၁။ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် စင်္ကာပူနိုင်ငံ၌ ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံ ကျွမ်းကျင်မူပြိုင်ပွဲ(World Skills ASEAN 2020- Singapore) သို့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်လူငယ်များကို ရွေးချယ်နိုင်ရန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) မှ ကြီးမှူးကျင်းပမည့် ပြိုင်ပွဲများအနက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း “စံ” သတ်မှတ်ရေးကော်မတီမှ ဦးဆောင်ကျင်းပမည့် Restaurant Service Skill အလုပ်အကိုင်နှင့် Cooking Skill အလုပ်အကိုင် ပြိုင်ပွဲများကို ၂၄-၁-၂၀၂၀ မှ ၂၆-၁-၂၀၂၀ ရက်နေ့အထိ စက်မှုအထက်တန်းကျောင်း(အင်းစိန်) ရန်ကုန် မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ဟိုတယ်ဆိုင်ရာ သင်တန်းကျောင်း၊ အသင်း၊ ဟိုတယ်၊ စားသောက်ဆိုင် များမှ လာမည့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် အသက် ၁၈ နှစ် မှ ၂၂ နှစ်အတွင်းရှိ ကျွမ်းကျင် ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ အရည်အသွေးများအား ဝင်ရောက်ပြသယှဉ်ပြိုင်နိုင်စေရန် အတွက် ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီမှ လှိုက်လှဲစွာ ဖိတ်ခေါ် အကြောင်းကြားအပ်ပါသည်။
၃။ စိတ်ပါဝင်စား ယှဉ်ပြိုင်လိုသည့် လူငယ်များအနေဖြင့် သတ်မှတ်ထားသည့် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာပုံစံများ၊ ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်၊ Test Project နှင့် လိုအပ်မည့် သတင်းအချက်အလက်များကို အောက်ဖော်ပြပါ နေရာဌာနများတွင် ဆက်သွယ်စုံစမ်းရယူ လျှောက်ထားနိုင်ပါကြောင်းနှင့် လျှောက်လွှာများကို (၁၅-၁-၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားပေးပါရန် အသိပေး အကြောင်းကြားအပ်ပါသည်-
(က) အလုပ်သမားကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)
အမှတ်(၂၉၈)၊ မြနန္ဒာလမ်း၊ (၁၃)ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ၀၁-၈၅၆၄၇၇၃
Email: nssatechnicalofficeygn@gmail.com
( ခ ) လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၃)၊ နေပြည်တော်။
ဖုန်း ၀၆၇.၃- ၄၀၆၁၀၅၊ ၀၆၇.၃- ၄၀၆၁၆၉
Email: training.dht.moht@gmail.com
( ဂ ) ဦးရည်ထွန်း၊ Chief Expert Restaurant Service Skill
ဖုန်း ၀၉-၇၈၅၁၇၉၂၇၇
Email: yeehtuncvt 123@gmail.com
(ဃ) ဦးရဲမင်းသိန်း၊ Chief Expert Cooking Skill
ဖုန်း ၀၉-၂၅၀၉၇၂၀၁၃
Email: ye-min.thein@swisscontact.org
ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ
အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