အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
တည်နေရာ
- ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်။
အကျယ်အဝန်း
- ၂၄၈ စတုရန်းမိုင်
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန် – ဟဲဟိုး (လေယဉ်ဖြင့် ၁ နာရီခရီး)၊ ဟဲဟိုး – ညောင်ရွှေ (ကားဖြင့် ၁၉ မိုင်)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- ကမ္ဘာပေါ်တွင် ထင်ရှားသည့် ပင်လယ်ရေမျက်နှာပြင်အထက် (၂၉၅၀) ပေတွင်ရှိ၍ ထူးခြားသော ရေတိမ်ဒေသဂေဟစနစ် (Wetland Ecosystem) ကို လေ့လာနိုင်ခြင်း၊
- ရှမ်းကုန်းမြေမြင့်၏ တောင်ပေါ်ဒေသရှုခင်းများ လေ့လာခံစားနိုင်ခြင်း၊ ငှက်မျိုးစုံလင်စွာ လေ့လာကြည့်ရှုနိုင်ခြင်း၊
- သုတေသနပြုလုပ်နိုင်ခြင်း၊
- အခြားနိုင်ငံရှိ ဒေသများ၌ မတွေ့ရှိနိုင်သော ငါးမျိုးများ၏ နေထိုင်ကျက်စားမှုကို လေ့လာနိုင်ခြင်း၊
- အင်းသားတို့၏ ရိုးရာ ကျွန်းမျောများကို အသုံးပြု၍ ရေပေါ်စိုက်ခင်းများ တည်ထောင်စိုက်ပျိုးမှုစနစ်ကို လေ့လာနိုင်ခြင်း၊
- တိုင်းရင်းသားများ၏ ခြေဖြင့်လှော်ခတ်သည့် ထူးခြားသော ဓလေ့ကို လေ့လာနိုင်ခြင်း၊
- ရေလယ်ဖောင်တော်ဦးဘုရားကို ဖူးမျှော်ကြည်ညိုနိုင်ခြင်း၊
- ရေပေါ်စျေးကို လေ့လာနိုင်ခြင်း။
အင်းလေးကန်ဆိုင်ရာ သိမှတ်ဖွယ်
၁။ အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်တည်ရှိကာ မြောက်လတ္တီတွဒ် ၁၉̊ ၄၆’ မှ ၂၀̊ ၃၈’ အတွင်းနှင့် အရှေ့လောင်ဂျီ တွဒ် ၉၆̊ ၄၇’ မှ ၉၇̊ ၆’ အတွင်း ကျရောက်လျက် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ (၂၈၈၀) တည်ရှိသော ကန်ဖြစ်သည်။
၂။ အင်းလေးကန်၏ ရေဝေရေလဲဧရိယာများမှာ ရှမ်းပြည်နယ်၏ မြို့နယ် (၉) မြို့နယ်အတွင်း ကျရောက်လျက် ရှိကာ စုစုပေါင်းဧရိယာ ၁,၃၈၆,၇၅၈ ဧက ဖြစ်၍ ၂၀၁၀ ခုနှစ်တွင်ရှိသော မြေအသုံးချမှု အခြေအနေမှာ စိုက်ပျိုးမြေ ၄၂%၊ သစ်တောဖုံးလွှမ်းမှုဧရိယာ ၂၃%၊ ရေပြင်ဧရိယာ ၅% နှင့် အခြား မြေအသုံးချမှု ၃၀% ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ရေဝေရေလဲဧရိယာအတွင်းရှိ အမြဲတမ်းသစ်တောနယ်မြေဧရိယာ စုစုပေါင်းသည် ၃၄၆,၄၁၅ ဧကဖြစ်၍ ရေဝေရေလဲ ဧရိယာအကျယ်အဝန်း၏ ၂၄% ခန့် ဖြစ်သည်။
၃။ ကန်အတွင်းသို့ စီးဝင်သောချောင်းပေါင်း ၂၉ ခုရှိပြီး ရေထွက်ပေါင်း ၁၄၉ ခု ရှိကာ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းနှင့် သစ်တောဦးစီးဌာနတို့မှ ပုဒ်မ (၁၄၄) ထုတ်ပြန်ကြေညာခြင်း၊ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ သစ်တောသစ်ပင် စိုက်ပျိုး၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို ဆောင်ရွက်လျှက်ရှိသည်။ ရာသီမရွေး စီးဝင်သောချောင်းမကြီး ၄ ခု ရှိ၍ နမ့်လတ်ချောင်း၊ ရေပယ်ချောင်း၊ ကလောချောင်းနှင့် အထက်ဘီလူးချောင်းတို့ ဖြစ်သည်။
၄။ အင်းလေးမှ စီးထွက်သောချောင်းမှာ နမ့်ပန်ချောင်းဖြစ်၍ နန့်ပန်ချောင်းမှ စကားအင်းသို့ စီးဝင်ကာ ထိုမှတစ်ဆင့် မိုးဗြဲဆည်အတွင်းစီးဝင်၍ လောပိတစက်ရုံ၏ ရေအား လျှပ်စစ်ထုတ်လုပ်မှုကို အထောက်အကူပြုလျက် ရှိသည်။
