+95-67- 406458 [email protected]
Select Page

ခရီးစဉ်ခွင့်ပြုမိန့် တင်ပြလျှောက်ထားရာတွင် လိုအပ်ချက်များ

အခြေခံလိုအပ်ချက်(Packager Tour ခရီးစဉ်အတွက်)

 ခရီးသွားကုမ္ပဏီ၏ Letter Head ဖြင့် ခရီးစဉ်တင်ပြလျှောက်ထားစာ (နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးကင်းရှင်းကြောင်း ခံဝန်ကတိ)

 ဧည့်သည်အမည်စာရင်း၊ နိုင်ငံသားနှင့် ပတ်စ်ပို့နံပါတ်

 နေ့အလိုက် ခရီးစဉ်လမ်းကြောင်းနှင့် တည်းခိုမည့်နေရာ(ဝန်ကြီးဌာမှလိုင်စင်ရယူထားသော ဟိုတယ်) ဖော်ပြထားသည့် ခရီးစဉ်ဇယား

 အတူလိုက်ပါမည့် ဧည့်လမ်းညွှန်ကိုယ်ရေးအချက်အလက်နှင့် သက်တမ်းရှိလိုင်စင်မိတ္တူ

 ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် သက်တမ်းရှိ ခရီးသွား ကုမ္ပဏီလိုင်စင်မိတ္တူ
နောက်ဆက်တွဲလိုအပ်ချက်များ

နောက်ဆက်တွဲလိုအပ်ချက်များ

 (ယာဉ်တန်းခရီးစဉ်အတွက်) – မည်သည့်နိုင်ငံများမှ ဖြတ်သန်းဝင်ရောက်လာသည်၊ မည်သည့်နိုင်ငံများသို့ ဆက်လက်ထွက်ခွာမည်ကိုဖော်ပြရန်၊ မော်တော်ယာဉ်/ဆိုင်ကယ် ဆိုင်ရာအချက်အလက်များနှင့် ယာဉ်/ဆိုင်ကယ်ရှေ့/နောက်ဓာတ်ပုံ

 (စက်တပ်ရွက်လှေခရီးစဉ်အတွက်) – ရွက်လှေဓာတ်ပုံ၊ အမှုထမ်းများ၏ အမည်စာရင်း၊ သွားရောက်မည့်ကျွန်းများကိုဖော်ပြသည့်မြေပုံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် ရွက်လှေလိုင်စင်မိတ္တူ၊ Guide License မိတ္တူ။

 (ပြည်တွင်းမြစ်ကြောင်းခရီးစဉ်အတွက်) – အမှုထမ်းအမည်စာရင်း၊ မြစ်တွင်းသွားသင်္ဘော ဓာတ်ပုံ၊ ရေကြောင်းညွှန်ကြားမှုဦးစီးဌာနမှထုတ်ပေးသည့် လိုင်စင်မိတ္တူ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသည့် လိုင်စင်မိတ္တူ

 (အပျော်စီးသင်္ဘောခရီးစဉ်အတွက်) – သင်္ဘောအမှုထမ်းစာရင်း၊ အပျော်စီးသင်္ဘောဓာတ်ပုံ နှင့် သင်္ဘောဆိုင်ရာအချက်အလက်

 (စင်းလုံးငှားလေယာဉ်) – လေယာဉ်အမှုထမ်းစာရင်း၊ စင်းလုံးငှားလေယာဉ်ဓာတ်ပုံနှင့် လေယာဉ်ဆိုင်ရာအချက်အလက်