+95-67- 406458 [email protected]
Select Page

ဝန်ကြီးရုံး

  • အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ လုပ်ငန်းတာဝန်များ

၁။ ဝန်ကြီးရုံးနှင့် အမြဲတမ်းအတွင်းဝန်ရုံး၏ အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ခြင်း။

၂။ ဝန်ကြီးဌာန ဝန်ထမ်းစီမံရေးနှင့် အထွေထွေစီမံခန့်ခွဲမှုကိစ္စများ၊ တာဝန်ယူညွှန်ကြားခြင်း။

၃။ ပြည်တွင်း/ ပြည်ပသင်တန်းများ ရွေးချယ်စေလွှတ်ခြင်းနှင့် ဝန်ကြီးဌာန အစီအစဉ်ဖြင့် သင်တန်းများ ဖွင့်လှစ်ခြင်း။

၄။ ပြည်တွင်း/ ပြည်ပနှီးနှောဖလှယ်ပွဲများ၊ ပြပွဲ/ ဆွေးနွေးပွဲများသို့ ကိုယ်စားလှယ်များရွေးချယ်စေလွှတ် ရန်ကြီးကြပ်ခြင်း။

၅။ မှတ်ပုံတင်လုပ်ငန်းများနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းလိုင်စင်နှင့် အခွန်အခဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း။

  • မူဝါဒရေးရာဌာနခွဲ၏ လုပ်ငန်းတာဝန်များ

၁။ မြန်မာနိုင်ငံခရီးသွားလာရေးဥပဒေဆိုင်ရာအမိန့်နှင့် ညွှန်ကြားချက်များအား မပြတ်လေ့လာ သုံးသပ် ခြင်း

၂။ မြန်မာနိုင်ငံခရီးသွားလာရေးဥပဒေပါအချက်များ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ပါကပြုစုတင်ပြ ခြင်း။

၃။ အမိန့်နှင့်ညွှန်ကြားချက်များအပေါ် သုံးသပ်လေ့လာဆောင်ရွက်ခြင်း။

၄။ နိုင်ငံတော်တွင် ပြီးပြည့်စုံသောကမ္ဘာလှည့်ခရီးသည်လုပ်ငန်းတစ်ခုဖြစ်စေရေး၊ လိုအပ်မည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ရေး ရှေ့နေရုံးချုပ်၏ အကြံပြုချက် ရယူဆောင်ရွက်ခြင်း။

၅။ လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းလာသည့် မေးခွန်းများ ဖြေကြားခြင်းနှင့် ကတိက ဝတ်များနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းတင်ပြခြင်း။

၆။ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကော်မတီအသီးသီးသို့ အမှာစာ များ ပြုစုတင်ပြခြင်း။

၇။ လက်ရှိခရီးသွားလုပ်ငန်းကို ခေတ်စနစ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော မူဝါဒများ၊ အမိန့်၊ ညွှန်ကြားချက်များ နှင့် အမိန့်ကြော်ငြာစာများကို ထုတ်ပြန်ခြင်း။

၈။ လုပ်ငန်းလိုင်စင်များ၏ လိုင်စင်ဆိုင်ရာအမိန့်များအား ပြန်လည်သုံးသပ်ခြင်း၊ လိုအပ်ချက်များ ပြင်ဆင် ဆောင်ရွက်ခြင်း။

၉။ မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ မျက်မှောက်ကမ္ဘာနှင့် မြန်မာ ့ခရီးသွား လုပ်ငန်းအခြေအနေအရ အခြားနိုင်ငံတကာခရီးသွားလုပ်ငန်း ဥပဒေများနှင့်အညီ လိုက် လျောညီထွေရှိစေရန် မြန်မာနိုင်ငံခရီးသွားလာရေး လုပ်ငန်းဥပဒေ(မူကြမ်း)ကို အသစ်ပြန်လည် ရေးဆွဲခဲ့ ပါသည်။

၁၀။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသည် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွား လာရေး ဥပဒေ ပုဒ်မ ၃၁ ၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင် ခွင့်ကို ကျင့်သုံး၍ “ကမ်းခြေ များကို ပြည်တွင်းပြည်ပ ဧည့်သည်များ လည်ပတ်နိုင်သောခရီးစဉ် ဒေသများအဖြစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာ ၁ / ၂၀၁၅” နှင့် “ကမ်းခြေဒေသ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် လိုက်နာ ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပတ်သက်၍ အမိန့်ကြော်ငြာစာ ၂ / ၂၀၁၅” ကို (၁.၁.၂၀၁၅) ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။

  • စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ၏ တာဝန်သတ်မှတ်ချက်များ

၁။ နှစ်ရှည်/နှစ်တို၊ နှစ်စဉ်စီမံကိန်းများရေးဆွဲခြင်းနှင့် တိုးတက်မှုအစီရင်ခံခြင်း

၂။ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်သည့် စီမံကိန်းလုပ်ငန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် များ၏ စီမံကိန်းလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော်နိုင် ရန် စီစဉ်ခြင်း

၃။ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအားလုံး၏ စီမံကိန်းစာရင်းအင်းများကို စုစည်း၍ ဝန်ကြီး ဌာန ကိုယ်စားအစီရင်ခံခြင်း

၄။ စာရင်းအင်းကိန်းဂဏန်းအချက်အလက်များအား ရယူစုဆောင်းရာတွင် တိုင်းဒေသကြီး/ ပြည်နယ် အလိုက်ကောက်ခံမှုနှင့် ပုဂ္ဂလိက ကဏ္ဍအလိုက်ကောက်ခံမှုများ ပြည့်စုံမှန်ကန်စေရန် ဆောင် ရွက်ခြင်း

