီးစဉ်၊ ပဲခူး၊ မန္တလေးနှင့် ပုဂံမြို့ များသို့ သွားရောက် လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Tourists are visiting through Tachileik Border Entry Point


The tourists who visited to and fro continually through international and border entry points to enjoy Myanmar’s sightseeing and landscaping, attractive destinations, the cultures and traditions of different ethnic groups .

There are 340 day trip tourists through border entry points from 2018, February 23rd to March 8th, 435 tourists including Thailand citizens and third party to Kyaington tour, 474 tourists including Thailand citizens and third party with visa.

The day trip visitors can go around the famous places of Tachileik  that are Tarlot market, Bayintnaung Statue, Maharmyatmuni Pagoda, Shwedagon Pagoda, National Landmark Village, ArkarMarkt and Chinese Monastery.

The night tripvisitors can goaround the footprint of Buddha at Maingphyat town, Maharmyatmuni Pagoda at Hoko Monanstery, WuttinnMonanstery, SongtaungPagoda,KyawntsariPagoda,RankonMonanstery,PaRLYANMonanstety,the Standing Buddha Image,ThittapinTaung  (One-Tree Hill) and Kabaraye Pagoda (World Peace Pagoda).

The number of day trip tourists who enter through Tachileik entry point is 885956 from 2017 April 1st to 2018 March 8th, the number of tourists in Kyaington tour is 14884 and the number of flight tourists with visa through Tachileik is 7322.

International tourists visited to Myanmar by their own vehicles and own motorbikes via the border gates


On25.2.2018 under the supervision of Ministry of Hotel and Tourism and management of Traventure Travel & Tour Co.Ltd, 11 Indian tourists visited from Moeyay city, India to Tamu city by their (1) own vehicle and (4) motorbikes and visited around the attractive destinations along the trip through Tamu-Gantgaw-Mandalay-Nantsan-Kyaington-Tarchilake cities. On 3.3.2018 they departed from Tarchilake city to Mesai city,Thailand.

And then on 25.2.2018 by the management of this company, 12 Indian tourists visited from Moeyay city, India to Tamu city by their (1) own vehicle and (4) motorbikes and visited around the attractive destinations along the trip through Tamu-Gantgaw-Mandalay-Nantsan-Kyaington-Tarchilake cities. On 1.3.2018 they departed from Tarchilake city to Mesai city,Thailand.

Then on 27.2.2018under the supervision of Ministry of Hotel and Tourism and management of Kaung Hein Shwe Sin International Co.Ltd, 18 Thailand tourists entered to Myanmar across Myawaddy entry gate by their (6) own vehicles and they went to Kyeikhtiyoe-Bago-Nay Pyi Taw-Innlay-Nantsan-Kyaington and visited around the attractive destinations along the trip. And then on 4.3.2018 they departed to Thailand across Tarchilake entry gate.

According to the peak season of Tourism in Myanmar, international travellers are continually visiting in many ways of individuals, groups, own motor cars and bikes.

 

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် စစ်ကိုင်းတိုင်း ဒေသကြီးရှိ ခရီးစဉ်ဒေသများသို့သွားရောက်ကြည့်ရှု၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်


နေပြည်တော်၊ မတ်လ (၈) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် စစ်ကိုင်းတိုင်း ဒေသကြီး၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခရီးစဉ်ဒေသများကို ကြည့်ရှုလေ့လာရန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ (၅.၃.၂၀၁၈) ရက်နေ့တွင် ရောက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီး ဦးစိုးဦး တိုနှင့်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

၆.၃.၂၀၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင် ဦးဆောင်သော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀င်များနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ နေ့လည်ပိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်သို့ရောက်ရှိပြီး အလောင်းတော်ကဿပ စံကျောင်းတော်သို့သွားရောက်ဖူးမျှော်၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကာ ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို လှည့်လည် ကြည့်ရှု ခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပါသည်။

၇.၃.၂၀၁၈ ရက်နေ့၊ နံနက်ပိုင်းတွင်  ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အဖွဲ့သည် ကနီမြို့ နယ်ရှိ တွင်းမစခန်းသို့ လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဖိုလ်ဝင်တောင်နှင့် ရွေဘတောင်ရှိ  ရှေးဟောင်း ကျောက်ထွင်းလက်ရာများအား သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ ၍ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်ကိုင်းမြို့သို့ ရောက်ရှိပြီး ကနောင်မင်းသားကြီး၏ သံရည်ကြိုစက်ရုံ(သံချပ်ဖို)များ နှင့် အစေခံတပ်သို့ သွားရောက် ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ် ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသတင်ရရှိပါသည်။