+95-67- 406458 [email protected]
Select Page

ဟိုတယ်တည်ဆောက်မှုနှင့် ပြုပြင်မွမ်းမံခြင်း

ဟိုတယ်တည်ဆောက်မှုနှင့် ပြုပြင်မွမ်းမံမှုတို့အတွက် ခွင့်ပြုမိန့်လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ

၁။        ပြည်ထောင်စုဝန်ကြီးထံသို့ လိပ်မူ၍ လျှောက်လွှာ (၁) စောင်။                                                   

၂။        ဤဝန်ကြီးဌာနမှ အဆိုပြုလွှာပုံစံ ( Proposal )။          

၃။        တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်။

၄။        ခရိုင်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ရုံး၏ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်။

၅။        မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်။

၆။        မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်။

၇။        မြေပိုင်ဆိုင်မှုအထောက်အထား (ဂရန်၊ အကွက်ချမြေပုံကြမ်း၊ ငှားရမ်းစာချုပ်စာတမ်းမိတ္တူ)။

၈။        ဆောက်လုပ်မည့်အဆောက်အဦပုံစံ( Site Plan, Room Plan, Floor Plan )။

၉။        ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်။

၁၀။     မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ထောက်ခံချက်။

၁၁။      မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ ထောက်ခံချက်။

၁၂။      တိုင်း / ခရိုင် / မြို့နယ် မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်။

၁၃။      မတည်ရင်းနှီးငွေသည် ငွေဖြူဖြစ်ကြောင်း ဝန်ခံကတိပြုချက်။

၁၄။      အင်းလေး / ကမ်းခြေ / ပုဂံစသည့် ထူးခြားဒေသများအတွက်သက်ဆိုင်ရာ အာဏာပိုင်၊  ရှေးဟောင်းသစ်တောစသည့်ဌာနများ၏ ထောက်ခံချက်။

၁၅။      သက်ဆိုင်ရာမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ထောက်ခံချက်။

၁၆။      ဘေးပတ်ဝန်းကျင် ထောက်ခံချက်။

၁၇။      ငွေကြေးပိုင်ဆိုင်မှုအထောက်အထား။

၁၈။      ဝန်ထမ်းခန့်ထားမည့်အစီအစဉ်၊ အရည်အချင်း။

၁၉။      ရေးဆိုးထုတ်မှုအစီအစဉ် ( Sanitation Plan )