၅။ မူလ အင်းရေပြင်ဧရိယာသည် ၁၀၄.၆၃ စတုရန်းမိုင် ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပြီး ၂၀၁၀ ခုနှစ် တိုင်းထွာချက်အရ ၂၄ စတုရန်းမိုင် ရှိကြောင်း သိရှိရသည်။ မိုးရာသီတွင် ကန်ရေအနက်ဆုံး ၁၂ ပေအထိရှိပြီး နွေရာသီတွင် ၆ ပေခန့် ရှိကြောင်း တိုင်းတာသိရှိရသည်။ မြေဆီလွှာတိုက်စားခဲ့မှုကြောင့် ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း အင်းလေးကန်အတွင်းသို့ ပျမ်းမျှတစ်နှစ်လျှင် နုန်းပို့ချမှု ၂၆၈,၂၉၃ တန် ရှိခဲ့ကြောင်း သုတေသန ရလဒ်များအရ သိရှိရသည်။
၆။ အင်းလေးကန် ရေဝေရေလဲဒေသအတွင်း ၂၀၁၁ ခုနှစ် စာရင်းအရ လူဦးရေ ၅.၈ သိန်းကျော်နေထိုင်လျက်ရှိပြီး အင်းလေးကန် ပတ်ဝန်းကျင်ဒေသတွင် ၂၀၁၁ ခုနှစ် စာရင်းအရ အိမ်ထောင်စု ၃၂၁၃၉ စုနှင့် လူဦးရေ ၁၆၈၁၃၀ ဦး နေထိုင်ကြောင်း တွေ့ရှိရသည်။ မြို့မကျေးရွာအုပ်စု ၁ စု၊ ကန်အတွင်းနေ ကျေးရွာအုပ်စု ၁၇ စု၊ ကုန်းပေါ်နေ ကျေးရွာအုပ်စု ၁၃ စု၊ ကုန်းပေါ်နှင့် ကန်အတွင်းနေ ကျေးရွာအုပ်စု ၁ စု၊ စုစုပေါင်း ၃၆ အုပ်စု ရှိကြောင်း စာရင်းကောက်ယူ ရရှိခဲ့သည်။
၇။ ဒေသတွင်း အသက်မွေးဝမ်းကြောင်းလုပ်ငန်းများမှာ ရေပေါ်ကျွန်းမျောစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ကြံစိုက်ပျိုးရေးနှင့် အခြားလယ်ယာစိုက်ပျိုးရေး၊ ပိုးထည်နှင့် ချည်ထည် ယက္ကန်းလုပ်ငန်း၊ ငွေပန်းတိမ်လုပ်ငန်း၊ သကြားစက်၊ ဆီစက်၊ ဆန်စက်စသည့် စက်မှုလုပ်ငန်းများနှင့် ဟိုတယ်၊ မိုတယ်၊ အင်း၊ စားသောက်ဆိုင်လုပ်ငန်းများ ဖြစ်ကြသည်။ စုစုပေါင်း ဟိုတယ် ၂၉ လုံး၊ တည်းခိုရိပ်သာနှင့် အင်း ၁၃ လုံးနှင့် စားသောက်ဆိုင် ၅၁ ဆိုင် ရှိကြောင်းသိရှိရသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်
တည်နေရာ
- စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်။
အကျယ်အဝန်း
- ၆၁၆.၈၄၃ စတုရန်းမိုင်
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန်-မုံရွာ (လေယဉ်ဖြင့် ၁ နာရီ)၊ မုံရွာ – ယင်းမာပင် (ကားဖြင့် ၆၀ မိုင်)။
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- အလောင်းတော်ရှင်မဟာကဿပမထေရ်မြတ် ကိန်းဝပ်တော်မူရာ နေရာဒေသသို့ ဖူးမျှော်နိုင်ခြင်း၊
- ပျက်စီးမှုအနည်းဆုံး အခြေအနေတွင်ရှိသည့် သစ်တော အမျိုးအစား များစွာကို ကွင်းဆင်းလေ့လာနိုင်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊
- ကုန်းတွင်းပိုင်း ဌာနေငှက်မျိုးစိတ်များကို လေ့လာကြည့်ရှုနိုင်ခြင်း၊
- အင်တိုင်းတောအမျိုးအစားနှင့် ထင်းရှုးတောအမျိုးအစား တစ်ဆက်တစ်စပ်တည်း ပေါက်ရောက်မှု အခြေအနေကို လေ့လာနိုင်ခြင်း။
ဝက်သည်းကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
တည်နေရာ
- မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်
အကျယ်အဝန်း
- ၁.၇ စတုရန်းမိုင်
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန် – ပြည် – ရွှေစက်တော် (ကားဖြင့် ၃၁၇ မိုင်)၊ ရွှေစက်တော် – စလင်း (ကားဖြင့် ၄၀ မိုင်)။
- ရန်ကုန် – မကွေး – ရွှေစက်တော် (ကားဖြင့် ၃၆၄ မိုင်)၊ ရွှေစက်တော် – စလင်း (ကားဖြင့် ၄၀ မိုင်)။
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- ရေပျော်ငှက်နှင့် ဆောင်းခိုငှက်များ လာရောက်ကျက်စားမှုကို လေ့လာနိုင်ခြင်း၊
- ရေတိမ် ဒေသ ဂေဟစနစ်ကို လေ့လာနိုင်ခြင်း။
လောကနန်ဒာ ဘေးမဲ့တောဥယျာဉ်
တည်နေရာ
- မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်။
အကျယ်အဝန်း
- ၀.၁၈ စတုရန်းမိုင်
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန်-ညောင်ဦး (လေယဉ်ဖြင့် ၁ နာရီ)
- ရန်ကုန်-ညောင်ဦး (ကားဖြင့် ၄၃၅ မိုင်)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- မြန်မာနိုင်ငံအလယ်ပိုင်းရှိ သဘာဝရှေးဟောင်း အမွေအနှစ် ဖြစ်သည့် ဘုရားစေတီပုထိုးများနှင့် သဘာဝတောကျန်များကို လေ့လာ နိုင်ခြင်း၊
- ရှားပါးမျိုးစိတ်များဖြစ်သည့် ရွှေသမင်နှင့် ဆတ်၊ ဒရယ်၊ ဒေါင်း၊ ကြိုးကြာ၊ တိုက်လိပ်၊ လိပ်မောင်း၊ ကြယ်လိပ်များကို လေ့လာ သုတေသနပြုနိုင်ခြင်း၊
- အပန်းဖြေ အနားယူနိုင်ခြင်း၊
- အပူပိုင်းဒေသတွင်ပေါက်ရောက်သော သစ်မျိုးများနှင့် ကျက်စားလျက်ရှိသော ငှက်မျိုးစိတ်တို့ကို သုတေသနပြုလုပ်နိုင်ခြင်း။
ပန်းလောင်နှင့်ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
တည်နေရာ
- ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်။
အကျယ်အဝန်း
- ၁၂၈.၈၈ စတုရန်းမိုင် (၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလအထိ)
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန် – ဟဲဟိုး (လေယဉ်ဖြင့် ၁ နာရီခရီး)၊ ဟဲဟိုး – ရွာငံ (ကားဖြင့် ၆၀ မိုင်)။
- ရန်ကုန်-မန္တလေး (လေယဉ်ဖြင့် ၁ နာရီခရီး)၊ မန္တလေး – ကင်းတားဆည် (ကားဖြင့် ၆၀ မိုင်)၊ ကင်းတားဆည်- ပြဒါးလင်းဂူ (ရေလမ်း ၃ မိုင်)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- ဇီဝမျိုးစုံမျိုးကွဲများကိုလေ့လာနိုင်ခြင်း၊
- သမိုင်းဝင် အထောက်အထားဖြစ်သည့် ပြဒါးလင်းဂူအား လေ့လာနိုင်ခြင်း၊
- တောတွင်းခရီးကြမ်းသွားခြင်း၊ စခန်းချခြင်း၊ ပန်းလောင်ချောင်းတစ်လျှောက် စက်လှေဖြင့် စုန်ဆန် ခရီးသွားနိုင်ခြင်း၊
- ဘူမိအနေအထားအရ အသွင်အမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသော ထုံးကျောက်ဂူများနှင့် လင်းနို့မျိုးစိတ်များအား လေ့လာနိုင်ခြင်း။
ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
တည်နေရာ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်။
အကျယ်အဝန်း
- ၆၀.၃၂ စတုရန်းမိုင်
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန်- ကျိုက်ထီးရိုး (ကားဖြင့် ၁၂၀ မိုင်)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- ဘူမိရုပ်သွင်အရ ထူးခြားအံ့သြဖွယ်ဖြစ်သော သဘာဝ ကျောက်တုံးကြီးပေါ်တွင် တည်ရှိနေသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို ဖူးမြော်နိုင်ခြင်း၊
- ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုးဘုရားအထိ တောတွင်းလမ်းလျှောက်နိုင်ပြီး ထူးခြားလှပသော သစ်ခွမျိုးများကို သဘာဝအတိုင်း တွေ့မြင်လေ့လာနိုင်ခြင်း၊
- ငှက်များကို ကြည့်ရှုလေ့လာနိုင်ခြင်း၊ ရှုခင်းသာများမှ မြေပြန့်ဒေသရှိ ရှုခင်းမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်ခြင်း၊
- အပန်းဖြေစခန်းများတွင် အေးချမ်းစွာအပန်းဖြေအနားယူနိုင်ခြင်း၊
- ကင်မွန်းစခန်းမှ ရသေ့တောင်အထိ ၇ မိုင်ကားလမ်းခရီးအတိုင်း လမ်းလျှောက်၍ လမ်းတစ်လျှောက် သဘာဝရေတံခွန်များကို ကြည့်ရှုလေ့လာနိုင်ခြင်း၊
- ရသေ့တောင်ပေါ်တွင် အပန်းဖြေ အနားယူနိုင်ခြင်း၊
- ရှုခင်းသာများမှ သဘာဝရှုခင်းများကို လေ့လာနိုင်ခြင်း။
ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
တည်နေရာ
- ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်။
အကျယ်အဝန်း
- ၂၄၉၄ စတုရန်းမိုင် (၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလအထိ)
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန်-မြစ်ကြီးနား (လေယဉ်ဖြင့် ၁ နာရီ)၊ မြစ်ကြီးနား – တနိုင်း (ကားဖြင့် ၁၂၀ မိုင်)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- သဘာဝအနေအထားနီးပါးရှိနေခြင်းနှင့် ဇီဝမျိုးစုံ ကြွယ်ဝသည့် အနေအထားကို လေ့လာကြည့်ရှုနိုင်ခြင်း၊
- ကျားနှင့် ဆင်အပါအဝင် တောရိုင်းတိရစ္ဆာန်များအား လေ့လာနိုင်ခြင်း၊
- တောတွင်းသို့ ဆင်စီး၍ ရက်ရှည်ခရီးသွားနိုင်ခြင်း၊
- ချောင်းလက်တက်များတလျှောက် လှေစီးစုန်ဆင်းခြင်း၊
- ဆင်ဖြင့် လယ်ထွန်သည့်လုပ်ငန်းများအား လေ့လာနိုင်ခြင်း၊
- တိုင်းရင်းသားရိုးရာနေအိမ်များတွင် တည်းခို နေထိုင်နိုင်ခြင်းဖြင့် ၎င်းတို့၏ ဓလေ့စရိုက်များကို လေ့လာနိုင်ခြင်း၊
- နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် ပြောင်းလဲသော သဘာဝရှုခင်းများအား ကြည့်ရှုခံစားနိုင်ခြင်း
- ဇီဝမျိုးစုံမျိုးကွဲများ လေ့လာနိုင်ခြင်း။
မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
တည်နေရာ
- ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့။
အကျယ်အဝန်း
- ၅၂.၇၈ စတုရန်းမိုင်
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန် – ဘိုကလေး – မိန်းမလှကျွန်း (ရေလမ်း ၈၇ မိုင်)
- ရန်ကုန်-ဘိုကလေး (ကားဖြင့် ၈၄ မိုင်)၊ ဘိုကလေး-မိန်းမလှကျွန်း (ရေလမ်း ၁၂ မိုင်)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- ဒီရေတောများ၏ ဂေဟစနစ်ကို လေ့လာနိုင်ခြင်း၊
- ဓမ္မတာမျိုးဆက်ခြင်းနည်းဖြင့် ဒီရေတော ပြုစုထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ လေ့လာနိုင်ခြင်း၊
- ရေပျော်ငှက်များ၊ ကုန်းတွင်းပိုင်းဌာနေငှက်များနှင့် ရာသီအလိုက် ရွှေ့ပြောင်းကျက်စားသော ဆောင်းခိုငှက်များအား လေ့လာ ကြည့်ရှုနိုင်ခြင်း
