Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားမြှင့်တင်ရေးဆိုင်ရာ Digital Marketing လုပ်ငန်းများတွင်အသုံးပြုမည့်ဘာသာပြန်ဆိုခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ခရီးသွားမြှင့်တင်ရေး ဆိုင်ရာ Digital Marketing လုပ်ငန်းများတွင် အသုံးပြုရန် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ဟိန္ဒီဘာသာများသို့ ဘာသာပြန်ဆို ခြင်းများအတွက် လုပ်ငန်းအပ်နှံဆောင်ရွက်မည်ဖြစ်ပါ၍ တစ်ဘာသာချင်းစီအလိုက် တင်ဒါဈေးနှုန်း အဆိုပြုလွှာများ လာရောက်တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က)တင်ဒါပုံစံစတင်ရောင်းချမည့်နေ့ရက် – ၃၀ – ၇ – ၂၀၁၉ ရက် (အင်္ဂါနေ့) (ခ) တင်ဒါပုံစံရောင်းချမည့်နေရာနှင့်အချိန် – တင်ဒါပုံစံများကို တစ်စောင်လျှင်၅၀၀၀/-ကျပ် တင်ဒါတင်သွင်းရမည့်နေရာ(ငါးထောင်ကျပ်) နှုန်းဖြင့် e-Government office ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၃)၊ နေပြည်တော်၌  ရုံးချိန်နံနက်(၉:၃၀) နာရီမှ ညနေ (၄:၃၀)နာရီ အတွင်း ထုတ်ယူ/တင်သွင်းနိုင်ပါသည်။ (ဂ) တင်ဒါအဆိုပြုလွှာတင်သွင်းမှုပိတ်မည့် – ၁၂-၈-၂၀၁၉ ရက်နေ့ နေ့လယ်(၁၂: ၀၀)နာရီ နေ့ရက်နှင့်အချိန် (ဃ)တင်ဒါဖွင့်ဖောက်စိစစ်မည့်အချိန်နှင့် – ၁၂-၈-၂၀၁၉ ရက်နေ့ နေ့လယ် (၁ : ၀၀)နာရီ နေ့ရက် ၃။ အသေးစိတ်သိရှိလိုပါက e-Government Office ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ဖုန်း ၀၆၇၃-၄၀၆၄၇၆ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။ တင်ဒါကော်မတီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
About the author

Leave a Reply