Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ရှမ်းပြည်နယ်အတွင်း Sport Tourism ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာလ ၇ ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ်အတွင်း Sport Tourism ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၆.၁၁.၂၀၁၉) ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ရှမ်းပြည်နယ်ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၊ဒုတိယဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် ၊ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့်ကော်မတီဝင်များ၊ ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ)မှ ဦးထင်အောင်နိုင်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်ဖိတ်ကြားထားသူများ စုစုပေါင်း(၃၉)ဦးတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ကော်မတီဒုတိယဥက္ကဌ၊ ဝန်ကြီး ဦးစိုးညွန့်လွင်နှင့် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူးဖြစ်သူက  ကလောမြို့တွင် ကျင်းပမည့် Kalaw Trail Run မာရသွန် အပြေးပြိုင်ပွဲနှင့်ညောင်ရွှေမြို့တွင် ကျင်းပမည့် Inle Bicycle စက်ဘီးစီးနင်ပွဲတို့ကို  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီဖွဲ့စည်း၍ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပြိုင်ပွဲကျင်းပရခြင်းဆိုင်ရာ များကို ရှင်းလင်းတင်ပြပါသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးအတွက် ဖွဲ့စည်းထားရှိသည့် ကော်မတီအသီးသီးမှ တာဝန်ရှိသူ တို့က ပြိုင်ပွဲကျင်းပရေးအတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးဦးစိုးညွန့်လွင်က ဒုတိယအကြိမ်အစည်းအဝေးကို နိုဝင်ဘာလကုန်ပိုင်းတွင် ပြန်လည်ကျင်းပ မည်ဖြစ်၍ ကော်မတီအသီးသီးမှ လိုအပ်ချက်များ၊ ဖြည့်စွက်ဆောင်ရွက် ပေးရန်ရှိသည်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နောင်နှစ်များတွင် လည်း ပြိုင်ပွဲများဆက်လက်ကျင်းပနိုင်ရေး ပြည်သူများပို၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လူမှုကွန်ယက် အသုံးပြုအသိပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရမှလည်း လိုအပ် သည်များကို ပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ကြောင်းပြောကြားကာ အစည်းအဝေးကိုရုတ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။

 

About the author

Leave a Reply