Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ရုံးသုံးပရိဘောဂပစ္စည်းများဝယ်ယူရန်အတွက်အိတ်ဖွင့်တင်ဒါအောင်မြင်ခဲ့သည့်ကုမ္ပဏီများစာရင်းထုတ်ပြန်ခြင်း

၁။          ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ရုံးသုံးပရိဘောဂပစ္စည်း(၈) မျိုးဝယ်ယူရန်အတွက် တင်ဒါကော်မတီက သတ်မှတ်စံနှုန်းများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီစိစစ်ရွေးချယ်ပြီးနောက် ဤဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြ အတည်ပြုချက်ရယူခဲ့ရာ  (၂၆-၃-၂၀၂၀) ရက်နေ့တွင် ပြုလုပ်သည့် ကော်မတီအစည်းအဝေးက အောက်ပါကုမ္ပဏီ(၂) ခုမှ ပူးတွဲပါပစ္စည်းများကိုဝယ်ယူရန် သဘောတူခွင့်ပြုချက်ရရှိခဲ့ပါသည်-
စဉ် ပစ္စည်းအမျိုးအမည် ဝယ်ယူမည့်ကုမ္ပဏီအမည်
(က) Officer Table       (ကျွန်း) New Era Technology
(ခ) Armed Chair        (ကျွန်း) New Era Technology
(ဂ) Table                  (ကျွန်း) New Era Technology
(ဃ) Armless Chair      (ကျွန်း) New Era Technology
(င) File Chlef         (ကျွန်း) New Era Technology
(စ) Cupboard            (Iron) စိုးစိုးခိုင်ပရိဘောဂအရောင်းဆိုင်
(ဆ) Computer Table   (ကျွန်း) စိုးစိုးခိုင်ပရိဘောဂအရောင်းဆိုင်
၂။      သို့ဖြစ်ပါ၍ တင်ဒါအောင်မြင်သည့် အထက်ပါကုမ္ပဏီ/အရောင်းဆိုင်(၂) ခုအနေဖြင့် အဆိုပြု ဈေးနှုန်းတန်ဖိုး၏ ၁၀ % ကို (၃၁-၃-၂၀၂၀) ရက်နေ့မှ (၆-၄-၂၀၂၀) ရက်နေ့အတွင်း ပေးသွင်း ရန် နှင့် ပေးသွင်းပြီးပါက မူလပေးသွင်းထားသည့် အဆိုပြုဈေးနှုန်း၏ ၅% ကို ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်းနှင့်အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာ တင်သွင်းထားပြီး ရွေးချယ်ခြင်းမခံရသော ကုမ္ပဏီများ အနေဖြင့်တင်ဒါအာမခံငွေပေးအမိန့်လွှာများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနခွဲ၊ ရုံးအမှတ်(၃၃)၊ နေပြည်တော်၌(၃၁-၃-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်မှ ညနေ(၁၆:၃၀)နာရီအချိန်အတွင်း လာရောက် ထုတ်ယူနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။  

                                                                                 ဥက္ကဌ(ကိုယ်စား)

 တင်ထွန်းအောင်

           အဖွဲ့ဝင်၊ တင်ဒါကော်မတီ

About the author

Leave a Reply