၅။ သတင်းအချက်အလက်ကန်းဂဏန်းများအား ICT နည်းပညာသုံးစွဲ၍ စုစည်းထိ်န်းသိမ်းခြင်း

၆။ တိုင်းဒေသကြီး/ပြည်နယ်များနှင့် Network ချိတ်ဆက်၍ သတင်းအချက်အလက်များ စုဆောင်း ခြင်း ဖြန့်ဝေခြင်းတို့ဆောင်ရွက်နိုင်ရန် အစဉ်ကြီးကြပ်ခြင်း

၇။ E-government နှင့် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်း

၈။ သုတေသနလုပ်ငန်းများဆောင်ရွက်၍ အကဲဖြတ်စိစစ်ခြင်း

၉။ ဝန်ကြီးဌာနမှ တာဝန်ယူကြီးကြပ်သည့် အသင်းအဖွဲ့များ၏လုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်း များအား ICT နည်းပညာဖြင့် သုံးသပ်၍ထိန်းသိမ်းခြင်း

  • ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့်ဘဏ္ဍာရေးဌာနခွဲ၏ တာဝန်သတ်မှတ်ချက်များ

၁။ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာကိစ္စများ တွက်ချက်ရေးဆွဲခြင်း၊ ရသုံး မှန်းခြေငွေ စာရင်းဦးစီးဌာန၏ ခွင့်ပြုချက်များအရ ရငွေများ ရရှိရေးနှင့် အသုံး စရိတ်များ ကျခံသုံးစွဲခြင်းအတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်း။

၂။ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီး၏ ဘဏ္ဍာငွေအရအသုံးများကို လစဉ် ရယူ စိစစ်ခြင်း။

၃။ ရငွေ ၊ သုံးငွေသုံးစွဲမှုမှန်ကန်ရေးစောင့်ကြည့်လေ့လာခြင်းနှင့်စိစစ်ကြီးကြပ်ခြင်း။

၄။ လုပ်ငန်းများအား ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့် ညီ/မညီ စိစစ်ခြင်း။

၅။ ဝန်ကြီးဌာနတွင်း စာရင်းစစ်လုပ်ငန်းများ (Internal Audit) ဆောင်ရွက်ခြင်း။

၆။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးမှုခံယူရန် စီစဉ်ခြင်းနှင့် စာရင်း စစ်ကန့်ကွက် ချက်များကို သက်ဆိုင်ရာဌာနအလိုက် ဖြေရှင်းဆောင်ရွက်မှုအပေါ် ကြီးကြပ်ခြင်း။

  • ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲ၏လုပ်ငန်းတာဝန်များ

၁။ ပြည်တွင်းပြည်ပ မီဒီယာများမှ မေးမြန်းသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက် အလက်များ ကို ဖြေကြားခြင်း၊emailအီးမေးလ်များဖြင့် ပြန်ကြားခြင်း။

၂။ ခရီးသွားလုပ်ငန်းဆိုင်ရာအချက်အလက်များကို ဝန်ကြီးဌာန၏ Website www.myanmartourism.org နှင့် media www.facebook.com/moht.mm တို့တွင် လွှင့်တင်ခြင်း။

၃။ e-Government ဆောင်ရွက်မှုကဏ္ဍတစ်ရပ်ဖြစ်သည့် ဆက်စပ်ဝန်ကြီးဌာနများ ပြည်နယ်/တိုင်းဒေ သကြီးအစိုးရအဖွဲ့များနှင့် အခါအားလျော်စွာ ပြုလုပ်သည့် Vedio Conferencing စနစ်ဖြင့် အစည်းအဝေးကျင်းပပြုလုပ်ရာတွင် နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ခြင်း။

၄။ ခရီးသွားလုပ်ငန်းနှင့်သက်ဆိ်ုင်သော အပြည်ပြည်ဆိုင်ရာအစည်းအဝေးများ၊ အခမ်းအနားများ၊ ဝန်ကြီး ဌာနလှုပ်ရှားဆောင်ရွက်မှုများကို ရုပ်သံမှတ်တမ်းတင်ခြင်း၊ သတင်းမီဒီယာဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း။

၅။ နယ်စပ်ဒေသဝင်ပေါက်များမှ ဝင်ရောက်လည်ပတ်သောခရီးစဉ်များဖြစ်သည့် မော်တော်ကား ယာဉ်တန်း ခရီးစဉ်၊ မော်တော်ဆိုင်ကယ်ယာဉ်တန်းခရီးစဉ်၊ စက်ဘီးယာဉ် တန်းခရီးစဉ်၊ စက်တပ်ရွက်လ ှေခရီးစဉ် များနှင့် ဧရာဝတီမြစ်ကြောင်းခရီးစဉ်၊ ချင်းတွင်းမြစ်ကြောင်းခရီးစဉ်၊ စင်းလုံးငှားလေယာဉ် ခရီးစဉ်၊ အပျော်စီးသင်္ဘော ခရီးစဉ်များ အတွက် စိစစ်ခြင်း၊ အစိုးရအဖွဲ့သို့ ခွင့်ပြုမိန့်များကို သက်ဆိုင်ရာဌာန၊ ကုမ္ပဏီများသို့ အကြောင်းကြားခြင်း၊ ခရီးစဉ်တွင် လိုက်ပါမည့် တာဝန်ခံများကို တာဝန်ပေးအပ် ခြင်း။

၆။ ခရီးစဉ်သတင်းများကို သတင်းစဉ်နှင့် ရုပ်မြင်သံကြားများသို့ ပေးပို့ခြင်း၊ ဝန်ကြီးဌာန Website နှင့် Facebook တို့တွင် လွှင့်တင်ခြင်း၊ ခရီးစဉ်မှတ်တမ်းများ ထိန်းသိမ်းခြင်း။

  • ဦးစီးရုံး၏လုပ်ငန်းတာဝန်များ

၁။ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး(၂)ပါးတို့၏ ပြည်တွင်းပြည်ပခရီးစဉ်များကို စီစဉ် ဆောင်ရွက်ပေးရခြင်း

၂။ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး(၂)ပါးတို့၏ လုပ်ငန်းအဆင့်ဆင့်ကို အခြားဝန်ကြီး ဌာနများနှင့် ဆက်စပ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်း

၃။ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး(၂)ပါးတို့၏ အိမ်အလုပ်သမားနှင့် မော်တော်ယာဉ်မောင်းများ လစာများဆောင်ရွက်ခြင်း

၄။ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး(၂)ပါး၊ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယအမြဲတမ်း အတွင်းဝန်ထံသို့ တင်ပြသောစာများအား ဝင်စာသွင်းတင်ပေးရခြင်း

၅။ အခါအားလျော်စွာ ပေးအပ်သော ဝန်ထမ်းတာဝန်များကို ထမ်းဆောင်ခြင်း

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန

အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

၁။      ဝန်ထမ်းများ၏ လစာစရိတ်များ ၊ ကိုယ်ရေးမှတ်တမ်းများပြုစုထိန်းသိမ်းခြင်း။

၂။       မှုခင်းကိစ္စရပ်များဆောင်ရွက်ခြင်း။

၃။      ပင်စင်ကိစ္စရပ်များဆောင်ရွက်ခြင်း။

၄။      မြေ၊အဆောက်အဦ၊ပရိဘောဂနှင့်စက်ပစ္စည်းများ၏ မှတ်တမ်းစာရင်းများပြုစုထားရှိ ခြင်း။

၅။      ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း။

၆။      ပျက်စီးဆုံးရှုံးမှုများ၊စာရင်းမှပယ်ဖျက်ရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း။

၇။      အဆောက်အဦ၊စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

၈။      ဝန်ထမ်းကြို/ပို့ယာဉ်နှင့်အုပ်ချုပ်မှုယာဉ်များကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခြင်း။

၉။      ယာဉ်ကြံ့ခိုင်ရေးနှင့်မွမ်းမံပြင်ဆင်ခြင်းကို စနစ်တကျ စီမံဆောင်ရွက်ပေးခြင်း။

၁၀။    ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း ၊ ရန်ပုံငွေခွဲဝေကြီးကြပ်ထိန်းသိမ်းခြင်း။

၁၁။    ရုံးချုပ်အသုံးစရိတ်များ ကြိုတင်စစ်ဆေးခြင်း၊ငွေများထုတ်ပေးခြင်း။

၁၂။     ပုဂ္ဂလိကသို့ငှါးရမ်းထားသည့်ဟိုတယ်များ၊ JVဟိုတယ်များမှ ငှါးရမ်းခများ တောင်းခံ ခြင်း။

၁၃။    နိုင်ငံခြားသုံးငွေနှင့်ပတ်သက်၍လက်ခံခြင်း၊ ဘဏ်ဖြင့်ဆက်သွယ်ခြင်း ၊ ကြီးကြပ်ခြင်း၊ ငွေစာရင်းဆိုင်ရာ မှတ်တမ်းစာရင်းများထားရှိခြင်း။

၁၄။    သာမန်စာရင်း၊ငွေလုံးငွေရင်းစာရင်းများ၊လက်အောက်လုပ်ငန်းများသို့ ခွဲဝေခြင်း၊ ကြီးကြပ် ခြင်း။

၁၅။    လချုပ်စာရင်းပြုစုခြင်း။

၁၆။    နှစ်ချုပ်စာရင်းများအရ စာရင်းပေါင်းချုပ်ရေးဆွဲခြင်း။

၁၇။    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်အစီရင်ခံစာများကိုပြန်လည်ဖြေကြားတင်ပြခြင်း။

၁၈။    နယ်ရုံးခွဲများ၏ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ခြင်း။

 

ဟိုတယ်လုပ်ငန်းနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

၁။      ဟိုတယ်/မိုတယ် ၊ တည်းခိုရိပ်သာလိုင်စင်များ စိစစ်ထုတ်ပေးခြင်း။

၂။       ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်များ စိစစ်ထုတ်ပေးခြင်း။

၃။      ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်များ စိစစ်ထုတ်ပေးခြင်း။

၄။      ဧည့်လမ်းညွှန်လိုင်စင်များ စိစစ်ထုတ်ပေးခြင်း။

၅။      လိုင်စင်သက်တမ်းတိုးမြှင့်ပေးခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်ခြင်း။

၆။      လုပ်ငန်းလိုင်စင်ရယူထားသည့် လုပ်ငန်းများအပေါ် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ညွှန်ကြားခြင်း။

၇။      လုပ်ငန်းလိုင်စင်ရယူထားသည့် လုပ်ငန်းများအား စစ်ဆေးကြီးကြပ်ခြင်း။

၈။      ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ စာရင်းဇယားများအား စနစ်တကျထားရှိရန် ညွှန်ကြားခြင်း၊ စစ်ဆေးခြင်း။

