နေပြည်တော်၊ ဇန်န၀ါရီလ (၁၀) ရက်

ငွေဆောင်ကမ်းခြေသန့်ရှင်းလှပစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် စုပေါင်းသန့်ရှင်း ရေးလှုပ်ရှားမှုကို (၁၀-၁-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ငွေဆောင်ကမ်းခြေ Sunny Paradise Hotel ဘေး ကမ်းခြေဆင်းလမ်းကမ်းခြေနှင့် ချစ်သူများကျွန်း ကမ်းခြေရှိ စွန့်ပစ်အမှိုက်များကို ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ၀န်ထမ်းများ၊ ဟိုတယ်ဇုန် GM/Manager များနှင့် ဟိုတယ်ဝန်ထမ်းများ Ngwe Saung Trush Hero အဖွဲ့များ စုစုပေါင်း အင်အား (၁၁၀) ဦးခန့် ပူးပေါင်းပါဝင်ကာ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ပါ သည်။

ငွေဆောင်ကမ်းခြေဒေသသည် နှစ်စဉ် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ တိုးတက်များပြား လာသည်နှင့်အမျှ ကမ်းခြေနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ မပျက်စီးစေရေး၊ အမှိုက်ကင်းစင် သော ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရေး၊ ခရီးသွားဧည့်သည်များ ကမ်းခြေ၌ စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ အနားယူအပန်းဖြေစေရေးတို့ကို ရည်ရွယ်၍ စုပေါင်း သန့်ရှင်းရေး (Activity) လှုပ်ရှားမှုကို ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။