ရုံးသုံးစက်ပစ္စည်းကိရိယာများ၊ ဆက်စပ်ပစ္စည်းများဝယ်ယူရန်အတွက်အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအတွက် လိုအပ်လျက်ရှိသည့် ပူးတွဲဇယားပါ ရုံးသုံးစက်ပစ္စည်းကိရိယာနှင့် ဆက်စပ်ပစ္စည်းများဝယ်ယူလိုပါ သဖြင့် စိတ်ပါဝင်စားသည့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) တင်ဒါပုံစံစတင်ထုတ်ပေးမည့်ရက် – ၃၀-၁-၂၀၂၀ရက် (ကြာသပတေးနေ့)
(ခ) တင်ဒါပုံစံရယူရမည့်နေရာ နှင့် တင်ဒါတင်သွင်းရမည့်နေရာ – တင်ဒါပုံစံများကို https://bit.ly/2RxNUAf တွင် လည်းကောင်း၊QR Code ကို Scan ဖတ်၍ လည်းကောင်း၊ ရုံးအမှတ်(၃၃)၊အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနခွဲ၊ အုပ်ချုပ်ရေးဌာနစုတွင်ရုံးချိန်အတွင်းရယူနိုင်ပါသည်။
တင်ဒါပုံစံများတင်သွင်းသည့်အခါကုမ္ပဏီ(၁)ခု လျှင်တစ်စောင်နှုန်းတင်သွင်းနိုင်ပြီးတင်ဒါပုံစံ တစ်စောင်လျှင် မြန်မာကျပ်ငွေ ၁ဝဝဝဝိ/- တစ်သောင်းနှုန်းပေးသွင်းရမည်ဖြစ်ပါသည်။
(ဂ) တင်ဒါလျှောက်လွှာပိတ်မည့်ရက်နှင့်အချိန် – ၁၃-၂-၂၀၂၀ရက်နေ့ နေ့လည် (၁၂:၀၀)နာရီ

၃။ အသေးစိတ်သိရှိလိုပါကဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ဖုန်း ၀၆၇-၃၄၀၆၁၀၁၊ ၃၄၀၆၂၅၀၊ ၃၄၀၆၀၈၀ သို့ ရုံးချိန်အတွင်းစုံစမ်းမေးမြန်းနိုင်ပါသည်။


တင်ဒါကော်မတီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

About the author

Leave a Reply