- မိကျောင်းအပါအဝင် တွားသွားသတ္တဝါများ၊ နို့တိုက်သတ္တဝါများနှင့် ရေနေသတ္တဝါများ၏ သဘာဝအလျောက် နေထိုင်ကျက်စားမှု အခြေအနေများကို လေ့လာနိုင်ခြင်း၊
- နိုဝင်ဘာလ၊ ဒီဇင်ဘာလ နှင့် ဇန်နဝါရီလများအတွင်း ဘေးမဲ့တောမှ ၁၀ မိုင် ခန့်ဝေးသော ကဒုံလေး လိပ်သောင် သို့ သွားရောက်၍ ပင်လယ်လိပ်ကြီးများ ဥ ဥခြင်းကို လေ့လာနိုင်ခြင်း။
မိုးယွန်းကြီးအင်း ဘေးမဲ့တော
တည်နေရာ
- ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်
အကျယ်အဝန်း
- ၄၀ စတုရန်းမိုင်
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန်- မိုးယွန်းကြီးအင်း (ကားဖြင့် ၆၉ မိုင်)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- ရန်ကုန်မြို့တော်နှင့် အနီးဆုံး ရေတိမ်ဒေသတစ်ခုဖြစ်ပြီး ရေပျော်ငှက်များ၊ဆောင်းခိုငှက်များကို လေ့လာကြည့်ရှု၍ သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ခြင်း၊
- ရေတိမ်ဒေသဂေဟစနစ်၏ ဖြစ်စဉ်များကို လေ့လာ သုတေသနပြုနိုင်ခြင်းနှင့်
- ရေပျော်ငှက်များ အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၇၅ မျိုးခန့်အား လေ့လာနိုင်ခြင်း။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
တည်နေရာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြိုနယ်။
အကျယ်အဝန်း
- ၂၁၃.၄၀ စတုရန်းမိုင်
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန်-ပြည်-ရွှေစက်တော် (ကားဖြင့် ၃၁၇ မိုင်)၊
- ရန်ကုန်- မကွေး- ရွှေစက်တော် (ကားဖြင့် ၃၆၄ မိုင်)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- မြန်မာ့ရွှေသမင်များ၏ သဘာဝအတိုင်း နေထိုင်ကျက်စားမှုအခြေအနေများအား လေ့လာနိုင်ခြင်း၊
- အင်တိုင်းတောနှင့် သန်းဒဟတ်တောများကို လေ့လာသုတေသနပြုနိုင်ခြင်း၊
- သားငှက်တိရစ္ဆာန်မျိုးစုံကို လေ့လာနိုင်ခြင်း၊
- ဗုဒ္ဓမြတ်စွာဘုရား၏ ခြေတော်ရာကို ဖူးမျှော်နိုင်ခြင်း၊
- မြန်မာ့မျိုးရင်းဖြစ်သော ကြယ်လိပ်၏ သဘာဝနေထိုင်ကျက်စားမှု အခြေအနေများလေ့လာနိုင်ခြင်းနှင့်
- တိုင်းရင်းသား ချင်းလူမျိုးများ၏ ဓလေ့ထုံးစံများကို လေ့လာနိုင်ခြင်း။
သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
- ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်။
- ရန်ကုန်-ပုသိမ် (ကားဖြင့် ၁၂၀ မိုင်)၊ ပုသိမ်-ငပုတော (ကားဖြင့် ၂၁ မိုင်)၊ ငပုတော – ဟိုင်းကြီးကျွန်း (ရေမိုင် ၄၀)၊ ဟိုင်းကြီးကျွန်း – သမီးလှကျွန်း (ရေမိုင် ၇ )
- ဒီရေတောများ၏ ဂေဟစနစ်ကို လေ့လာနိုင်ခြင်း၊
- ရေပျော်ငှက်များ၊ ကုန်းတွင်းပိုင်းဌာနေငှက်များနှင့် ရာသီအလိုက် ရွှေ့ပြောင်းကျက်စားသော ဆောင်းခိုငှက်များအား လေ့လာ ကြည့်ရှုနိုင်ခြင်း၊
- ပင်လယ်လိပ်ကြီးများ၏ အလေ့အထနှင့် ဥ ဥခြင်းကို လေ့လာနိုင်ခြင်း။
လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်
- တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်။
- ၇၉.၀၉ စတုရန်းမိုင်
- ရန်ကုန်-ကော့သောင်း (လေယဉ်ဖြင့်၂ နာရီခရီး)၊ ကော့သောင်း-လန်ပိ (စက်လှေဖြင့် ၅ နာရီခရီး)
