Directory : Search Results

No result found:

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်ယာဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီ (၁) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပ မှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ် များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီး သင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Khaing Lin Tun Co.,Ltd ၏ စီစဉ် ဆောင်ရွက်မှုတို့ဖြင့် ထိုင်းနိုင်ငံသားဧည့်သည် (၅၂)ဦးသည်  ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၂၂) စီး ဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၅) ရက်နေ့မှ  ဇန်န၀ါရီလ (၃၀) ရက်နေ့အထိ ထီးခီး-ထားဝယ်-ပုလော-မြိတ်-ထားဝယ်-ရေး-မော်လမြိုင်-ဘားအံ-မြ၀တီ ခရီးစဉ်အတိုင်း သွားလည်ပတ်၍ မြ၀တီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမို တိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ ကမ္ဘာလှည့်ခရီးသွားများ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ၀င်/ ထွက် လည်ပတ်လျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီ (၁) ရက်

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘ၀ပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ် ၀င်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၅) ရက်နေ့မှ ဇန်န၀ါရီလ (၃၁) ရက်နေ့အထိ တာချီလိတ်နယ်စပ် ၀င်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၂၂၁၈၀) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသားခရီးသွားဧည့်သည်(၁၇၀) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်(၄၁၂) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၃၈၃) ဦး ရှိကြောင်း သိရှိရပါသည်။

နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ၀မ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပါသည်။

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အ၀င် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ၀ပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေ တံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့်တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့်  မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ်များ အား ၀င်ရောက်လည်ပတ်ခဲ့ကြပါသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတဆင့် ၀င်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေ အတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့မှ ၂၀၁၉ ခုနှစ် ၊ ဇန်န၀ါရီလ (၃၁) ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်/ ညအိပ်ခရီးသည် စုစုပေါင်းမှာ (၈၆၃၀၇၂) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည်စုစုပေါင်း (၁၀၉၁၁) ဦးနှင့် ဗီဇာဖြင့် ပြည်တွင်းသို့ ၀င်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း (၂၃၀၅၂) ဦးတို့ ၀င်ရောက်လည်ပတ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Improving Service Quality in the Hospitality Industry အသိပညာပေး ဟောပြောပွဲကျင်းပ


နေပြည်တော် ၊ ဇန်န၀ါရီ (၃၁) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (ငွေဆောင်ဇုန်) နှင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ MHA (HRD) တို့ ပူပေါင်းစီစဉ်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ Improving Service Quality in the Hospitality Industry အသိပညာပေးဟောပြောပွဲကို (၃၀.၁.၂၀၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် ငွေဆောင်ကမ်းခြေ ၊ Sunny Paradise Hotel ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ငွေဆောင်ရုံးခွဲ)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အတွင်းရေးမှူးနှင့် နည်းပြဆရာများ ၊ ငွေဆောင်ဟိုတယ်ဇုန်ရှိ GM များနှင့် Managaer များ ၊ Head of Department များ၊ ဟိုတယ်ဝန်ထမ်းများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင် ရုံးခွဲတာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အတွင်းရေးမှူးတို့မှ အမှာစကားပြောကြား၍ နည်းပြဆရာ Speaker ဦးစိုးနိုင်ဦးမှ Improving Service Quality ကဏ္ဍဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ကာ တက်ရောက် လာသူများမှ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေးမြို့တွင် ကျင်းပသည့် Lancang-Mekong Cultural Exchange Youth Camp 2019 တွင် ခရီးသွားပြခန်းများ ပြသလျက်ရှိ


နေပြည်တော်၊ ဇန်န၀ါရီ (၃၀)

မန္တလေးမြို့ ၊ ရွှေပြည်သာဟိုတယ်တွင် (၂၇.၁.၂၀၁၉) ရက်နေ့မှ (၃၁.၁.၂၀၁၉ ) ရက်နေ့အထိ ကျင်းပလျက်ရှိသော Lancang-Mekong Cultural Exchange Youth Camp 2019 တွင် မြန်မာနိုင်ငံအပါ အ၀င် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ဗီယက်နမ်နိုင်ငံ ၊လာအိုနိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံ ၊ ထိုင်းနိုင်ငံတို့သည် နိုင်ငံအလိုက် ခရီးသွားပြခန်းများ ပါဝင်ပြသလျက်ရှိကြောင်း သိရပါသည်။

အဆိုပါပြခန်းများတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှုများနှင့်အစားအစာများ၊ အထင်ကရခရီးစဉ်ဒေသများကို ပြသလျက်ရှိပြီး မြန်မာနိုင်ငံပြခန်းတွင် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု နှင့်ဓလေ့စရိုက် များနှင့်ဝတ်စားဆင်ယင်မှုများ၊ မြန်မာ့လက်မှုပညာဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများနှင့် ဒေသထွက်ပစ္စည်းများ ၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့်အထင်ကရနေရာများကို  ခင်းကျင်းပြသထား ကြောင်း သိရပါသည်။

 

အဆိုပါပြခန်းများကို နိုင်ငံတကာကမ္ဘာလှည့်ခရီးသွားဈေးကွက်၌ မြန်မာနိုင်ငံ၏အမည်နှင့် အမှတ် တံဆိပ်ပေါ်လွင်ထင်ရှားစေရန်၊ခရီးသွားအရင်းအမြစ်ဖြစ်သည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများ (local product) များအား သိရှိနိုင်စေရန် နှင့် ဒေသအတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ခြင်းအားဖြင့် ခရီးသွားကဏ္ဍ၏ရလဒ်ကောင်းများအား ဒေသအတွင်းနိုင်ငံများ မျှဝေခံစားနိုင်ရန်  ရည်ရွယ်၍ ပြသလျက်ရှိပြီး မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း (၆) နိုင်ငံမှ ခရီးသွားပြခန်းပေါင်း  (၇) ခန်း ပါဝင် ပြသ လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

