Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ခရီးသွားမြှင့်တင်ရေးဆိုင်ရာ Digital Marketing လုပ်ငန်းများတွင်အသုံးပြုမည့် Video ရိုက်ကူး ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီစာရင်း ထုတ်ပြန်ခြင်း

ရက်စွဲ။ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ( ၅)ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ Digital Marketing လုပ်ငန်းများတွင် အသုံးပြုမည့် Video ရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၁၅-၈-၂၀၁၉ ရက်နေ့မှ ၂၉-၈-၂၀၁၉ ရက်နေ့အထိ အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာ ကုမ္ပဏီ (၃)ခုမှ အဆိုပြုလွှာများ တင်သွင်းခဲ့ပါသည်။ ၂။ အဆိုပါ ကုမ္ပဏီများ၏ အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာများကို ၂၉-၈-၂၀၁၉ နေ့လည် (၁:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၊ နီလာခန်းတွင် တင်ဒါကော်မတီဝင်များ၊ အဆိုပြုလွှာ တင်သွင်းသူများ၏ရှေ့၌ တင်သွင်းထားသည့် ဈေးနှုန်းများကို ဖွင့်ဖောက်စိစစ်ခဲ့ပါသည်။ ဝန်ကြီးဌာန ၏ Digital Marketing လုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်လျက်ရှိသော Video ရိုက်ကူးခြင်း လုပ်ငန်းအား တင်ဒါကော်မတီ၏ ရွေးချယ်မှု၊ ဝန်ကြီးဌာန၏ သဘောတူခွင့်ပြုချက်ဖြင့် Forever Group Co., Ltd. ကုမ္ပဏီအား လုပ်ငန်းအပ်နှံရန် အတည်ပြုရွေးချယ်ကြောင်း ထုတ်ပြန်အပ်ပါသည်။ တင်ဒါကော်မတီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
About the author

Leave a Reply