၉။      နယ်ရုံးခွဲများ၏လုပ်ငန်းလိုင်စင်ရယူထားသည့် လုပ်ငန်းများအားကြီးကြပ်စစ်ဆေးမှုအပေါ်ကြီးကြပ်ခြင်း။

၁၀။    ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများ၊ သင်တန်းဖွင့်လှစ်ခြင်းဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်း ကူညီပံ့ပိုးဆောင်ရွက်ခြင်း။

 

  • လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲ

၁။     ၀န်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှပြုလုပ်သည့်အစည်းအဝေး၊ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲနှင့် အခြားကိစ္စများသို့ ကိုယ်စားလှယ်စေလွှတ်ရန်အတွက် တာ၀န်ခံ ဆောင်ရွက်ခြင်း။

၂။       ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၀န်ကြီးဌာန၏ကြီးကြပ်မှုဖြင့် ပြည်တွင်း၌ ဖွင့်လှစ်နေသော ပြင်ပပုဂ္ဂလိက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း များအား ညှိနှိုင်းကြီးကြပ် ဆောင်ရွက်ခြင်း။

၃။      ပြည်ပနိုင်ငံအသီးသီးမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းများ ပြည်တွင်း၌ဖွင့်လှစ်နိုင် ရေးနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာပြည်ပမှ ကျွမ်းကျင်သူ နည်းပြများ ပြည်တွင်း၌ လာရောက် ပို့ချနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း။

၄။      ပြည်ပသင်တန်း၊ ဆွေးနွေးပွဲ၊ အစည်းအဝေးနှင့် အခြားကိစ္စများအတွက် သင်တန်းသား/ကိုယ်စားလှယ်စေလွှတ်ရန်အတွက် တာ၀န်ခံဆောင်ရွက်ခြင်း။

၅။      ပြည်တွင်း/ပြည်ပသင်တန်း၊ အစည်းအဝေး၊ ဆွေးနွေးပွဲနှင့်အခြားကိစ္စများသို့ တက်ရောက်ခဲ့သည့် စာရင်းများအား မှတ်တမ်းသွင်းခြင်း။

၆။      ပြည်တွင်းဒေသအသီးသီးတွင် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာသင်တန်းများ ပို့ချပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ခြင်း။

၇။      စာကြည့်တိုက်ဖွင့်လှစ်ထားရှိခြင်း၊ ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်ခြင်း။

၈။      ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းဖွင့်လှစ်၍ ခရီးသွားဆိုင်ရာသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ခြင်း။

၉။      အခါအားလျော်စွာ ပေးအပ်သည့်တာ၀န်များကိုထမ်းဆောင်ခြင်း။

 

  • စီမံကိန်းဌာနခွဲ၏ လုပ်ငန်းတာဝန်များ

၁။      ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ၏ ဟိုတယ်စီမံကိန်းအဆိုပြုရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို  ရှင်းလင်းအသိပေးခြင်း။

၂။       ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်များ၏ အဆိုပြုချက်များစိစစ်တင်ပြခြင်း။

၃။      ဟိုတယ်ဇုန်ဖော်ထုတ်ခြင်း၊ ဟိုတယ်ဇုန်ကိစ္စ ရပ်များကို ဝန်ကြီးရုံးနှင့် ဒေသအာဏာပိုင်များနှင့်  ညှိနှိုင်း ဆောင်ရွက်ခြင်း

၄။      စီမံကိန်းအသစ်များဖော်ထုတ်ခြင်း၊ ဖြစ်နိုင်ခြေလေ့လာသုံးသပ်ခြင်း၊ အကောင်အထည်ဖော်ရန်  စီမံခြင်း

၅။      ပြည်တွင်း၊ ပြည်ပပရောဂျက်ဆိုင်ရာများအတွက် စာချုပ်ဥပဒေပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ညီညွတ်မှုရှိရန် စိစစ်တင်ပြခြင်း

၆။      ပြည်တွင်း၊ ပြည်ပပရောဂျက်များအကောင်အထည်ဖော်မှု ကြီးကြပ်ကွပ်ကဲခြင်း

၇။      စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်ခြင်းကို စဉ်ဆက်မပြတ်ကြီးကြပ်ကွပ်ကဲခြင်း

၈။      စည်းကမ်းချက်များဖောက်ဖျက်မှုအပေါ် ဥပဒေအရ ဆောင်ရွက်နိုင်ရေးစိစစ်တင်ပြခြင်း

၉။      ဟိုတယ်၏လုပ်ငန်းသုံးပစ္စည်းများ အခွန်အခများကိစ္စ၊ အခြားကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း

၁၀။    အဆိုပြုချက်များပါ ဆောက်လုပ်ရေးဆိုင်ရာ တွက်ချက်မှုကိစ္စရပ်များကို စိစစ်တင်ပြခြင်း

၁၁။    စာချုပ်စာတမ်းများ ပြုစုတင်ပြခြင်း

 

  • နိုင်ငံတကာနှင့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲအနေဖြင့် အောက်ဖော်ပြပါ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်-

(၁)     အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၊ မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) ၊ ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင် ရွက်မှု မဟာဗျူဟာ(အက်မက်စ်) ၊ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်္ဂလား ပင်လယ်အော် ဦးဆောင်ဦးရွက်ပြုမည့် အစီအစဉ်(ဘင်းစ်တက်) ။

