၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာမှ ဆောင်ရွက်လျက်ရှိသော ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုဆိုင်ရာ Video များ စုစည်းရိုက်ကူးထုတ်လုပ်ခြင်း လုပ်ငန်းအတွက် စိတ်ပါဝင်စားသော ကုမ္ပဏီ/လုပ်ငန်းရှင်များ အနေဖြင့် တင်ဒါဈေးနှုန်းအဆိုပြုလွှာများ လာရောက်တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် – ၁၅-၈-၂၀၁၉ ရက် (ကြာသပတေးနေ့)
(ခ) တင်ဒါပုံစံရောင်းချမည့်နေရာ – တင်ဒါပုံစံများကို တစ်စောင်လျှင်၁၀၀၀၀/-ကျပ် (တစ်သောင်းကျပ်)နှုန်းဖြင့် e-Government Office၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃၃)၊
နှင့် တင်ဒါတင်သွင်းရမည့်နေရာ နေပြည်တော်တွင် ရုံးချိန်အတွင်းဝယ်ယူနိုင် ပါသည်။
(ဂ) တင်ဒါလျှောက်လွှာပိတ်မည့်ရက်နှင့်အချိန် – ၂၉-၈-၂၀၁၉ ရက် နေ့လယ် (၁၂:၀၀)နာရီ
၃။ အသေးစိတ်သိရှိလိုပါက e-Government Office ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ဖုန်း ၀၆၇၃-၄၀၆၄၇၆ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါကော်မတီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန