+95-67- 406458 [email protected]
Select Page

Community Based Tourism in Myanmar

စီမံကိန်းဒေသ – ကချင်ပြည်နယ်၊ အင်းတော်ကြီးအိုင်

စတင်ဆောင်ရွက်သည့်အချိန်- ၂၀၁၃

အထောက်အပံပေးသည့်အဖွဲ့အစည်း- အင်းချစ်သူအဖွဲ့၊ Fauna & Flora International

ဦးတည်ချက်-  အင်းတော်ကြီးဒေသတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ အင်းတော်ကြီးကန်ထိန်းသိမ်းရေးဆောင်ရွက်ရန်၊ ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်

စီမံကိန်းဆောင်ရွက်မှုအခြေအနေ-   ကယက်လှေ၊ စက်လှေ၊ ဘီးစီးခြင်း၊ တောင်တက်ခရီးကြမ်း သွားရောက်ခြင်း၊ ငှက်ကြည့်ခြင်း၊ ရှေးဟောင်းဘုရားစေတီများကိုလေ့လာဖူးမြော်ခြင်း၊ ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာဓလေ့များအားလေ့လာခြင်း

 

စီမံကိန်းဒေသ – ကယားပြည်နယ်၊ လွိုင်ကော်မြို့ (ပန်ပက်၊ တနှီးလာလဲ)

စတင်ဆောင်ရွက်သည့်အချိန်- ၂၀၁၄ စက်တင်ဘာလ

အထောက်အပံပေးသည့်အဖွဲ့အစည်း-International Trade Centre/CBT

ဦးတည်ချက်  -ဒေသခံအသိုက်အဝန်းများအကျိုးအမြတ်ရရှိစေရန်၊ ခရီးသွားလုပ်ငန်းမှတဆင့်       အလုပ်အကိုင် ဖန်တီးပေးခြင်းနှင့်လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ပေးရန်၊ ရေရှည်တည့်တံ့သော စီးပွားရေးတိုးတက်မှုကိုအထောက်အကူပြုရန်

စီမံကိန်းဆောင်ရွက်မှုအခြေအနေ-ကယန်းလူမျိုးများ၏ယဉ်ကျေးမှု၊ နေထိုင်စားသောက်မှု၊ လက်မှုပညာ၊ တောင်တက်ခရီးစဉ်များသွားရောက်ခြင်း၊ ကယားဝက်အူချောင်းပြုလုပ်ခြင်းကိုလေ့လာခြင်းနှင့် ရိုးရာအစားအသောက်များသုံးဆောင်ခြင်း၊ နွားလှည်းစီးခြင်း၊ ယက်ကန်းလုပ်ငန်းလေ့လာခြင်း နှင့်အမှတ်တရ ပစ္စည်းဝယ်ယူခြင်းများအား ဆောင်ရွက်နိုင်ခြင်း

 

 

စီမံကိန်းဒေသ – ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသ

စတင်ဆောင်ရွက်သည့်အချိန် – ၂၀၁၄ခုနှစ်

အထောက်အပံပေးသည့်အဖွဲ့အစည်း –  Hanns Seidel Foundation နှင့်Peace Nexus

ဦးတည်ချက် – သံတောင်ကြီးဒေသရှိ သဘာဝ သယံဇာတများနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်၊ ဒေသခံများ ဝင်ငွေပိုမိုရရှိစေရန်၊ သံတောင် ကြီးဒေသသို့ လာရောက်လည် ပတ်သည့် ပြည်တွင်း/ပြည်ပခရီး သွားဧည့်သည်များစိတ်ကျေနပ် မှုရရှိစေရန်၊
လက်ရှိအခြေအနေ – Bed& Breakfast များအတွက်အခြေခံသင်တန်းများ၊ တကိုယ်ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ချက်ပြုတ်မှုဆိုင်ရာသင်တန်းများ၊ ဒေသတွင်းခရီးသွားလမ်းပြသင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း၊ ရှူမျော်ခင်းနှင့်လမ်းလျှောက်ခရီးအတွက်လမ်းများစစ်ဆေးခြင်း၊ ရွာ၏သမိုင်းကြောင်းနှင့်လက်ရှိအခြေအနေများ၊ ရပ်ရွာအတွင်းမြေပုံထုတ်ခြင်းများဆောင်ရွက်ခြင်း

