+95-67- 406458 [email protected]
Select Page

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ


အခန်း(၈)

အဆိုပြုချက်တင်သွင်းခြင်း

၃၆။ ရင်းနှီးမြှုပ်နှံသူသည် နည်းဥပေဒများတွင်​ဖော်ပြထား​သော ​အောက်ပါလုပ်ငန်းများအား ကော်မရှင်သို့ အဆိုပြုချက်တင်ပြစေပြီး ခွင့်ပြုမိန့်ရရှိမှသာ ရင်းနှီး မြှုပ်နှံရမည်-

          (က)    နိုင်ငံတော်အတွက် မဟာဗျူဟာ အရ အရေးပါသည့် ရင်းနှီး မြှုပ် နှံမှုလုပ်ငန်းအမျိုးအစားများ၊

          (ခ)     မတည်ငွေရင်း ကြီး မားသည့် ရင်းနှီး မြှုပ် နှံမှု လုပ်ငန်းအမျိုးအစားများ၊

          (ဂ)     သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေနိုင်သည့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

          (ဃ)    နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အဦများအသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

          (င)     ကော်မရှင်သို့ အဆိုပြုချက်တင်ပြစေရန် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။

၄၁။    အောက်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုတားမြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် သတ်မှတ်သည်-

          (က)    နိုင်ငံတော်အတွင်းသို့ သဘာဝဘေးအန္တရာယ် သို့မဟုတ် အဆိပ်အတောက်ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်လာနိုင်သည့်                                  သို့မဟုတ် ပေါ်ပေါက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

          (ခ)     သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှအပ ပြည်ပမှ စမ်းသပ်ဆဲဖြစ်သော                               သို့မဟုတ် အသုံးပြုရန်၊စိုက်ပျိုးမွေးမြူရန်၊ အတည်ပြုချက် မရရှိသေးသော  နည်းပညာများ၊ဆေးဝါးများ၊ အပင်နှင့် တိရိစ္ဆာန်                             မျိုးစိတ်များ၊ အသုံးအဆောင် များ သယ်ဆောင်လာနိုင် သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

          (ဂ)     နိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးများ၏ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကိုထိခိုက်စေသော  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ

          (ဃ)    ပြည်သူတို့ အပေါ်သဘာဝအန္တရာယ်ဖြစ်စေနိုင်သော  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

          (င)     သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ကို ကြီးမားစွာ ထိခိုက်ပျက်စီးစေနိုင်သော  ရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းများ

          (စ)     တည်ဆဲဥပေဒတစ်ရပ်ရပ်အရ တားမြစ်ပိတ်ပင်ထားသော  ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းများထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ

၄၂။     အောက်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစားများကို ကန့်သတ်သည့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဖြစ် သတ်မှတ်သည်-

          (က)    နိုင်ငံတော်ကသာဆောင်ရွက်ခွင့်ရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ

          (ခ)     နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူက ဆောင်ရွက်နိုင်ခွင့်မရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ 

          (ဂ)     နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်းရှိ နိုင်ငံသားလူပုဂ္ဂိုလ်တစ်ဦးဦးသို့မဟုတ် နိုင်ငံသားပိုင်လုပ်ငန်းတစ်ခုခုနှင့်                                                ပူးပေါင်း၍ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်သာဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ

          (ဃ)    သက်ဆိုင်ရာဝန်ကြီးဌာနများ၏အတည်ပြုချက်ဖြင့်ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ။

အခန်း(၁၂)

