Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ရုံးသုံးစက်ပစ္စည်းကိရိယာနှင့်ဆက်စပ်ပစ္စည်းများဝယ်ယူရန်အတွက်အိတ်ဖွင့်တင်ဒါအောင်မြင်ခဲ့သည့်ကုမ္ပဏီများစာရင်းထုတ်ပြန်ခြင်း

၁။          ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ရုံးသုံးစက်ပစ္စည်းကိရိယာနှင့်ဆက်စပ်ပစ္စည်း (၉) မျိုးဝယ်ယူရန်အတွက် တင်ဒါကော်မတီက သတ်မှတ်စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်ရွေးချယ်ပြီးနောက် ဤဝန်ကြီးဌာန၊ စီမံ ခန့်ခွဲမှုကော်မတီသို့ တင်ပြအတည်ပြုချက်ရယူခဲ့ရာ  (၂၆-၃-၂၀၂၀) ရက်နေ့တွင် ပြုလုပ်သည့် ကော်မတီအစည်းအဝေးက အောက်ပါကုမ္ပဏီ(၂) ခုမှ ပူးတွဲပါပစ္စည်းများကိုဝယ်ယူရန် သဘောတူ ခွင့်ပြုချက်ရရှိခဲ့ပါသည်-
စဉ် ပစ္စည်းအမျိုးအမည် ဝယ်ယူမည့်ကုမ္ပဏီအမည်
(က) Air-con (1.5 HP), Split Type Linn IT Solution
(ခ) Laser Printer  LBP-2900 Linn IT Solution
(ဂ) Projector Epson EB 1450 Ui New Era Technology
(ဃ) Desktop Computer Branded New Era Technology
(င) Colour Printer Epson A4 New Era Technology
(စ) Scanner A4 Panasonic New Era Technology
(ဆ) Canon Plain Paper Fax L-170 New Era Technology
(ဇ) UPS 1250 KVA New Era Technology
(ဈ) Calculator  16 Digits New Era Technology
၂။      သို့ဖြစ်ပါ၍ တင်ဒါအောင်မြင်သည့် အထက်ပါကုမ္ပဏီ(၂) ခုအနေဖြင့် အဆိုပြု ဈေးနှုန်းတန်ဖိုး ၏ ၁၀ % ကို (၃၁-၃-၂၀၂၀) ရက်နေ့မှ (၆-၄-၂၀၂၀) ရက်နေ့အတွင်း ပေးသွင်းရန်နှင့် ပေးသွင်းပြီး ပါက မူလပေးသွင်းထားသည့် အဆိုပြုဈေးနှုန်း၏ ၅% ကို ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်းနှင့် အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာ တင်သွင်းထားပြီး ရွေးချယ်ခြင်းမခံရသော ကုမ္ပဏီများ အနေဖြင့်တင်ဒါ အာမခံငွေပေးအမိန့်လွှာများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနခွဲ၊ ရုံးအမှတ်(၃၃)၊  နေပြည်တော်၌ (၃၁-၃-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်မှ ညနေ(၁၆:၃၀)နာရီအချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပါ ကြောင်း အကြောင်းကြားအပ်ပါသည်။  

                                                                                 ဥက္ကဌ(ကိုယ်စား)

 တင်ထွန်းအောင်

           အဖွဲ့ဝင်၊ တင်ဒါကော်မတီ

About the author

Leave a Reply