စီမံကိန်းဒေသ – ရှမ်းပြည်နယ်၊ ပအိုဝ်ဒေသ (လွယ်ခေါ်၊ အင်းနီ၊ ထီနဲ့၊ ကက္ကူ) ကျေးရွာများ

စတင်ဆောင်ရွက်သည့်အချိန်- ၂၀၁၅ခုနှစ်၊  ဒီဇင်ဘာလ

အထောက်အပံပေးသည့်အဖွဲ့အစည်း- Community Involved Tourism Pa-O Region

ဦးတည်ချက်-ခရီးသွားလုပ်ငန်းတိုးတက်လာရေးအထောက်အကူပြုရန်၊ ပအိုဝ်းဒေသခံများ ခရီးသွား လုပ်ငန်းအကြောင်းပိုမိုသိရှိပြီးပူးပေါင်းဆောင်ရွက်လာစေရန်၊ဒေသခံများအားအလုပ်အကိုင်အခွင့် အလမ်းပိုမိုရရှိစေရန်

စီမံကိန်းဆောင်ရွက်မှုအခြေအနေ-ပအို့ဝ်းလူမျိုးတို့၏ရိုးရာယဉ်ကျေးမှု၊ လက်မှုလုပ်ငန်းများကိုလေ့လာနိုင်ခြင်း၊ ပတ်ဝန်းကျင်သဘာဝအလှအပများကိုခံစားနိုင်ခြင်း ၊ကျေးရွာ(၄)ရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် ကက္ကူတွင်လည်းကောင်း၊ စားသောက်ခန်း၊ မီးဖိုခန်း၊ အိပ်ခန်းတွင်လိုအပ်နေသော facilitiesများကိုအင်းနီဒေသတွင်ဆောင်ရွက်ပေးခြင်း၊ လွယ်ခေါ်ဒေသတွင်ရပ်ရွာလူထုအခြေခံသောခရီးသွားလုပ်ငန်းဆိုင်ရာအသိပညာပေးခင်း၊ ထီးနဲ့ဒေသတင်ခရီးသွားဧည့်သည်များဝန်ဆောင်မှုပေးရာတွင် ကြီးကြပ်ဆောင်ရွက်ပေးခြင်း

စီမံကိန်းဒေသ- မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကံကြီးတောအရှေ့နှင့်အနောက်ကျေးရွာ၊ အင်းရောင်းနှင့်စူလီပန်ကျေးရွာ (၄)ရွာ

စတင်ဆောင်ရွက်သည့်အချိန် – ၂၀၁၆ ခုနှစ်

အထောက်အပံပေးသည့်အဖွဲ့အစည်း – Action Aid Myanmar

ဦးတည်ချက် –  အသက်မွေးဝမ်းကြောင်းတစ်ခုကိုစုပေါင်းပိုင်ဆိုင်၍စီမံခန့်ခွဲ စေရန်၊အသေးစားလုပ်ငန်း များမှ အကျိုးအမြတ် ရရှိစေရန်၊ထိုသို့စီမံခန့်ခွဲမှုများတွင်ရပ်ရွာသူ၊ရပ်ရွာသား များပါဝင်လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ရန်၊ ကျေးရွာဓလေ့ စရိုက်များအား ထိန်းသိမ်းစောင့်ရှောက်မျှဝေနိုင်ရန်၊ ဒေသခံများနှင့် အပြန်အလှန် လေးစားမှုကို အခြေခံ၍ခရီးသွားများအားလုံခြုံစိတ်ချမ်းသာစေရန်၊

စီမံကိန်းဆောင်ရွက်မှုအခြေအနေ –  မရွေးလုပ်ငန်း၊ ယက်ကန်းလုပ်ငန်းစသည့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအားကြည့်ရှုခြင်း၊ ကျေးရွာလူနေမှုစရိုက်များအားလေ့လာခြင်း၊ ရွာလမ်းလျှောက်ခြင်းနှင့် စက်ဘီးစီးခြင်းစသည်တို့ကိုဆောင်ရွက်နိုင်ခြင်း

