+95-67- 406458 [email protected]
Select Page

ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(အက်စ်မက်စ်)

ဧရာဝတီ -ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်စ်မက်စ်)အဖွဲ့ကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံများပါဝင်သော(၄)နိုင်ငံဖြင့် စတင် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းတွင် ဗီယက်နမ်ပါဝင်လာခဲ့သည်။(၁၂-၁၁-၂၀၁၃)ရက်နေ့တွင် ကျင်းပခဲ့သော စီးပွားရေးမဟာဗျူဟာအကောင်အထည်ဖော်ရေးထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်ခဲ့သော ပုဂံ ကြေငြာချက်ပါစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာတွင် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင် ရွက်ရေးနှင့်စပ်လျဉ်း၍ အောက်ပါအချက်များကိုထည့်သွင်းပြဌာန်းခဲ့ပါသည်-

(၁)     အဖွဲ့ဝင်(၅)နိုင်ငံအကြား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်ရေး            မဟာဗျူဟာများ ချမှတ်မြှင့်တင်ဆောင်ရွက်ရန်။

(၂)      အဖွဲ့ဝင်(၅)နိုင်ငံအကြားတွင်လည်းကောင်း၊ အခြားဒေသများတွင်လည်းကောင်း   ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတိုးတက်စေရေးအတွက်                   ဆောင်ရွက်ရန်။

ဤကဲ့သို့စတင်လုပ်ကိုင်ခြင်း၏ ရည်ရွယ်ချက်မှာအဖွဲ့ဝင်(၅)နိုင်ငံအကြား စီးပွားရေးကွာဟ ချက်များကိုပေါင်းကူးပေးရန်နှင့် ဒေသခွဲတွင် ကြွယ်ဝမှုများကိုရေရှည်တည်တံ့စေသော အမူအကျင့် များဖြင့်မြှင့်တင်ရန်ဖြစ်သည်။ ၎င်းကြွယ်ဝမှုများကို အကျိုးအမြတ်ရရှိစေရုံသာမက ASEAN ကိုပိုမို တန်ဘိုးမြင့်တက်စေရန်နှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်သည့် စည်းလုံးညီညွတ်မှုကို ရရှိရန် မျော်မှန်းသည်။