- ဒီရေတောဂေဟစနစ်နှင့် ရေပျော်ငှက်များကို လေ့လာနိုင်ခြင်း၊
- အမြဲစိမ်းတောဂေဟစနစ်များအား လေ့လာနိုင်ခြင်း၊
- သန္တာကျောက်တန်းများ၊ ငါးမျိုးစိတ်များနှင့် ခရုကမာမျိုးစိတ်များအား လေ့လာသုတေသနပြုနိုင်ခြင်း၊
- ဆလုံမျိုးနွယ်စုများ၏ ယဉ်ကျေးမှုနှင့် အလေ့အထများကို လေ့လာနိုင်ခြင်း၊
- အပျော်တမ်း ပင်လယ်ရေငုပ်နိုင်ခြင်းနှင့်
- ပင်လယ်ကမ်းခြေတွင် အနားယူ အပန်းဖြေနိုင်ခြင်း။
ဖိုးကျားဆင်စခန်း
- ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်
- ရန်ကုန်- ဖိုးကျားစခန်း (ကားဖြင့် ၁၇၀ မိုင်)
- မြန်မာ့ဆင်များ၏ အလေ့အထများနှင့် သဘာဝအတိုင်း နေထိုင်ကျက်စားမှုများ၊ တောအမျိုးအစားများအား လေ့လာနိုင်ခြင်း၊
- တောတွင်းဆင်စီး၍ အပန်းဖြေနိုင်ခြင်း။
ဖုန်ကန်ရာဇီ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော
တည်နေရာ
- ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်
အကျယ်အဝန်း
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန် – မြစ်ကြီးနား (လေယဉ်ဖြင့် ၁ နာရီ)၊ မြစ်ကြီးနား – ပူတာအို (လေယဉ်ဖြင့် ၂၅ မိနစ်)၊ ပူတာအို – ရှန်ဂေါင်းရွာ (ကားဖြင့် ၂၀ မိုင်)၊ ရှန်ဂေါင်းရွာ – ဖုန်ကန်ရာဇီတောင် (ခြေလျင် ၃ ညအိပ်ခရီး)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- ငှက်မျိုးစိတ် ၃၇၀ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၆၀ မျိုး၊ ကုန်းနေ ရေနေနှင့် တွားသွားသတ္တဝါ ၈၂ မျိုးတို့အား လေ့လာနိုင်ခြင်း၊
- ဆောင်း ကာလတွင် ဆီးနှင်းဖုံးတောင်ပေါ်သဘာဝရှုခင်း၊ သဘာဝတောင်ပေါ်ထင်းရှူး တော၊ တောင်ဇလပ်တော များတွင် လေ့လာ ခံစားနိုင်ခြင်း၊
- ဆီးနှင်းဖုံးတောင်ထိပ်သို့ ခြေလျင်တောင်တက် ခရီးရှည် သွားလာခံစားနိုင်ခြင်း၊
- တောတွင်းဖောင်စီးခရီးကြမ်း သွားလာခံစားနိုင်ခြင်း၊
- ဖုန်ကန်ရာဇီဒေသ ဇီဝမျိုးစုံမျိုးကွဲလေ့လာနိုင်ခြင်း နှင့် သုတေသနပြုနိုင်ခြင်း။
ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်
တည်နေရာ
- ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်
အကျယ်အဝန်း
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန်မှ မြစ်ကြီးနားသို့ လေယာဉ်ဖြင့် (၁ နာရီ)၊ မြစ်ကြီးနားမှ ပူတာအိုသို့ လေယာဉ်ဖြင့် (၂၅ မိနစ်)၊ ပူတာအိုမှ နောင်မွန်းသို့ ကားဖြင့် ၃၅ မိုင်ခရီး။
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- ရေခဲဖုံးတောင်များပေါ်သို့ တက်ရောက်နိုင်ခြင်း
- ဧရာဝတီမြစ်ဖျားခံရာဒေသပတ်ဝန်းကျင် အခြေအနေများ လေ့လာ နိုင်ခြင်း
- သာယာလှပသောသဘာဝရေမြေ တောတောင်ရှုခင်းများ ခံစား ကြည့်ရှုနိုင်ခြင်း
- အပင်နှင့်တိရစ္ဆာန်မျိုးစိတ်သစ်များ လေ့လာရှာဖွေ ဖော်ထုတ် နိုင်ခြင်း၊
- ဒေသခံရဝမ်၊ လီဆူး၊ မြန်မာ-တိဘက်လူမျိုး များ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့် လူနေမှုစနစ်များကို လေ့လာနိုင်ခြင်း၊
