+95-67- 406458 [email protected]
Select Page

                   အာဆီယံ – ဂျပန် ဗဟိုဌာန


အာဆီယံ-ဂျပန်ဗဟိုဌာနကို ၁၉၈၁ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌စတင်တည် ထောင်ခဲ့ပါသည်။ အာဆီယံ-ဂျပန်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဗဟိုဌာန (ASEAN Promotion Centre on Trade, Investment and Tourism-APC) သို့မြန်မာနိုင်ငံသည်၂၀၀၆ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပါသည်။

ဂျပန်နိုင်ငံနှင့်အဖွဲ့ဝင်နိုင်ငံအသီးသီးတို့သည် နှစ်စဉ်ရန်ပုံငွေများကို ထည့်ဝင်ကြပြီး အဆိုပါရန်ပုံငွေ မှအာဆီယံနိုင်ငံအလိုက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ပြုလျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ အာဆီယံ-ဂျပန်ဗဟိုဌာနနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • ဂျပန်နိုင်ငံကိုယ်စားလှယ်များ၏ လေ့လာရေးခရီးစဉ် (၂၀၁၄ ခုနှစ်)
  • အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာလူငယ်ဖလှယ်ရေးအစီအစဉ် (၂၀၁၄ ခုနှစ်)
  • ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများ၏ လူမှု့အဖွဲ့အစည်းအခြေခံခရီး သွားလုပ်ငန်းနည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ(၂၀၁၅ ခုနှစ်၊ တိုကျို)
  • လူမှုအဖွဲ့အစည်းအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာဆွေနွေးပွဲ (၂၀၁၅ ခုနှစ်၊ ဗီယက်နမ်)
  • ပထမအကြိမ်မြောက် အာရှနိုင်ငံသားခရီးသွားလုပ်ငန်းခေါင်းဆောင်များ၏ အာဆီယံစီးပွား ရေးအသိုက်အဝန်းအကြိုနှင့် အလွန်လှုပ်ရှားဆောင်ရွက်မှုဖိုရမ် (၂၀၁၅ ခုနှစ်၊ တိုကျို)