နေပြည်တော်၊ သြဂုတ်လ (၉) ရက်

မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ် (တမူး) ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့ တမူးမြို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြား ရေးမှူး၊ တမူးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးတို့ ဦးဆောင် တက်ရောက်ခဲ့ပြီး တစ်ဖက်နိုင်ငံမှ Suhel Athtar (မဏိပူရပြည်နယ်အတွင်းရေးမှူး)၊ Shrc M kumar (ကုန်းလမ်း ပို့ဆောင်ရေး ဥက္ကဌ)၊ Shri Kh. Raghumari Sigh (အထူးအတွင်းရေးမှူး၊ ပြည်ထဲရေး)၊Shri RK Shlvachandra တို့ ဦးဆောင်တက် ရောက်ခဲ့ကြပြီး အင်အား (၄၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို နံနက် (၀၈:၃၀) အချိန်တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး နှစ်ဘက် အပြန်အလှန်  လက်ဆောင်ပေးခြင်း၊ နှစ်ဘက်သွားလာရေးဆိုင်ရာ အစည်း အဝေးပြုလုပ်ခြင်း၊ စုပေါင်း ဓါတ်ပုံရိုက်ခြင်း များ ပြုလုပ်၍ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။