နေပြည်တော်၊ ဇူလိုင်လ (၉)ရက်

အင်း​တော်​ကြီး ဇီဝအဝန်းနယ်​​မြေ ​ရေရှည်​တည်​တံ့ခိုင်​မြဲ​ရေး (၂၀၁၈-၁၉ မှ ၂၀၂၂-၂၃ ထိ) ၅ နှစ်​တာကာလ စီမံချက်​သုံးသပ်​အကြံပြုခြင်းဆိုင်​ရာ အလုပ်​ရုံ​ဆွေး​နွေးပွဲကို ၅-၇-၂၀၁၈ရက်နေ့ မနက်ပိုင်းတွင်  ​ မိုးညှင်းမြို့ရှိအ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်​ခဲ့ရာ  ပြည်​သူလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးဝင်း​ဇော်​၊  အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန ခရိုင်​အုပ်​ချုပ်​​ရေးမှူး ဦးခင်​​မောင်​​လေး၊ ဟိုတယ်​နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊  ကချင်ပြည်နယ် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးခိုင်​ဝင်း နှင့်​ ဌာနဆိုင်​ရာ တာဝန်​ရှိသူများ၊ အင်း​တော်​ကြီး ဇီဝ အဝန်း နယ်​​မြေ အုပ်​ချုပ်​​ရေးမှူး နှင့်​ Fauna & Flora International (FFI) မှတာဝန်​ရှိသူများ ​ဒေသခံ ​ကျေးရွာများမှ အုပ်​ချုပ်​​ရေးမှူးများ တိုင်​ရင်းသားရွာသူရွာသားများ စုစု​ပေါင်း (၇၀)ဦးခန့်​ တက်​​ရောက်​ ခဲ့ပါသည်​။

ဆွေးနွေးပွဲတွင်​ ခရိုင်​အုပ်​ချုပ်​​ရေးမှူး ဦးခင်​​မောင်​​လေးက ဇီဝအဝန်းနယ်​​မြေ အုပ်​ချုပ်​​ရေးမှူးမှ စီမံချက်​ဆိုင်​ရာ လုပ်​ငန်းစဉ်​များကို ရှင်​လင်းတင်​ပြပြီး ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးဝင်း​ဇော်​နှင့်​ ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှု ဦးစီးဌာန၊  ကချင်ပြည်နယ် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးခိုင်​ဝင်းတို့က အင်း​တော်​ကြီးဇီဝအဝန်းနယ်​​မြေ ​ရေ ရှည်​တည်​မြဲ​ရေး၊ သဘာဝအ​ခြေခံခရီးသွားလုပ်​ငန်း​​ ရေရှည်​​တည်​တံ့ခိုင်​မြဲ​​ရေး၊ လူထုအ​ခြေပြုခရီးသွားလုပ်​ငန်း (CBT) ဖွံ့ဖြိုးတိုးတက်​​ရေးအတွက်​ အ​ခြေခံ လိုအပ်​ချက်​များ လိုက်​နာ​​ဆောင်​ရွက်​ရန်​ အချက်​များ ဌာနဆိုင်​ရာနှင့်​​ဒေသခံပြည်​သူများပူး​ပေါင်း​ဆောင်​ရွက်​ရမည့်​ လုပ်​ငန်းစဉ်​များ လူတိုင်း ကိုယ်​စီတာဝန်​သိမှု တာဝန်​ယူမှုများဖြင့်​ တက်​ညီလက်​ညီ ​ဆောင်​ရွက်​ရန်​လိုအပ်​သည်​များကို ဖြည့်​စွက်​ ရှင်းလင်း​ဆွေး​နွေးကြပါသည်​။

ထို​နောက်​ တက်​​ရောက်​လာကြ​သော ​ဒေသခံများမှ တင်​ပြ​ဆွေး​နွေးကြပြီး စီမံကိန်းပါ အချက်​များဖြစ်​သည့်​ ကင်းလှည့်​ထိန်းသိမ်းခြင်း ၊ သဘာဝ အ​ခြေခံခရီးသွားလုပ်​ငန်း၊ ​အော်​ဂဲနစ်​ စိုက်​ပျိုး​ရေး၊ ​ရေရှည်​ဖွံ့ဖြိုး​သောငါးထိန်းသိမ်း​ရေးလုပ်​ငန်းများကို စဉ်​ဆက်​မပြတ်​ ​လေ့လာသုံးသပ်​ နိုင်​​ရေး အတွက် ​​ဆွေး​နွေးပွဲများကို သုံးလတစ်​ကြိမ်​ ကျင်းပပြု လုပ်​သင့်​​ကြောင်းစု​ပေါင်း အကြံပြု​ဆွေး​နွေးကြပါသည်​။

အင်း​တော်​ကြီးဇီဝအဝန်းနယ်​​မြေ ​ရေရှည်​တည်​တံ့ခိုင်​မြဲ​ရေးပထမအကြိမ်​ ​ဆွေး​နွေးပွဲကို အင်း​တော်​ကြီး​ဒေသ တွင်​(၂၀၁၈ မတ်​လ ၂၈-၂၉ ရက်​​နေ့ ) ကျင်းပခဲ့ပြီး ဒုတိယအကြိမ်​ ​ဆွေး​နွေးပွဲကို မိုးညှင်းတွင်​ ယခုကျင်းပ၍တတိယ အကြိမ်​ကို ပြည်​နယ်​အဆင့်​ တွင်​ ဆက်​လက်​ကျင်းပသွားမည်​ဖြစ်​​ကြောင်း သတင်းရရှိပါသည်။