Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၅ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Hotel Yangon ရှိ ဝန်ထမ်းများ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းအခမ်းအနားသို့ တက်ရောက်၍ ဟိုတယ်ဝန်ထမ်း ၁၁၂ ဦး ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) မှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။ အမှာစကားပြောကြား ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ် သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း Enchanting Myanmar Health and Safety Protocol နှင့်အညီ ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက် ထားရှိသည့် နိုင်ငံအဆင့်အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် ဟိုတယ် ၂၈ လုံးကို နိုင်ငံအဆင့် အသိအမှတ်ပြုတံဆိပ် (HSP National Level Plaque) ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံအဆင့် အသိအမှတ်ပြုတံဆိပ်များကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဌတို့က အသိအမှတ်ပြုလက်မှတ်ရရှိိသည့် ဟိုတယ်များမှ တာဝန်ရှိသူများအား အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းလျားကန်ဟိုတယ်တွင် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့်ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်း ဇူလိုင် ၁၄ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ (၄) ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီးပွားရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးမင်းထိုက်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူး၊ ဆက်စပ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ Panda Hotel တွင် ကျင်းပပြုလုပ်သည့် “မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်းဆိုင်ရာ အထောက်အကူပြုဝန်ဆောင်မှုသင်တန်း” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်း သက်ငယ် သင်တန်းကျောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ ဆွေးနွေး ပို့ချခဲ့ရာ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဝန်ထမ်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ TRC အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းသို့ရောက်ရှိကာ သင်တန်းကျောင်းအားပြင်ဆင်ထားရှိမှု၊ စာတွေ့ လက်တွေ့ ပေါင်းစပ်ကာ သင်ကြားပြသနိုင်ရေး၊ မြန်မာနိုင်ငံ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးအဖွဲ့နှင့် အာဆီယံ ခရီးသွားလုပ်ငန်းပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေးအစီအစဉ်မှချမှတ်ထားသော စံနှုန်း များနှင့် အရည်အသွေးသတ်မှတ်ချက်များနှင့်အညီ သင်ကြားပြသနိုင်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေးကိစ္စများကို ဆွေးနွေးမှာကြားခဲ့ကြ သည်။ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဥပဒေ ရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် ဖွင့်လှစ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေ အခြေခံသင်တန်းအမှတ်စဉ် ၁/၂၀၂၂ နှင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ တရားလို သို့မဟုတ် တရားပြိုင်အဖြစ်ပါဝင်သော တရားမမှုများ နှင့်စပ်လျဉ်းသည့် အခြေခံသင်တန်းအမှတ်စဉ် ၁/၂၀၂၂ သို့ ပါဝင်တက်ရောက်ခဲ့ကြသူများ၏ အတွေ့အကြုံ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။ ဆွေးနွေးတင်ပြ ယင်းနောက် သင်တန်းသို့တက်ရောက်လာကြသော သင်တန်းသားများက အပြည် ပြည်ဆိုင်ရာ ဥပဒေအကြောင်း၊ ကုလသမဂ္ဂပဋိဉာဉ်၊ အာဆီယံပဋိဉာဉ်၊ နိုင်ငံတကာလူ့အခွင့်အရေး၊ စီးပွားရေး စာချုပ်များ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ရေးထိုးရာတွင် လိုက်နာဆောင်ရွက် ရမည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူ များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ် Source From: Kyemon

Leave a Reply