+95-67- 406458 [email protected]
เลือกหน้า

နေပြည်တော်၊ မတ်လ (၁၂) ရက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ Website တစ်ခုဖြစ်သော Yunnan Gateway Website တွင် ဇန်န၀ါရီလ(၃၁)ရက်နေ့တွင် စတင်ပြေးဆွဲခဲ့သည့် မန်စီ-မန္တလေး တိုက်ရိုက်လေကြောင်း လိုင်း နှင့်ပတ်သက်သော သတင်းဆောင်းပါးကို ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းဆောင်းပါးတွင် ယူနန်ပြည်နယ် မန်စီမှ မြန်မာနိုင်ငံ မန္တလေးသို့ တစ်ပတ်လျှင် (၃) ကြိမ် တိုက်ရိုက်ပျံသန်းသည့် လေကြောင်းလိုင်းကို ၂၀၁၉ ခုနှစ် ၊ ဇန်န၀ါရီ (၃၁) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး (၁) လပြည့်သည့် ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ ခရီးသည် (၃၃၂၃) ဦးကျော် ပို့ဆောင်ခဲ့ကြောင်း၊ မန်စီ-မန္တလေး လေကြောင်းလိုင်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား အကွာအဝေးအားဖြင့် အနီးဆုံး နိုင်ငံတကာလေကြောင်းလိုင်းဖြစ်ပါကြောင်း၊ မန်စီ-မန္တလေးလေကြောင်းလိုင်းမဖွင့်မီက တဲဟုန်ပြည်နယ်ခွဲ မှ ပြည်ပသို့ သွားရောက်ခြင်း သည် အဓိကတရုတ်-မြန်မာ နယ်စပ်ဒေသ နေ့ချင်းပြန်ခရီးစဉ်သာရှိပြီး လေကြောင်းလိုင်းဖွင့်လှစ်ပြီးနောက် ဒေသခံခရီးသွားလာရေးကုမ္ပဏီများစွာသည် မန္တလေး၊ ပုဂံ နှင့် ရန်ကုန် (၈) ရက်ကြာခရီးစဉ်ကို စီစဉ်လျှက်ရှိပါကြောင်း၊ ခရီးသွားလာရေးကုမ္ပဏီမှ ဒေသခံခရီးသွား လာရေးလမ်းကြောင်းနှင့်နိုင်ငံခြားခရီးသွားလာရေးလမ်းကြောင်း ပူးတွဲဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ တရုတ်တစ်နိုင်ငံလုံးမှ ခရီးသည်များ ယူနန်သို့ လည်ပတ်ပြီးနောက် ပြည်ပခရီးစဉ် မြန်မာနိုင်ငံသို့ လည်ပတ်နိုင်ရေး ဆွဲဆောင်နိုင်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း ၊ ကိန်းဂဏန်းစာရင်းအရ ဇန်န၀ါရီလ (၃၁) ရက်နေ့ မန်စီ-မန္တလေး လေကြောင်းလိုင်းစတင်ဖွင့်လှစ်ခြင်းမှ ဖေဖော်ဝါရီ (၂၈) ရက်နေ့အထိ ပြည်ဝင် ပြည်ထွက်ခရီးသည် စုစုပေါင်း (၃၃၂၃)  ဦးရှိပြီး ၄င်းအနက် တရုတ်ပြည်ဝင်ခရီးသည် (၁၅၃၀ ) ဦး ၊ ပြည်ပထွက်ခရီးသည် (၁၇၉၃ ) ဦးရှိကာ လေယာဉ်ပျံသန်းခြင်းအကြိမ်ပေါင်း (၂၇) ကြိမ်ရှိပါကြောင်း ဖော်ပြထားပါသည်။

ထို Yunnan Gateway Website တွင် မြန်မာဘာသာအပါအ၀င် ဘာသာစကား (၆)မျိုး ဖြင့် ဖော်ပြထားပြီး သက်ဆိုင်ရာနိုင်ငံအလိုက် သတင်းများ၊စီးပွားရေး ၊ ကုန်သွယ်ရေးကဏ္ဍများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍများ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။