Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားမြှင့်တင်ရေးဆိုင်ရာ Digital Marketing လုပ်ငန်းများတွင် အသုံးပြုမည့် ဘာသာပြန် ဆိုခြင်း လုပ်ငန်းများအတွက် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ စာရင်းထုတ်ပြန်ခြင်း

ရက်စွဲ။ ၂၀၁၉ခုနှစ်၊ ဩဂုတ်လ (၁၅)ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ Digital Marketing လုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ဂျာမဏီ၊ အီတလီ၊ ပြင်သစ်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ဟိန္ဒီဘာသာစကားများသို့ ဘာသာ ပြန်ဆိုခြင်းလုပ်ငန်း များဆောင်ရွက်ရန်အတွက် ၃၀-၇-၂၀၁၉ ရက်နေ့မှ ၁၃-၈-၂၀၁၉ ရက်နေ့ အထိ တစ်ဘာသာချင်းအလိုက် အိပ်ဖွင့်တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ (၄)ခုမှ အဆိုပြုလွှာများ တင်သွင်းခဲ့ပါ သည်။ ၂။ အဆိုပါ ကုမ္ပဏီများ၏ အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာများကို ၁၃-၈-၂၀၁၉ နေ့လယ် (၁:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၊ နီလာခန်းတွင် တင်ဒါကော်မတီဝင်များ၊ အဆိုပြုလွှာ တင်သွင်းသူများ၏ ရှေ့၌ တင်သွင်းထားသည့် ဈေးနှုန်းများကို ဖွင့်ဖောက်စိစစ်ခဲ့ပါသည်။ တင်ဒါ ကော်မတီအနေဖြင့် ထိုင်း၊ တရုတ် နှင့် ဗီယက်နမ်ဘာသာ (၃)မျိုး အတွက် ဝန်ကြီးဌာနမှ ဆောင်ရွက် လိုသော လုပ်ငန်းလိုအပ်ချက်များ၊ တင်ဒါဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် အောက်ပါကုမ္ပဏီ(၂)ခုကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအဖြစ် အတည်ပြုရွေးချယ်ကြောင်း ထုတ်ပြန်အပ်ပါသည် – စဉ်     ဘာသာစကား      ကုမ္ပဏီအမည် (က)    ထိုင်း                    Lingual Consultancy Services Myanmar Co., Ltd. (ခ )    ဗီယက်နမ်           Lingual Consultancy Services Myanmar Co., Ltd. (ဂ )     တရုတ်                Myot Gone Kyaw Co., Ltd. တင်ဒါကော်မတီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
About the author

Leave a Reply