 

 

Tourists are visiting Myanmar with their own motorbikes


Nay Pyi Taw, 30th January

As the Ministry of Hotels and Tourism has been conducting to facilitate the convenience of travel and safety for tourists, tourists are continually visiting Myanmar to explore natural resources, tourists destinations, customs and traditions, lifestyles of different ethnic groups with cruises and their own motorbikes through International gateways and Border gates.

With the supervision of Ministry of Hotels and Tourism and arrangement of Traventure Travels & Tours Co.,Ltd, 16 Indian tourists paid a visit to Tamu-Kalay-Monywa-Bagan-Bago-Myawaddy with their own 5 motorbikes from 21st January to 26th January, 2019, and departed from Myawaddy Border Gate to Thailand.

Tourists are continually visiting to the famous destinations because of visa relaxation and exploration new tourists destinations so that the number of visitor arrivals is to be high in the peak season it is learnt.

 

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒေသဆိုင်ရာဧည့်လမ်းညွှန်အခြေခံသင်တန်းအမှတ်စဉ် (၄၃) သင်တန်းဝင်ခွင့်ဆိုင်ရာကြေညာချက်


၁။       တရုတ်၊ဂျပန်၊ကိုရီးယားဘာသာစကား အထူးပြု ဒေသဆိုင်ရာဧည့်လမ်းညွှန်များ မွေးထုတ်ရန် ရည်ရွယ်လျှက်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ကြီးမှူး၍ ၄.၂.၂၀၁၉ရက်နေ့မှ၁.၃.၂၀၁၉ရက်နေ့အထိ မန္တလေးမြို့တွင်ဖွင့်လှစ်မည့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံသင်တန်း အမှတ်စဉ်(၄၃)ကို လျှောက်လွှာခေါ်ယူထားပြီး ဖြစ်ပါသည်။

၂။       လျှောက်ထားသူများ၏ ဘာသာစကားကျွမ်းကျင်မှုနှင့် ဧည့်လမ်းညွှန်ဆိုင်ရာ ဗဟုသုတများ အတွက် သင်တန်းဝင်ခွင့်နှုတ်ဖြေစစ်ဆေးခြင်းကိုအောက်ပါအတိုင်းစစ်ဆေးသွားမည်ဖြစ်ပါသည်-

(က)    ရက်စွဲ  –        ၃၀.၁.၂၀၁၉ရက်နေ့မှ၁.၂.၂၀၁၉ရက်နေ့အထိ

(ခ)     အချိန်  –        နံနက်၀၉:၀၀နာရီမှ၁၆:၀၀နာရီအထိ

(ဂ)     နေရာ  –        ခုန်ကျောက်သင်တန်းကျောင်း၊ ၃၂လမ်း၊(၆၃x၆၄) လမ်းကြား၊

မန္တလေးမြို့။

၃။       သင်တန်းဝင်ခွင့်နှုတ်ဖြေ စာမေးပွဲစစ်ဆေးရာတွင် လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံခြားဘာသာတက္ကသိုလ် (မန္တလေး) နှင့် မန္တလေး ဧည့်လမ်းညွှန် များအသင်းတို့မှ အောက်ပါအချက်များကိုအခြေခံ၍ စစ်ဆေးသွားမည် ဖြစ်ပါသည်-

(က)    ကိုယ်ရည်ကိုယ်သွေးရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း၊ အထွေထွေဗဟုသုတပြည့်စုံခြင်း။

( ခ )   ခရီးစဉ်အတွင်း တွေ့ကြုံနိုင်မည့် အခြေအနေများအား ဖြေရှင်းဆောင်ရွက်နိုင်ခြင်း၊ ဘာသာစကားကျွမ်းကျင်မှုရှိခြင်း၊  ဒေသန္တရဗဟုသုတပြည့်စုံခြင်းနှင့်ပြေပြစ်စွာ ပြောဆို နိုင်ခြင်း။

( ဂ )   သက်ဆိုင်ရာဘာသာစကားကို သွက်လက်စွာပြောဆိုနိုင်ခြင်း၊ ကျိုးကြောင်းဆီလျော်မှု ရှိခြင်း၊ အကြောင်းအရာအပေါ် မှန်ကန်စွာတုံ့ပြန်နိုင်ခြင်းနှင့် သဘောပေါက်နားလည်မှု ရှိခြင်း။

၎။       သင်တန်းဝင်ခွင့်အောင်စာရင်းကို ၁.၂.၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် ဤ၀န်ကြီးဌာနနှင့် ဦးစီးဌာန (မန္တလေးတိုင်းဒေသကြီးရုံးခွဲ)၏ facebookpage များနှင့် အထက်ပါ သင်တန်းကျောင်း တို့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

၅။       ရုံးချိန်အတွင်းဆက်သွယ်ရန် ဖုန်းနံပါတ်များ-

(က)    ၀၂-၆၀၃၆၉

(ခ)     ၀၂ -၂၈၄၈၀၄၂

( ဂ )   ၀၂-၂၈၄၈၀၄၃

 

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန