+95-67- 406458 [email protected]
Select Page

အာရှ-ပစိဖိတ် ခရီးသွားလုပ်ငန်းအဖွဲ့

အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းအဖွဲ့(PATA)သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် အခြေစိုက်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှနှင့်ပစိဖိတ်ဒေသ အတွင်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရန်၊ ဒေသတွင်းယဉ်ကျေးမှု အမွေအနှစ်နှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေး ပံ့ပိုးဆောင်ရွက်ရေးအတွက် လိုအပ်သော နည်း ပညာများပံ့ပိုးပေးရန်၊ ခရီးသွားလုပ်ငန်း ဆောင်ရွက်သည့် ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသည်များအား ခရီးသွားလုပ်ငန်းဆိုင်ရာ ဗဟုသုတ များပြန့်ပွားစေရန် အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ယနေ့အချိန်တွင် PATAအဖွဲ့တွင် အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ ခရီးစဉ်ဒေသများမှ ခရီသွားလုပ်ငန်းဆက်စပ်အဖွဲ့အစည်းများမှ စုစုပေါင်း အသင်း ဝင် (၈၀၀) ကျော်ရှိပါ သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာနှင့်ဒေသတွင်း ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများတွင် အဖွဲ့ဝင်အဖြစ်ပါဝင်၍ ခရီသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းအဖွဲ့ (PATA)သို့ ၁၉၉၅ ခုနှစ် မှစတင်၍ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဖွဲ့ဝင်နိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် အာရှ- ပစိဖိတ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းအဖွဲ့ (PATA) သို့ အသင်းဝင်ကြေး အမေရိကန်ဒေါ်လာ(၇၇၈၅)ကို ၁၉၉၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ပေးသွင်းလျက် ရှိပါသည်။