+95-67- 406458 [email protected]
Select Page

နိဒါန်း

ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းကျောင်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပေါ်ပေါက်လာ ချိန် ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ ဧည့်လမ်းညွှန်(အခြေခံ) သင်တန်းနှင့်ခရီးသွားလာရေး ဆိုင်ရာ စီမံခန့်ခွဲမှု(အခြေခံ)သင်တန်းကို အဓိကထားသင်ကြားလေ့ကျင့်ပေးလျက်ရှိပြီး ဘာသာစကား သင်တန်းများကိုလည်း အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ယခုအခါ လိုင်စင်ပျက်ပြယ် ဧည့်လမ်းညွှန်မွမ်းမံသင်တန်း အမှတ်စဉ်(၈)ကို ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း

သင်ကြားလေ့ကျင့်မှု

ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းတွင်ခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်စေမည့် အောက်ပါ အကြောင်းအရာများကို တတ်မြောက်စေရန် သင်ကြားလေ့ကျင့်ပေးသွားမည် ဖြစ်ပါသည်-

(က)    ခရီးသွားလာရေးဆိုင်ရာ ဥပဒေများနှင့်နည်းဥပဒေများကို သိရှိနားလည်စေရန်။

( ခ )   ဧည့်လမ်းညွှန်များလိုက်နာရမည့် စည်းကမ်းများနှင့်ကျင့်ဝတ်များကို သိရှိစေရန်။

( ဂ )   ဧည့်သည်များအား ဝန်ဆောင်မှုပေးရာတွင် စနစ်တကျပြည့်စုံမှုရှိစေရန်။

(ဃ)    ဘာသာရေးနှင့်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက် လိုသော အသိစိတ်မြင့်မားလာစေရန်။

( င )   ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော ဌာနဆိုင်ရာလုပ်ငန်းများကို သိရှိနားလည်စေရန်။

( စ )   ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် အခေါ်အဝေါ်အသုံးအနှုန်းများကို သိရှိစေရန်။

(ဆ)   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွေးအမြင်များသိရှိစေရန်။

( ဇ )   ဗိသုကာပညာနှင့်ရှေးဟောင်းသုတေသနဘာသာရပ်များကို သိရှိနားလည်စေရန်။

( စျ )   မြန်မာစာပေနှင့်မြန်မာ့ယဉ်ကျေးမှုကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြတ်လာ စေရန်။

(ည)    တိုင်းရင်းသားမျိုးနွယ်စုများ၏ ဓလေ့စရိုက်နှင့်ယဉ်ကျေးမှုဓလေ့ထုံးစံများကို သိရှိနားလည် စေရန်။

( ဋ )   နိုင်ငံခြားဘာသာစကားပြော အဆင့်အတန်း တိုးတက်ကျွမ်းကျင်လာစေရန်။

 

သင်တန်းဖွင့်လှစ်ရာတွင် ဆောင်ရွက်ရမည့်အချက်များ

ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းကို အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်ပါသည်-

(က) ဝင်ခွင့်ဖြေဆိုခြင်း(အင်္ဂလိပ်စာ၊အထွေထွေဗဟုသုတနှင့်သက်ဆိုင်ရာဘာသာစကားနှုတ်ဖြေ)

( ခ )   သင်တန်းကြေး ကျပ်(၁)သိန်း

( ဂ )   သင်တန်းကာလ(၂)လ

(ဃ)    သင်တန်းအောင်မြင်ပါက သင်တန်းဆင်းအောင်လက်မှတ်ချီးမြှင့်ပါသည်။

သင်တန်းသားအရည်အချင်း

သင်တန်းသားအရည်အချင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ပညာအရည်အချင်း

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(သို့မဟုတ်) ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။

( ခ )   အကျင့်စာရိတ္တကောင်းမွန်သည့် အထောက်အထား

( ဂ )   ဘာသာစကားတစ်ခုခုအား ကျွမ်းကျင်စွာ ပြောဆိုတတ်မြောက်နိုင်ရမည်။

(ဃ)    အသက်(၁၈)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေးကဒ်ရှိသူများဖြစ်ရပါမည်။

( င )   ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားသူဖြစ်ရပါမည်။

ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်း

 

သင်တန်းဖွင့်လှစ်ရာတွင် ဆောင်ရွက်ရမည့်အချက်များ

ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်းကို အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်ပါသည်-

(က)    ဝင်ခွင့်ဖြေဆိုခြင်း (အင်္ဂလိပ်စာ၊အထွေထွေဗဟုသုတ) သက်ဆိုင်ရာဒေသအတွင်းမှ လျှောက်ထားသူ (၁၀၀)ဦးထက်ပိုမိုလျှင် ဝင်ခွင့်စာမေးပွဲကျင်းပမည်ဖြစ်ပါသည်။

