၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ခရီးသွားမြှင့်တင်ရေး ဆိုင်ရာ Digital Marketing လုပ်ငန်းများတွင် အသုံးပြုရန် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ဟိန္ဒီဘာသာများသို့ ဘာသာပြန်ဆို ခြင်းအတွက် ဘာသာစကား (၁) မျိုးချင်းစီအလိုက် လုပ်ငန်းအပ်နှံဆောင်ရွက်မည်ဖြစ်ပါ၍ စိတ်ပါ ဝင်စားသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များ အနေဖြင့် Expression of Interest-EOI တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ Expression of Interest-EOI Form များအား အောက်ပါအတိုင်းထုတ်ယူနိုင်ပါသည်-
(က) EOI Form စတင်ထုတ်ယူနိုင်သည့်ရက် – ၂၇-၆-၂၀၁၉ရက်( ကြာသပတေးနေ့)
(ခ ) EOI Form တင်သွင်း – e-Government Office၊ ဟိုတယ်နှင့်ခရီး
ရမည့်နေရာ သွားလာရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃၃)၊ နေပြည်တော်၌ ရုံးချိန် နံနက်(၉:၃၀) နာရီမှ ညနေ (၄:၃၀) နာရီအတွင်း
(ဂ ) EOI Form နောက်ဆုံးတင်သွင်းရမည့် – ၂၂-၇-၂၀၁၉ ရက်နေ့ ညနေ (၄:၃၀)နာရီ
နေ့ရက်နှင့်အချိန်
၃။ EOI Form များကို ဤနေရာ တွင် Download ရယူနိုင်ပါသည်။
၄။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၆၇၃-၄၀၆၄၇၆ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။