Myanmar International Tourism Expo 2018

 မြန်မာအပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းပြပွဲ Myanmar International Tourism Expo 2018 ကို (၂၀.၇.၂၀၁၈) ရက်နေ့မှ ( ၂၂.၇.၂၀၁၈) ရက် နေ့အထိ ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမတွင် ICVeX ကုမ္မဏီလီမိတက်မှ UMFCCI၊ UMTA တို့နှင့် ပူးပေါင်း၍ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါပြပွဲမှာ ပြည်တွင်းနှင့်ပြည်ပတွင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းအတွက် စီးပွားရေးအခွင့် အလမ်းများဖန်တီးပေးနိုင်ရန်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍအတွက် နိုင်ငံတကာမှခရီးသွား လုပ်ငန်း ဆောင်ရွက်သူများနှင့်ချိတ်ဆက်နိုင်ရန်အတွက် နှစ်စဉ်ကျင်းပသည့် ပြပွဲတစ်ခုဖြစ်လာစေရန်၊ မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် ခရီးသွားများအနေဖြင့် ခရီးစဉ်ဒေသများ၊ အထင်ကရနေရာများ၊ ဝန်ဆောင်မှုများနှင့် ခရီးသွားဆိုင်ရာအရင်းအမြစ်များ၊ သတင်းအချက်အလက် များကို ဖြန့်ဝေနိုင်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံ၊ အိန္ဒယနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ထိုင်ဝမ်တို့မှ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်များ၊ လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်း (၄၇) ခုမှ ပြခန်းများ ပါဝင်ပြသကြမည်ဖြစ်ပါသည်။

Activity Slot             –          Download HERE

Exhibitor Preparation Myanmar International Tourism Expo2018   –     Download HERE