စီမံကိန်းဒေသ – မန္တလေးတိုင်းဒေသကြီး၊ မင်းကွန်းနှင့်ကျောက်မြောင်းရွာအကြားရွာ(၆) ရွာ

စတင်ဆောင်ရွက်သည့်အချိန် – ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာလ

အထောက်အပံပေးသည့်အဖွဲ့အစည်း – Wildlife Conservation Society (WCS)

ဦးတည်ချက် – နိုင်ငံတော်၏အဓိကဝင်ငွေရှာဖွေပေးနေသော ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်း ပိုမိုတိုး တက်စေရန်၊ဒေသခံများ ပူးပေါင်းဆောင်ရွက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ နိုင်ငံခြားခရီးသွားဧည့်သည်များအတွက်အတွေ့အကြုံကောင်းများရရှိစေရန် ၊လင်းပိုင်ထိန်းသိမ်းရေး ပိုမိုဆောင်ရွက်ရန်၊ ရိုးရာမပျက် ကွန်ဖြင့်လင်းပိုင်အကျိုးတူ ငါးဖမ်းသောဓလေ့မပျောက်ပျက်စေရန်၊ ကမ္ဘာတွင်မြန်မာနိုင်ငံ တွင်သာတွေ့ရသောလင်းပိုင်နှင့်ရေလုပ်သားအကျိုးတူငါးဖမ်းခြင်းကို နိုင်ငံခြားသားများအားပြသနိုင်ရန်၊ ဒေသခံ များပါဝင်သော လင်းပိုင်ထိန်း သိမ်းရေးဆောင်ရွက်ရန်၊ ဒေသခံများအသိပညာတိုးတက်စေရန်၊ ဒေသခံများကိုယ်တိုင်ထိန်းသိမ်း ရေးနှင့် လူထုအခြေပြုခရီးသွား လာရေးကို ကိုယ်တိုင်စီမံခန့်ခွဲ တတ်စေရန်၊

စီမံကိန်းဆောင်ရွက်မှုအခြေအနေ – ခရီးသည်များလင်းပိုင်များလာရောက်ကြည့်ရှု့သည့်အခါ မန္တလေးမြို့ မှမော်တော်ယာဉ်ဖြင့် တစ်ညအိပ်နှစ် ရက်သော်လည်ကောင်း၊ တရက်ခရီးဖြင့် လည်းကောင်းသွားလာနိုင်ပြီးကမ္ဘာတွင်မြန်မာနိုင်ငံတွင်သာ တွေ့ရသောလင်းပိုင် နှင့် ရေလုပ်သား အကျိုးတူ ငါးဖမ်းခြင်းကို လေ့လာနိုင်မည်ဖြစ်ပါသည်။ ကျေးရွာများရှိ ဝါးခမောက်လုပ်ငန်း၊ အိုးလုပ်ငန်း၊ စီးကား(ဆေးပေါ့လိပ်)လုပ်ငန်းများနှင့် တောဓလေ့များကို လေ့လာနိုင်မည်ဖြစ်ပါသည်။

စီမံကိန်းတည်နေရာ –     ရှမ်းပြည်နယ်၊ ဓနုဒေသ(ပင်းတယမြို့နယ်ရှိ စီးကျအင်း၊ ပင်စိမ်းပင်ကျေးရွာများ၊ ရွာငံမြို့နယ်ရှိ ရာဇကြီးကျေးရွာ၊ တောင်မြင့်ကျေးရွာများ)

စီမံကိန်းအကောင်အထည်ဖော်သည့်အဖွဲ့အစည်း –   ဟိုတယ်လုပ်ငန်းရှင်များအသင်း(ရှမ်းတောင်ဇုန်) ကျေးရွာကိုယ်စားပြု ကော်မတီ နှင့် ဓနုဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့
စီမံကိန်းစတင်ဆောင်ရွက်သည့်အချိန် –    ၂၀၁၆ ခုနှစ် မတ်လ
ဦးတည်ချက် –     ဓနုဒေသရှိ ဒေသခံများ အလုပ်အကိုင်၊ အခွင့်အလမ်းများရရှိစေရန်၊ ဓနုဒေသ လူမှုစီးပွားရေးတိုးတက်စေရန်၊