မြေအသုံးပြုခွင့်

၅၀။   (က)       ဤဥပေဒအရ ခွင့်ပြုမိန့်ရရှိထားသော သို့မဟုတ် အတည်ပြုမိန့်ရရှိထားသော ရင်းနှီးမြှုပ်နှံသူသည်  ပုဂ္ဂလိက‌မြေ သို့မဟုတ်                                      အဆောက် အအုံ ဖြစ်ပါကပိုင်ရှင်ထံမှ လည်းကောင်း၊ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ နိုင်ငံတော်ပိုင်မြေ သို့မဟုတ်                                           အဆောက်အအုံ ဖြစ်ပါက သက်ဆိုင် ရာအစိုးရဌာန၊  အစိုးရအဖွဲ့အစည်းများထံမှလည်းကောင်းရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်                                         အလို့ ငှာ    သတ်မှတ်ချက်များနှင့်အညီ  နှစ်ရှည်မြေသို့မဟုတ် အဆောက်အအုံ ငှားရမ်းခွင့်ရှိသည်။   နိုင်ငံသားရင်းနှီးမြှုပ်နှံသူသည်                        မိမိပိုင်မြေ သို့မဟုတ် အဆောက်အအုံတွင်တည်ဆဲ ဥပေဒများနှင့်အညီ  ရင်းနှီးမြှုပ်နှံနိုင်သည်။

          (ခ)     နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူသည် အစိုးရ သို့မဟုတ် အစိုးရအဖွဲ့ အစည်းများထံမှဖြစ်စေ၊    ပုဂ္ဂလိက‌ မြေ သို့မဟုတ်  အ‌ဆောက်အအုံ                       ပိုင်ရှင်ထံမှ ဖြစ်စေကော်မရှင် ခွင့်ပြုမိန့် သို့မဟုတ်  အတည်ပြုမိန့် ရရှိသည့်နေ့မှစ၍ကနဦးနှစ်(၅၀)အထိ သတ်မှတ်ချက်နှင့်အညီမြေ                         သို့မဟုတ်အဆောက်အအုံ ငှားရမ်းနိုင်သည်။

          (ဂ)     အထက်ဖော်ပြပါ ပုဒ်မခွဲ(ခ)အရ ခွင့်ပြုထားသောမြေသို့မဟုတ် အဆောက်အအုံ ငှားရမ်းကာလ                 သို့မဟုတ် မြေသို့မဟုတ်                             အဆောက်အအုံ  အသုံးပြုခွင့်ကာလ သက်တမ်းကုန်ဆုံးပြီးနောက်                       ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တစ်ဆက်တည်း                               သက်တမ်းတိုးခွင့် ၁၀နှစ်နှင့် ယင်းသက်တမ်း                        ကုန်ဆုံး ပြီး ထပ်မံ၍ ၁၀နှစ်သက်တမ်းတိုးမြှင့်နိုင်သည်။

          (ဃ)    ရင်းနှီးမြှုပ်နှံသူသည် မြေငှားရမ်းခြင်း စာချုပ်အား စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းအက်ဥပေဒ  နှင့်အညီ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး                     တွင်မှတ်ပုံတင်ရမည်။

          (င)     အစိုးရအဖွဲ့သည်မြေအသုံးချမှု သို့မဟုတ်မြေ ငှားရမ်းမှုများအတွက် မြန်မာနိုင်ငံသားရင်းနှီး  မြှုပ်နှံသူများအား ပိုမိုကောင်းမွန်သော                         သတ်မှတ်ချက်များနှင့်အခွင့်အရေးများကို ခွင့်ပြုပေး                             နိုင်သည်။

          (စ)     ကော်မရှင်သည် နိုင်ငံတော်တစ်ဝန်းလုံးတွင်ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာစီးပွား ရေးဖွံ့ဖြိုး    တိုးတက်မှု နည်းပါးပြီး ဆက်သွယ်                               သွားလာရေး ခက်ခဲသော ဒေသများတွင် ရင်းနှီးမြှုပ်‌နှံသူများ  အတွက် ဤဥပေဒပါမြေသို့မဟုတ်အဆောက်  အအုံ ငှားရမ်းခွင့်ကာလ                       သို့မဟုတ် မြေ သို့မဟုတ်  အဆောက် အအုံအသုံးပြုခွင့် ကာလထက် ပိုခံစားခွင့်ပြုရာတွင် အစိုးရအဖွဲ့မှ တစ်ဆင့်  ပြည်ထောင်စု                                လွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူရမည်။

အခန်း(၁၆)

ရင်းနှီးမြှုပ်နှံသူများ၏တာဝန်ဝတ္တရားများ

၆၅။    ရင်းနှီးမြှုပ်နှံသူသည် –

          (က)    နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ရိုးရာယဉ်ကျေးမှု တို့ကိုလေးစားလိုက်နာရမည်၊

