+95-67- 406458 [email protected]
Select Page

Directory : Search Results

No result found:

ပုဂံမြို့ရှိ မင်းအိုချမ်းသာဘုရားအနီးတွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၅) ရက်
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) ၏ စီစဉ်မှုဖြင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)နှင့် မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း (ပုဂံ ဇုန်) တို့ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့ရှိ မင်းအိုချမ်းသာဘုရားအနီးတွင် ကျင်းပခဲ့ပါသည်။

ထို ထမနဲထိုးပြိုင်ပွဲတွင် အသင်း (၁၇) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို Gracious Bagan Hotel ၊ ဒုတိယဆုကို Amta Hotel၊ တတိယဆုကို ပုဂံသံတဲဟိုတယ်နှင့် နှစ်သိမ့်ဆုကို Bagan Lodge Hotel နှင့် ဧရာဝတီဟိုတယ်တို့မှ ဆုအသီးသီးရရှိခဲ့ကြပြီး ရရှိလာသော ထမနဲများကို မင်းအိုချမ်းသာဘုရား ရင်ပြင်တွင် သံဃာတော်အပါး (၁၀၀) ကျော်တို့အား ထမနဲဆွမ်း လောင်းလှူခဲ့ကြပါကြောင်း သိရပါသည်။

အဆိုပါ ပြိုင်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဝန်ထမ်းများ၊ ဟိုတယ် လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊ မြန်မာနိုင်ငံဧည့်လမ်း ညွှန်များအသင်း (ပုဂံဇုန်)၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပခရီးသည်များ အပါ အဝင် စုစုပေါင်းအင်အား (၅၀၀) ကျော် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိပါသည်။

ငွေဆောင်တွင် ကမ်းခြေ သန့်ရှင်းသာယာလှပစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် ကမ်းခြေ၏ ရေအောက်အမှိုက်များ စုပေါင်းသန့်ရှင်းရေး (Activity) လှုပ်ရှားဆောင်ရွက်


နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၅) ရက်
ငွေဆောင်ကမ်းခြေသန့်ရှင်းလှပစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ပင်လယ်ကမ်းရိုးတန်း ဂေဟစနစ်မပျက်စီးစေရေးတို့ကို ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှု များကို ယနေ့နံနက်ပိုင်းတွင် ငွေဆောင်ကမ်းခြေ၌ ပြုလုပ်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်ကမ်းခြေ ချစ်သူများကျွန်းတစ်လျှောက် ပတ်ဝန်းကျင်နှင့် ရေအောက်ရှိ စွန့်ပစ်အမှိုက်များကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ငွေဆောင်ရုံးခွဲ)မှ တာဝန်ရှိသူများ၊ Myanmar Dive Center မှ ဒေါက်တာသန်းဝင်းနှင့် တာဝန်ရှိသူများ၊ ပုသိမ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ပါမောက္ခနှင့် ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ငွေဆောင်ဟိုတယ်ဇုန်မှ တာဝန်ရှိသူများ၊ ဦးဝေဠုကျော် ဦးစီးသော ဝေဠုကျော်ဖောင်ဒေးရှင်းအဖွဲ့များ၊ Ngwe Saung Trash Hero အဖွဲ့များနှင့် ဒေသခံများ၊ စုစုပေါင်း (၂၁၅) ဦး ပူးပေါင်းပါဝင်၍ စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။
၎င်းနောက် ကမ်းခြေရေပေါ်ရေအောက်သန့်ရှင်းရေးနှင့် ပင်လယ်ကမ်းရိုးတန်းဂေဟစနစ်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သဇင်ပန်းစားသောက်ဆိုင်၌ ပြုလုပ်ရာ Myanmar Dive Center မှ ဒေါ်ထွေးထွေးဝင်းနှင့် ဦးမျိုးဆန်း၊ ပုသိမ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ဒေါ်ချယ်ရီအောင် နှင့် ဦးဝေဠုကျော်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးဟောပြောခဲ့ကြပါကြောင်း သတင်း ရရှိပါသည်။

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ဝင်/ ထွက် လည်ပတ်လျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီ (၁၅) ရက်
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့မှ ဖေဖော်ဝါရီလ(၁၄) ရက်နေ့အထိတာချီလိတ်နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၂၀၇၃၇) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသားခရီးသွားဧည့်သည်(၁၇၆) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်(၃၄၀) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၇၇၈) ဦးရှိ ကြောင်း သိရှိရပါသည်။

နေ့ချင်းပြန်ခရီးစဉ်အဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပါသည်။
ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်းစေတီ၊ ကျော့မ် ဆရီစေတီ၊ ရမ်းကုန်းဘုန်းကြီးကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့်တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့် မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ်များ အား ဝင်ရောက်လည်ပတ်ခဲ့ကြပါသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတဆင့် ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေ အတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့မှ ၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်/ ညအိပ်ခရီးသည် စုစုပေါင်းမှာ (၉၀၅၈၇၉) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည်စုစုပေါင်း (၁၁၄၆၅) ဦးနှင့် ဗီဇာဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း (၂၆၃၅၈) ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၅) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပ မှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Traventure Travel & Tour Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် အိန္ဒိယနိုင်ငံသားဧည့်သည် (၆) ဦးတို့သည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၅) စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့မှ ဖေဖော်ဝါရီလ (၈) ရက်နေ့အထိ မြဝတီ- ပဲခူး- ပုဂံ- မုံရွာ- ကလေး- တမူး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမို တိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၃) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပ မှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Expeditions Myanmar Co.,Ltd ၏ စီစဉ် ဆောင်ရွက်မှုတို့ဖြင့် ဗြိတိန်နိုင်ငံသားဧည့်သည်(၅) ဦး၊ ကနေဒါနိုင်ငံသားဧည့်သည် (၁) ဦး၊ နယူးဇီလန် နိုင်ငံသားဧည့်သည် (၁) ဦး၊ အိန္ဒိယနိုင်ငံသားဧည့်သည် (၁) ဦး၊ အမေရိကန်နိုင်ငံသားဧည့်သည် (၁) ဦး၊ စုစုပေါင်း (၉) ဦးတို့သည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၁) စီး၊ မော်တော်ဆိုင်ကယ် (၈) စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှ ဖေဖော်ဝါရီလ (၉) ရက်နေ့အထိ တာချီလိတ်- ကျိုင်းတုံ- နမ့်စန်- ညောင်ရွှေ- နေပြည်တော်- ပုဂံ- အမ်း- ငပလီ- ဂွ- ရန်ကုန်- မြဝတီ ခရီးစဉ်အတိုင်း သွားရောက် လည်ပတ်၍ မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။
ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမို တိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း သတင်းရရှိပါသည်။