ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏လမ်းညွှန်ချက်နှင့် မြန်မာနိုင်ငံအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(Anti-Corruption Commission)၏ အကြံပြုချက်အရ ဝန်ကြီးဌာန တွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်တွင် စတင် ဖွဲ့စည်းခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏လမ်းညွှန်မှုများ၊ အကြံပြုချက်များနှင့်အညီ ဝန်ကြီးဌာနတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကျင်းပပြုလုပ်ခဲ့သော နည်းပညာ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်ခဲ့ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အသုံးပြုသည့် Web-based Proactive Beneficiary Engagement System(PBE)ဆိုင်ရာ CPU Toolkit သင်တန်းများသို့လည်း တက်ရောက်ခဲ့ပါသည်။ ရရှိခဲ့သည့် အတွေ့အကြုံများကိုအခြေခံ၍ ဝန်ကြီးဌာနတွင်းအလုပ်ရုံဆွေးနွေးပွဲ(၂)ကြိမ်ပြုလုပ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို ဌာနရှိဝန်ထမ်းများနှင့် နယ်ရုံးခွဲတာဝန်ခံများအား ပြန်လည်မျှဝေခဲ့သည့်အပြင် CPU Toolkit အသုံးပြုနည်းကို နယ်ရုံးခွဲတာဝန်ခံ များသို့ အစည်းအဝေး(၃)ကြိမ်ပြုလုပ်ခဲ့ပြီး ရှင်းလင်းတင်ပြခဲ့ပါသည်။ အဂတိလိုက်စားမှုဖြစ်ပေါ်ခြင်း (သို့မဟုတ်) အဂတိလိုက်စားနိုင်ခြေရှိသော အရေးကိစ္စများကို ဝန်ထမ်းများမှ လွတ်လပ်စွာ အသိပေးတိုင် ကြားသွားနိုင်ရေးအတွက်လည်း email-cputeam.moht@gmail.com ကို ဖွင့်လှစ်ထားပြီး တိုင်ကြားစာ/ အကြံပြုစာပုံးကို ၂၀၁၉ခုနှစ်၊ မေလမှစတင်၍ ဝန်ကြီးဌာန(ကျောက်စိမ်းခန်းမရှေ့)တွင် ထားရှိခဲ့ပါသည်။ ထို့ပြင် CPU Toolkit အသုံးပြုမှုကိုလည်း ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့တွင် စတင်အကောင် အထည်ဖော်ခဲ့ပြီး ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ထားဝယ်ရုံးခွဲနှင့် လက်အောက်ခံရုံးခွဲများ၌ ဝန်ဆောင်မှုရယူသော ပြည်သူများသို့ လာဘ်ပေးလာဘ်ယူမှုရှိ/မရှိ စာတို(၆၂) စောင် ပေးပို့စမ်းသပ်ဆောင်ရွက်ခဲ့ရာ လာဘ်ပေးလာဘ်ယူမှုမရှိပါကြောင်း ပြန်ကြားစာများ ရရှိခဲ့ပါသည်။ CPU Toolkit ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအနေဖြင့် ရန်ကုန်ရုံးခွဲ၊ မန္တလေးရုံးခွဲနှင့် တောင်ကြီးရုံးခွဲတို့တွင် တိုးချဲ့စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားလိုအပ်သည်များနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အကြံပြုချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါသည်။