Directory : Search Results

No result found:

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာဘာသာရပ်သင်တန်းအမှတ်စဉ် (၁၁/၂၀၁၇) ဆင်းပွဲအခမ်းအနား မန္တလေးမြို့၌ကျင်းပ



ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဘက် ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေပြီး ဒေသတွင်း ဆင်းရဲနွမ်းပါး မှုလျော့ချစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး ဟိုတယ်ဝန်ဆောင်မှု အရည်အသွေး ကောင်းမွန် စေရန် ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီး ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေးဇုံ)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း အမှတ်စဉ် (၁၁/၂၀၁၇) ဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၂) ရက်၊ နံနက်ပိုင်းတွင် မန္တလေးမြို့ FITC (FuQing International Language Teaching Center) သင်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) တာဝန်ခံ ညွှန်ကြားရေးမှူး၊ ဦးခင်မောင်ရွှေနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေး ဇုန်) သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ ဥက္ကဌ ဦးကျော်ဇောအောင်၊ ဟိုတယ်နှင့်ခရီးသွား ညွှန် ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) အရာထမ်း/အမှုထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/ သူများ တက် ရောက်ကြပါသည်။

အမှတ်စဉ် (၁၁/၂၀၁၇) တွင် သင်တန်းသား/သူ (၁၉၇) ဦးတက်ရောက်ခဲ့ပြီး ဧည့်ကြိုသင် တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေး ရေးသင်တန်းတို့အား သင်တန်းကာလ ရက်သတ္တပါတ် (၄) ပါတ်နှင့်အစားအစာနှင့်အဖျော်ယမကာ ထုတ်လုပ်ရေးသင်တန်းအား ရက်သတ္တပါတ်(၈)ပါတ်ကို စာတွေ့လက်တွေ့ လုပ်ငန်းခွင်မပျက် (On Job Training) သင်ကြားပို့ချပေးခဲ့ပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ပုဂ္ဂလိကအသင်းအဖွဲ့များ ပူးပေါင်း ပါဝင်မှု တို့ဖြင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခဲ့ရာ သင်တန်းအမှတ် စဉ် (၁) မှ (၁၁) အထိ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၁၁၁) ဦးနှင့် မိတ္ထီလာမြို့တွင် သင်တန်း သား/သူ (၆၀) ဦး တို့ဖြစ်ပြီး စုစုပေါင်း (၂၁၇၁) ဦးတို့အား အောင်မြင်စွာ မွေးထုတ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ကယားပြည်နယ်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက် လည်ပတ်လျက်ရှိ


နေပြည်တော်၊ စက်တင်ဘာလ (၂၂) ရက်
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာ ၀အလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြား သည့် ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှ တစ် ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ်ဝင်ထွက်သွားလာ လည်ပတ်လျက်ရှိပါသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်လေဆိပ် Information Counter နှင့် လွိုင်ကော်ရုံးရှိ Information Counter တို့တွင် ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များအတွက် လိုအပ်သော သတင်း အချက်အလက်များကို ၀န်ဆောင်မှုပေးလျက်ရှိပါသည်။ ကယားပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ၀င်ရောက်မှု စာရင်းမှာ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်း (၁၁၃၁၃) ဦးနှင့် ပြည်ပ (၂၆၆၂) ဦး၊ ၂၀၁၅ ခုနှစ်တွင် ပြည်တွင်း (၁၃၇၇၈) ဦးနှင့် ပြည်ပ (၃၉၃၃) ဦး၊ ၂၀၁၆ ခုနှစ်တွင် ပြည်တွင်း (၁၆၉၉၄) ဦးနှင့် ပြည်ပ (၆၃၇၄) ဦး၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ ပြည်တွင်း (၁၆၆၉၉) ဦး၊ ပြည်ပ (၅၄၄၇) ဦးတို့ လာရောက်လည်ပတ်ကြကြောင်း သတင်းရရှိပါသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ၀င်/ ထွက် လည်ပတ်လျက်ရှိ




၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့မှ (၂၁) ရက်နေ့ အထိ တာချီလိတ်နယ်စပ် ၀င်/ ထွက် ပေါက်မှတစ်ဆင့် နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြ သည့် ထိုင်းနိုင်ငံသား အများစု ပါဝင်သော တတိယနိုင်ငံသား ခရီးသွားဧည့်သည် (၁၄၁၉၇) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၅၀) ဦး၊ ဗီဇာဖြင့် လာရောက် လည်ပတ်ကြသည့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံ ခြားသားခရီးသွားဧည့်သည် (၁၁၅) ဦး ရှိကြောင်း သိရှိရသည်။

နေ့ချင်းပြန်ခရီးစဉ်လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်အများစုသည်  တာချီလိတ် မြို့ရှိ အထင်ကရနေရာများဖြစ်သော တာလော့ဈေး၊ ဘုရင့်နောင် ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ရွှေတိဂုံစေတီတော်၊ တိုင်းရင်းသားကျေးရွာ၊ အာခါဈေး၊ တရုတ်ဘုံကျောင်းများသို့ သွားရောက် လည် ပတ်ကြပါသည်။

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရား ခြေတော်ရာစေတီ၊ ကျိုင်းတုံမြို့ရှိ မဟာမြတ် မုနိ၊ ဟိုခိုကျောင်း၊ ၀တ်အင်း ကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ် ပင်တောင်၊ ကမ္ဘာအေးစေတီ စသည့် အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်ကြပါသည်။

တာချီလိတ်နယ်စပ် ၀င်ပေါက်မှ တဆင့် ၀င်ရောက်သည့် နိုင်ငံခြားခရီးသွား ဧည့်သည် အရေ အတွက်မှာ ၂၀၁၇ ခုနှစ် ဧပြီလ(၁)ရက်နေ့မှ စက်တင်ဘာလ (၂၁) ရက်နေ့အထိ နေ့ချင်းပြန်ခရီးသည် စုစုပေါင်းမှာ (၃၆၁၇၂၅) ဦး ဖြစ်ပြီး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည် စုစုပေါင်း (၆၀၉၆) ဦး နှင့် ဗီဇာဖြင့် တာချိတ်လိတ်မှ တဆင့် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ၀င်ရောက် လည်ပတ်သည့် ခရီးသည် စုစုပေါင်း (၃၃၁၀) ဦးတို့ ၀င်ရောက်လည်ပတ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။