စီမံကိန်းဆောင်ရွက်မှုအခြေအနေ –   ကျေးရွာကော်မတီဖွဲ့စည်းပြီးဖြစ်ပါသည်။ CBT လုပ်ငန်းဆောင်ရွက်မည့် ရွာသားများကို ဒေသဆိုင်ရာဧည့်လမ်းညွှန် သင်တန်း၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း၊ ကျေးရွာသမိုင်းအကြောင်း၊ ဒေသန္တရဗဟုသုတ သင်တန်းများ တက်ရောက်စေခဲ့ပါသည်။  ကျေးရွာသားများကို GIZ (ဂျာမဏီနှင့်ပူးပေါင်းဆောင်ရွက်မှု) အဖွဲ့မှ CBT နှင့် ပတ်သက်၍ နည်းပညာဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

စီမံကိန်းတည်နေရာ –  ညောင်ရွှေမြို့နယ်ရှိ လွယ်နွဲ့ဘုရားတောင်ရေဆိပ်ကျေးရွာအုပ်စု

စီမံကိန်းအကောင်အထည်ဖော်သည့်အဖွဲ့အစည်း –  ဦးခွန်အောင်မင်းနှင့်ရပ်ရွာကိုယ်စားပြုကော်မတီ

စီမံကိန်းစတင်ဆောင်ရွက်သည့်အချိန် – ၂၀၁၆ ခုနှစ်  မေလ
ဦးတည်ချက် – ညောင်ရွှေမြို့နယ် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊  ဒေသခံများ လူမှုစီးပွား၊ အလုပ်အကိုင်၊ အခွင့်အလမ်းများတိုးတက်စေရန်

စီမံကိန်းဆောင်ရွက်မှုအခြေအနေ –  အင်းရိုးရာ လုံးချင်းအဆောက်အဦ(၆)လုံး ဆောက်လုပ်ပြီးဖြစ်ပါသည်။ အဆောက်အဦ(၁)လုံးလျှင်
(၃၀x၂၂x၁၁) ရှိပြီး၊ အမိုးသွပ်၊ အကာ/အခင်း၊ ပျဉ်ဖြစ်ပြီး ဧည့်သည်(၂)ဦး တည်းခိုနိုင်ပါသည်။ စုစုပေါင်းဧည့်သည်(၁၂)ဦး တည်းခိုနိုင်ရန်
ဆောက်လုပ်ထားပြီးဖြစ်ပါသည်။ စားသောက်ခန်းမအမိုးသွပ်၊ အကာ-ဝါး/အုတ်၊ အခင်းပျဉ်ဖြစ်ပြီး(၅၀x၂၄x၁၁) နှင့် စားဖိုဆောင်(၂၀x၁၂x၁၂)
ဆောက်လုပ်ထားပြီးဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်သူ ဦးခွန်အောင်မင်းနှင့် ရပ်ရွာကိုယ်စားပြုကော်မတီ  (၂၁.၆.၂၀၁၆) ရက်နေ့က
သဘောတူစာချုပ်ချုပ်ဆိုပြီးဖြစ်ပါသည်။

စီမံကိန်းတည်နေရာ – ညောင်ရွှေမြို့နယ်၊ စကားကျေးရွာ

စီမံကိန်းအကောင်အထည်ဖော်သည့်အဖွဲ့အစည်း -ဦးစိုင်းသန့်ဇင်နှင့် ရပ်ရွာကိုယ်စားပြုကော်မတီ

စီမံကိန်းစတင်ဆောင်ရွက်သည့်အချိန် – ၂၀၁၆ ခုနှစ် ဇူလိုင်လ

ဦးတည်ချက် – ကျေးရွာများနှင့်ပူးပေါင်း၍ ခရီးသွားကဏ္ဍတိုးတက်စေရန်၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်