- ရှားပါးတိရစ္ဆာန်ဖြစ်သည့် သားမင်း၊ ကတိုး၊ ရေခဲတောင်ဆိတ်၊ ဂျီနက်၊ ဖက်ဂျီ တို့အပြင် လိပ်ပြာနှင့် အင်းဆက်ပိုးများအား လေ့လာနိုင်ခြင်း။
နတ်မတောင် အမျိုးသားဥယျာဉ်
တည်နေရာ
- ချင်းပြည်နယ်၊ ကန်ပက်လက်မြို့။
အကျယ်အဝန်း
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန် – ညောင်ဦး (လေယဉ်ဖြင့် ၁နာရီ)၊ ညောင်ဦး- ကန်ပက်လက် (ကားဖြင့် ၁၀၃ မိုင်)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- သဘာဝတောင်ပေါ်ဒေသရှုခင်းများ လေ့လာခံစား အပန်းဖြေနိုင်ခြင်း၊
- မြန်မာနိုင်ငံ၌ တတိယ အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် ပေပေါင်း ၁၀၀၁၈ ပေမြင့်သော ဝိတိုရိယတောင်ပေါ်သို့ ကန်ပက်လက်မြို့ဟောင်းမှ ၁၅ မိုင်ရှည် ခရီးကို ခြေလျင် တောင်တက် လေ့လာနိုင်ခြင်း၊
- မြန်မာနိုင်ငံ အတွင်း တွေ့ရှိနိုင်သော ကုန်းတွင်းဌာနေငှက်မျိုး ၅ မျိုး အပါအဝင်ငှက်မျိုးပေါင်း ၁၅၉ ကျော် လေ့လာတွေ့ရှိ နိုင်ခြင်း၊
- အလွန်ရှားပါးသော ဇာမဏီ ငှက် ကဲ့သို့သော ငှက်အမျိုးအစားများ တွေ့ရှိနိုင်ခြင်း၊
- သဘာဝတောများ အတွင်း စုံလင်ပေါများ စွာပေါက်ရောက် နေသော မြန်မာ့ သစ်ခွမျိုးများကို အခြေခံ၍ (Orchid Tour) အဖြစ် စီစဉ် ဆောင်ရွက်လေ့လာနိုင်ခြင်း၊
- ဒေသခံချင်းလူမျိုးများ ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လူနေမှုစနစ်များ လေ့လာနိုင်ခြင်း၊
- သဘာဝသစ်တောအမျိုးအစားနှင့် သစ်တောသစ်ပင်များကို ကွင်းဆင်းလေ့လာ နိုင်ခြင်း၊ တောင်ဇလပ်နီကဲ့သို့သော အပင်များလေ့လာနိုင်ခြင်း။
ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
တည်နေရာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ မြို့နယ်။
အကျယ်အဝန်း
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန် – မန္တလေး – ချပ်သင်း (ရထားဖြင့် ၅၁၇ မိုင်)
- ရန်ကုန် – မန္တလေး – ချပ်သင်း (ကားဖြင့် ၅၆၀ မိုင်)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- အင်တိုင်းတောများကို လေ့လာနိုင်ခြင်း၊
- ထင်ရှားသည့် ကြေးအင်း၏ သဘာဝအလှအပများကို ခံစားနိုင်ခြင်း၊
- တောရိုင်းတိရစ္ဆာန်သုတေသနပြု ခေတ်မီနည်းစနစ် များကို လေ့လာနိုင်ခြင်း၊
- ပရဆေးဘက်ဝင်အပင်နှင့် နွယ်ပင်များ အပါအဝင် ချပ်သင်း ဘေးမဲ့တော ၏ သဘာဝသမိုင်းပြတိုက်များ လေ့လာနိုင်ခြင်း၊
- မြန်မာ့ရွှေသမင်များ၏ သဘာဝနေထိုင် ကျက်စားမှုကို လေ့လာ သုတေသနပြုနိုင်ခြင်း။
ပုပ္ပါးတောင်ဥယျာဉ်
တည်နေရာ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်။
အကျယ်အဝန်း
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန်-ကျောက်ပန်းတောင်း (ကားဖြင့် ၄၁၀ မိုင်)
- ရန်ကုန်-ညောင်ဦး (လေယဉ်ဖြင့် ၁ နာရီ)၊ ညောင်ဦး-ပုပ္ပါး (ကားဖြင့် ၃၀ မိုင်)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- မြန်မာနိုင်ငံ အလယ်ပိုင်း သဘာဝတောကျန်များကို လေ့လာနိုင်ခြင်း၊
- ငှက်မျိုးစုံနှင့် အခြားတိရစ္ဆာန်တို့ကို လေ့လာနိုင်ခြင်း၊