(၂)      ကမ္ဘာ့နိုင်ငံများနှင့်နှစ်နိုင်ငံပူပေါင်းဆောင်ရွက်မှုများ၊

 

  • ခရီးသွားမြှင့်တင်မှုဌာနခွဲ၏ လုပ်ငန်းတာဝန်များ

၁။      မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ခရီးစဉ်ဒေသများအား မြှင့်တင်ကြော်ငြာခြင်း၊ ခရီးသွားဆွဲဆောင်မှုများအား ဖော်ထုတ်ရေးသားခြင်း များဆောင်ရွက်ခြင်း၊

၂။       ခရီးစဉ်ဒေသများနှင့်ပတ်သက်၍ ရေးသားထုတ်ဝေပြီးဖြစ်သော စာအုပ်စာစောင်များ၊ Brochure များ၊ Pamphlet များ၊ CD/DVD များကို ပြည်ပရှိ မြန်မာသံရုံး များသို့ပေးပို့ခြင်း၊ နိုင်ငံတကာခရီးသွားပြပွဲများတွင်ပြသခြင်း၊

၃။      အလားအလာရှိသော ခရီးစဉ်ဒေသများကိုဖော်ညွှန်းသည့် စာအုပ်စာစောင်များအားစဉ်ဆက်မပြတ် ရေးသားပြုစု၍ ထုတ်ဝေခြင်း၊

၄။      နိုင်ငံတကာခရီးသွားပြပွဲကိစ္စများ၊ Workshop များ၊ Forum များ၊ Seminar များသို့ ပါဝင် တက်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်း၊

၅။      ဈေးကွက်ရှာဖွေမြှင့်တင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများသာမက အလားအလာရှိသော အခြားနိုင်ငံများသို့ ဆက်သွယ်ဆောင်ရွက်ခြင်း၊

၆။      အခါအားလျော်စွာ ပြည်ထောင်စုဝန်ကြီးကလမ်းညှွန်သည့် ခရီးသွားလာရေးမြှင့်တင်မှုနှင့် ဈေးကွက် ရှာဖွေရေးလှုပ်ရှားမှု Activity များ၊ Event များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

၇။ ပြည်တွင်းဒေသအလိုက် ခရီးသွားမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများ၊ ပွဲတော်များကျင်းပနိုင်ရေးပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊

၈။      ခရီးသွားမြှင့်တင်မှုဌာနခွဲသည် မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်   မြှင့်တင် ရေးလုပ်ငန်းများဖြစ်သော ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာခြင်း၊ ခရီးစဉ်ဒေသများဖွံ့ဖြိုး   ရေး ဆောင်ရွက်ခြင်း၊ လုပ်ငန်း ဆက်စပ်လျက်ရှိသည့် ပြည်တွင်းဌာနဆိုင်ရာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ဆက်သွယ်ခြင်းများအပြင် အိမ်နီး ချင်းနိုင်ငံများရှိ ခရီးသွားလုပ်ငန်း  အဖွဲ့အစည်းများ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း  အဖွဲ့တို့နှင့်ဆက်သွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါသည်။

အဓိကဆောင်ရွက်လျက်ရှိသောလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 (က)    ရပ်ရွာလူထုကို အခြေခံသော ခရီးသွားလုပ်ငန်း(CBT)ဆောင်ရွက်ခြင်း

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် နိုင်ငံတကာခရီးသွွားလုပ်ငန်း အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရပ်ရွာလူထုကို အခြေခံသော ခရီးသွားလုပ်ငန်း(Community Based Tourism)နှင့် စပ်လျဉ်း၍ လူမှုအဖွဲ့ အစည်းများ ပါဝင်ဆောင်ရွက်လာစေရေးအတွက် စီမံချက် နေရာ (၆)နေရာကို ကနဦး သတ် မှတ်၍ အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ရပ်ရွာလူထုကို အခြေခံသော ခရီးသွားလုပ်ငန်းဆိုသည်မှာ ရပ်ရွာလူထု (Community) က တာဝန်ယူ စီမံခန့်ခွဲရ သော ခရီးသွားလုပ်ငန်းဖြစ်ပြီး ရပ်ရွာလူထုကိုအခြေခံသော ခရီးသွားလုပ်ငန်းများ ကို ရပ်ရွာလူထုနှင့်အတူ INGO အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဂျာမဏီ နိုင်ငံ၊Deutsche Gesellschaft for International Zusammenabeit (GIZ)မှ ရှမ်းပြည်နယ်ရှိ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လည်းကောင်း၊ Fauna & Flora International မှ ကချင်ပြည်နယ် အင်းတော်ကြီးရှိ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေးအတွက်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့ နယ်၌ Action Aid INGO မှ CBT Pilot Project အနေဖြင့်လည်းကောင်း၊ Hanns Seidel Foundation၊ Peace Nexusနှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်တို့မှ ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသတွင် လည်းကောင်း၊ World Conservation Society(WCS)မှ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအတွက် လည်းကောင်း၊ International Trade Centre(ITC)မှ ကယားပြည်နယ်ရှိလွိုင်ကော်၊ ဒီမော့ဆို မြို့နယ် များသို့ ကမ္ဘာလှည့်ခရီးသွားများလည်ပတ်နိုင်ရေးအတွက် လည်းကောင်းစီမံကိန်း များ ချမှတ်ဆောင် ရွက်၍ ရပ်ရွာလူထုကို အခြေခံသောခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