စီမံကိန်းဆောင်ရွက်မှုအခြေအနေ – (၂)ထပ်အဆောက်အဦဟောင်းကို ပြုပြင်ထားပါသည်။ အမိုးအသွပ်၊အကာ/အခင်း-ပျဉ်ဖြစ်သည်။ အခန်း(၈)ခန်းပါရှိပြီး (၁)ခန်းလျှင် (၁၈x၁၂x၉)ရှိပြီး ဧည့်သည်(၂)ဦးတည်းခို နိုင်သဖြင့် ဧည့်သည်(၁၆)ဦး တည်းခိုနိုင်ပါသည်။ (၁)ထပ်အဆောက်အဦ(၂)လုံးဆောက်လုပ်ပြီးဖြစ်ပါသည်။ အမိုးဝါးကပ်၊ အကာ/အခင်း-ပျဉ်ဖြစ်ပြီးအဆောက်အဦ(၁)လုံးလျှင် (၁၄.၅x၁၃x၁၁) ရှိပြီး၊ဧည့်သည်(၂)ဦးတည်းခိုနိုင်သဖြင့် ဧည့်သည်(၄)ဦး တည်းခို နိုင်ပါသည်။ စုစုပေါင်းဧည့်သည်(၂၀)ဦးတည်းခိုနိုင်ပါသည်။ စားသောက်ခန်း အဆောက်အဦမှာ (၂)ထပ်ဖြစ်ပြီး အပေါ်ထပ်တွင် တည်ခင်းပါ သည်။ (၄၀x၂၁x၂၄) ရှိပါသည်။ အများသုံးသန့်စင်ခန်း(၄)ခန်းဆောက်လုပ်ပြီးဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်သူ ဦးစိုင်းသန့်ဇင်နှင့် ရပ်ရွာကိုယ်စားပြုကော်မတီတို့ (၂၁.၆.၂၀၁၆) ရက်နေ့က သဘောတူစာချုပ်ချုပ်ဆိုပြီးဖြစ်ပါသည်။

စီမံကိန်းတည်နေရာ –  မကွေးတိုင်းဒေသကြီး၊ စလေမြို့နယ်၊ မကျီးကန်ကျေးရွာ

စီမံကိန်းအကောင်အထည်ဖော်သည့်အဖွဲ့အစည်း – Myanmar Tourism Marketing/All Asia Inclusive Tour

စီမံကိန်းစတင်ဆောင်ရွက်သည့်အချိန် – ၂၀၁၆ အောက်တိုဘာလ

ဦးတည်ချက် – နောင်လာမည့်(၂)နှစ်အတွင်းတွင် CBT စီမံကိန်းများအား စနစ်တကျ ထိန်းသိမ်း လုပ်ဆောင်၍ လုပ်ငန်းများအား ကောင်းမွန်စွာ ဦးဆောင်နိုင်သော လူငယ် (၁၀ မှ ၁၅)ဦးခန့် တိုးတက်လာရန် မျှော်မှန်းထားကြောင်းနှင့် ဒေသခံများ၏ လူနေမှု  အဆင့်အတန်း မြင့်မားလာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးပွား လာစေရေး အစရှိသည်တို့ကို မျှော်မှန်းထားရှိပါသည်။

စီမံကိန်းဆောင်ရွက်မှုအခြေအနေ – ကျေးရွာလူနေအိမ်(၂)လုံးအား ပြန်လည် ပြုပြင်မွမ်းမံခြင်း၊ အဆောက်အဦအသစ် (၁) လုံး ထပ်မံဆောက်လုပ်ခြင်းဖြင့် ခရီးသွားများ တည်းခိုနေထိုင်နိုင်ရန် ပြင်ဆင် ထားရှိပါသည်။ ကျေးရွာသူ/သား(၆)ဦးအား လိုအပ်သော သင်တန်းများပေးပြီးဖြစ်ပါသည်။ ယခုအချိန်တွင် ရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်း အား စတင်အကောင်အထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

