Directory : Search Results

No result found:

မကွေးမြို့တွင် Hotel Operation Management သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲကျင်းပ


နေပြည်တော် ၊ ဇန်န၀ါရီ (၁၄) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မကွေးရုံးခွဲ)၏ကြီးကြပ်မှု ၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ၏ပံ့ပိုးမှုနှင့်မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်)နှင့် Luxembourg AIDS တို့ ပူးပေါင်းဖွင့်လှစ်သည့် Hotel Operation Management သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့၊ နန်းထိုက်သူဟိုတယ်တွင် ဖွင့်လှစ်ခဲ့ရာ  သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (မကွေးရုံးခွဲ)တာဝန်ခံ  ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်မှ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

 

အခမ်းအနားကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း(မကွေးဇုန်) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ ခရီးသွားလုပ်ငန်းရှင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းအား မကွေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ မိုတယ်များတွင် တာဝန် ထမ်းဆောင်နေသော ဟိုတယ်ပိုင်ရှင်များ၊ မန်နေဂျာအဆင့်ဝန်ထမ်းများ စုစုပေါင်း (၁၈)ဦး တက်ရောက်ပြီး သင်တန်း ကာလမှာ (၁၄-၁-၂၀၁၉) မှ (၂၅-၁-၂၀၁၉) ရက်နေ့အထိ ဖြစ်ကြောင်း သတင်းရရှိပါသည်။

Journey to the Naga-Land Rally Sagaing/MHTTR 7-2019 Car Racing Opening Ceremony


Naypytaw, January 11

With the supervision of Ministry of Hotels and Tourism and Monya Branch as well as  support of the Sagaing Regional Government , Journey to the Naga-Land Rally Sagaing/MHTTR 7-2019 Car Racing Opening Ceremony was held in front of the Monya City Hall on 11th January 2019in order to promote tourism development in Sagaing Region.

အခမ်းအနားကို စစ်ကိုင်းတိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်တာဝန်ရှိသူများ ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မုံရွာရုံးခွဲ) မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်ဝန်ထမ်းများ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

The ceremony was attended by  Dr. MyintNaing ,Union Minister for Sagaing Region and responsible personnel from Monya Directorate of Hotels and tourism  , Departmental officials, staff from  hotels  and invited guests.

Dr. MyintNaing ,Union Minister for Sagaing Regiondelivered the opening  address and  a responsible participant in car racing explained about car racing .After that, Union Minister for Sagaing Region and responsible personnel conducted Journey to the Naga-Land Rally Sagaing/MHTTR 7-2019 Car Racing Opening Ceremony by cutting ceremonial ribbon.

Then, they took the commemorative photos and participants in car racing took a seat in their car and start driving in accordance with checkered flag and sound. Finally, the ceremony was successfully closed through waving flags by all attendees.

It is marked that Journey to the Naga-Land Rally Sagaing/MHTTR 7-2019 Car Racing will starton the track of Monya-Minkin-Mawlite-tamu-Hommalin-Htamanthi and Naga festival and returntrip of Naung Po Aung-Tharnartaw-Tawchin- Sagaingarrived in Sagaing on 17th January 2019.

 

၂၀၁၉ ခုနှစ်အတွက် လူကြိုက်များသည့် အလည်အပတ်နေရာ နယူးဇီလန်၊ မြန်မာ၊ စပိန်နိုင်ငံတို့အဖြစ် ရပ်တည်လျက်ရှိကြောင်း ကိုရီးယားနိုင်ငံ၏ Tmon Website တွင် ဖော်ပြ


http://m.etoday.co.kr/view.php?idxno=1699207

နေပြည်တော်၊ ဇန်န၀ါရီလ (၁၁) ရက်

နယူးဇီလန်နှင့် မြန်မာ၊ စပိန်စသည်ဖြင့် လူကြိုက်များသည့် အလည်အပတ်နေရာဖြင့် ပေါ်ထွက် လာပါကြောင်း၊ Tmon Website မှ ယခုနှစ်ကုန်နှင့် နောက်နှစ် နှစ်ဦးပိုင်းအထိ (၁ လပိုင်းမှ ၆ လပိုင်း အထိ) ၅ သိန်း ၈ သောင်းခုခန့်ရှိသော လေယာဉ်လက်မှတ်ကြိုတင်ဝယ်ယူမှုများကို ခွဲခြမ်းစိတ်ဖြာကြည့်ရာ လူကြိုက်အများဆုံး အလည်အပတ်နေရာဖြစ် နယူးဇီလန်၏ Oak Land နှင့် မြန်မာ၏ ရန်ကုန်မြို့နှင့် စပိန် ၏ ဘာစီလိုနာတို့က (ပ၊ ဒု၊ တ) အစီအစဉ်အလိုက် နေရာယူထားကြကြောင်း။

