+95-67- 406458 [email protected]
Select Page

             အာဆီယံ-ကိုရီးယားဗဟိုဌာန


အာဆီယံ-ကိုရီးယားဗဟိုဌာနကို ၂၀၀၉ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့တွင် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ စတင်တည်ထောင်ခဲ့ပါသည်။ အာဆီယံ-ကိုရီးယားဗဟိုဌာန၏ အဓိကကဏ္ဍများမှာ-

(၁)     အာဆီယံ-ကိုရီးယားယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းပြပွဲ

(၂)     ကိုရီးယားဘာသာစကားသင်တန်း

(၃)     အာဆီယံ-ကိုရီးယားယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲ

(၄)     အာဆီယံခရီးသွားလုပ်ငန်းလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်

(၅)     ခရီးသွားစျေးကွက်မြှင့်တင်ရေး မဟာဗျူဟာနှင့် ခရီးသွားလုပ်ငန်း သတင်းအချက် အလက်နည်းပညာ

ဗဟိုဌာနသည် အာဆီယံအမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၏အစည်းအဝေး များ နှင့်ဝန်ကြီးများအဆင့် အစည်းအဝေးများတွင် အမြဲတမ်းပါဝင်တက်ရောက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ အာဆီယံ-ကိုရီးယားဗဟိုဌာနနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • ဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်အာဆီယံ-ကိုရီးယားဗဟိုဌာနတို့ပူးပေါင်း၍ ကိုရီးယားယဉ်ကျေးမှုပြပွဲ(၂၀၁၄ ခုနှစ်၊ ရန်ကုန်မြို့)
  • (၆)ကြိမ်မြောက် အာဆီယံ-ကိုရီးယားယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းပြပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်(၇)ဦး တက် ရောက်ခဲ့ပါသည်။ (၂၀၁၄ခုနှစ်၊ ဆိုးလ်မြို့၊ ကိုရီးယား နိုင်ငံ)
  • ကိုရီးယားဘာသာစကား သင်တန်း-၂၀၁၄ (၂၀၁၄ခုနှစ်၊ ဧည့်လမ်းညွှန်သင်တန်းကျောင်း၊ ရန်ကုန်)
  • အာဆီယံ-ကိုရီးယား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ် တစ်ဦးတို့တက်ရောက်ခဲ့ပါသည်။(၂၀၁၅ ခုနှစ်၊ ဆိုးလ်မြို့၊ ကိုရီးယား)
  • ကိုရီးယားယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍမှ သင်တန်းသား(၅၀)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ ပါသည်။ (၂၀၁၅ ခုနှစ်၊ Chatriumဟိုတယ်၊ ရန်ကုန်)
  • နှစ်စဉ်ကျင်းပသော အာဆီယံယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းပြပွဲများသို့မြန်မာ နိုင်ငံမှ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လျက်ရှိပါသည်။