Directory : Search Results

No result found:

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အပျော်စီးရေယာဉ်ဖြင့် လာရောက်လည်ပတ်လျှက်ရှိ


နေပြည်တော်၊ ဒီဇင်ဘာလ(၆)ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ကြီးကြပ်မှု၊  Golden Myanmar Butterfly Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပြင်သစ်နိုင်ငံသားဧည့်သည် (၃) ဦးသည်  ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၉) ရက် နေ့မှ နိုဝင်ဘာလ  (၄) ရက်နေ့အထိ မြန်မာရွှေလိပ်ပြာအပျော်စီး ရေယာဉ်ဖြင့် မန္တလေး-မိုးတား-တကောင်း-ကျောက်မြောင်း-စစ်ကိုင်း-ရန္တပို-ပုဂံခရီးစဉ်များသို့ သွားရောက် လည်ပတ်ခဲ့ပြီးနောက် အဆိုပါဧည့်သည်များသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ပြည်ပသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြပါသည်။

 

 

 

ထို့အတူ အဆိုပါကုမ္ပဏီ၏ အစီအစဉ်ဖြင့်ပင် ပြင်သစ်နိုင်ငံသား ဧည့်သည် (၂) ဦးသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့မှ နိုဝင်ဘာလ (၂၃) ရက်နေ့အထိ မြန်မာရွှေလိပ်ပြာအပျော်စီးရေယာဉ်ဖြင့် မန္တလေး-ရှိန်းမကား-သပိတ်ကျင်း-တကောင်း-ကသာ-ဆင်စခန်း-ဗန်းမော်-မန္တလေး-သီပေါ-မန္တလေး-ရန်ကုန် ခရီးစဉ်များသို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။

 

 

 

 

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများနှင့် ဒုတိယ မြစ်ကျဉ်းသဘာဝအလှအပရှုခင်းများ၊ ရေလုပ်သားတို့၏ လူနေမှု ဓလေ့စရိုက်နေထိုင်မှုပုံစံများ၊ ဆင်စခန်း၊ ရိုးရာအိုးလုပ်ငန်းနှင့် ညနေနေ၀င်ဆည်းဆာအလှအပများအား ခံစားသိရှိလို၍ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း စသည့်ခရီးစဉ်များကို ပိုမိုတိုးတက်လည်ပတ်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

 

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ၀င်/ ထွက် လည်ပတ်လျက်ရှိ


နေပြည်တော်၊ ဒီဇင်ဘာလ (၇) ရက်

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘ၀ပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ် ၀င်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။

 

 

 

 

 

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၃၀) ရက်နေ့မှ ဒီဇင်ဘာလ(၆) ရက်နေ့အထိ တာချီလိတ်နယ်စပ် ၀င်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၂၀၃၄၄) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသားခရီးသွားဧည့်သည်(၂၄၆)ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် (၄၄၃) ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသား အပါအ၀င် လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၀၁၅) ဦး ရှိကြောင်း သိရှိရပါသည်။

 

 

 

 

 

နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ၀မ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပါသည်။

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အ၀င် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ၀ပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး ပြည်တွင်းပိုင်းခရီးစဉ်အား တာချီလိတ်မြို့မှ လေကြောင်း ဖြင့် တိုက်ရိုက်ပျံသန်းသော မြို့များဖြစ်သည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့် ပြည်တွင်းပိုင်းသို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။

 

 

 

 

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတဆင့် ၀င်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေ အတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့မှ ဒီဇင်ဘာလ (၆) ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်/ ညအိပ်ခရီးသည် စုစုပေါင်းမှာ (၆၇၃၃၅၈) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည်စုစုပေါင်း (၇၄၆၀) ဦးနှင့် ဗီဇာဖြင့် ပြည်တွင်းသို့ ၀င်ရောက်လည်ပတ်သည့် ခရီးသည် စုစုပေါင်း (၁၁၈၂၈) ဦးတို့ ၀င်ရောက်လည်ပတ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

 