          (ခ)     ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ရန်အတွက် ကုမ္ပဏီ သို့မဟုတ် တစ်ဦးတည်းပိုင်သို့မဟုတ် တရားဝင်   စီးပွားရေးအဖွဲ့အစည်းများ သို့မဟုတ် အဆိုပါ တရားဝင် စီးပွားရေး အဖွဲ့အစည်း၏ ရုံးခွဲများကို                 ဥပေဒ နှင့်အညီ ဖွဲ့စည်းတည်ထောင်၍မှတ်ပုံတင်ရမည်၊

          (ဂ)     တည်ဆဲဥပေဒများနှင့် ဤဥပေဒအရထုတ်ပြန်သော နည်းဥပေဒများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြေငြာစာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ သဘောတူစာချုပ်ပါစည်းကမ်းချက်များနှင့်              အခွန်ဆိုင်ရာ တာဝန်ရှိမှုအပါအဝင် ၎င်းတို့အားထုတ်ပေးထားသော  အထူးပြုလိုင်စင်၊ခွင့်ပြုမိန့်                             နှင့်လုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ်များတွင် ပါဝင်သည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက်                               များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်၊

          (ဃ)    လုပ်ငန်းသဘာဝအရဖြစ်စေ၊ အခြားလိုအပ်ချက်အရဖြစ်စေသက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီး  ဌာနများ၊ အစိုးရဌာနနှင့် အဖွဲ့အစည်းများမှ လိုင်စင်သို့မဟုတ် ခွင့်ပြုမိန့်ရယူရန် လိုအပ်လျင်                              ဖြစ်စေ၊ မှတ်ပုံတင်ရန် လိုအပ်လျင်ဖြစ်စေ သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်များနှင့်အညီ                            ဆောင်ရွက်ရမည်၊

          (င)     မိမိငှားရမ်းခွင့်ရရှိထားသော သို့မဟုတ် အသုံးပြုခွင့် ရရှိထားသောမြေ၏မြေပေါ် မြေအောက်                         တွင်ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်စပ်မှုမရှိသော၊မူလသဘောတူစာချုပ်တွင် မပါဝင်                      သောသဘာဝ တွင်းထွက်ပစ္စည်းများသို့မဟုတ်ရှေးဟောင်းပစ္စည်းများနှင့် ရတနာသိုက်အစရှိ                         သည် တို့ကို တွေ့ ရှိပါကကော်မရှင်ထံသို့ ချက်ချင်းသတင်းပေးအကြောင်းကြားရမည်။                            ကော်မရှင်ကခွင့်ပြုလျင်ယင်းမြေပေါ်၌ဆက်လက်လုပ်ကိုင်နိုင်ပြီးခွင့်မပြုလျင်ရင်းနှီးမြှုပ်နှံသူက                     ရွေးချယ်တင်ပြသည့် နေရာတစ်ခုအား အစားထိုး ခွင့်ပြုချက်ရယူ၍ ပြောင်းရွှေ့ ဆောင်                                   ရွက်ရမည်၊

          (စ)     မိမိငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသောမြေ၏သဘာဝ မြေမျက်နှာသွင်ပြင်သို့မဟုတ် မြေ               အနိမ့်အမြင့်အနေအထားအား သိသာထင်ရှားစွာပြောင်းလဲမှုကိုကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ                        မပြုလုပ်ရ၊

          (ဆ)    မိမိ၏ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ တည်ဆဲဥပေဒများ၊ နည်းဥပေဒများ၊လုပ်ထုံးလုပ်နည်းများ                            နှင့်နိုင်ငံတကာတွင်ကျင့်သုံးသည့် အကောင်းဆုံးစံချိန်စံညွှန်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်                     နှင့်လူမှုပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှု၊  နစ်နာမှုမဖြစ်စေရန်နှင့် ယဉ်ကျေးမှုအမွေ                         အနှစ်များကိုထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရန် လိုက်နာဆောင်ရွက်ရမည်၊