- အပူပိုင်းဇုံဒေသအတွင်း အိုအေစစ်သဖွယ် တည်ရှိနေသော သဘာဝ ရေမြေတောတောင်များ၏ ရှုခင်း အလှအပများ ခံစားနိုင်ခြင်း၊
- စန္ဒကူးသစ်မျိုးများနှင့် ပရဆေးဖက်ဝင်အပင်များ၏ သဘာဝအတိုင်း ပျံ့နှံ့ပေါက်ရောက်မှု အခြေအနေများကို လေ့လာနိုင်ခြင်း၊
- လွန်ခဲ့သော နှစ်ပေါင်း ၃၂၀,၀၀၀ ခန့်မှ မီးတောင်ဟောင်း၏ သဘာဝတွင်းထွက်ကျောက်များ လေ့လာနိုင်ခြင်း၊
- ရှားပါးတိရစ္ဆာန်မျိုးဖြစ်သည့် မျောက်မျက် ကွင်းဖြူ အားလေ့လာနိုင်ခြင်း။
လှော်ကားဥယျာဉ်
တည်နေရာ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်
အကျယ်အဝန်း
လမ်းပန်းဆက်သွယ်ရေး
ရန်ကုန်-လှော်ကား (ကားဖြင့် ၂၂ မိုင်)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- မြန်မာနိုင်ငံ၏ သဘာဝဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ သိရှိနိုင်ခြင်း၊
- သမင်၊ ဒရယ်၊ ဂျီ၊ ဆတ် စသည့် တိရစ္ဆာန်များ၏ သဘာဝအတိုင်း နေထိုင် ကျက်စားမှုကို လေ့လာနိုင်ခြင်း၊
- အပန်းဖြေစခန်း၊ တိုင်းရင်းသားရိုးရာတဲများ၌ နားနေ အပန်းဖြေနိုင်ခြင်း၊
- ဆင်စီးခြင်း၊ လှေလှော်ခြင်းနှင့် ငှက်များအား ကြည့်ရှုလေ့လာနိုင်ခြင်း။
မြိုင်ဟေဝန် ဆင်စခန်း
တည်နေရာ
- ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်။
အကျယ်အဝန်း
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန် – တိုက်ကြီး (ကားဖြင့် ၆၀ မိုင်ခရီး)၊ တိုက်ကြီး- မြိုင်ဟေဝန် (ကားဖြင့် ၁၅ မိုင်ခရီး)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- လဟာမငယ်အင်းရှိ၍ ငါးများ၊ ရေနေသတ္တဝါများကို လေ့လာနိုင်ခြင်းနှင့် ငါးမျှား အပန်းဖြေနိုင်ခြင်း၊
- ဆင်တဲအနီး ပျဉ်းကတိုးစိုက်ခင်းအတွင်း လှည့်လည် ကြည့်ရှု၍ ရေမြေသဘာဝအခြေအနေနှင့် ကျေးငှက်များ၏အသံကို နားထောင်နိုင်ခြင်း၊
- တောလမ်းခရီးကြမ်းနှင့် တောင်တက်နိုင်ခြင်း၊
- အိမ်ဆင်များအား လိမ္မာယဉ်ကျေးအောင် သင်ကြားထားခြင်းကို လေ့လာနိုင်ခြင်း၊
- စခန်းပတ်ဝန်းကျင်တွင် အပျော်တမ်း ဆင်စီးနိုင်ခြင်းနှင့်
- တောဆင်ဖမ်းဆီးခြင်းကို လေ့လာနိုင်ခြင်း။
အင်းတော်ကြီး ဘေးမဲ့တော
တည်နေရာ
- ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် •
အကျယ်အဝန်း
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန် – မြစ်ကြီးနား (လေယဉ်ဖြင့် ၁ နာရီ)၊ မြစ်ကြီးနား- အင်းတော်ကြီး (ကားဖြင့် ၇၀၀ မိုင်)။
ကြည့်ရှလေ့လာနိုင်မည့် အခွင့်အလမ်းများ
- ကချင်ပြည်နယ်၏တန်ခိုးကြီး ရေလယ်ရွှေမဉ္ဇူဘုရား ဖူးမြင်ခွင့် ရရှိခြင်း၊
- အရှေ့ တောင်အာရှ၏ အကြီးဆုံး ကုန်းတွင်းရေအိုင်ကြီး တစ်ခုကို ရှုမြင်ခံစားနိုင်ခြင်း၊
- ရေတိမ်ဒေသ ဂေဟစနစ်ကိုလေ့လာနိုင်ခြင်း၊
- ဆောင်းခိုငှက်များကို လေ့လာနိုင် ခြင်း၊
- သဘာဝ သစ်တောကြိုးဝိုင်းကြီးများ၏ သားငှက် တိရစ္ဆာန်၊ သစ်ပင်၊ ပန်းမာန်မျိုးစုံတို့ကို လေ့လာနိုင်ခြင်း၊
- ဒေသခံ ရှမ်း၊ ကချင်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် လူနေမှုစနစ်ကို လေ့လာနိုင်ခြင်း။