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် လာရောက်လည်ပတ်


နေပြည်တော်၊ ဒီဇင်ဘာလ (၇) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက်လည်ပတ်နိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက်လည်း ၀င်/ထွက် သွားလာမှု လွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Teo Myanmar Co.,Ltd စီစဉ်ဆောင်ရွက်မှု တို့ဖြင့် အီတလီနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် (၄) ဦးတို့သည် ကိုယ်ပိုင်မော်တော်ယာဉ် (၁)စီး ဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ နိုဝင်ဘာလ (၂၉) ရက်နေ့အထိ တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး တမူး- ကလေး- ဖလန်း- ဟားခါး- မတူပီ- မင်းတပ်- ကန်ပက်လက်- ပခုက္ကူ- ပုဂံ-ပုပ္ပါး- အင်းလေး- ညောင်ရွှေ- လွိုင်ကော်- နေပြည်တော်- ပေါက်ခေါင်း- ပြည်- ပုသိမ်- ငွေဆောင်ကမ်းခြေ- ရန်ကုန်- ကျိုက်ထီးရိုး- သထုံ- ဘားအံ- မြ၀တီမြို့များသို့ သွားရောက်လည်ပတ်၍ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် မြ၀တီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီကာလဖြစ်ခြင်းနှင့် ခရီးသွားဧည့်သည် တိုးမြှင့်ဝင်ရောက်လာနိုင်ရေး ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်/ထွက်ပေါက်များမှတဆင့် ၀င်ရောက်လာ၍ မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများ သို့ လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

Holding the Negotiation Meeting on the Permission of Visiting Myanmar with the International Cruise


Nay Pyi Taw, 6th December 2018

As the Ministry of Hotels and Tourism is performing for smoothing the way to visit Myanmar, the meeting to negotiate the permission of visiting Myanmar with international cruises including the M.V Silver Discoverer cruise during the peak season was held at the Ministry of Hotels and Tourism on 6 December 2018.

With the leading of U Ohn Maung, Union Minister for the Ministry, the representatives from Ministry of Hotels and Tourism, Ministry of Defense, Ministry of Home Affairs, Ministry of Transportation and Communication, Ministry of Labor, Immigration and Population, Ministry of Planning and Finance, States Government of Mon, Rakhine, and Tanintharyi and the relevant person from the tour companies which will arrange for those trips attended the meeting.

At the meeting, Union Minister delivered a speech that today meeting is for the permission of visiting Yangon, Mawlamyine and Ngapali beach in Myanmar by international visitors with the M.V Silver Discoverer cruise from 5th February 2019 to 5th March 2019 with the arrangement of Abercrombic & Kent Int’l Ltd. And the Excellency also mentioned that the international cruises arrived at Myanmar for 20 times with (20,714) travelers in 2017 and they came for 23 times with (21,757) travelers during the period of January to November 2018 and gave thanks to the related departments which helped everything for those trips to be convenient, and requested the representatives from related departments to explain about the rules, regulations, orders and other required documents which tour company need to have when they arrange the international cruise tours.

Then, U Barat Singh, Permanent Secretary of the Ministry, encouraged the representatives from related departments to completely discuss the applying visa, security and tax related to the international cruise tours. The relevant representatives discussed and submitted their performances concerning with the cruise tours respectively. Finally, the Union Minister concluded the meeting by discussing the necessary things for systematically preparation, safety and security, and cooperation with the departments.

Organizing a coordination meeting related to the shooting of Documentary Video Clip by MONAREX HOLLYWOOD Cooperation for Myanmar Tourism Promotion


Nay PyiTaw , December (5)

Ministry of Hotels and Tourism is taking all-out effort for the all -round development of Myanmar hotels and tourism sector, with the intention to support  Ministry’s efforts and to make Myanmar be a well- known destination in the world , Mr. Chris D.Nebe , the producer, & his team ,MONAREX HOLLYWOOD COOPERATION,is planning to shoot a documentary video clip about Myanmar’s enchanting natural beauties and landscapes and lovely customs of various ethnic groups. Therefore, a coordination meeting related to this led by Union Minister , U Ohn Mg , was organized at Ruby Hall , Ministry of Hotels and Tourism .

Union Minister for Ministry of Information , Dr ,PeMyint  and Dr.WinMyat Aye, Union Minister for Ministry of Social Welfare , Relief and Resettlement , Permanent Secretary of Ministry of Hotels and Tourism , U Barat Sighn and  responsible person , Myanmar Tourism Federation and officials from Brother Associations, Mr. Chris D.Nebe, President , MONAREX HOLLYWOOD COOPERATION  and officials, Mysterious China Series Document Flims , Myanmar Project aand Yangon Media Group Co.,Ltdwere present at the meeting.

After the opening remark of Union Minister, Managing Director , U ZAw Win Khaing , YAngon Media Group Ltd presented about the activities related to documentary shooting  in detail. Then , Union Ministers discussed collaboratively  the necessary facts regarding to shooting . And then , Union Minister of Ministry of Hotels and Tourism discussedsome additional points  and closed the meeting.