          (ဇ)     ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ဖြင့် ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှုများနှင့်သက်ဆိုင်သည့်                              လုပ်ငန်းဆိုင်ရာစာရင်းဇယားများ၊ နှစ်ပတ်လည် ငွေစာရင်းများနှင့် လိုအပ်သည့် သဘာဝ                             ဘေးအန္တရာယ်ကိစ္စရပ်များကို နိုင်ငံတကာနှင့် ပြည်တွင်းအသိအမှတ်ပြု စာရင်းကိုင် စံနှုန်းများ                         နှင့်အညီ ကောင်းမွန်စွာပြု စုမှတ်တမ်းတင်ထားရှိရမည်။

          (ဈ) အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ဖောက်ဖျက်ခြင်း၊ရင်းနှီးမြှုပ်နှံမှုအပြီးပိတ်သိမ်းခြင်း၊                     လွှဲပြောင်းရောင်းချခြင်း၊ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရပ်ဆိုင်းခြင်း၊လုပ်သားအင်အားလျော့ချခြင်းတို့                               အတွက်အလုပ်သမားများအားတည်ဆဲဥပဒေများနှင့်အညီ နစ်နာကြေးပေးပြီးမှသာ ရင်းနှီးမြှုပ်                               နှံမှု ကိုရပ်ဆိုင်း ပိတ်သိမ်းရမည်။

          (ည)    ခိုင်လုံသော အကြောင်းပြချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုယာယီပိတ်သိမ်းရပါက ပိတ်သိမ်းထားရသည့်                              ကာလအတွင်း အလုပ်သမားများအား တည်ဆဲဥပဒေ၊နည်းဥပဒေညွှန်ကြားချက်များ၊                                     လုပ်ထုံးလုပ် နည်း စသည်တို့နှင့်အညီ လုပ်ခလစာပေးရမည်။

          (ဋ)     အလုပ်ကြောင့်ထိခိုက်ဒဏ်ရာရရှိမှု ကိုယ်အင်္ဂါအစိတ်အပိုင်းချို့ယွင်းဆုံးရှုံးမှု ရောဂါရရှိမှု၊                       သေဆုံးမှု တို့ဖြစ်ပွားသောအလုပ်သမားများအတွက် သက်ဆိုင်ရာအလုပ်သမား(သို့မဟုတ်)                            အမွေဆက်ခံခွင့်ရှိသူအား တည်ဆဲဥပဒေနှင့်အညီ ရထိုက်သည့် နစ်နာကြေးနှင့်လျော်ကြေးကို                             ပေးရမည်။

          (ဌ)     မိမိ၏ရင်းနှီးမြှုပ်နှံမှုတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်                        များနှင့် ကြီးကြပ်သူများ မိသားစုဝင်များသည် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ အမိန့်နှင့်                            ညွှန်ကြားချက်များနှင့် ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံများကိုလေးစားလိုက်နာရန် ကြပ်မတ်ရမည်။

          (ဍ)     အလုပ်သမားရေးရာဥပဒေများကိုလေးစားလိုက်နာရမည်။

          (ဎ)     ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်နှင့်တရားစွဲဆိုခံနိုင်ခွင့်ရှိရမည်။

          (ဏ)   ခွင့်ပြုမိန့်(သို့မဟုတ်) အတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နိုင်ရန်အတွက် လိုအပ်ချက်အရ                            ဆောင်ရွက်ခြင်းမှတပါး ရင်းနှီးမြှုပ်နှံမှုနှင့်မသက်ဆိုင်သော သစ်တောများခုတ်ထွင်ခြင်း၊                                  သဘာဝသယံ ဇာတများတူးဖော်ခြင်း စသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေခြင်းနှင့်                          လူမှုစီးပွားရေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါက အဆိုပါဆုံးရှုံးနစ်နာမှုအတွက် ထိရောက်သည့်                             လျော်ကြေးကို နစ်နာသူထံသို့ ပေးလျော်ရမည်။

          (တ)    ကော်မရှင်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား စစ်ဆေးကြည့်ရှု့ရန် ကြိုတင်အကြောင်းကြားလာ                     ပါက မည့်သည့်နေရာကိုမဆို ဝင်ရောက်စစ်ဆေးရန်ခွင့်ပြုပေးရမည်။

          (ထ)    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် ပတ်ဝန်းကျင်ထိခိုက်မှုစစ်ဆေးခြင်းဆိုင်ရာ                      လုပ်ထုံး လုပ်နည်းများအရ ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်သောရင်းနှီးမြှုပ်နှံမှုများသည်                       ဆန်းစစ်ခြင်းများ မလုပ်ဆောင်မီ ကော်မရှင်၏ခွင့်ပြုမိန့်(သို့မဟုတ်) အတည်ပြုမိန့်ကို ဦးစွာ                             ရယူရမည်။ ဤသို့ ကော်မရှင်၏ ခွင့်ပြုမိန့်(သို့မဟုတ်) အတည်ပြုမိန့်ရယူထားသည့်           ရင်းနှီး                     မြှုပ်နှံမှုများသည် ၎င်းတို့လုပ်ငန်းဆောင်ရွက်နေ သည့်ကာလတစ်လျောက်လုံး လိုအပ်သည့်                       ပတ်ဝန်းကျင် ထိခိုက်မှုနှင့်လူမှုရေးထိခိုက်မှုဆန်းစစ်ချက်များ ဆောင်ရွက်မှုအခြေအနေများကို                          ကော်မရှင်သို့တင်ပြရမည်။

အခန်း(၁၈)

ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ

၇၄။    ကော်မရှင်သည်နိုင်ငံတော်အတွင်းဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်ကိစ္စများတွင် ရင်းနှီးမြှုပ်နှံမှုများ     ဝင်ရောက်စေခြင်းအားဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးအတွက်လည်း    ကောင်း၊တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်           လည်းကောင်း၊အခွန်ကင်းလွတ်ခွင့်(သို့မဟုတ်) သက်သာခွင့်တစ်ရပ်ရပ်ကိုဖြစ်စေ၊တစ်ရပ်ရပ်ထက် ပို၍           ဖြစ်စေခံစားခွင့်ပြုရန်ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျင် စိစစ်၍ ခွင့်ပြုပေးနိုင်သည်။

၇၅။    (က)    ဝင်ငွေကင်းလွတ်ခွင့်နှင့်ပတ်သက်၍ ဖွံ့ဖြိုးမှုနည်းပါးသောဒေသများအား ဇုန်(၁) အဖြစ်                               လည်းကောင်း ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသောဒေသများအား ဇုန်(၂) အဖြစ်လည်းကောင်း၊                                ဖွံ့ဖြိုးမှုရှိသော ဒေသများအား ဇုန်(၃)အဖြစ်လည်းကောင်း အစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့်                        ကော်မရှင်က အမိန့် ကြေငြာစာထုတ်ပြန်သတ်မှတ်ကာ ဇုန်(၁) အတွင်းရင်းနှီးမြှုပ်နှံသူများအား                            စီးပွားဖြစ်စတင်သော နှစ် အပါအဝင် တဆက်တည်း (၇) နှစ်အထိလည်းကောင်း ဇုန်(၂)                                         အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သော နှစ်အပါအဝင် တဆက်တည်း                                        (၅)နှစ်အထိလည်းကောင်း၊ဇုန်(၃) အတွင်း ရင်းနှီး မြှုပ်နှံသူများအားစီးပွားဖြစ်စတင်သော                           နှစ်အပါအဝင်တဆက်တည်း(၃)နှစ်အထိလည်းကောင်းဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုနိုင်သည်။

          (ခ)     အစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့် ကော်မရှင်သည် ဇုန်သတ်မှတ်ခြင်းကို သက်ဆိုင်ရာ                                 ဒေသများ၏ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်၍အခါအားလျော်စွာ လိုအပ်သလိုပြောင်းလဲ                                       သတ်မှတ် နိုင် သည်။

          (ဂ)     ဝင်ငွေကင်းလွတ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ဆောင်ရွက်ရန် ကော်မရှင်က အမိန့်ကြေငြာ                               စာထုတ်ပြန်ထားသည့် ကိစ္စများအတွက်သာ ခွင့်ပြုရမည်။