စီမံကိန်းတည်နေရာ – ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ဆော်လောင်းကျေးရွာ

စီမံကိန်းအကောင်အထည်ဖော်သည့်အဖွဲ့အစည်း – Forever Top Travel

စီမံကိန်းစတင်ဆောင်ရွက်သည့်အချိန် – ၂၀၁၇ ခုနှစ် ဇန်နဝါရီလ

ဦးတည်ချက် – ဒေသခံများ၏ လူနေမှု  အဆင့်အတန်း မြင့်မားလာစေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုတိုးပွားလာရေး၊ ချင်းပြည်နယ် ခရီးသွားကဏ္ဍတိုးတက်စေရန်

စီမံကိန်းဆောင်ရွက်မှုအခြေအနေ –  ရိုးရာအိမ်(၆)လုံးအား တည်ဆောက်ပြီးဖြစ်ပါ၍ ဧည့်သည်များ တည်းခိုနိုင်ရန် အတွက် ဆက်လက်ပြင်ဆင်နေဆဲ ဖြစ်ပါသည်။

စီမံကိန်းတည်နေရာ – ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာ (အလယ်ပိုင်း)၊ ကျိုက်သလဲကျေးရွာစု

စီမံကိန်းအကောင်အထည်ဖော်သည့်အဖွဲ့အစည်း – Tour Mandalay Co., Ltd

စီမံကိန်းစတင်ဆောင်ရွက်သည့်အချိန် – ၂၀၁၇ ခုနစ်၊ဖေဖော်ဝါရီလ(၁၇)ရက်

ဦးတည်ချက် – ကျိုက်သလဲကျေးရွာ အလယ်ပိုင်းသည် စိုက်ပျိုးရေးလုပ်ဆောင်ရန် အလွန် ကောင်းမွန်သောမြေကို ပိုင်ဆိုင်ထားသည့်အတွက် ၎င်းကို အခြေပြု၍ ကျေးလက် နေပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေး၊  အနီးအနားတွင် ဘုန်းတော်ကြီး သင်ပညာ ရေးကျောင်းများ ရှိသည့်အတွက် CBT မှတစ်ဆင့် ငွေကြေး ထောက်ပံ့ မှုများ ပေးနိုင်ရန်၊ ၎င်းအပြင် CBT ၏ရည်ရွယ် ချက်များဖြစ်သည့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရိုးရာဓလေ့ထုံးတမ်း စဉ်လာများ ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဧည့်သည်များ အနေဖြင့် ရပ်ရွာ ဒေသ၏ ဓလေ့စရိုက်၊ သဘာဝအခြေအနေများကို ကိုယ်တိုင် ခံစားနိုင်ရေးတို့ကို ရည်ရွယ်ပါသည်။

စီမံကိန်းဆောင်ရွက်မှုအခြေအနေ – မြန်မာနိုင်ငံရှိ သဘာဝရေမြေတောတောင်များ၊ ပတ်ဝန်းကျင်ဂေဟစနစ်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ နှင့်လက်မှု လုပ်ငန်းများမပျက်စီး  စေရန်အတွက် စီးပွားရေးလုပ်ငန်းများအားလုံးပါဝင်သည့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းအား ပရဟိတဆောင်ရွက်ရန်အတွက် ယခုအချိန်တွင် အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါသည်။

စီမံကိန်းတည်နေရာ – မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ သာစည်မြို့နယ်၊ ဆင်တောင်ကျေးရွာ

စီမံကိန်းအကောင်အထည်ဖော်သည့်အဖွဲ့အစည်း – Myanmar Hill Lodges Travel

စီမံကိန်းစတင်ဆောင်ရွက်သည့်အချိန် – ၂၀၁၆ ခုနှစ်

စီမံကိန်းဆောင်ရွက်မှုအခြေအနေ – လူမှုအဖွဲ့အစည်းအခြေပြုခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရန် ကျေးလက်အိမ်တစ်လုံး တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ဆောက်လုပ်ခွင့်တင်ပြတောင်းခံခဲ့ပါသည်။

Community Based Tourism in Myanmar