ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်
စပိန်နိုင်ငံ၊မဒရစ်မြို့တွင် အခြေစိုက်သော ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့သည် နိုင်ငံတကာ ကမ္ဘာ့ ခရီးသွားလုပ်ငန်းဆိုင်ရာစာရင်းဇယား သတင်းအချက်အလက်များကို ကောက်ယူ စာရင်းပြုစုခြင်းနှင့် နှိုင်းယှဉ်သုံးသပ်မှုပြုခြင်းများကို ဆောင်ရွက်ပါသည်။ ၄င်းအဖွဲ့တွင် အဖွဲ့ဝင်(၁၅၇)နိုင်ငံရှိပါသည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့၏အခြေခံရည်ရွယ်ချက်မှာ ခရီးသွားလုပ်ငန်းမှတဆင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ကမ္ဘာ့နိုင်ငံများအကြား နားလည်မှု တည်ဆောက်ရန်၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် လူမျိုး ကျား/မ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုများကို မခွဲခြားဘဲ အခြေခံလွတ်လပ်မှုများကို အပြန်အလှန် အလေးထားရန် စသည်တို့ဖြစ်ပါသည်။ UNWTO သည် လူသားအားလုံးပူးပေါင်းပါဝင်နိုင်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော တာဝန်သိခရီးသွား လုပ်ငန်းကို မြှင်တင်ရေး အတွက် အထူးဖွဲ့စည်းထားသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခု ဖြစ်ပါ သည်။
မြန်မာနိုင်ငံသည် ၁၉၉၆ခုနှစ်တွင် UNWTO နှင့်ဆက်သွယ်ခဲ့ပြီး၂၀၁၂ခုနှစ်မှစ၍ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်လာခဲ့ပါသည်။ နှစ်စဉ်(စက်တင်ဘာလ၂၇ရက်)နေ့တွင်ကျရောက်သော ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ၂၀၁၂ခုနှစ်မှစ၍ ကျင်းပလျက်ရှိပါသည်။