နေပြည်တော်၊ စက်တင်ဘာလ (၁၁) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ် Lux-Dev တို့ ပူးပေါင်းစီစဉ်မှုဖြင့် Hotel Operation Management သင်တန်းအမှတ်စဉ် (၃/၂၀၁၈) သင်တန်းဖွင့်ပွဲကို (၁၀.၉.၂၀၁၈) ရက်နေ့၊  နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးရုံးခွဲ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) တာဝန်ခံ ညွှန်ကြားရေး မှူး ဦးခင်မောင်ရွှေနှင့် အရာထမ်း/ အမှုထမ်းများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ Lux-Dev မှ သင်တန်းနည်းပြများ၊ မန္တလေးမြို့ပေါ်ရှိ ဟိုတယ်များမှ MD, GM, Manager များနှင့် ဟိုတယ်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာန (မန္တလေး ရုံးခွဲ) တာဝန်ခံ ညွှန်ကြားရေးမှူးမှ  အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

Hotel Operation Management သင်တန်းအမှတ်စဉ် (၃/၂၀၁၈) သင်တန်းတွင် မန္တလေး၊ ရန်ကုန်၊ တောင်ကြီး၊ နေပြည်တော်၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ကျောက် ဆည်၊ ပုဂံ၊ ညောင်ဦး စသည့်မြို့နယ် အသီးသီးရှိ ဟိုတယ်များ၌် တာဝန်ထမ်းဆောင်လျှက်ရှိသော မန်နေဂျာ GM MD များ စုစုပေါင်း (၂၀) ဦး တို့အား စာတွေ့/ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပါတ် (၂) ပတ်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။