(ခ)     မြန်မာနိုင်ငံခရီးသွားလုပ်ငန်းနှင့် လူမှုအဖွဲ့အစည်းရေရှည်တည်တံ့ တိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခြင်း

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် Yeungnam University မှExecutive Vice President ဖြစ်သူ Dr.CHOI Oe-Chool ဦးဆောင်ပြီး အဖွဲ့ဝင်(၇)ဦး ပါဝင်သည့် အဖွဲ့သည် မြန်မာနိုင်ငံသို့(၁၃-၁-၂၀၁၆)ရက်နေ့မှ (၁၆-၁-၂၀၁၆)ရက်နေ့အထိ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ သို့ လာရောက်စဉ် အတွင်း (၁၄-၁-၂၀၁၆) ရက်နေ့၌ ရန်ကုန်မြို့ရှိ Novotel Hotel တွင် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းနှင့် လူမှုအဖွဲ့အစည်း ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ် မည်ဖြစ်ပါသည်။ ဆွေးနွေးပွဲအားမြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်း အသက်မွေးဝမ်းကြောင်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက် မှုများ တည်ဆောက်နိုင်ရန်၊ အမျိုးသား ခရီးသွားလုပ်ငန်း မူဝါဒ အပေါ် အခြေခံသော လူမှုအဖွဲ့အစည်းအတွင်း ခရီးသွားလုပ်ငန်း ပါဝင် ဆောင်ရွက်ရေး လိုအပ် ချက်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု တည် ဆောက်ရာတွင် အထောက်အပံ့ပေးရန်၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းမူဝါဒ ခိုင်မြဲစေရေး တည်ဆောက်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ခရီးသွားလုပ်ငန်း ဆက်စပ်ဝန်ကြီးဌာနများ၊ ခရီးသွားလုပ်ငန်းအေဂျင်စီများနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၀)ဦးခန့်ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအဖွဲ့သည် (၁၅-၁-၂၀၁၆)ရက် နေ့တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ ဧည့်ခန်းမတွင် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများအား လာရောက် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

(ဂ)     ပုဂံခရီးစဉ် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုစံပြစီမံကိန်းဆောင်ရွက်ခြင်း

ပုဂံခရီးစဉ် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုစံပြစီမံကိန်းကို ၂၀၁၄ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီတို့ Record of Discussion ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါစီမံကိန်း သည် ၂၀၁၄ခုနှစ်မှ ၂၀၁ရ ခုနှစ် အထိ (၃)နှစ် ကြာစီမံကိန်းဖြစ်ပြီး JICA အနေဖြင့် ၎င်းတို့အဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင်များ ၏ဦးဆောင်မှုဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းပညာ အကူ အညီများကို ပေးအပ်သွားမည်ဖြစ်ပါသည်။ JICA ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့(၁) ခရီးသွား လုပ်ငန်းစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အဖွဲ့(၂)ခရီးသွားလုပ်ငန်း ဆိုင်ရာအခြေခံအဆောက်အအုံ များဖွံ့ဖြိုးတိုး တက်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းအဖွဲ့နှင့် အဖွဲ့(၃) ခရီးသွားလုပ်ငန်း ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ တို့ကိုဖွဲ့စည်း၍ တာဝန်များခွဲဝေ ဆောင်ရွက်လျက်ရှိ ပါသည်။

လုပ်ငန်းအဖွဲ့(၁)၏ ဦးစားပေးဆောင်ရွက်ချက်အနေဖြင့် ပုဂံဒေသခရီးသွားဝက်ဘ်ဆိုက်အား ထူထောင် ရန်နှင့် အင်္ဂလိပ်ဘာသာ/ ဂျပန်ဘာ သာဖြင့် ပုဂံလက်ကမ်း စာ စောင်၊ မြေပုံများ ထုတ်ဝေရန်၊ ခရီးသွား နှင့် သက်ဆိုင်သော ရေရှည်သတင်းအချက်အလက်များနှင့် ခရီးသွားကိစ္စရပ်သတင်းများကို အလွယ် တကူရရှိစေရန် ပုံဖော်ရေး ဆွဲခြင်းဖြစ် ပါသည်။ လုပ်ငန်းအဖွဲ့(၂)၏ဆောင်ရွက်ချက်များအနေဖြင့်(၁) ခရီးသွားသတင်းပြန်ကြားရေး ကောင်တာ ထားရှိခြင်း၊ ရှုခင်းကြည့်နေရာများထားရှိခြင်း၊ ခရီးသွားလမ်းများစသည်တို့ တည်ဆောက်ခြင်း စီမံချက်(၃)ခုပါဝင်ပြီး ပုဂံဒေသရှိ သက်ဆိုင်ရာဌာနများဖြစ်သော ယဉ်ကျေးမှုဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ UNESCO တို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

