+95-67- 406458 [email protected]
Select Page

နေပြည်တော် ၊ ဇန်န၀ါရီ (၁၄) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မကွေးရုံးခွဲ)၏ကြီးကြပ်မှု ၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ၏ပံ့ပိုးမှုနှင့်မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်)နှင့် Luxembourg AIDS တို့ ပူးပေါင်းဖွင့်လှစ်သည့် Hotel Operation Management သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့၊ နန်းထိုက်သူဟိုတယ်တွင် ဖွင့်လှစ်ခဲ့ရာ  သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (မကွေးရုံးခွဲ)တာဝန်ခံ  ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်မှ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

 

အခမ်းအနားကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း(မကွေးဇုန်) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ ခရီးသွားလုပ်ငန်းရှင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းအား မကွေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ မိုတယ်များတွင် တာဝန် ထမ်းဆောင်နေသော ဟိုတယ်ပိုင်ရှင်များ၊ မန်နေဂျာအဆင့်ဝန်ထမ်းများ စုစုပေါင်း (၁၈)ဦး တက်ရောက်ပြီး သင်တန်း ကာလမှာ (၁၄-၁-၂၀၁၉) မှ (၂၅-၁-၂၀၁၉) ရက်နေ့အထိ ဖြစ်ကြောင်း သတင်းရရှိပါသည်။