( ခ )   သင်တန်းကြေး ကျပ်(၁)သိန်း

( ဂ )   သင်တန်းကာလ (၁)လ

(ဃ)    သင်တန်းအောင်မြင်ပါက သင်တန်းဆင်းအောင်လက်မှတ်နှင့် ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ကိုင်ခွင့်ကဒ်ပြားချီးမြှင့်ပါသည်။

မှတ်ချက်။    ။အဆိုပါ ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်းအား သက်ဆိုင်ရာဒေသအစီအစဉ်ဖြင့် ဖွင့်လှစ်ပါက သင်တန်းကြေးအဖြစ် ကျပ်(၁)သိန်း ကောက်ခံပြီး ဝန်ကြီးဌာန၏အစီအစဉ်ဖြင့်ဖွင့်လှစ်ပါက သင်တန်းကြေးအဖြစ် ကျပ်(၅)သောင်း ကောက်ခံပါသည်။

 

သင်တန်းသားအရည်အချင်း

သင်တန်းသားအရည်အချင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ပညာအရည်အချင်း

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(သို့မဟုတ်) ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။

( ခ )   အကျင့်စာရိတ္တကောင်းမွန်သည့် အထောက်အထား

ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာမူရင်း

( ဂ )   ဘာသာစကားတစ်ခုခုအား ကျွမ်းကျင်စွာ ပြောဆိုတတ်မြောက်နိုင်ရမည်။

(ဃ)    အသက်(၁၈)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေးကဒ်ရှိသူများဖြစ်ရပါမည်။

( င )   ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားသူဖြစ်ရပါမည်။

( စ )   ဒေသအတွင်းအမှန်တကယ် နေထိုင်သူဖြစ်ရမည်။

 

ခရီးသွားလာရေးဆိုင်ရာ စီမံခန့်ခွဲမှု (အခြေခံ)သင်တန်း

 

ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်းကို အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်ပါသည်-

(က)    ဝင်ခွင့်ဖြေဆိုခြင်း

( ခ )   သင်တန်းကြေး ကျပ်(၁)သိန်း

( ဂ )   သင်တန်းကာလ (၂)လ

(ဃ)    သင်တန်းအောင်မြင်ပါက သင်တန်းဆင်းအောင်လက်မှတ်ချီးမြှင့်ပါသည်။

သင်တန်းသားအရည်အချင်း

သင်တန်းသားအရည်အချင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ပညာအရည်အချင်း

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။

(ခ)     ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားသူဖြစ်ရပါမည်။

( ဂ )   ဟိုတယ် (သို့မဟုတ်) ခရီးသွားလုပ်ငန်းနယ်ပယ်တွင်တာဝန်ထမ်းဆောင်နေသူဖြစ်ရပါမည်။

(ဃ)    ဘာသာစကားတစ်ခုခုအား ကျွမ်းကျင်စွာ ပြောဆိုတတ်မြောက်နိုင်ရမည်။

( င )   အသက်(၁၈)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေးကဒ်ရှိသူများဖြစ်ရပါမည်။

ဧည့်လမ်းညွှန်အထူးသီးသန့်မွမ်းမံသင်တန်း

ဧည့်လမ်းညွှန်လိုင်စင်ရရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် သက်တမ်းတိုးရမည့်ရက်မှ (၃)နှစ်နှင့်အထက် ကျော်လွန်ခဲ့သဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ဖျက်သိမ်းသဖြင့် လိုင်စင်ပျက်ပျယ်သွားသော ဧည့်လမ်းညွှန်များအတွက် ဖွင့်လှစ်ပါသည်။ သတ်မှတ်ချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးဌာနမှ ဧည့်လမ်းညွှန်လိုင်စင် ပယ်ဖျက်သူ များ၏ အမည်စာရင်းတွင် ပါရှိသောသူများ                   သာ တက်ရောက်ခွင့်ရှိပါသည်။

(ခ)    သင်တန်းကြေး – ၅၀၀၀၀ ကျပ်

( ဂ )  သင်တန်းကာလ (၂)ပတ်

(ဃ)   သင်တန်းအောင်မြင်ပါက ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနသို့ ဧည့်လမ်းညွှန်လုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားခွင့်ရှိပါသည်။

ဆက်သွယ်ရန်

လိပ်စာ   – အမှတ် (၄၅၈-၄၆၀)၊ ရသာကွန်ဒို ဒုတိယထပ်၊ ၃၁လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊            ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း       –    ၀၁-၃၈၀၆၂၁, ၀၁-၃၇၃၇၉၂, ၀၁-၃၇၅၁၉၄။