အရှေ့တောင်အာရှ မြို့လေးငယ်များသည် လူကြိုက်များသည့် အလည်အပတ်နေရာများ ဖြစ်ကြ သည်။ လူကြိုက်များသည့် အလည်အပတ်နေရာ နံပါတ် ၂ နေရာသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် နံပါတ် ၅ နေရာသို့ ရောက်ရှိနေသော ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့သည် လတ်တလော ကမ္ဘာ လှည့်ခရီးသွားများအကြားတွင် ၁ လ နေထိုင်ခွင့်ကာလရရှိခြင်းဖြင့် လူကြိုက်များနေခြင်းဖြစ်ပါသည်။ လက်တွေ့တွင် နောက်နှစ် Tmon tour ၏ လေယာဉ်လက်မှတ်ဝယ်ယူသည့် မှတ်တမ်းအရ မြန်မာနိုင်ငံ ရန်ကုန်မြို့၏ ပျမ်းမျှနေထိုင်ခွင့်ကာလသည် (၂၈) ရက်ဖြစ်ပါကြောင်း ကိုရီးယားနိုင်ငံ၏ Tmon Website တွင် ဖော်ပြထားပါသည်။

ငွေဆောင်ကမ်းခြေသန့်ရှင်းလှပစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စုပေါင်းသန့်ရှင်းရေး (Activity) လှုပ်ရှားဆောင်ရွက်


နေပြည်တော်၊ ဇန်န၀ါရီလ (၁၀) ရက်

ငွေဆောင်ကမ်းခြေသန့်ရှင်းလှပစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် စုပေါင်းသန့်ရှင်း ရေးလှုပ်ရှားမှုကို (၁၀-၁-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ငွေဆောင်ကမ်းခြေ Sunny Paradise Hotel ဘေး ကမ်းခြေဆင်းလမ်းကမ်းခြေနှင့် ချစ်သူများကျွန်း ကမ်းခြေရှိ စွန့်ပစ်အမှိုက်များကို ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ၀န်ထမ်းများ၊ ဟိုတယ်ဇုန် GM/Manager များနှင့် ဟိုတယ်ဝန်ထမ်းများ Ngwe Saung Trush Hero အဖွဲ့များ စုစုပေါင်း အင်အား (၁၁၀) ဦးခန့် ပူးပေါင်းပါဝင်ကာ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ပါ သည်။

ငွေဆောင်ကမ်းခြေဒေသသည် နှစ်စဉ် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ တိုးတက်များပြား လာသည်နှင့်အမျှ ကမ်းခြေနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ မပျက်စီးစေရေး၊ အမှိုက်ကင်းစင် သော ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရေး၊ ခရီးသွားဧည့်သည်များ ကမ်းခြေ၌ စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ အနားယူအပန်းဖြေစေရေးတို့ကို ရည်ရွယ်၍ စုပေါင်း သန့်ရှင်းရေး (Activity) လှုပ်ရှားမှုကို ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အပျော်စီးရေယာဉ်ဖြင့် လာရောက်လည်ပတ်လျှက်ရှိ


နေပြည်တော်၊ ဇန်န၀ါရီလ(၁၀)ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုး များ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘော များဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ကြီးကြပ်မှု၊  Golden Myanmar Butterfly Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသားဧည့်သည် (၇) ဦးသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ (၈) ရက်နေ့အထိ မြန်မာရွှေလိပ်ပြာ အပျော်စီးရေယာဉ်ဖြင့် ပုဂံ-ရန္တာပို-စစ်ကိုင်း-စိန်ပန်းကုန်း-ကျောက်မြောင်း-တကောင်း-မိုးသား-ဗန်းမော်-မန္တလေး-ရန်ကုန်ခရီးစဉ်များသို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ဒုတိယ မြစ်ကျဉ်းသဘာဝအလှအပရှုခင်းများ၊ ရေလုပ်သား တို့၏ လူနေမှု ဓလေ့စရိုက်နေထိုင်မှုပုံစံများ၊ ဆင်စခန်း၊ ရိုးရာအိုးလုပ်ငန်းနှင့် ညနေနေ၀င်ဆည်းဆာ အလှအပများအား ခံစားသိရှိလို၍ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း စသည့်ခရီးစဉ်များကို ပိုမို တိုးတက်လည်ပတ်လျှက် ရှိကြောင်း သတင်းရရှိပါသည်။