Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ပရိဘောဂပစ္စည်းများဝယ်ယူရန်အတွက်အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအတွက် လိုအပ်လျက်ရှိသည့် ပူးတွဲဇယားပါ ပရိဘောဂပစ္စည်းများဝယ်ယူလိုပါသဖြင့် စိတ်ပါ ဝင်စားသည့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီအိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန်ဖိတ်ခေါ်အပ်ပါသည်- ၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်- (က) တင်ဒါပုံစံစတင်ထုတ်ပေးမည့်ရက် – ၃၀-၁-၂၀၂၀ ရက် (ကြာသပတေးနေ့) (ခ ) တင်ဒါပုံစံရယူရမည့်နေရာ နှင့် တင်ဒါတင်သွင်းရမည့်နေရာ – တင်ဒါပုံစံများကို https://bit.ly/2S0k3PJ လည်းကောင်း၊QR Code ကို Scan ဖတ်၍ လည်းကောင်း၊ ရုံးအမှတ်(၃၃)၊အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနခွဲ၊အုပ်ချုပ်ရေးဌာနစုတွင် လည်းကောင်း ရုံးချိန်အတွင်းရယူနိုင်ပါသည်။ တင်ဒါပုံစံများတင်သွင်းသည့်အခါကုမ္ပဏီ(၁)ခု လျှင်တစ်စောင်နှုန်းတင်သွင်းနိုင်ပြီးတင်ဒါပုံစံ တစ်စောင်လျှင် မြန်မာကျပ်ငွေ ၁ဝဝဝဝိ/- တစ်သောင်းနှုန်းပေးသွင်းရမည်ဖြစ်ပါသည်။ ၊ (ဂ) တင်ဒါလျှောက်လွှာပိတ်မည့်ရက် နှင့်အချိန် – ၁၃ -၂-၂၀၂၀ရက်နေ့ နေ့လည် (၁၂:၀၀)နာရီ ၃။ အသေးစိတ်သိရှိလိုပါကဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ဖုန်း ၀၆၇-၃၄၀၆၁၀၁၊ ၃၄၀၆၂၅၀၊ ၃၄၀၆၀၈၀ သို့ ရုံးချိန်အတွင်းစုံစမ်းမေးမြန်းနိုင်ပါသည်။ တင်ဒါကော်မတီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
About the author

Leave a Reply