လုပ်ငန်းအဖွဲ့(၃)အနေဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူထုအသိပညာပေးဆွေးနွေးပွဲအား ၂၀၁၅ခုနှစ်၊ ဇွန်လတွင် ပုဂံမြို့ရှိ ယွန်းပညာကောလိပ်၌ကျင်းပခြင်း၊ ရိုးရာယဉ် ကျေးမှုအမွေ အနှစ်ထိန်း သိမ်းစောင့် ရှောက်ခြင်း၊ ယဉ်ကျေးပျူငှာမှု ဆိုင်ရာ အသိပညာပေးခြင်း၊ အစားအသောက်သန့်ရှင်းရေး အသိပညာ ပေးရေးကာတွန်း စာစောင် များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ပါသည်။ ရပ်ရွာလူထုကိုအခြေခံသော ခရီးသွား လုပ်ငန်း(CBT)ကို အကောင် အထည်ဖော်ရာ တွင် ဂျပန်နိုင်ငံ မှ ကျွမ်းကျင်ပညာရှင်များက ပုဂံမြို့တွင် ဧည့်လမ်းညွှန်သင်တန်း၊ အစားအသောက်နှင့် အဖျော်ယမကာ ဆိုင်ရာသင်တန်း များပို့ချခြင်း၊ အနောက်ဖွားစောနှင့် မြစ်ခြေ ကျေးရွာများမှ ယွန်းထည်နှင့် ကြိမ်ထည် ပစ္စည်းများကို နေပြည်တော်ရှိသင်္ဂဟဟိုတယ်နှင့် Kempinski Hotel တို့တွင်သရုပ်ပြပွဲကို (၁၁-၁၁-၂၀၁၅) ရက်နေ့တွင် ခင်း ကျင်းပြသခဲ့ပြီး သတင်းအချက်အလက်များ ဖြန့်ဝေနိုင်ရေး အတွက်ပုဂံဝက်ဘ်ဆိုက် (http://www.wonderbagan. com) ကို လွှင့်တင်နိုင် ခဲ့ပြီးဖြစ်ပါသည်။ လုပ်ငန်း အဖွဲ့(၁)မှ အဖွဲ့ဝင်(၉) ဦးတို့သည် (၂၂-၉-၂၀၁၅)ရက်နေ့မှ (၃-၁၀-၂၀၁၅)ရက်နေ့အထိ ဂျပန်နိုင်ငံသို့လေ့လာရေး ခရီးသွားရောက် လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ ခရီးသွား မြှင့် တင်မှု ဆိုင်ရာ ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ပါသည်။

(ဃ)    အမျိုးသားပို့ကုန်မဟာဗျူဟာ(NES)အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာအနေဖြင့် အမျိုးသား ပို့ကုန်မဟာဗျူဟာ (NES) အကောင်အထည် ဖော်ရေးအတွက် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ အမျိုးသားပို့ကုန်မဟာဗျူဟာ၊ ခရီးသွားလုပ်ငန်းကဏ္ဍ အကောင် အထည် ဖော်ရေးကော်မတီ၏ လုပ်ငန်း တာဝန်များဆောင်ရွက်ရန် ဟိုတယ်နှင့်ခရီးသွား လာရေး လုပ်ငန်းဝန်ကြီးဌာနနှင့် ဆက်ဆိုင်ရာ ဝန်ကြီးဌာန၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်သော စုစုပေါင်းအင်အား (၄၆)ဦး ပါဝင်သော စီမံကိန်းနှင့် သက်ဆိုင် သည့် အဖွဲ့ဖွဲ့စည်းထားရှိပါသည်။ အမျိုးသားပို့ကုန် မဟာ ဗျူဟာ အကောင်အထည် ဖော်ရေးအတွက် ခရီးသွားလုပ်ငန်း ကဏ္ဍ၏ရည် ရွယ်ချက်မှာ ခရီးသွားလုပ်ငန်း အတွက် မူလဇစ်မြစ်စျေးကွက်များကို သိရှိနားလည်ရေးစွမ်းဆောင်ရည်မြှင့်တင်ရန်၊ ကဏ္ဍ၏ ထွက်ကုန်များ တိုးမြှင့်ရေး ဆောင်ရွက်ရန်၊ ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှု အရည်အသွေး အဆင့် အတန်းတိုးမြှင့်ရန်၊ ခရီးသွားလုပ်ငန်းကဏ္ဍလုပ် ဆောင်မှုများ ပိုမိုလွယ်ကူချောမွေ့လာစေရေး ဆောင်ရွက်ရန်တို့ဖြစ်ပါသည်။

(င)     ခရီးသွားမြှင့်တင်မှုဆိုင်ရာလက်ကမ်းစာစောင်၊ စာအုပ်နှင့် CD/DVD များထုတ်ဝေခြင်း

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ အား မြှင့်တင်နိုင်ရေး အတွက် ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ နေပြည် တော်၊ မွန်-ကရင်၊ ချင်းတောင်တန်း၊ မြိတ်ကျွန်းစုဒေသ၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူရှေးဟောင်း ယဉ်ကျေးမှုမြို့များစသည့် ခရီးစဉ်ဒေသ အလိုက် လက်ကမ်း စာစောင် များ၊ မြန်မာ နိုင်ငံ၏ ထင်ရှားသည့်ခရီးစဉ်ဒေသများကို စုစည်းဖော်ပြ ထားသည့် Welcome to the Golden Land ၊ မြန်မာနိုင်ငံ၏နှစ် အလိုက်ခရီးသွား လုပ်ငန်း နှင့် ပတ်သက်သည့် အချက်အလက် များကို ဖော်ပြထားသော Myanmar Tourism Statistics လက်ကမ်း စာစောင်၊ အင်းလေး၊ ရန်ကုန်၊ မြိတ်ကျွန်းစုမြေပုံများနှင့် ခရီးစဉ်ဒေသများကို ရိုက်ကူးဖော်ပြ ထားသည့် Myanmar: Let the Journey Begin DVD နှင့် Visit Myanmar Now DVD 5ခွေများကို ထုတ်ဝေဖြန့်ချိ ပေးလျက်ရှိပြီး နေပြည်တော်ကို MICE ခရီးစဉ်ဒေသအဖြစ် ပိုမိုဖွံ့ဖြိုး စေရန်အတွက် travelnaypyitaw.org website ကိုလည်း လွှင့်တင်ထား ရှိပါသည်။

ယခု ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် နေပြည်တော်ရှိ ထင်ရှားပြီး လူအများလေ့လာ လည်ပတ်နိုင်ရန် စိတ်ဝင် စားကြသည့် လွှတ်တော်လက်ကမ်းစာစောင်၊ မြန်မာနိုင်ငံရှိ ထင်ရှား သော လိုဏ်ဂူများကို စုစည်းဖော်ပြ ထားသည့် အံ့ဘွယ်လိုဏ်ဂူများလက်ကမ်း စာစောင်နှင့် မြန်မာနိုင်ငံရှိ ထင်ရှားသောခရီးစဉ်ဒေ သများကို ရိုက်ကူးထားပြီး ကမ္ဘာ့ ခရီး သွားလုပ်ငန်းနေ့ဓါတ်ပုံပြိုင်ပွဲတွင် ဆုရရှိထားသောဓါတ်ပုံ စုစည်း ဖော်ပြထားသည့် မြန်မာနိုင်ငံခရီးစဉ်ဒေသများ မှတ်တမ်းဓါတ်ပုံစာအုပ်တို့ကိုထုတ်ဝေရန်နှင့် မြန်မာ နိုင်ငံ ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက် အလက်များကို ဖော်ပြထားသည့် Mobile Application တစ်ခုကိုလည်း ရေးဆွဲလွှင့်တင်နိုင်ရန်တို့ကို စီစဉ် ဆောင်ရွက် လျက်ရှိပါသည်။

(စ)     နိုင်ငံတကာခရီးသွားပြပွဲများတွင်ပါဝင်တက်ရောက်ပြသခြင်း

မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများနှင့်ခရီးသွားလုပ်ငန်းများအား ကမ္ဘာ့နိုင်ငံအသီးသီးမှ သိရှိ စေရန်အတွက် မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်း၊ စျေးကွက်ရှာဖွေခြင်းများ ကို ချဲ့ထွင် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကို ခရီးစဉ်ဒေသ အဖြစ်စျေးကွက်မြှင့်တင်နိုင်ရန် ဟိုတယ် နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းစျေးကွက် မြှင့်တင်ရေးအသင်းတို့ ဦးဆောင် မှုဖြင့်မြန်မာနိုင်ငံမှလေကြောင်းလိုင်း များ၊ ခရီးသွားလုပ်ငန်းကုမ္မဏီများ၊ ဟိုတယ်များနှင့် အတူ ပူးပေါင်း၍နိုင်ငံတကာ ခရီးသွားပြပွဲများသို့သွားရောက်ပြသရန် စီစဉ် လျက်ရှိပါသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန အနေဖြင့် နိုင်ငံတကာ ခရီးသွားပြပွဲများတွင် ပြခန်းများငှား ရမ်းခြင်း၊ ပြခန်းများဆောက်လုပ်ခြင်း များကို နိုင်ငံတော် Budget မှ ပံ့ပိုးလျက်ရှိပါသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်းပြခန်းများ ပါဝင်ပြသ နိုင်ရေး ပံ့ပိုးလျက်ရှိသည့်ပြပွဲ များမှာ –

ASEAN Tourism Forum (ATF)

ITB Berlin

Thailand Travel Mart

WTM

China International Travel Mart (CITM)

JATA Travel Showcase

Moscow International Travel and Tourism Exhibition

ပုဂ္ဂလိကခရီးသွားကုမ္ပဏီ၊ ဟိုတယ်လုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့် သွားရောက်သည့် ပြပွဲများမှာ-

ITB Asia

ITE – HCMC

PATA Travel Mart

Expo Milano

အာဆီယံ-ကိုရီးယားဗဟိုဌာန၏ စီစဉ်မှုဖြင့် ၂၀၀၉ခုနှစ်မှစ၍၂၀၁၅ခုနှစ်အထိ ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ တွင် အာဆီယံ-ကိုရီးယား ခရီးသွားလုပ်ငန်းပြပွဲ ASEAN Culture and Tourism Fairကို နှစ်စဉ်နို ဝင်ဘာလ (၁၇) ရက်နေ့မှ(၂၂)ရက်နေ့အထိ နှစ်စဉ်ကျင်းပ ခဲ့ပါသည်။ အဆိုပါပြပွဲသို့ ဟိုတယ်နှင့်ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန မှဦးဆောင်၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှကိုယ်စား လှယ်များနှင့် အတူပူးပေါင်း၍ နှစ်စဉ်ပါဝင်တက်ရောက် ခဲ့ပါသည်။ အဆိုပါခရီးသွားလုပ်ငန်းပြပွဲသည် ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေတင်ဆက်မှုများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပြခန်းများ ပြသခြင်းတို့ပါဝင်သည့် အာဆီယံပွဲတော် တစ်ခုဖြစ်ပြီး အာဆီယံနှင့် ကိုရီးယား နိုင်ငံတို့ အကြားအပြန်အလှန် ယဉ်ကျေးမှု ဖလှယ်ခြင်းကို တွန်းအားပေးရန်နှင့် အာဆီယံအား တစ်ခု တည်းသော ခရီးစဉ်ဒေသတစ်ခု အဖြစ်မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။